အကျွန်အသက်(၆)နှစ်မှာ ပထမဆုံးအကြိမ် ထမင်းချက်ဖို့ ကြိုးစားဖူးပါရေ။မမှီမကမ်းနန့်စဥ့်အိုးထဲက ဆန် ကို နို့ဆီ ဘူးနန့်လှမ်းယူလိုက်တေမှာ ဆန်တစ်ဝက် လောက်ကြမ်း ပြင်ကိုရောက်လားပါရေ။ ဆန် ဆီး ပြီးကေ ရီဘ လောက် ထည့်ဗျာလ် ချက်ရဖို့ဆိုစွာ လေ့ အတိအကျမသိပါ။ ကိုယ့် လက်ချောင်း တစ် ဆုံး တိုင်း ထည့် လိုက်ပါရေ။ မီးမ ဖို တတ် ဖိုတတ်နန့် ထင်းချောင်း တိထည့်ဗျာလ် ဖိုကြည့် ပါ ရေ။ ကိုက် စာမှုန့် တိ အများ ကြီး ထည့်လိုက်လို့ မီးခိုးလုံး အမဲတိ အလိပ်လိုက် အလိပ်လိုက် ထွက် လာပါရေ။ ပြောင်းကျိုင် တစ် ချောင်း နန့် ကုန်းကုန်းဗျာလ်မှုတ်နိန်လို့ မျက်နှာတစ်ခုလုံးနန့်အင်းဂျီ၊ဘောင်းဘီတိအားလုံး အိုးမှိုက်တိ၊ပြာ တိပေကျံ လားပါရေ။ ထမင်းအိုးအရည်ခမ်း စွာကို စောင့်ယင်းစောင့်ယင်း နန့် အောက် ကတူးနံ့ တိထွက် လာပါရေ။ အထက်မှာက အရည်မခမ်း နိုင်သိမ့် ပါ။
မေမေနန့်ပါပါ ရုံးကရောက်လာရေအချိန်မှာ အဆင်သင့်ထမင်းစားနိုင်အောင်လို့ထမင်းချက်ပီးစွာပါ။ ယကေ
လေ့ထမင်းက အောက်မှာအတူး၊ အထက်မှာဖောက်ဆတ်နန့်အကောင်း ဖြစ်မလာပါ။ ဇာလုပ်လို့ဇာကိုင်ရဖို့ မှန်းမသိပါဗျာလ်။ ၀မ်းနည်းပမ်းနည်းဖြစ်ဗျာလ် မျက်ရည်တိရာ လိမ့်ဆင်း ကျ လာ ပါရေ။ကောင်းဇီ ချင် လို့ လုပ်ခါမှ အကောင်းဖြစ်မလာရေ အပြင်ဖြုန်းတီး ဖျက်ဆီး ပစ်လိုက် စွာပိုင်ရာ ကျလားရပါရေ။
ပါပါ၊မေမေရို့ရောက်လာကေ အဆဲအဆိုခံရဖို့စွာ သေချာလားပါဗျာလ်။မျက်ရည်စစမ်းနန့်အိမ်လှည်း ခက် တစ် ချောင်းကိုင်ဗျာလ်ကြင်းနိန်ရေဆန်တိကိုလိုက်လှည်းမိပါရေ။လှည်းယင်းလှည်းယင်းနန့်တံခါးနား ရောက် တေမှာ မတ်တပ်ရပ်နိန်ရေ ခြီတစ်စုံကိုတွီ့လိုက်ရပါရေ။အထက်ကိုမော့ကြည့်လိုက်တေမှာအကျွန့် ကိုငုံ့ဗျာလ် စိုက်ကြည့်နိန်ရေ ပါပါမျက်နှာကို ရုတ်တရက်တွီ့လိုက်ရပါရေ။အကျွန်လေ့ ကိုယ့်အပြစ် ကို ကြောက်ပြီးကေ အသံထွက်အော်ငိုလိုက်ပါရေ။ ပါပါကအကျွန့်ကိုရုတ်တရက်ကောက် ရွက်ပနာ ပါးနှစ် ဖက် ကို အားရပါးရ နမ်းပလိုက်ပါရေ။ ပါပါမျက်နှာနန့်ရုံးအင်းဂျီ လိုင်ကတုံးအဖြူမှာ အိုးမှိုက်တိပေ လားပါရေ။
“ငါ့သမီးကကောင်းလိမ္မာပါရေ” လို့လေ့ ပြောလိုက်ပါရေ။
အကျွန်ရို့ဘ၀မှာ တစ်ခါတစ်ခါအကောင်းကိုမျှော်မှန်းဗျာလ် လုပ်ယင်းနန့်အပျက်ဖြစ်လားရစွာတိနန့် ကြုံတွီ့ ရ ပါရေ။ အိမ်ထောင်ရေးအဆင်မပြေဖြစ်လားစွာတိ၊သူငယ်ချင်းကိုစော်ကားရေပိုင်ဖြစ်လားစွာ တိ၊ရာထူးကျ ခံ လားရစွာတိ၊ကျန်းမာရေးထိခိုက်လားစွာတိ၊ အစရှိရေပိုင်ပါလေ။
တစ်ခါတစ်ခါ ရပ်ဗျာလ်မျက်ရည်ကျ ကြည့်နိန်ရစွာကလွဲပြီးကေ တစ်ခုလေ့ပြန်မလုပ်ပီးနိုင်စွာနန့် လည်းကြုံရ တတ်ပါရေ။
ကိုယ့်လုပ်ရပ်က သူ့ကိုထိခိုင်လားကေတောင် ကိုယ့်ကိုနားလည်ပီးနိုင်ရေလူတိနန့်လည်း တွီ့ရနိုင်ပါ ရေ။
ဇာဖြစ်ဖြစ်ပါ။ အပျက်ဖြစ်လား ဖို့စွာကိုကြောက်ဗျာလ် အလုပ်လုပ်ရဖို့စွာကိုရပ်ထားကေ တစ်ခုလေ့ ဖြစ်လာ စရာအကြောင်း မရှိပါ။ လုပ်ယင်းလုပ်ယင်းနန့် မကြာရေတစ်ချိန်မှာ ကိုယ်ဖြစ်ချင်စွာကို ဖြစ်ချင် ရေ ပုံစံ အ တိုင်း ရအောင်လုပ်လားနိုင်ပါလိမ့်မယ်။ ယင်းအချိန်မှာ ကိုယ်လုပ်ပီးစွာကိုခံရရေ လူတိ ကလေ့ ပြုံး ပျော် ရေ မျက်နှာတိနန့် ရှိကတ်ပါလိမ့်မယ်လို့ မျှော်လင့်ယင်း…………..
မလုပ်ကေတစ်ခုလေ့ မဖြစ်ပါ။ လုပ်ကေ အဆိုး၊အကောင်းနှစ်ခုထဲကတစ်ခုခုရာ ဖြစ်နိုင်ပါရေ။ကိုယ် လုပ်တေ အလုပ်မှာလေ့လာကြံဆ၊ ကြိုးစားအားထုတ်မှုများလီအကောင်း ဖြစ်ဖို့ နီးစပ် လီပါ ဗျာလ် သူငယ်ချင်းရို့…
KWKhaing(AMP)
No comments:
Post a Comment