ကျောင်းက ပြန်လာတိုင်း အမိရင်ခွင်ကို ၀င်တိုးပနာ " သားကို ကိုယ်အင်္ဂါ မပြည့်ရေ အကောင်ချေလို့ ပြော ကတ်ပါရေ မေမေ။" လို့ သားက ပြန်ပြောပြတိုင်း အမိက ရင်ကျိုးမတတ် ခံစားရတတ်ပါရေ။
အချေ အရွယ်ရောက်တေအခါမှာ အတန်းထဲမှာ အတော်ဆုံးနန့် အခန့်ညားဆုံး ကျောင်းသားတစ်ယောက် ဖြစ်လာပါရေ။ မိတ်ဆွေသူငယ်ခင်းတိကလည်း ကကောင်းခင်မင် ကတ်ပါရေ။ ယေကေလည်း ကိုယ်အင်္ဂါချို့ တဲ့ရေ အချက်အတွက်နန့် အတန်းခေါင်းဆောင် ဖြစ်မလာပါ။
အကောင်ချေ အဖသယ်က "ကျွန်တော့်သားချေကို တစ်ခုခု လုပ်ပီးလို့ ရနိုင်ပါဖို့သိမ့်လား။" လို့ သမားတော် နန့် တိုင်ပင်ပါရေ။
သမားတော်က "တစ်ယောက်ယောက်က နားတစ်စုံ လှူကေတော့ အစားထိုးလို့ ရနိုင်ပါရေ။" လို့ပြန်ပြောပြ လိုက်ပါေ၇။ ယင်းနိန့်ကစပနာ မိဖနှစ်ပါးက အနစ်နာခံ ပီးစွန့်ဖို့ နားအလှူရှင်ကို အသည်းအသန် လိုက်ရှာ ကတ်ပါရေ။
နှစ်နှစ်လောက် ကြာရေခါ အဖသယ်က "သား၊ နက်ဖြန်ခါ ဆေးရုံတက်ရဖို့။ မေမေနန့် ပါပါက နားအလှူရှင် တစ်ယောက်ကို တွိထားဗျာယ်။ ယေကေလည်း နားအလှူရှင် နာမေကို သားချေ လုံးဝ မမိန်းရနန်း။" လို့ပြော လိုက်ပါရေ။
ခွဲစိတ်မှုက ကကော်ငးအောင်မြင်ပါရေ။ လောကထဲကို လူသစ်တစ်ယောက် မွီးပီးလိုက်တပိုင်ပါ။ တက္ကသိုလ် ကျောင်းသားတိထဲမှာ အတော်ဆုံးနန့် မ မချေတိ အကြိုက်ဆုံး ကျောင်းသားတစ်ယောက် ဖြစ်လားပါရေ။ မကြာခင် အကောင်ချေစွာ အိမ်ထောင်ကျပနာ သံတမန်အသိုင်းအ၀ိုင်းထဲကို ရောက်လားပါရေ။
"ကျွန်တော့်အတွက်ဇာသူက ယင်းလောက်ထိကိုယ်ကျိုးစွန့်ပနာ နားအလှူပီးလိုက်စွာပါလေ။ကျွန်တော် ယင်း လူအတွက် တစ်ခုလည်း မပီးဆပ်နိုင်သိမ့်ပါကာ ပါပါ။"
"သား တစ်ခုလည်း လုပ်ပီးနိုင်ဖို့ မဟုတ်ကား။ သား သဘောတူထားခရေအတိုင်း အချိန်မတန်ခင် အလှူရှင် နာမေကို မသိချင်ပါကဲ့သား။"
အချိန်ကာလတိက လျှို့ဝှက်မှုကို သိုဝှက်နိန်ခပါရေ။ ယကေလည်း လျှို့ဝှက်ချက်ကို ဖော်ထုတ်ရဖို့ နိန့်ရက် က ရောက်လို့လာပါရေ။
အဖသယ်နန့် အပြိုင် နောက်ဆုံး နှုတ်ဆက်ဖို့ အမိရုပ်အလောင်းရှိမှာ ရပ်လိုက်ကတ်ပါရေ။ အဖသယ်က တုံ့ ပြန်မှု ကင်းမဲ့နိန်ရေ အမိမျက်နှာကို တယုတယ ပွတ်လိုက်ပါရေ။ ပြီးကေ ထူထဲပိန်းပိတ်နိန်ရေ အမိဆံပင်ကို နားသယ်စနားက မ တင်ပြလိုက်ပါရေ။ အမိသယ်မှာ နားလုံးဝ မရှိပါဗျာယ်။
"မင်း မေမေစွာ နောက်ပိုင်းမှာ ဆံပင်ကို လုံးဝ မကိုက်ခပါဗျာယ်။ တစ်ယောက်ကလည်း မင်းမေမေ အရုပ် ဆိုးလားခရေလို့ မထင်ခကတ်ပါ။ ဟုတ်တေမလား သား။" လို့အဖသယ်က တတုန်ယယင် ရေရွတ်လိုက်ပါ ရေ။
ရတနာကောင်းတိစွာ လူအများတိ မြင်ကွင်းမှာ ရှိနိန်လေ့ မရှိပါ။ မှန်ကန်ရေ မေတ္တာတရားတိကိုလည်း မြင်သာရေ၊ သိသာရေ နိန်ရာမှာ ဖော်ထုတ်ပြထားလေ့ မရှိပါ။ မသိ၊မမြင်နိုင်ရေ နိန်ရာမှာရာ ကိန်းအောင်း နိန်တတ်ပါရေ သူငယ်ချင်းရို့။

KWKhaing (AMP)
No comments:
Post a Comment