ရှေးအခါကမိဘမဲ့သော ၀က်ငယ်နှင့်ကျားငယ်နှစ်ကောင် မိတ်ဆွေဖြစ်လျက်နေလာခဲ့လေ ၏။၎င်းတို့ သည် မိဘသေဆုံးသွားပြီးစကပင် အတူပေါင်းဖော်ကာ ဆက်ဆံလာခဲ့ကြ၏။ ညီအစ်ကိုပမာ ချစ်ခင်မြတ်နိုးမှုမပျက် ရှိခဲ့ကြလေ၏။
ဝက်ငယ်မှာကားသစ်ဥ၊ သစ်မြစ်၊ သစ်ဖုများကို ရှာဖွေတူးဖော်စားသောက်ခဲ့လေ၏။ ထို့ကြောင့်အစား အဟာ ရပြည့်ဝ၍ကိုယ်ခန္ဓာသန်မာ ဆူဖြိုးလာလေ၏။ကျားငယ်မှာမူကား သားကောင်များကို ဖမ်းရမိသော အခါမှ ၀မ်းဝနိုင်၏။မရသောနေ့တို့၌ အစာအဟာရမစားရဘဲ အငတ်ခံနေခဲ့ရလေ၏။ မစားရဖန်များ လာ သောအခါ ပိန်ချုံးကြုံလှီလာခဲ့လေ၏။
ဝက်ငယ်နှင့်ကျားငယ်တို့သည် အတူတကွ အစာရေစာရှာဖွေလေ့ရှိကြ၏။ နေထိုင်ကြစဉ်လည်း တစ်ကောင် ၏ပေါင်ပေါ်တွင် တစ်ကောင်က ခေါင်းတင်အုံးလေ့ရှိကြလေ၏။ယင်းသို့ ချစ်ခင်ရင်းနှီးလာခဲ့ကြ ရာ တစ်နေ့ သ၌ ကျားက မကောင်းသောအကြံအစည် ဖြစ်ခဲ့လေ၏။
ဝက်ငယ်မှာကားသစ်ဥ၊ သစ်မြစ်၊ သစ်ဖုများကို ရှာဖွေတူးဖော်စားသောက်ခဲ့လေ၏။ ထို့ကြောင့်အစား အဟာ ရပြည့်ဝ၍ကိုယ်ခန္ဓာသန်မာ ဆူဖြိုးလာလေ၏။ကျားငယ်မှာမူကား သားကောင်များကို ဖမ်းရမိသော အခါမှ ၀မ်းဝနိုင်၏။မရသောနေ့တို့၌ အစာအဟာရမစားရဘဲ အငတ်ခံနေခဲ့ရလေ၏။ မစားရဖန်များ လာ သောအခါ ပိန်ချုံးကြုံလှီလာခဲ့လေ၏။
ဝက်ငယ်နှင့်ကျားငယ်တို့သည် အတူတကွ အစာရေစာရှာဖွေလေ့ရှိကြ၏။ နေထိုင်ကြစဉ်လည်း တစ်ကောင် ၏ပေါင်ပေါ်တွင် တစ်ကောင်က ခေါင်းတင်အုံးလေ့ရှိကြလေ၏။ယင်းသို့ ချစ်ခင်ရင်းနှီးလာခဲ့ကြ ရာ တစ်နေ့ သ၌ ကျားက မကောင်းသောအကြံအစည် ဖြစ်ခဲ့လေ၏။
ကျားက...“ငါသည် တစ်နေ့မိုးလင်းလာတိုင်း အစာကိုခဲယဉ်းစွာ ရှာဖွေနေရ၏။ အစားမစားရလျှာင် ထွက်နေ ရဲရဲတွင် တမန်းမြေခဲကို အမဲလျာထင်မှတ်လျက် စားသောက်မိချေသည်။ထို့ကြောင့် ဤ၀က်ငယ်ကို ငါ့ အဖို့ မည်သို့ စားရချေအံ့နည်း” ဟုအောက်မေ့မိလေ၏။
ထိုသို့ကြံစည်ပြီးနောက် စိတ်ကူးရလာသောတစ်နေ့တွင် ရွာသူကြီးထံ သွားရောက်လေ၏။၎င်းထံ ချဉ်းကပ်ပြီး လျှင်...“ရွာသူကြီးမင်း၊ငါသည် အိပ်ပျော်နေစဉ် အိပ်မက်တစ်ခု မြင်မက်ပါသည်” ဟုပြောပြလေ၏။
“မည်သို့မြင်မက်သနည်း။” ဟုရွာလူကြီးက မေးလေ၏။ ထိုအခါ ၀က်ငယ်ကိုစားလိုကြောင်းမြင်မက်သည်ကို ဖွင့်ပြောခဲ့လေ၏။
ရွာသူကြီးကား ပါးနပ်လိမ္မာသူတစ်ဦးဖြစ်ချေ၏။ ထို့ကြောင့် ကျားငယ်အား...“ငါ၏ အထံမှာတရားဆုံးဖြတ်ခံရ မည်” ဟုပြောဆို အကြံပေးလိုက်လေ၏။ ကျားငယ်သည်တရားသူကြီး အားကိုးဖြင့် ၀က်ငယ်ကိုစားရလတ္တံ့ဟု အောက်မေ့၍ပြန်လာခဲ့လေ၏။
မိမိနေရာသို့ပြန်ရောက်စဉ် ၀က်ငယ်အားတွေ့ဆုံလေ၏။ ထို့နောက်ပေါင်ပေါ်မှာ ခေါင်းတင်လျက်... “သင့်ကို ငါစားလိုသည်။ အိပ်မက်တွင်ငါစား၍ မြင်မက်သည်။ အဝေးခရီးသို့ ယနေ့အစာရှာ မထွက်လေနှင့်။ငါလဲ ခရီး ပန်းအစာခန်းနေသဖြင့် မသွားနိုင်တော့ပြီ။သင့်ကိုပင်ယနေ့ ငါစားရချေတော့မည်။ ငါ့အစာဖြစ်ပြီဟုသာ မှတ် ပေတော့” ဟူ၍ ကျားက ပြောဆိုလေ၏။
ထိုစကားကြောင့် ၀က်ငယ်သည် အံ့အားသရဲဖြစ်ခဲ့ရလေ၏။ ထို့နောက်ပြန်ပြောသည်မှာ... “သင်နှင့်ငါသည် အတူတကွ ချစ်ခင်ပေါင်းဖက်လာခဲ့သည်မဟုတ်လော။ သင့်အသက်နှင့် ငါ့အသက်ဆိုလျှင် တစ်သက်တည်း နေလာပေသည်။ အဘယ်ကြောင့်အသင်က ငါ့ကို စားချင်လိုလှသနည်း။”ဟုဆိုလေ၏။မည်သို့ဖြစ်စေကျားက အမှန်ပင်စားလိုကြောင်း ပြန်ပြောလေ၏။
သို့သော် ၀က်က စားသင့်မစားသင့် ရွာသူကြီးထံ သွားကြရန် အကြံပြုလေ၏။ သူတို့နှစ်ဦးသညဘ် တရားဆုံး ဖြတ်ခံရန် သဘောတူ ရွာသူကြီးထံသွားခဲ့ကြလေ၏။ရွာသူကြီးထံရောက်သောအခါ ၀က်ငယ်ကိုစားသင့်မစား သင့် တိုင်ကြားလေ၏။ထိုအခါ ရွာသူကြီးက ကျားငယ်ဘက်သို့ အဂတိလိုက်၍ စားသင့်ကြောင်း ပြော ဆိုလေ ၏။ ၀က်ငယ်ကမစားသင့်ကြောင်း ပြန်လည်ချေပသောအခါ ရှေ့နေလိအပ်သည်ဟုရွာသူကြီး က ပြောပြီး... “သင့်အတွက်ရှေ့နေရှာယူခဲ့လော့” ဟုတ်ရွာသူကြီးက အယူခံခွင့်ပေးလိုက်လေ၏၊
ရှေ့နေဖြင့် အယူခံရန် ခုနစ်ရက်သာ အမိန့်ရလေ၏။ ထို့ကြောင့် ၀က်ငယ်သည် စိုးရိမ်ကြီးစွာဖြင့် ရှေ့နေကို အရရှာဖွေရလေ၏။ နိဂုံးရွာတစ်ခုသို့အရောက်တွင် သစ်ပင်ပေါ်က ဇီးကွက်ကလိုက်လံ၍ သတင်းပေး လေ ၏။
“အဆွေ ၀က်၊ မည်သို့ အပူအပင်ရှိလေသနည်း။ ချွေးဒီးဒီးကျလျက် ခရီးပြင်းချီလာဘိသည်” ဟုတ်ဆိုလေ၏။ ဇီးကွက်ငှက်အသံကိုကြားရလျှင် ၀က်လည်းဒေါသထွက်လျက်. “ဤငှက်သည် နှောင့်ယှက်မှုပြုလုပ်နေသည်။ သင်ကဲ့သို့ငှက်ဆိုးက မည်သို့ပြုနိုင်အံ့နည်း။ ၄င်းကိုပြောသဖြင့်ဘယ်အရာရောက်၍ ဘယ်လိုအကျိုးရှိနိုင်မည် နည်း။ တန်ဖိုးမရှိက အသို့ပြောနိုင်လတ္တံ့နည်း” ဟု အမှတ်ဖြင့် အဖက်မတုံ့မပြုဘဲ နေလေ၏။
ထိုအခါ ဇီးကွက်က ၀က်ငယ်၏ မလိုချင်မှုကို သိသဖြင့်ပြန်၍ ပြောသည်မှာ... “အဆွေဝက်ငယ်၊ ငှက်ဆိုးဟု အ ထင် မသေးနှင့်၊လောက၌မည်သူမဆို ဦးခေါင်းတစ်ရာ ပညာတစ်ခုရှိချေသည်၊ သင့်ကို ငါလဲကူညီနိုင်က ကူညီလိုသည်၊ မတတ်နိုင်ကလဲ တတ်စွမ်းသူကိုညွှန်ကြားရမည်သာတကား” ဟုဆိုလေ၏။
ထိုသို့ပြောသောအခါမှ ၀က်ငယ်လည်း သဘောရ၍ အကြောင်းကိစ္စကိုကောင်းစွာတင်ပြလေ၏။
“ငါ့မှာလူမိုက်နှင့်ပေါင်းဖော်မိ၍ ဒုက္ခရောက်နေရသည်။ ပညာရှိကိုအစဉ်ပေါင်းဖော်လိုသည်။ခုနစ်ရက်အတွင်း ကူညီဖော်လိုနေသည်။ တရားသူကြီးထံ ထူချေရမည် ဖြစ်၍ပညာရှိရှေ့နေကောင်းကို လိုက်ရှာနေ ရ သည်။ သို့ မရက ကျားစာခံရမည်သာရှိလေသည်” ဟုပြောလေလျှင် ဇီးကွက်လည်း များစွာ သနားမှုဖြစ်ခဲ့ လေ၏။ ၀က်ငယ်၏အခက်အခဲကို ဇီးကွက်ငှက်သိရလျှင်...“ အဆွေ...၀က်၊ ဤပြဿနာအတွက် မပူပါနဲ့၊ အကောင်း အကန်းမှတ်လို့၊ အမှုမဟုတ် အမှုရှာနေရဘိ၏။ ငါကူညီဖြေရှင်းပေးပါရစေ၊ စိတ်သာချပါ၊ အမှန် တကယ် ငါလာခဲ့မည်” ဟုပြောလေ၏။
ထိုအခါ ၀က်ငယ်ကလည်း စိတ်သက်သာရာ ရကာ ပြန်သွားရှာလေ၏။
ခုနစ်ရက်စေ့သောနေ့ တိုင်လေ၏။တရားဆုံးဖြတ်ရန်ချိန်းဆိုထားသည့်အတိုင်း တရားသူကြိးထံ သွားရမည့် အချိန်ကျရောက်လာခဲ့လေ၏။ ထို့ကြောင့် ဇီးကွက်ငှက်သည် ညဥ့်ဦးယံကပင် အစာအဟာရကိုဝလင်စွာ စား သောက်ထားပြီးဖြစ်လေ၏။
မိုးသောက်အာရုံတက်သို့ရောက်သောအခါ ဇီးကွက်ငှက်သည် အိပ်တန်းမှ ထလေ၏။ထို့နောက်ရွာသူကြီးအိမ် ရှေ့အခေါင်တိုင်ထိပ်ပိတ်(ကျီးအက်ပိတ်+ကျက်ပိတ်) တွင် ၀င်ရောက်အိပ်ပျော်နေခဲ့လေ၏။ မိုးစင်စင် လင်း သောအခါတွင် လူပရိတ်သတ်များ စုဝေးနေကြလေ၏။ ရွာသကြီးအိမ်တွင် ရောက်နေကြသူများ ဆိုလျှင်ဝက် နှင့် ရှေ့နေကိုမျှော်ရှာရှိနေကြ၏။
အချိန်ကျရောက်သောအခေါ ၀က်ငယ်သည် တစိုက်မတ်မတ်လာခဲ့လေ၏။ ၄င်း၏ရှေ့နေ ရောက်နှင့်နေပြီး သည်ကိုကားမည်သူမျှမမြင်ကြဘဲရှိချေ၏။ ၀က်ငယ်ကား စိတ်မချရ။ မရွှင်ပြလှသော မျက်နှာဖြင့် ရှိနေ၏။ ရွာသူကြီးနှင့် ကျားငယ်တို့က အားရ၀မ်းသာ ဖြစ်နေကြ၏။
တရားလို တရားခံ စုံအညီတွင် တရားသူကြီးက အမှုစတင်လေ၏။ ထိုအခါ အကြံပြုနေသော ဇီးကွက်ငှက် သည် အိပ်ပျော်နေရာမှ ချက်ချင်း အောက်သို့လိမ့်ဆင်းကျလာလေ၏။ ကျလျှင်ကျချင်း... “သြော်...အိပ်ပျော် သွားလိုက်သည်မှာ ရွာသူကြီးသမီးနှင့်ပေးစားလို့အိပ်မက်မြင်မိသည်။” ဟုပြောဆိုလိုက်လေ၏။
ထိုစကားကို ကြားရလျှင် ရွာသူကြီးလည်း ဒေါသပြင်းစွာဖြစ်လျက် ဓါးကိုဆွဲကိုင်၍ခုတ်ဖြတ်ရန်ပြုလေ၏။ထိုအ ခါ ဇီးကွက်ငှက်က...“သည်းခံပါ ရွာသူကြီးမင်း” ဟုပြောဆိုကာ ပျံဝဲနေလေ၏။
ထို့နောက်စကားဆက်၍ “ရွာသူကြီးမင်းသည် အိပ်မက်အရ ကျားက ၀က်ကိုစားသင့်သည်ဆိုလျှင် ကျွန်တော် လဲ ရွာသူကြီးသမီးကို ရသင့်ပေသည်” ဟုရဲဝံ့စွာ ပြောဆိုလေ၏။
ထိုအခါ ရွာသူကြီးမှာ မချေပနိုင်ရာကား မှိုင်တွေငိုင်လဲ ကျသွားခဲ့ရလေ၏။ လူသူပရိတ်သတ်လည်း ဇီးကွက် စကားအတိုင်း ထောက်ခံပြောဆို ကြလေ၏။
ရွာသူကြီးသည် ကတိလိုက်၍ တရားဆုံးဖြတ်ရန် မဖြစ်နိုင်ဘဲရှိလေရာ အမှုမှာ ရေစုံနစ်မျောသွားခဲ့ရလေ၏။ ရှေ့နေထုချေကောင်းသဖြင့် ၀က်ငယ်လည်း ကျားအစာမှ လွတ်ခဲ့ရလေ၏။လူထုကြီးမှာ ရှေ့နေဇီးကွက်၏ ဖြတ်ထိုးဥာဏ်ကိုကောင်းချီးပြု သြဘာပေးခဲ့ကြလေသတည်း။
အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)
No comments:
Post a Comment