သုံးဆယ်သီမင်းဝတ္ထု

အယင်ကခါ မြောက်ဥဘုရင်တစ်ပါး လက်ထက်နိဂုံးဇနပုဒ်တစ်ခုမှာ လင်မယားတစ်အိမ်ထောင် ဟိသည်။ ဆင်းရဲ ရေအတွက် ဆန်ဖွပ်၊ ရီခပ်၊ ထင်းခြွီ၊  အငှားလုပ်စားနိန်ကတ်ရသည်။ လင်ကပျင်း လို့အလုပ်မလုပ်။ မယားလုပ်စွာကိုထိုင်စားသည်။ မယားလုပ်ရာမှာ အပျင်းပြေ ကြက်နှင်၊ ယင် လိုက်လုပ်သည်။ တရက်နိ မယားဆန်ဖွပ်နိန်ခါ ယင်တိဆန်မှုန့်လာ နားစားကတ်သည်။ ငပျင်းထွေ လည်း ရှောက်ခြမ်း တစ်စိတ်နန့် ယင်တိ ကိုလိုက်သတ်သည်။

ယင်းပိုင်နန့် ယင်သုံးဆယ်ရလို့ မယားကို ” ငါ ယင်သုံးဆယ်ကို သတ်လိုက်ဗျာလ် ကြည့်စမ်တချက်” လို့ ဘောရိပြောသည်။ ယေခါမယားသည်က ” သုံးဆယ်သီမင်း အစစ်မနားယေ”  လို့ပြန်ပြောသည်။

ယင်းနိကပင် မယားလည်း လင်ကို အရွဲ့တိုက်ဗျာလ် ”ငါ့လင်ယင်သုံးဆယ်ကိုသတ်နိုင်ရေ၊အေပိုင်တော် ရေမ ဟုတ်၊သုံးဆယ်သီမင်းအစစ်”လို့လူတွီ့တိုင်းလျှောက်ပြောသည်။ယင်းပိုင်နန့်သူ့ကို”သုံဆယ်သီမင်း”ဟု နာမည် တွင်လာသည်။ ကြာသောအခါ သူ့သတင်းသည် ဘုရင့်နားထိ ပေါက်ကြားလားသည်။


မီးကျောင်းသူရဲ
မြောက်ဥမြို့နန့် မနီးမ၀ီးမှာလေးမြို့မြစ်ဟိသည်။အဉ္စန နဒီမြစ်ဟုလည်းခေါ်သည်။ ယင်းအချိန်က မြစ်ထဲမှာ မီးကျောင်းတစ်ကောင် သောင်းကျန်းလျက် ဟိသည်။ ထို့ကြောင့် မြစ်ကိုဖြတ်လို့ တယောက် လေ့ မကူး ၀ံ့ကတ်။ အသံကြားကေ လိုက်ဆွဲရေဆိုပြီး နာမည်ကြီးလျက်ဟိသည်။ လောင်းနန့်တောင် အနား မသန်း ၀ံ့ကတ်။ လူသူအားလုံးကြောက်လန့် နိန်ကတ်ရသည်။

ကျွဲ၊နွား၊လူသူ အားလုံး မီးကျောင်း အစားခံကတ်ရသည်။ အစားများလာလို့ လူတိ ဇာလုပ်လို့ဇာကြံ ရမှန်းမသိ ဖြစ်ကုန်သည်။”ဘုရင့် ရွှီနားမပေါက်သိမ့်ထင်ရေ၊ ဘုရင်သိကေ ငြိမ်နိန်ဖို့မဟုတ်ဒေ” တယောက်စကား တရာ နား တယောက်တပေါက် ပြောဗျာလ် နိန်ကတ်သည်။

ဘုရင်လည်း မကြာခင်ထိုသတင်းကိုရသည်။ သို့အတွက်အမှူးအမတ်များနန့် အတိုင်အပင်ပြုသည်။” မီး ကျောင်းရန် နှိမ်နှင်းဖို့ သူရဲကောင်းတစ်ယောက်လိုရေ ၊ဇာပိုင်လုပ်ကေကောင်းဖို့လဲ၊လျှောက် တင်ကတ်၊ လူစွမ်းကောင်းတစ်ယောက်ဇာကရနိုင်ဖို့လဲ၊ ရှာခီကတ် ” ဟု မိန့်တော်မူသည်။

ထိုအခါ အမတ်ကြီးများက “အသျှင်မင်းနိုင်ငံတော်မှာ သုံးဆယ်သီမင်းဆိုစွာ လူတစ်ယောက်ဟိပါရေ သူ့ကို ရကေ မီးကျောင်းရန်ကို ဧကန်မုချ နှိမ်နှင်းနိုင်ပါလိမ့်မည်” ဟု လျှောက်တင်ကြသည်။

ဘုရင်လည်း ၀မ်းသာအားရဖြစ်ပြီး မှူးမတ်များကို “ယင်းပိုင်ဆိုကေ သူ့ကိုအဂုချက်ချင်းခေါ်ခီ” ဟု အမိန့်ပီး သည်။  အမိန့်တော်ရစွာနန့် မဆိုင်းမတွမင်းချင်းတစ်ယောက်ကို တမန်စေလွှတ်လိုက်သည်။ တမန်လေ့ ရောက်၊သုံးဆယ်သီမင်းမှာ သီအောင်ကြောက်ဖြစ်ရသည်။

တမန်လည်း အပူတပြင်း “ငါနန့်ဖ၀ါးကပ်လို့လိုက်ရမည်” ဟုဆိုသည်။ သီမင်း မှာ မငြင်းသာကေ ကဗျာ ကယာ နောက်ကလိုက်ရသည်။ ယင်းပိုင်နန့် ဘုရင့် ရှေ့တော်မှောက်သို့ရောက်လတ်သည်။ ဘုရင်က ” မောင်မင်း သုံးဆယ်သီမင်း အမှန်လား” ဟု မိန်းသောအခါ  သီမင်းက” မှန်ပါသည် ဘရား” ဟုဖြေသည်။ ထိုအခါ ဘုရင်က”ငါ၏နိုင်ငံတောင်မှာ သောင်းကျန်းနိန်ရေ မီးကျောင်းရဲကိုနှိမ်နှင်းဖို့ ငါဘုရင် အလိုဟိတော် မူရေ၊ အလိုဟိရာတောင်းခံစီ” ဟု မိန့်တော်မူသည်။

ထိုအခါ သီမင်းက သနတ်၊ ဓါး ၊လှံ ၊ လက်နက်အပြည့်အစုံနန့် သူရဲတစ်ယောက် ဘုရင်ကိုင်သံလျက် အပါအ၀င် ကြိုးတစ်ခွီ ၊လောင်းတစ်စင်းတောင်းသည်။ လိုစွာကို ဘုရင်က ပီးသည်။ စားသုံးဖို့ အသပြာ တစ်ထောင်လေ့ ပီးလိုက်သည်။

ဘုရင်ဘားကပြန်လို့ အိမ်ရောက်တေအခါ သီမင်းက မယားကိုအပြစ်တင်သည်။ ” နင်သတင်းရွှင့်လို့ ငါပွဲဝင် ခရဗျာလ်၊ ငါသီကေလေ့ နင့်မှာ လင်မရှား။ ဘုရင်ကပီးလိုက်တေ အသပြာကို စားလို့ရာနိန်လီ နက်ဖြန်ခါ ငါရာ မီးကျောင်းကိုစားဖို့လား။ မီးကျောင်းရာ ငါ့ကိုစားဖို့လားမသိ။ ကြည့်လို့ရာနီလီ။ မိုးထက် စစော ထမင်း ကောင်းကောင်းချက်ထား” ဟု မယားကိုမှာသည်။

မယားလုပ်သူက လင်အတွက်ပူပင်ရမှန်းမသိ။အသပြာရခါ ကကောင်းပျော်သည်။ လင်ဗောရိမှာ တညဥ့်လုံး အိပ်မပျော်။ မိုးလင်းဖို့စွာကိုရာ တွက်လျှက်ဟိသည်။ မိုးလင်းခါ ထမင်းကျက်လို့ မယားက လင်ကိုနှိုးသည်။ “ထဖိ ထဖိ ဘုချေဖ ထမင်းစား ” ဟုဆိုသည်။ သုံးဆယ်သီမင်းလည်း မျက်နှာမသစ် ဘဲ ထမင်းစားသည်။

သူရဲကလေ့ချိန်းထားရေအချိန်အတိုင်း အဆင်သင့်စောင့်လို့ဟိသည်။ သီမင်းလည်း ထမင်းစားပြီး ချက်ချင်း လောင်းဆိပ်ကို ဆင်းချလာသည်။  လောင်းဆိပ်ရောက်တေအခါ သီမင်းက သူရဲ ကို သေနတ် ကိုင်ခိုင်းပြီး ပဲ့ဂျောင်မှာ နိန်ခိုင်းသည်။ ကိုယ်ကျ ကြိုးတစ်ခွီပုံပြီးကေ သံလျက်ကိုင်လို့ လောင်းဦးမှာနိန်သည်။  လောင်း သံ၊ တက်သံ၊လူသံကြားစွာနန့် မီးကျောင်းရဲက နောက်ကုန်းပေါ် ပြီးလိုက်သည်။ ယေအခါ သုံးဆယ်သီမင်းက တစ်ခုလေ့မလုပ်တတ်မကိုင်တတ်။ ကြောက်ကြီးကျလို့ တုန်ဗျာလ် ဟိနိန်သည်။

သူရဲက” အသျှင်သီမင်း၊ မီးကျောင်းအနားကို ကပ်လာပါဗျာလ်၊ ဇာပိုင်လုပ်ကတ်ပါဖို့လဲ၊ သေနတ်နန့် ပစ်ရ ပါဖို့လား၊ဟက်ဖေနန့်ထိုးရပါဖို့လား ” ဟုမိန်းသည်။ သီမင်းကတစ်ခုလေ့ ပြန်မပြော။ ဇာပိုင်ပြော ပြော သီမင်းကပြန်မဖြေရေ အခါ သူရဲကမနိန်သာကေ  မီးကျောင်းကို ဟက်ဖေနန့်ထိုး၊ သေနတ်နန့် ပစ် လိုက်ရ သည်။ မီးပေါက် မှန်လို့ မီးကျောင်း ချက်ချင်း သီသည်။

ယင်းခါမှ သီမင်းက လောင်းဦးကထလို့ သူရဲကို သံလျက်နန့် ရော်ဗျာလ်”မီးကျောင်းကို မင်းသတ်လာ ငါသတ် လာ ” ဟုမိန်းသည်။ သူရဲက စဉ်းစားသည်မှာ ” ငါကနောက်လိုက် ၊ သူကခေါင်းဆောင် ၊ ငါသတ်ကေ လေ့ သူသတ်စွာ ၊သူသတ်ကေလေ့ သူသတ်စွာ ၊ ဘုရင်က သူ့ကိုရာသိရေ။ ငါ့ကိုမသိ။ ၀န်မခံကေ သူကငါ့ ကိုရန်ရှာဖို့။ ငါ့မှာ မျက်နှာမရဘဲ ချောက်ရာ ကျဖို့။” ဟု စဉ်းစားပြီး ”အသျှင်သတ် ပါရေ”ဟုဝန်ခံလိုက် သည်။

ယင်းခါ သုံးဆယ်သီမင်းလေ့ မျက်နှာပြုံးပြုံးနန့် မီးကျောင်းကို ကြိုးစွပ်ပြီးကေ လောင်းနားမှာမျှောင် လို့ ယူ လာလတ်သည်။ ယေကေလေ့ သီမင်းမှာ ကမ်းရောက်အောင်ထိ မီးကျောင်းနားကိုမကပ်ဝံ့။ သူရဲကရာ မီး ကျောင်းကိုဆွဲလို့  ကုန်းထက်တင်ရသည်။ မီးကျောင်းအသီ ကို ဘုရင်ဘားဆက်ရေ အခါ သီမင်းမှာ အသ ပြာတစ်ထောင်ဆုရသည်။ သူရဲမှာ တစ်ပြားလေ့မရ။

အိမ်ပြန်ရောက်တေခါ မယားကို ရလာရေ အသပြာတစ်ထောင်ကိုအပ်သည်။ ပြီးကေ ” နင့်ကြောင့်ငါ တစ်ခါ ခံရဗျာလ်၊ အရာဇာနိ့လာခေါ်ဖို့လေ့မသိ။ ကောင်းကောင်းရာစားနိန်။” ဟု အအပြစ်တင်သည်။ လင်မယား နှစ်ယောက် ရထားရေအသပြာနန့် နွားတစ်ရှဉ်း ၊ လယ်တပြင်ဝယ်ဗျာလ်  အိမ်အသစ် တစ်ဆောင် ဆောက် ကတ်သည်။

ကျားသားငလ၀ါ သူရဲ
ယင်းပိုင် စိတ်အီးလက်အီးနိန်လို့ တမိတမောကြာရေအခါ အရေးအကြောင်းတစ်ခု ပေါ်လာသည်။ ကျားသား ငလ၀ါ တစ်ကောင်သည် သောင်းကျန်းလျက်ဟိသည်။ ရွာကကျွဲ၊နွားတိကိုဖမ်းစားသည်။ အစားများ လာရေ အခါ လက်ရဲဇက်ရဲဖြစ်လာပြီးကေ မြို့တော်နား ယှဉ်းလာသည်။ လူတိကိုဝင်ကိုက် ဖို့ ကြောက်လန့် နိန်ကတ် ရသည်။

ယင်းသတင်း ဘုရင့်နားရောက်လတ်သည်။ သုံးဆယ်သီမင်းကို အယင်ခေါ်လို့ နှိမ်နှင်းခိုင်းသည်။ သီမင်းမှာ အယင်အတိုင်း သံလျက်နန့် မင်းဝတ်တန်းဆာတစ်ခု တောင်းသည်။ မြို့သူမြို့သားတိမှာ “ကျားရာသီဖို့လား ၊ သီမင်းရာ သီဖို့လား၊မြင်ကတ်ရဖို့ဗျာလ်” ဟုပြောဆိုနိန်ကတ်သည်။

အိမ်ရောက်လတ်တေခါ သုံးဆယ်သီမင်းက ”အေတချီတော့ ငါ့ကံကုန်ဗျာလ်၊ကျားကိုဇာပိုင်လုပ်နိုင် ဖို့လဲ” ဟု စဉ်းစားပြီး စိတ်မကောင်းဖြစ်သည်။ မယားကိုအပြစ်တင်သည်။ ” နင်ပျင်လို့ ငါခံရရေ ၊ နက်ဖြန်ခါ သိလိမ့် မည် ၊ ထမင်းကောင်းကောင်းစားနိန်” ဟု ငြိုးသည်။ သူ့အကြံက မိုးထက်အာရုံ တက်မှာ ရောက်ရာ ပေါက်ရာ ထွက်ပြီးဖို့။ ယင်းအတွက်နန့်လမ်းမှာစားဖို့ ထမင်းကို မယားကိုချက် ခိုင်းသည်။ သီမင်းမှာ အကြံနန့် တညဥ့် လုံးအိပ်လို့မရ။ မိုးရာလင်းလတ်သည်။

အာရံတက်လို့ထမင်းကျက်ရေအခါ မယားကနှိုးလို့ လင်သည်ကိုပျင်ပီးသည်။”မိုးသောက်ထ နှင်းတ၀ီဝီ၊ မြူတ မှိုင်းမှိုင်း ၊ သုံးဆယ်သီမင်းမှာ ၊မြင်းနန့်စိုင်းရှောင်” ထွက်လတ်သည်။ တောဝင် ဖို့လည်း လမ်းမမြင်။ ရပ်နိန်ကေ မလွတ်။ လားမိလားရာ လားလီရေခါ ကျွဲခြံတစ်ခြံနားသို့ ရောက် သည်။ ကျွဲခြံနားမှာ ကျားသား ငလ၀ါလေ့ ကျွဲကိုဆွဲဖို့ ချောင်းနိန်သည်။ သုံးဆယ်သီမင်းရောက်စွာနန့် ထက်ပင်းတိုးသည်။ သုံးဆယ် သီမင်း က”ကျားသားငလ၀ါဆိုစွာ ဒေကောင်ဗျာလ်”။ “ကျားသားငလ၀ါ ကလေ့ “သုံးဆယ်သီမင်း ဆိုစွာ သူ ဗျာလ်” ဟု အော်ကြသည်။
ငလ၀ါကျားကလေ့ ကျွဲကိုရာ ကိုက်ရဖို့လား၊သီမင်းကိုရာလိုက်ရဖို့လား အကြံမရဖြစ်နိန်တုန်း သီမင်း က ကြောက်ကြောက်နန့် မျက်စိနှိပ် ခုန်ပလိုက်စွာ ကျားနောက်ကုန်းမှာ ပကားစီးကျသည်။ ကျားလေ့ ကြောက် ပြီး ထွက်ပြီးသည်။ သီမင်းလေ့ ကျားနားရွက်ကိုဆွဲဗျာလ် နောက်ကုန်းထက်ကလိုက်သည်။ နောက် ဆုံးမှာ ကျားလေ့ညောင်း၊လူလေ့ညောင်း မြို့တော်ထဲထိရောက်လာသည်။

ယင်းခါ မြို့သူမြို့သား နန်းတွင်းသူ နန်းတွင်းသားအားလုံး ထွက်ကြည့်လတ်သည်။ ” အသျှင်သီမင်း ကျားစီး လာစွာ” မြင်ရသည်။လူတချို့က ကျားကိုဒုတ်နန့် ထောင်းထုပနာ သတ်ကတ်တေခါ ကျား ဂွင်တိုက် သီသည်။ သီမင်းလေ့ ကျားနောက်ကုန်းထက်က လူးကျလတ်သည်။ ယင်းခါမှ သီမင်းမှာ ကျားသံဖက်က လွတ်ဗျာလ် သတိပြန်လည်သည်။

ယေခါသီမင်းကသံလျက်ကိုဆွဲဗျာလ် “ကျားကိုသတ်စွာ အသူလဲ”ဟု မိန်းသည်။လူတိကကြောက်လို့ “အသျှင် သီမင်း သတ်ပါရေ” လို့ဝန်ခံကြသည်။ ကျားသီကို ဘုရင်ထံ ပြသောအခါ သီမင်းမှာ အသပြာ တစ်ထောင် ထပ်ဆုရသည်။ အိမ်ပြန်ရောက်တေအခါ ငွေကို မယားလက်သို့အပ်သည်။ ” နင်ပျင်လို့  ငါဒုက္ခ ကျရေ” ဟု မယားကိုအပြစ်တင်သည်။

ဓမြ လူဆိုး သောင်းကျန်းမှု
များမကြာခင် ဓမြ လူဆိုးတိသောင်းကျန်းကြသည်။ ရွာ နိဂုံးကိုလုယက်မကျီ၊မြို့အပါး ပါ ခြိမ်းခြောက် လာ သည်။ လူသူလေးပါးမှာ ညဥ့်မအိပ်ရ။ ပုန်းဝှက်နိန်ကတ်ရသည်။ ကြာသောအခါ သတင်းထွက် လာသည်။ ဘုရင့် နားပေါက်လတ်သည်။ ဘုရင်လေ့ သုံးဆယ်သီမင်းကို အပြင်းခေါ်ခိုင်းသည်။

သီမင်းရောက်လတ်တေအခါ ဘုရင်က ” လိုစွာကိုရာတောင်း ၊ ဓမြတိကိုဖမ်းခီ ” ဟုအမိန့်ပီးသည်။ သီမင်း လေ့ ထုံးစံအတိုင်း မင်းဝတ်တန်းဆာနန့်သံလျက်တစ်စင်း၊ မြင်းကောင်းတစ်စီးတောင်းသည်။ ရလတ်အခါ အိမ်ပြန်လာသည်။ အိမ်ရောက်တေခါ ခါတိုင်းပိုင်ယှောင် မယားကိုအပြစ်တင်သည်။ မယားလေ့ ပြန်လို့ မပြော။ တိန်းလို့နိန်သည်။

သီမင်းက”အေတခါတော့ ငါသီရဖို့ယာ ၊ ဓမြတိကိုငါတစ်ယောက်တည်းဇာပိုင်နိုင်ဖို့လဲ။ငါ့အသက်ရေ နက်ဖြန် ရက်ကို မလွန်နိုင်ဗျာလ် ” ဟု မာန်ပြီးငိုသည်။ ထွက်ပြီးဖို့အကြံထုတ်သည်။ မယားကို ညဦးက ပင် စောစော စီးစီး ထမင်းချက်နှင့်ဖို့ပြောသည်။ သူက တညဥ့်လုံးမအိပ်ဘဲ အကြံထုတ်သည်။ အိပ်ရာ မှာ မအိပ်တချက် အိပ်တချက် လှဲနိန်သည်။

သန်းခေါင်ကျော်ရေအခါ မယားလေ့ ပါးခပ်နားခပ် ထမင်းချက်သည်။ ကျက်ရေအခါ အလျင်စလို လင်ကို နှိုးပြီး ထမင်းပျင်ပီးသည်။ လင်ကလေ့ တစ်လောင်ဗွန်း၊နှစ်လောင်ဗွန်း ဆင်ဆီဆုပ် ၊ ဗောင်းဆုပ် လုပ်စား သည်။ စားပြီးကေ အကျန်ကိုထုပ်ခိုင်းသည်။
မင်းဝတ်တန်းဆာကိုဝတ်ပြီး မြင်းစီးထွက်ဖို့လုပ်နိန်တုန်း မယားထွက်လတ်သည်။ အေတခါ လင်တော် မောင် သီရဖို့စွာ သိလို့ စိတ်မကောင်း။ လင်သည်ကိုထမင်းထုပ်နန့် ကွမ်းယာလှမ်းပီးသည်။ လင်သည်ကလေ့ မယူ ချင်ယူချင်လှမ်းယူသည်။

မြင်းကိုစီးဗျာလ် ရွာကထွက်လတ်တေခါ ညဥ့်မှောင်နိန်သိမ့်လို့ တောပြင်တောင်နားထိတောင်ခရီး မပေါက်။ “မိုးလင်းပတ်စီ ၊ လမ်းစမ်းမြင်မှရာ လွတ်ရာလွတ်ကြောင်း ထွက်ပြီးဖို့ဗျာလ်” ဟုစိတ်မှာ တွက်သည်။ အကြံ နန့် တောခြုံတစ်ခုထဲဝင်ပြီး အပင်တစ်ပင်ထက် တက်နိန်သည်။

ယေခါ နာမည်ကြီး သူခိုးဓမြ ခုနစ်ယောက်ကလေ့ ယင်းအပင်အောက်ရောက်လာပြီး ဓမြ တိုက်ဖို့ အကွက် ချသည်။ ညဥ့်မှာ သီမင်းရို့ ရွာကို ၀င်ဓမြတိုက်ဖို့ ကြံသည်။ အချိန်းအချက် လုပ်ကြသည်။ ယေကေလေ့ သီမင်းကိုကြောက်လို့  သတိနန့်လုပ်ဖို့ တိုင်ပင်ကတ်သည်။ ယင်းကို သီမင်းကကြား သည်။ အချိန်းအချက် လုပ်ပြီးလို့ မထွက်တထွက်ဖြစ်နိန်တုံး သီမင်းက “သီမင်းသုံးဆယ် စွာငါဝေး” ဟု အပင်ထက်က အော် လိုက်သည်။ ဓမြအားလုံး ကြောက်ကြီးသန်ဖက် ၀င်လားကတ်သည်။ ယင်းမှာ တခါ အပင် ဂွမှာ တင်ထားရေ ထမင်းထုပ်က ပြုတ်ကျလတ်သည်။ ယေခါ ဓမြတိအားလုံး သီမင်း ခုန်ဆင်းလာဗျာလ်ထင်ပြီး အချင်းခင်း ခွပ်ကတ် သီကုန်ကတ်သည်။

ဓမြတိအားလုံးသီပြီးမှ သီမင်းလေ့ အပင်ထက်က ဆင်းလတ်သည်။ ယင်းနောက် အခေါင်းတိကို တန်းသိမ် သိမ် ပနာ ဘုရင်ဘားမှာဆက်သသည်။

ဘုရင်လေ့ သီမင်းကို ဆုကြီးလာဘ်ကြီး ပီးသနားတော်မူသည်။ တိုင်းပြည်လေ့ အီးချမ်းသာယာ လားခသည်။ ဘုရင်သည် သီမင်းကို စစ်သူကြီးအဖြစ် မြှောက်စားသည်။

တိုင်းပြည်ကို တရားသဖြင့် အုပ်ချုပ်ပြီး နှစ်များမကြာ ဘုရင်ကြီးကံကုန်တော်မူသည်။

ဒေမှာ ၀တ္ထုလေ့ပြီးပါဗျာလ်၊ မဆုံးသိမ့်ကေ ကျန်လူတိဆက်ပြောပါလီ။

No comments:

Post a Comment