ရခိုင်တွင် ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် ဟူ၍ ရှိခဲ့ပေသည်။ ထိုခေတ် များအနက် နောက်ဆုံးခေတ်ဖြစ်သော မြောက်ဦးခေတ်၌ ရာထူးဌာနန္တရအဖြစ် တာဝန်ထမ်းဆောင်သူများ ကို ခေါ်ဝေါ်သုံးစွဲခဲ့သော ရခိုင်ပေါရာဏများ ရှိခဲ့ပေသည်။ ထိုပေါရာရာဏများအနက် သိသင့်သော ပေါရာ ဏတို့ကို ဖော်ထုတ်ရေးသား လိုက်ပေသည်။ ရှေးရခိုင်ဘုရင်များလက်ထက်၌ အုပ်ချုပ်သော စည်းနှစ်မျိုး ရှိခဲ့ ကြောင်း လေ့လာသိရှိရပေသည်။ ၎င်းတို့မှာ သက်ဦးဆံပိုင် ဘုရင်စနစ် ဖြစ်၍ နောက်တစ်မျိုးမှာ ပတိအုပ် ချုပ်ရေးစနစ် ဖြစ်ပေသည်။ ပတိအုပ်ချုပ်ရေးတွင် ဘုရင်အား ရက္ခာဓိပတိဟု ခေါ်သည်။ ၎င်း၏အောက်တွင် ပညာရှိ သုခမိန်တစ်ဦး (၀ါ) နှစ်ဦးရှိလေသည်။ သူတို့၏အောက်တွင် အမတ်လေးတိုင် ရှိလေသည်။ ထိုသူ များ၏ အောက်တွင် ဌာနဆိုင်ရာများ ရှိလေသည်။ ပတိအုပ်ချုပ်ရေးစနစ်ကို ဇယားချ၍ပြရသော်-
ဤစနစ်ဖြင့် တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားအောင် ဆောင်ရွက်ရလေသည်။ ပတိအုပ်ချုပ်ရေးစနစ်မှာ မင်းဗာဘု ရင် လက်ထက် ကျင့်သုံးသော အုပ်ချုပ်ရေးစနစ် ဖြစ်ပေသည်။ပတိအုပ်ချုပ်ရေးတွင် ပါဝင်သော ရာထူးဌာနန္တရများ
၁။ ရက္ခာဓိပတိ - ရခိုင်လူမျိုးတို့၏ အထွတ်အထိပ်ဖြစ်သော ရခိုင်ဘုရင် နရာဓိပတိဟူ၍လည်း ခေါ်ကြသေး သည်။
၂။ သုခမိန်ပညာရှိအမတ် - မင်းဗာဘုရင်တွင် ၀ိမလအမတ်နှင့် မဟာပညာကျော်အမတ်တို့ ဖြစ်ကြသည်။
၃။ အမတ်လေးတိုင်
(၁) ဆင်ကဲကြီးအမတ် - မင်းဗာဘုရင်တွင် ဆင်ကဲကြီး ဦးကျော်တင် အမတ်ဖြစ်သည်။ ဆင်တပ်ကို အုပ်ချုပ် ရ၍ စစ်ဆင်ရေးကို ဦးစီးရသော အမတ်ကြီးဖြစ်သည်။ ရှေးအခါက စစ်အင်္ဂါလေးပါးဖြင့် ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေသည်တပ်များ ဖြစ်ကြသည်။
(၂) ဟရဇကြီး - တိုင်းပြည်တွင် တရားသူကြီးချုပ်ဖြစ်သည်။ စစ်ဆင်ရေးတွင် ပါဝင်ဆောင်ရွက်ရသည်။
(၃) ပြည်စိုးကြီး - တိုင်းပြည်တွင် ဘုရင်ကိုယ်စား ဆောင်ရွက်ရသူဖြစ်သည်။
(၄) ဓားပိုင်ကြီး - တိုင်းပြည်အတွင်း ငြိမ်းချမ်းရေး၊ သာယာစိုပြေရေးကို ဆောင်ရွက်ရသည်။ ယခုခေတ် ရဲအ မှုထမ်း၏ အကြီးအကဲဖြစ်ဖွယ်ရှိသည်။
၎။ ယွမ်းမုဇုန္ဒတ်ကြီး - စစ်ဦးစီးချုပ်ဖြစ်၍ ရေတပ်သွားရာ၌ စည်းကမ်းရှိစေရန် ဆောင်ရွက်ရသည်။
၅။ ကျီးဝသူရဲပါး - ကျီးငှက်ကဲ့သို့ စစ်တိုက်ရာ၌ လျင်မြန်ထက်မြက်သူ။
၆။ ကုလားအတွင်းစစ်ချီ - ကုလားပြည်ကို တိုက်ခိုက်ရာ၌ ကျွမ်းကျင်သော သူရဲကောင်း။
၇။ စလင်္ဂသူ - ရေတပ်အရာရှိ ရေကြောင်းသွားလာမှု၌ ကွပ်ကဲရသော စစ်သူကြီး။
၈။ တောင်ဇုန္တတ် - ကြေးတပ်ကို အုပ်ထိမ်းရသော စစ်သူကြီး။
၉။ အဇီခံရှေ့ကင်းဇုန္တတ် - ရှေ့စစ်မျက်နှာ၌ ကွပ်ကဲသော စစ်သူကြီး။
၁၀။ ရေဇုန္တတ် - ရေတပ်ကို အုပ်ချုပ်ရသော စစ်သူကြီး။
၁၁။ လောသကွပ်ဦးစီး - တပ်မတော်အတွက် အရာရှိများ၏အရေးကို တာဝန်ယူရသူ စစ်သူကြီး။
၁၂။ ပျံချီ - စစ်ရေးပြကွင်း၌ လက်ျာလက်ဝဲတို့၏ ဓားရေး၊လှံရေး စသည်ကို အစွမ်းပြနိုင်သူ။
၁၃။ ဗာဖူစရပြည်စိုးကြီး - တိုင်းပြည်၌ ရောင်းဝယ်ရေးလုပ်ငန်းကို ကြီးကြပ်ရသော အမတ်ကြီး။ ရှေးခေတ်အ ခါ၌ ရခိုင်ပြည်မှ ဆန်စပါးများကို နိုင်ငံခြားသို့ တင်ပို့သောအခါ ကြီးကြပ်ရသော အမတ်ကြီး။
၁၄။ ဒိုင်းဝန် - အလုပ်သမားဝန်ကြီး။
၁၅။ လမိုင်းဝန် - လယ်သမားဝန်ကြီး။
၁၆။ ဃိုင်သည် - ရက်ကန်းသမား။
၁၇။ ကန့်သရီ -အိုးခွက်များလုပ်သူ။
၁၈။ ဆော်ပန်းဇင် - ငွေဒင်္ဂါးခတ်သူ။
၁၉။ ဆဖာအိပ် - စစ်သည်။
၂၀။ က၀ပ် - စစ်ပညာပြခြင်း။
၂၁။ လှိုင်းစရာ - စစ်ရေးပြကွင်း။
၂၂။ သရဇင် - တပ်ကြပ်ကြီး။
၂၃။ မောစလိပ် - မီးသတ်ဌာနအကြီးအကဲ။
၂၄။ မောလိပ် - မိန်းမပျက်များကို ထိန်းကွပ်သူ။
၂၅။ ဦးစီးကြီးနောက်သရောခင် - အောင်ပွဲအလီလီရခဲ့သော သူရဲကောင်း။
၂၆။ စဖိုသည် - ချက်ပြုတ်ရေးကို တာဝန်ယူရသူ။
၂၇။ ပန်းကျားသည် - နတ်ပူဇော်ပွဲ၌ ပတ်တီးရသူ။
၂၈။ လက်တော်ရွီး - ဘိသိက်ခံရာ၌ အ၀တ်အထည်များကို ခြုပ်လုပ်ဆက်သွင်းရသူ။
၂၉။ မဲဘိုးဇား - နန်းတွင်းသူတို့၏ အ၀တ်အထည်များကို ခြုပ်လုပ်ဆက်သွင်းရသူ။
၃၀။ မင်းကိုယ်လုပ် - မင်းညီမင်းသားတို့အတွက် အ၀တ်အထည်များကို ပြင်ဆင်ပေးရသူ။
၃၁။ မထိမ်း - မိုဖုရား၊ မင်းသမီးတို့ သွားရာတွင် အ၀တ်အထည်များကို သယ်ဆောင်ယူရသူ မိန်းမ။
၃၂။ ဖောက်ထိမ်း - ဆင်များ၏ တန်ဆာများကို ထိန်းသိမ်းရသူ။
၃၃။ ဆတ္တာသည် - မင်း၏ဆံမုတ်ဆိတ်တို့ကို လှီးဖြတ်ရသူ။
၃၄။ လက်ပန်းပွတ် - ခ၀ါသည်။
၃၅။ ပြည်ကိုင် - ဘုရင်၏ အမိန့်အတိုင်း အုပ်ချုပ်ရသူ။
ရွှေခိုင်ကျော်(မြောက်ဦး)
အောင်တံခွန် ၀ံသရက္ခိတမဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၂)မှ-
No comments:
Post a Comment