အမှတ်မထင် စာရီးသူကိုယ်တိုင် ခံစားခရေအတွက် ဖော်ပြသင့်ရေလို့ မြင်လာပါရေ။ စာရီးသူခြုပ်မ အသစ် က သူမခဲအိုကို “အခင် ထမင်းစားပါဖို့”ခေါ်ရေခါ၊ ယိုင်ကျေးမှုလိုက်စားနီရေ အကျွန်က ပက်လက်လန်လား ပါရေ။ အခင် ခေတ်စားစွာ အိမ်မှာတောင် ဂယက်ရိုက်လာရေ။ ခြုပ်မအသစ်ကို ဒေါသနန့် ခဲအိုကို အခင်ခေါ်ကေ အကောင့်ကောင့်တော်ရေ ယောက္ခမအစစ် အကျွန့်ကို ဇာခေါ်ဖို့လဲ ခြုပ်မအသစ်ကို မိန်းဖူးပါရေ။ အခေါ်အဝေါ်ဆိုစွာ အရေးကြီးပါရေ။ အစွန်းရောက်တစ်ချို့ကတော့ခါ သွီးသားလှုပ်ရှားမှုနန့် သားသမီးရလာစွာ။ ပါပါလို့အဘကို ခေါ်စရာမလို သူ့နာမယ်ကို ခေါ်လိုက်ကေရရေ။ အယူမှားစွာတိကို ကြားဖူးပါရေ။ တိရိစ္ဆာန်နန့် မခြားရေ အတွေးအခေါ်သမားတော့ ကံကံ၏အကြောင်း၊ ဗုဒ္ဓအယူအဆကို မျက်ကွယ်ပြုရာ ရောက်ပါရေ။ သွီးသားလှုပ်ရှားတိုင်း သားသမီးမရနိုင်ပါ။ စောဒကတက်ကေ အများကြီးပါ။
ယဉ်ကျေးရေ လူမျိုးတိုင်းမှာ ဆွီမျိုးတော်စပ်လို့ သူ့အခေါ်နန့်သူ ဘာသာစကားနန့် အခေါ်အဝေါ်တိ ဟိကတ် ပါရေ။ တော်စပ်စွာနန့် အတူတူ ခေါ်ဝေါ်ရေ ဝေါဟာရအလျောက် ရိုသေထိုက်သူကို ရိုသေလေးစား လို့ ကိုယ့်ယဉ်ကျေးမှုနန့် ကိုယ်စီကိုယ်ငှ ဟိကပ်ပါရေ။ အထူးသဖြင့် လွန်ခရေနှစ်ပေါင်း ၂၅၀၀ ကျော် ကာလ ကပင် ရခိုင်တိ ဗုဒ္ဓဘာသာ အရိုးစွဲ လာရေအတွက် ဗုဒ္ဓဘာသာ အယူအဆအတိုင်း ကြီးရေလူကို ငယ်ရေလူ က ကြည်ညိုရေ အစိုင်အလာအရ ကိုယ့်ထက်ကြီးရေ လူကို "ပါ" ဆိုရေ ဝေါဟာရ ရိုသေလေးစားရေ အသုံးအနှုန်းကို သုံးလာပါရေ။ တစ်ဦးကိုတစ်ဦး ခေါ်ဝေါ်လို့ထူးရေခါလည်း “ဘုရား”ဆိုရေ ပူဇော်ထိုက်တေ သုံးဆယ့်တစ်ဘုံမှာ အတုမဟိရေ ဘုရားရှင်၏ ဂုဏ်တော်“ဘုရား”ဝေါဟာရကို ထူးကတ်ပါရေ။
ယဉ်ကျေးမှုအပိုင်းကို ဖော်ပြဂေတော့ခါ ရှည်ပါလိမ့်မေ။ သိပ္ပံနည်းနန့်ရာ မလုပ်ဆိုကေ ကြက်ဥထဲက ကြက်ချေပေါက်လာရေပိုင် လူထဲက ကံဆုံကေ လူချေတိ ပေါက်လာစွာပါဗျာယ်။ ယင်းပိုင် လူအထဲက လူပေါက်လာစွာမာလေ့ ရခိုင်သားနန့် ရခိုင်သမဆိုကေ ရခိုင်သားထွက်ပါဖို့။ လူမျိုးရောလာကေတော့ခါ သိပ္ပံနည်းကျကျ ကဗျား ဖြစ်လီဖို့ဗျာယ်။ များသောအားဖြင့် ရခိုင်သားတိက ကဗျား မဖြစ်တတ်ကတ်ပါ။ တစ်ဖက်နိုင်ငံမှာ ဟိနီရေ ၁၅-ရာစုက ရခိုင်သားဟိရေ အေနိထိ ကဗျားဇောင် တစ်ယောက်လေ့ မဟိသိပါ။ ယင်းပိုင် ၎င်းရခိုင်ပြည်နယ်ရေ မြန်မာနိုင်ငံမှာ အနောက်တံတိုင်းပါ။ ရခိုင်သမတိ ရခိုင်သားတိက မျိုးစောင့် တရားနန့် ကာရီဆည်းထားလို့ ဗုဒ္ဓဘာသာရခိုင်က ယိုင်မလဲသိပါ။ ကျွန်းမာ ဇမ္ဗူ၊ လူတွင် ရခိုင်၊ ကြိုင်ဘိ သတင်း၊ ကင်းသိအပြစ်၊ ချစ်သည့်အမျိုး၊ ကြီးသည့်လုံ့လ၊ မြတ်စာဂနန့်၊ န၀နတ်လူ၊ ချစ်ကြည်ဖြူသည်၊ နိဗ္ဗူဆုတောင်းပြည့်၏တည်းလို့ စာက ဆိုထားရေအတိုင်း ကျင့်ကြံကတ်ပါရေ။
အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆီးမှင်ရည်စုတ်ထိုး လုပ်လိုက်ကေ ဖျက်လို့မရရေ စကားစုတိရေ ရခိုင်သားတိ ဥနှောက်ထဲမှာ ဂြင်းကပ်လာရေအတွက် အိမ်ထောင်ဖက် ရွီးရေခါ အသေအချာ စစ်ဆေးတတ်ပါရေ။ အစိုင်ကပင်လိုက်လို့ အပြစ်အနာအဆာ ရှာတတ်ပါရေ။ အရူးမျိုးလား၊ အနူမျိုးလား၊ သနတ်ရုပ်မျိုး လား၊ ရှောက်ခိုးကတ်တေအမျိုးလား၊ အသေအချာ ရွီးတတ်ကတ်ပါရေ။ စီစပ်ကြောင်းပြီးလို့ လက်ဝယ်လက် စ တစ်ပိုင်းတစ်စ ပီးထားလို့ သမက်ရှင်ဖက်က ဖြစ်စီ၊ သမီးရှင်ဖက်ကဖြစ်စီ ပျက်လားကေ တစ်ပွဲပျက် လားရေအတွက် သမီးရှင်ဖက် ရထားရေအသွင်းကို ပိုင်ကေလေ့ တီးထိုးအခြင်းပြော ခံရတတ်ပါရေ။ တပွဲတင်မ၊ ဂြောင်မလို့ အကဲ့ရဲ့ခံရတတ်ပါရေ။ ကလေ့မေချေတိ အပြိုင်အဆိုင် ကစပ်ကပ်ရာမှာ ရှုံးကေ တစ်ပွဲတင် ဂြောင်မနင်လို့ အနိုင်ယူပြောတတ်ကတ်ပါရေ။
နဖူးစာဆုံလို့ အကြင်လင်မယား ဖြစ်လာကေလဲ အိမ်ထောင်ရေး ရာသက်ပန်တည်မြဲအောင် သိက္ခာစောင့် ထိန်း တတ်ကတ်ပါရေ။ အကြောင်းဆုံလို့ သမက်ရှင်နန့် သမီးရှင် အကြင်လင်မယားဖြစ်ကေ၊ လင်မယား-တစ်နည်း ဇနီး မောင်နှံ၊ အိမ်ရှင်-အိမ်ရှင်မ တော်စပ်လာပါရေ။ မယားက များသောအားဖြင့် အသက်ငယ်လို့။ လင်က မယားနာမယ်ကို ခေါ်လို့ရပါရေ။ လင်ကို အကိုလို့ခေါ်ရေပိုင် မောင်းမောင်လို့လည်း ခေါ်ပါရေ။ တချို့မှာ ကိုယ်ဆိုပြီးကေ စကားအလွတ် ပြောတတ်ကတ်ပါရေ။ သားသမီးရလာကေတော့ခါ မည်သည့်သူ အဘ၊ သို့မဟုတ် အဘသည်လို့ ခေါ်ကတ်ပါရေ။ တချို့ကတော့ခါ ယင်းလူလို့ ခေါ်ပါရေ။ စာရီးသူမှာတော့ခါ သမီးမျောက်သား၊ တ၀မ်းကွဲ သမက်တက်လို့၊ အေနိထိ အကျွန့်ကို ဇနီးသည် ဒေါ်လှက ယောက်ဖချေ လို့ ခေါ်နီပါရေ။
သမက်ရှင်နန့် သမီးရှင်ပါးက သားပေါက်လာကေ၊ သားတော်စပ်လို့ အငယ်ခါ အဘုချေ ကြီးလာကေ သားကြီးလို့ အမိအဘက ခေါ်ပါရေ။ သားကြီးက အဘကို ဖခင်တော်စပ်တေပိုင်၊ အမိကို မိခင်တော် စပ်ပါရေ။ ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှစ်ဆစ်ကပင် ပြုစုလာစွာကား မိဘကျေးဇူး အလွန်ကြီးလှပါရေ။ သားအကြီးက အဖကို ပါပါ၊ ဘားဘာ၊ အဘာ၊ အမိကို အမိ၊ အီးယောင်၊ မေမေ၊ မာမာ၊ အမင်လို့ခေါ်ကတ် ပါရေ။ သမီးတစ်ယောက် တိုးလာပြန်ကလည်း သူမကို မိဘနှစ်ပါးက သားကြီးက ခေါ်ရေပိုင် ပါပါ၊ ဘားဘာ၊ အဘာ၊ အမိကို အီးယောင်၊ မေမေ၊ မာမာ အမင်လို့ ခေါ်ပါရေ။ သားကြီးနန့် သမီးက မောင်နှမတော်စပ် ပါရေ။ နှမက မောင်ကြီး အကိုကြီး၊ ဂိုးဂို မောင်ကြီးရှင် ခေါ်ပါရေ။
နောက်ထပ်သမီးတစ်ယောက် ပွားလာပြန်ကေ သူမက မိဘကို အမိအဘ တော်စပ်လို့ အခေါ်အဝေါ်က အထက်ကသားကြီး၊ သမီးလပ်ရို့ ခေါ်ရေအတိုင်း ခေါ်ပါရေ။ အရေအတွက်အရ သားသမီးသုံးယောက် ၊ မောင်ကြီးနန့် မောင်နှမတော်စပ်တေပိုင် သမီးနှစ်ယောက် ညီအစ်မတော်စပ်ပါရေ။ ညီမချေက အစ်မကို မကြီး၊ မေကြီး၊ မေးမေကြီး၊ မမလို့ခေါ်ပါရေ။ မောင်ကြီးကိုတော့ခါ မောင်းမောင်ကြီး၊ အကိုကြီး၊ မောင်းမောင်၊ ဂိုးဂိုလို့ခေါ်ကပ်ပါရေ။
နောက်ထပ်သားတစ်ယောက် ပွားလာကေ မိဘကို မိဘတော်စပ်လို့ ညီအကိုမောင်နှမလေးယောက် တိုးလာပါရေ။ အထက်က သားကြီး၊ သမီးလပ်၊ သမီးငယ်က နောက်ဆုံးပေါက်တေ မောင်ချေ၊ စုစုပေါင်း ညီအကိုမောင်နှမ လေးယောက် နောက်ဆုံးပေါက်တေ သားချေက အယင်အထက်က သားကြီး၊ သမီးလပ် ရို့ကို ညီအစ်ကိုမောင်နှမ တော်စပ်ပါရေ။ ယင်းညီချေက အစ်ကိုကြီးကို အကိုကြီး၊ ဂိုးဂို၊ အကိုလို့ ခေါ်ပါရေ။ ဒုတိယသမီးကြီးက အကိုကြီးကို အကိုကြီး၊ ဂိုးဂို၊ အကို၊ မောင်းမောင်ကြီး၊ မောင်းမောင်လို့ ခေါ်ပါရေ။ တတိယသမီးကလဲ အကိုကြီး၊ ဂိုးဂို၊ အကို၊ မောင်းမောင်ကြီး၊ မောင်းမောင်လို့ ခေါ်ပါရေ။ စတုတ္ထသားချေက အစ်မကြီးကို မမကြီး၊ မေးမေ၊ မမလို့ခေါ်ပါရေ။ စတုတ္ထသားချေက အစ်မလပ်ကို မမလပ်၊ မေလပ်၊ အမေလပ်၊ မေးမေ၊ အမေချေလို့ခေါ်ပါရေ။ နောက်ထပ်သမီးအငယ် မဟိလို့ မချေလို့လည်း ခေါ်လို့ရပါရေ။
သမက်ရှင်နန့် သမီးရှင်ရို့ သမက်တက်လို့ သားနှစ်ယောက်၊ သမီးနှစ်ယောက်ရလို့ တော်စပ်ပုံနန့် ခေါ်ဝေါ်ပုံ ကို တင်ပြပြီးရေနောက်ပိုင်း၊ သမက်ရှင်၏အကိုကို သမီးရှင်မှာ ခဲအိုတော်စပ်ပါရေ။ တစ်နည်း ယောက်ဖတော်စပ်ပါရေ။ သမီရှင်က ခဲအို၊ ယောက်ဖ၊ ယောက်ဖကြီး၊ ခအိုကြီးလို့ ခေါ်ပါရေ။ သမီးမျောက်သား တော်စပ်ပါရေ။ သမက်ရှင်အဖကို သမီးရှင်မှ ယောက္ခမအဖိုသူ တော်စပ်ပါရေ။ တစ်နည်း ဦးရီးတော်စပ်ပါရေ။ သမီးရှင်က အခင်ကြီး၊ အခင်မန်းမန်၊ မန်းကြီးလို့ ခေါ်ပါရေ။
သမက်ရှင်အမိကို သမီးရှင်က ယောက္ခမ၊ အမသူ၊ တစ်နည်း အရီးမ တော်စပ်ပါရေ။ သမီးရှင်က သမက်ရှင် အမိကို အရီးကြီး၊ အရီး၊ အရီးချေ၊ ရီးရီးခေါ်ကတ်ပါရေ။ ယင်းပိုင်လည်းကောင်း၊ သမက်ရှင်က သမက်ရှင် အမကို မရီးချေ။ သမီးမျောက်သား တော်စပ်ပါရေ။ မျိုးဆွီတော်စပ်စွာနန့် အခေါ်အဝေါ် အရေးကြီးရေပိုင် ရခိုင်သားလို့ ကကွဲပပြားသိဖို့နာမည်ထားစွာကလဲ အရေးကြီးပါရေ။ ရခိုင်နာမည် အနည်းဆုံးသုံးလုံး ပုံမှန်ထားတတ်ပါရေ။ အပိုအလို ကတော့ခါ အစဉ်အလာက အဘိုးနာမည်၊ အဖနာမည်ကို အစွန်အဖျားမှာ ထည့်လို့ မှည့်တတ်ပါရေ။ လူမှာမွီးရက်နံကို နာမယ်အလယ်မှာထားလို့ မှဲ့တတ်ကတ်ပါရေ။ ရဟန်းသံဃာမှာတော့ခါ မွီးရက်နံကို ရှိဆုံးကထားလို့ မှဲ့တတ်ကတ်ပါရေ။
နာမယ်မှဲ့ရေကဏ္ဍက ဗေဒင်နက္ခတ်တိနန့် ပတ်သက်လို့ မှဲ့တတ်ကတ်ပါရေ။ ယေဘူယျကို ပြောပြစွာပါ။ ရဟန်းဘွဲ့ကို ခေါ်စွာနန့် ရှိစာလုံးကိုကြည့်လို့ မည်သည့်ရက်သားလို့ သိရေပိုင်၊ လူမှာအလယ်က နာမယ်စာလုံးကို ကြည့်လို့ရက်ကို ကောက်လို့ ဇာရက်သားဆိုစွာကို သိနိုင်ပါရေ။ အယင်ခါက ကွဲပြားဟိ ခကေလဲ အဂုတော့ခါ နာမယ်ကို မူ သမီးဦး၊ သမီးမြတ်အနေနန့် ဦးရို့ ဝေရို့ကို ထည့်လို့မှဲ့ပါရေ။ သားသမီးနာမယ်ကို ကြည့်လို့ ဦးမပါကေ ငယ်လင် ငယ်မယားပါးက မွီးစွာမဟုတ်လို့ ခန့်မှန်းနိုင်ပါရေ။ သားဦး သမီးဦးနာမယ်ကို ကြည့်လို့မိဘနှစ်ပါးကို ခန့်မှန်းနိုင်ပါရေ။ အဂုတော့ခါ ရိုးရာပျောက်လို့ ရောရာ တိများလာစွာလဲ ရင်လီးစရာပါ။
မှတ်လို့လွယ်အောင် အထက်ကပြောခရေ သမက်ရှင်နန့် သမီးရှင်ပါးက ပေါက်လာရေ ညီအကို မောင်နှမ လေးယောက်ကို နာမယ်ထားကပ်ပါမေ။ အကြီးဆုံးသားကို အောင်ကျော်ဦး၊ အလပ်သမီးကို ကြာသွင်ဝေ၊ သူ့အောက် အငယ်သမီးကို ကြာဖြူမေ၊ သားအငယ်ဆုံးသားချေ ကို ကျော်လှအောင်၊ အထက်ပြောရေ ရက်သားနန့် ကိုက်ကြည့်ကေ၊ သားကြီးက တနင်္လာသား၊ ဒုတိယသမီး သောကြာ၊ တတိယသမီး ကြာသပတေး၊ နောက်ဆုံးသား ဗုဒ္ဓဟူးသား ဖြစ်နီပါရေ။ အရွယ်ရောက်လို့ သာသနာ့ဘောင်သို့ သွင်းကေ ကိုရင်ကြီးက ကုမ္မာရဖြစ်ပါဖို့။ ကိုယ်ရင်ချေက ၀ဏ္ဏလို့ ခေါ်ကပ်ဖို့ ဖြစ်ပါရေ။ ရဟန်းကိစ္စမှာ ဥပဇဉ်ဆရာက ရက်သားကို ရှိကထားလို့ မှဲ့ခေါ်လားဖို့ဖြစ်ပါရေ။
အောင်ကျော်ဦးအဘ သမက်ရှင်၊ အမိ သမီးရှင်၊ ယင်းမိဘနှစ်ပါးက အောင်ကျော်ဦးကို ပေါက်လာရေ အတွက် သားတော်စပ်ပါရေ။ အောင်ကျော်ဦး အရွယ်ရောက်လာကေ သမက်တက်ဖို့ ဓမ္မတာပါ။ မိဘ၀တ္တရားအရ ပညာသင်၊ ရှင်ပြု၊ သမက်တက်တေအထိ မိဘက ဆောင်ရွက်တတ်ပါရေ။ ယင်းပိုင် ပတ်လည် သချီးလုပ်ငန်းမစခင် အောင်ကျော်ဦး အမျိုးအဆွီတော်စပ်ပုံက အောင်ကျော်ဦးအဘ သမက်ရှင် ကို အဘတော်စပ်ပြီးကေ ပါပါ၊ ဘားပါ ဘာဘာလို့ခေါ်ပါရေ။ သမက်ရှင်အဘကို အောင်ကျော်ဦးမှာ အဖီးတော်ပါရေ။ အဖီးရှင်၊ ဖီးဖီးလို့ခေါ်ပါရေ။
သမက်ရှင်အဖီးကို အောင်ကျော်ဦးအဘိ တော်ပါရေ။ အဘီရှင်လို့ ခေါ်ပါရေ။ သမက်ရှင်အဘီ ကို အောင်ကျော် ဦးမှာ အဘင်တော်စပ်ပါရေ။ အခေါ်က အဘင်ရှင်၊ တဆင့်စီတပ်လို့လားကေ အဇူ၊ အဇာ၊ အနုအနာ တော်စပ်ပြီး အဇူရှင်၊ အဇာရှင်၊ အနုရှင်၊ အနာရှင်ခေါ်ကတ်ပါရေ။ ယင်း၏တွဲဘက်မယားကို အဖိုးရှင်မှာ အဘောင်ရှင်၊ အဖီးရှင်မှာ အဖီးရှင်မ၊ အဘိရှင်မှာ အဘီးရှင်မ၊ အဘင်ရှင်မှာ အဘင်ရှင်မ၊ အဇူရှင်မှာ အဇူရှင်မ၊ အဇာရှင်မှာ အဇာရှင်မ၊ အနုရှင်မှာ အနုရှင်မ၊ အနာရှင်မှာ အနာရှင်မ၊ အထက်ကို အခေါ်အဝေါ်တိကောင်းဟိကေလဲ အသက်ရာကျော် အတိုင်းအတာနန့်ဆို ၀ါးနီပါရေ။
အောင်ကျော်ဦးအမိ သမီးရှင်ဘက်က အမျိုးကိုဆက်လို့ လေ့လာကတ်ပါမေ။ အောင်ကျော်ဦးအမိမှာ အကိုကြီး ကို ဦးရီးတော်ပါရေ။ အခင်ကြီး၊ ခင်ခင်၊ မန်းမန်လို့ခေါ်ပါရေ။ အမိအကိုကြီး ဇနီးမယား ကို အောင်ကျော်ဦးမှာ အရီးမ တော်စပ်ပါရေ။ အရီးကြီး၊ ရီးရီးကြီးလပ်ငယ်ကို ထိုက်သင့်ရေပိုင် ထည့်လို့သုံးနိုင်ရေ။ အောင်ကျော်ဦးအဘ သမက်ရှင်မှာ အဘိုးကို အောင်ကျော်ဦးမှာ ဖကြီးတော်ပါရေ။ ဘကြီး၊ ပါပါကြီးလို့ခေါ်ပါရေ။ အောင်ကျော်ဦးအဖ သမက်ရှင်မှာ ညီကို ပထွေးတော်စပ် ပါရေ။ ဘေးဘေ၊ ဘေးချေ၊ အဘေ၊ အဘေကြီး၊ ပါပါချေ။ အဘာချေလို့ ခေါ်ပါရေ။
အောင်ကျော်ဦးမှာ ဦးရီးသားသမီးကို သမီးမျောက်သားတော်ရေပိုင်၊ အရီးမသားသမီးကိုလည်း သမီး မျောက်သား တော်စပ်ပါရေ။ အောင်ကျော်ဦးမှာ သားသမီးရရေပိုင်၊ ကြာသွင်ဝေမှာလည်း သားသမီးရကေ၊ ယင်းနှစ်ဘက်သား၊ သမီးတိ သမီးမျောက်သား၊ သမီးယောက်ဖတော်စပ်ကပ်တေ။ ယင်းကဆက်လို့ ဆင့်ပွားသားသမီးထဲက အိမ်ထောင်ပြုလို့ သားသမီးရပြန်ကေ အောင်ကျော်ဦးမှာ မြိန်း၊ ကြာသွင်ဝေမှာ မြိန်းတိဖြစ်လာပါရေ။
အောင်ကျော်ဦးမြိန်းနန့် ကြာသွင်ဝေမြီး တော်စပ်ပုံခေါ်ပုံကို သတိထားကတ်ရဖို့ဖြစ်တေ။ လွယ်ရေပိုင်ပျင်လို့ ခက်တတ်ပါရေ။ အောင်ကျော်ဦးသားကို ကြာသွင်ဝေသားက ယောက်ဖတော်ရေပိုင် အောင်ကျော်ဦးသားက ကြာသွင်ဝေ သမီးကို မရီးတော်စပ်ပါရေ။ ယောက်ဖနန့် မရီးသားသမီး အောင်ကျော်ဦးသားကို ဇာပိုင်ခေါ်ပါဖို့။ ယောက်ဖသားသမီးက အောင်ကျော်ဦးသားကို ၀ရီးတော်လို့ အခင် ခေါ်ရေပိုင် မရီးသားသမီးက ပထွီးအဖြစ် တော်စပ် လားပြီးကေ၊ အဘေခေါ်ရပါရေ။
အလွယ်ချေတွေးခေါ်လိုက်ကေ အောင်ကျော်ဦးသားက တူမလင်ကို အဘေခေါ်ရေပိုင် တူမှာမယားကိုလဲ အယွေလို့ခေါ်ရဖို့ ဖြစ်ပါရေ။ တူမလင်ကို အဘေခေါ်ရစွာက အဘေမှာ အစ်မဖြစ်စီ၊ ညီမဖြစ်စီ၏သမီးကို တူမသားကို တူတော်နီလို့ တူမလင်ကို အဘေတော်ရေပိုင်၊ တူမှာမယားကို အယွေခေါ်လို့ ပထွီးတော်နီရေ။ ယင်းပိုင်လည်းကောင်း ကြာသွင်ဝေသားနန့် အောင်ကျော်ဦးသားနန့် သမီးယောက်ဖတော်စပ်ရေအတွက် တစ်ယောက်ကိုတစ်ယောက် ယောက်ဖ ခေါ်ကတ်ပါရေ။ ကြာသွင်ဝေဘက်ကသားမှာ သားက အောင်ကျော် ဦးသားကို ဦးရီးတော်လားပါရေ။ အောင်ကျော်ဦး သားကို အခင်လို့ခေါ်ပါရေ။ အောင်ကျော်ဦးသားမှာ မယားကို အရီးတော်လို့ အရီချေ အရီးဘက် စသည်ခေါ်ရဖို့ ဖြစ်တေ။ တူမလင်ကို အဘေတော်ရေ ပိုင် ယောက်ဖမှာ သားသမီးကို တူ၊ တူမတော်စပ်လားပါရေ။ အထက်ပြောခရေ ပိုင် မျိုးဆွီတော်စပ်ပုံမှာ ညီအကိုသားသမီးက ညီအကိုတော်ရေပိုင် ဆန့်ကျင်ဘက်ဖြစ်တေ မောင်သားနှမသားရို့မှာ သမီးမျောက် သား တော်စပ်ကပ်ပါရေ။
ဒေသဆိုင်ရာ အခေါ်အဝေါ်တိ ကွဲပြားကေလဲ တော်စပ်ပုံတော့ ရခိုင်သားဟူသမျှ တူကပ်ပါရေ။ လိုစွာကို ဖြည့်လို့ ပိုစွာကို ဖယ်ရှားလို့ အပြုသဘောနန့် ဖတ်ကတ်ပါ။ အထက်က အစီရင်ခံခရေတိုင်း ငယ်သူက ကြီးသူကို ရိုသေလေးစားရေ ထုံးစံအရ လူကြီးကို လူကြီးအလျောက်၊ အငယ်ကို မင်း၊ နင်(၀ါ)နာမယ်ထုတ်ခေါ်လို့ ရပါရေ။
စဉ် | အဓိက လင်+မယား | အဓိကသို့ ကျား မ | မည်သူကခေါ်ရမည်၊ ခေါ်ရန် | ||
၁။ | အဘ+အမိ | သား/သမီး | သား/သမီးက အဘကို | ပါပါ၊ ဘားဘာ၊ အဘာ/အမိ၊မေမေ၊အမင်၊မာမာ၊အီးယောင် | |
သား/သမီးက အမိကို | |||||
၂။ | ဘကြီး+အကြီး | သား/သမီး | သား/သမီးကဖကြီးကို | ဘကြီး၊ဘကြီးရှင်၊အဘာကြီး၊ပါပါကြီး/အကြီးရှင်၊ကြီးကြီး၊အကြီးမ၊အကြီး | |
သား/သမီးက မကြီးမကို | |||||
၃။ | ပထွီး+မထွီးမ | သား/သမီး | သား/သမီးက ပထွီးကို | အဘေ၊အဘေကြီး-ချေ-လပ်-ထွီး၊ဘေးချေ၊/အထွေးကြီး၊အယွေကြီး-ချေ-လပ်-ထွီး၊ယွေးချေ၊ယွေးယွေ | |
သား/သမီးက မထွီးမကို | |||||
၎။ | အခင်+အရီး | သမက်/ခြုပ်မ၊တူ/တူမ | သမက်/ခြုပ်မက ယောက္ခမကို | အခင်၊အခင်ကြီး၊ခင်ခင်၊အခင်လပ်၊အခင်ထွီး၊အခင်ချေ/အရီးကြီး၊အရီး၊အရီးလပ်၊အရီးချေ၊အရီးထွီး | |
သမက်/ခြုပ်မက ယောက္ခမအမကို | |||||
တူ/တူမလည်း တူတူခေါ် | |||||
၅။ | အကို+မရီး | ညီ/အစ်ကို | ညီကအကို ကို | အကိုကြီး၊အကိုလတ်၊အကိုချေ၊အကို၊ဂိုးကို၊ဂိုးချေ | |
ညီကမရီးကို | မရီးကြီး၊မရီးလပ်၊မရီးချေ၊မရီးထွေး | ||||
အကိုကညီကို | ညီချေ၊နာမယ်ကိုထုတ်ခေါ်နိုင်ရေ | ||||
အကိုကညီမယားကို | ခယ်မချေ၊နာမယ်ကိုထုတ်ခေါ်နိုင်ရေ | ||||
၆။ | ယောက်ဖ+မမ | ယောက်ဖ၊ညီမ | ယောက်ဖက ယောက်ဖကို | ယောက်ဖကြီး၊ယောက်ဖလပ်၊ယောက်ဖချေ၊ဟာလူ | |
ယောက်ဖကအစ်မကို | မမကြီး၊မမလပ်၊မမချေ၊မေကြီး၊မေလပ်၊မေထွီး | ||||
၇။ | အဘိုး+အဘောင် | မြိန်းဘို/မြိန်းမ | မြိန်းဘိုကအဘိုးကို | အဘိုးရှင်၊ဘိုးဘိုး၊အကိုကြီး၊ယောက်ဖကြီးအဘောင်ရှင်၊ဘောင်ဘောင်၊ဒါးဒါ၊မမရှင်၊မရီးကြီး၊အမေရှင် | |
မြိန်းဘိုကအဘောင်ကို | |||||
မြိန်းမကလည်း တူတူခေါ် | |||||
၈။ | အဖီး+အဖီးရှင်မ | မြိတ်ဘို/မြိတ်မ | မြိတ်ကအဖီးကို | အဖီးရှင်၊အဖီးရှင်မ၊ဖီးဖီး၊ဒါးဒါ | |
မြိတ်မကလည်း တူတူခေါ် |
လူသက်တမ်းက နှစ်ခြောက်ဆယ်ကျော်ရာ ဟိရေအတွက် မြိန်း၊ မြိတ်၊ တီတွတ်၊ ကြွတ်တိ ရတောင့်ရခဲပါ။ အသက် ၈၀၊ ၉၀ထိရှည်ကေ တီတွတ်ထိမှီပါရေ။
အဘိုး၊ အဖီး၊ အဘီ၊ အဘင်၊ အဇူ၊ အဇာ၊ အနု၊ အနာရို့ကိုလဲ အဘိုးရှင် အဘောင်ရှင်ခေါ်လေ့ရပိုင် (ဥပမာ) အဘိုးရှင်၊ အဘောင်ရှင်ပိုင်၊ အဖီးရှင်၊ အဖီးရှင်မ၊ အဘိရှင်၊ အဘိရှင်မ၊ ဆက်လို့ခေါ်လားပါ။ ၎င်းရို့မှာ မြိန်း၊ မြိတ်၊ တီ၊ တွတ်၊ ကြွတ် သက်တမ်းနန့်ဆို တွတ်လောက်ဆိုကေ သက်တမ်းမမှီဖြစ်တတ်ပါရေ။ တစ်ခု သတိထားဖို့စွာကတော့ခါ၊ ရခိုင်သား၊ ရခိုင်သမပါးက မွီးလာရေ အသွီးအသားကတော့ နှစ်ပေါင်းကြာလီ အမျိုးကို ချစ်လီ၊ ရောကေတော့ခါ အချစ်လျော့လို့လားလီ၊ ယင်းအသွီးအသားက ဆင်းလာစွာကတော့ အမျိုးမပျက်စကောင်းပါ။ ငါ့ခန္ဓာမှာဟိရေ သွီးက မရွီမတွက်နိုင်ရေ နှစ်ပေါင်းများစွာက ရခိုင်သားနန့် ရခိုင်သမပါးက ထွက်လာစွာမဟုတ်လား၊ အသိစိတ်ဓာတ်နန့် မာနတရားကား အစဉ်ကိန်းအောင်းမှရာ အမျိုးဗီဇမပျက် အမျိုးဂုဏ် ဇာတိဂုဏ်ကို ဆောင်နိုင်ဖို့ဖြစ်ပါရေ။
မျိုးဆွီတော်စပ်စွာကို အင်းစောက်ချလို့ ဖော်ပြလိုက်စွာက နောင်လာနောင်သားတိအတွက် မမိမလျော့ မဟိရလီအောင် ရခိုင်မှာအခေါ်အဝေါ် အစုံအလင်ဟိပါလျက်နန့် လူများပါးက ငှားစရာမလိုဘဲ ရိုးရာ အတိုင်း ခေါ်ကတ်ကေ ရခိုင်မပျောက်နိုင်ပါ။ ရခိုင်သားက ရခိုင်သားကို တွိကေ ကိုယ့်ရခိုင်စကားနန့်ပြောစွာ က ဂုဏ်ဟိပါရေ။ ရခိုင်စကား မပြောကေ၊ ရခိုင်စကား ပျောက်လားတတ်ပါရေ။ ရခိုင်စကားမဟိကေ ရခိုင်ကို ဇာမှာရှာခီပါဖို့လဲ၊ တခြားလူမျိုးဘာသာ စကားကို အထင်မသေးရေပိုင်၊ ကိုယ့်စကားကိုလဲ အထင်ကြီးပါ၊ တခြားလူမျိုးနန့်တွိကေ၊ ယင်းလူမျိုးစကားကို ပပီသသ ပြောလို့ ဆက်ဆံပါ။ ကိုယ့်လူမျိုးနန့်တွိကေ ကိုယ့်စကားကို ပပီသသပြောပါ။
အောက်ခြီနနောင်းနန့် နီလာရေ သမိုင်းအစဉ်အလာကြီးမားခစွာကို မမိမလျော့ပါကေ့၊ ရှင်တော်ဘုရား ပရိနိဗ္ဗာန်မပြုခင် အပ္ပမာဒေန သမ္မာဒေထ သတိတရားကို မြဲဖို့ဟောတော်မူရေ တရားတော်ကို ဆင်ခြင်လို့ ကိုယ့်မျိုးဗီဇကို စောင့်ထိန်းနိုင်ကပ်ပါစီလို့ ဆုတောင်းပါရေ
ပန်းချီမင်းညို
No comments:
Post a Comment