အလုပ်က ပပင်ပပန်းရောက်ဆိုက် ၃နှစ်သမီးချေက အဖိုးတန်ေ ရွှရောင်ပတ်ကိန်စာရွတ်တိ ဖြတ်ထားစွာကို တွိစွာနန့် လက်ဝါးနန့် နနာချေ နှစ်ခါသုံးခါ သတ်ပလိုက်မိပါရေ။
နောက်တရက် မိုးသောက် အိပ်ယာကထစွာနန့် အိပ်ခန်းတန်းခါးဝက စောင့်ဗျာယ် "ပါပါအတွက် မွီးနိန့်လက် ဆောင်ပါ" လို့ပြောဗျာယ် မညီမညာ ရွှေရောင်ပတ်ကိန်စာရွက်တိနန့် ထုတ်ထားရေ စက္ကူဗူးချေတစ်ဗူးကို သမီးချေ လှမ်းပီးပါရေ။ ညဇာကသတ်မိစွာကို သတိရပြီးကေ စိတ်မကောင်းဖြစ်လားမိပါရေ။ ယကေလည်း ဗူးကိုဖွင့် ကြည့်လို့ဗူးထဲမှာ တစ်ခုလည်း မထည့်ထားစွာကို တွိလိုက်စွာနန့် "ငတုံး မချေ လူကိုလက်ဆောင် ပီးကေ အထဲမှာ တစ်ခုခု ထည့်ပီးရရေဆိုစွာ မသိလား"လို့အော်မိပြန်ပါရေ။
ယင်းခါ သမီးချေက ကျွန်တော့်မျက်နှာကို ကြည့်ဗျာယ် မျက်ရည်တိတလိမ့်လိမ့် ကျလာပါရေ။ အပြီးကေငို ဗျာယ် "ပါပါ၊ စက္ကူဗူးကအခွံ မဟုတ်ပါ၊ သမီးညကတညဥ့်လုံး မွီးမွီးတိအပြည့် ထည့်ထားပါရေ၊ အားလုံးပါပါ အတွက်ပါ။" လို့ပြောပါရေ။
ကျွန်တော်လည်း ကကောင်း စိတ်မကောင်းဖြစ်လားဗျာယ် သမီးချေကို ပွေ့ဖက်လိုက်ပါရေ။ "ပါပါကို ခွင့် လွှတ်ပါသမီးချေ။" လို့ပြောပနာ သမီးမျက်နှာချေကို တ၀နမ်းပလိုက်မိပါရေ။
ယကေလည်း ယင်းနိန့်စွာ သမီးချေစကားကို နောက်ဆုံး ကြားခရရေနိန့်မှန်း ကျွန်တော်မသိခပါ။ ယင်းနိန့် နိန့်ခင်းမှာဗျာယ် ရွှေရောင် ဗူးချေကိုကိုင်ဗျာယ် လမ်းထိပ်ဆိုင်ကအပြန် ကားအက်ဆီးဒန့်ဖြစ်ပနာ သမီးချေ လူ့လောကကို စွန့်ခွာလားခပါရေ။
ပြားချပ်နိန်ရေ စက္ကူဗူးချေနားမှာ ကျွန်တော်သောက်နိန်ကျ ဖက်ဆလိပ်အသစ်တလိပ်က အမှုန့်မှုန့်ကြွီနိန်ပါ ရေ။
အဂုဆိုကေ သမီးချေအနမ်းအပြည့်ထည့်ထားရေ စက္ကူဗူးချေကို ကျွန်တော့်ရုံးဆွဲအိတ်မှာထည့်ထားစွာ နှစ် ပေါင်း၄၀ ကျော်လားပါ ဗျာယ်။ဘ၀မှာခါးသီးမှုတိနန့် တွိကြုံ၊ ထိတွိနိန်ရတိုင်း လူမမယ် အချေတယောက် ထည့်ထားခရေ မမြင်နိုင်ရေ မေတ္တာအနမ်းတိကို ကျွန်တော်ထုတ်ကြည့်နိန်တုန်းပါ။
ကျွန်တော်ရို့ ပိုင်ဆိုင်မှု တခုလည်း မယော့လားနိုင်ရေ မမြင်နိုင်ရေ မေတ္တာတရားတိကို ပီးဖို့ဇာအတွက်နန့် တွန့်တိုနိန်ရပါလေ။
ယင်းပိုင်ဗျာယ် ဇာတခုနန့်လည်း တန်ဖိုးမဖြတ်နိုင်ရေ မေတ္တာတရားတိကို အပီးခံရကေလည်း အသိအမှတ်ပြု ဗျာယ်ဂရုတစိုက် လက်ခံ တတ်ဖို့ မမိန့်ဂတ်ပါကေ့။
အဝေ...သူငယ်ချင်းရို့ ဒေနိန့်ကစဗျာယ် ကျွန်တော်ရို့ အလကားပီးနိုင်ရေ မေတ္တာတရားတိကို ကျွန်တော် ရို့ပတ်ဝန်းကျင်က မိဖ၊ မောင် နှမ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစု၊ ဆွေမျိုး၊ အပေါင်းအသင်း၊ သက်ရှိ လူ သားတိ အားလုံးကို စပီးကြည့်ကတ်ပါမေ။
KWKhaing (AMP)

No comments:
Post a Comment