သူ မောင်ယေကို တစ်ခါ ပြောဖူးရေ။
"သူငယ်ချင်း ... ငြို့တိ မျိုးချစ်စိတ်ဓါတ်ဟိရဖို့ဟိုက်။ ကိုယ့်လူမျိုးကို ချစ်လို့၊ ကိုယ့်ရိုးရာယဉ်ကျေးမှု ဓလိထုံးစံတိကို စောင့်ယှောက်ရဖို့။ မဟုတ်ကေ ရခိုင်လူမျိုးဆိုစွာ တကြိုင်းကေ ပျောက်လီဖို့။ ယင်းအတွက် ငြို့မာ တာဝန်ဟိရေ။ ကိုယ့်ရွာကို ချစ်ရဖို့။ ကိုယ့်ပြည်ကို ချစ်ရဖို့။ ကိုယ့်လူမျိုးကို ချစ်ရဖို့။
မျိုးချစ်စိတ်ဓါတ်အပြည့်နန့် ပြောရေ စကားလုံးတိ မောင်ယေနားထဲက မထွက်။ သမ္မတတစ်ယောက် မိန့် ခွန်းပြော နီရေပိုင်။ ယေနန့်လို့ "အေမသျှေတော့ တစ်ခုခု ဖြိုက်ကို ဖြိုက်ရဖို့"လို့ မောင်ယေ ထင် မိရေ။ မောင်ယေ ကကောင်းကြာမှ ဖြစ်ဖို့ကိစ္စကို မှန်းစွာပါ။ လူတိက စာမီးပွဲကိစ္စကပင် ခြောက်ဘာသာပါဖို့ မှန်းပြီးသား။ မောင်ယေကတော့ မှန်းရေလို့ပြောစွာထက် ယုံရေဆိုဂေ ပိုလို့ကောင်းဖို့လားမသိ။ ဟုတ်ပါရေ။ မှန်းရေအတိုင်းလည်း ပန်းနုက ခြောက်ဘာသာ ပါ ပါရေ။ ၀မ်းသာလုံးဆို့လို့ မောင်ယေက -
"ငြို့ သူငယ်ချင်း ဆရာဝန်မဖြစ်ဖို့ယာ မလားယေ"လို့ ပြောမိရေ။ ယင်းခါ မျောက်မချေ ဇာပြောလည်းဆိုကေ -
"နင် ငါ့ကို လဖုံသရီ ထင်လား။ ခြောက်ဘာသာပါတိုင်း ဆရာဝန်လုပ်ဖို့ လူထဲမှာ ငါမပါဟိုက်။ နင် ကြည့်နီအုသိဟိုက် မောင်ယေ"လတ်။ ကလိမေက သူ့စကားအတိုင်း မိဘအလိုလေး မလိုက်ဘဲ စကော လားသျှစ် ရပနာ နိုင်ငံခြား ပညာတော်သင် လားခပါရေ။ သူငယ်ချင်းအတွက် မောင်ယေ ဂုဏ်လေးယူမိရေ။ အားလေး ကျမိရေ။ ပန်းနုက မလားခင် မောင်ယေကို ပြောရေ။
"သူငယ်ချင်း... မောင်ယေ၊ မြင်လား။ နင့် သူငယ်ချင်းကို အရာစောင့်ကြည့်လို့ ရသိရေနှုန်း"
"နင့်ကို ငါ ရက်ပြတ် စောင့်ကြည့်နီပါရေ။ ကြိုးစားပါ သူငယ်ချင်း။ ရခိုင့်ဂုဏ်ဆောင်တစ်ယောက် ဖြစ်အောင် လုပ်ပါ။ နင့်အရည်အချင်းကို ငါ ယုံကြည်ပါရေ"လို့ ပြန်ပြောမိရေ။
ယင်းပိုင်နန့် သူငယ်ချင်းတိ တစ်ယောက် တစ်နယ်စီ ၀ီးလို့ နှစ်လတိ ရင့်ရော်လားရေ။ သူငယ်ချင်း တစ်ယောက် တရီနန့်တော့ အဂုထိ မတွိဖြစ်။ တစ်ချို့တရီ သီရေပျောက်တေလို့ ကြားရေ။ သူငယ်ချင်းတိ သတင်းဆိုး၊ သတင်းကောင်းတိကို ကြားလို့ မောင်ယေ ၀မ်းနည်း ၀မ်းသာ ဖြစ်မိရေ။ သူငယ်ချင်းတော မှာ မောင်ယေက ပန်းနုသတင်းကို အကြားချင်ဆုံး။ အစခါတော့ ပန်းနုသတင်းတိ အားရ၀မ်းသား ကြား ရရေ။ နောက် ပန်းနုရို့ မိဘတိ ရန်ကုန်ပြောင်းလားခါကပင် ပန်းနုသတင်း အစချေ အနချေပင် မကြားရ ယာ။ စိတ်ဝင်စားဖို့ကောင်းရေ သူငယ်ချင်းတစ်ယောက် ဖြစ်လို့လေး မောင်ယေ ပန်းနုကို ရက်ပြတ် သတိ တရ ဖြစ်နီတတ်တေ။ မတွိရစွာလေး ကြာယာမလား။ မောင်ယေတောင်မှ မွီးရပ်မြို့ချေမှာ ကျောင်းအုပ် ဆရာကြီးတာဝန်ကို ထမ်းဆောင်နီစော် ဆပ်စုနှစ်ချေ တစ်ခုလောက် ဟိဖို့ယာ။ အိမ်ထောင်ကျလို့ သားချေနှစ်ယောက်၊ သမီးချေတစ်ယောက်နန့် ဖြစ်နီယာ။
တစ်ရက်နိ ကျောင်းမှာ ၀လုံးတန်းကို မောင်ယေ စာပြနီရေ။ စာအုပ်ထက် တပည့်တိ ၀လုံးယောင်းယောင်း ကိုတိုက်ခါ ကျောက်သင်ပုန်းထက် ပန်းနုရီးရေ ၀လုံးလေးထောင့်တိကို မြင်လို့ ပြုံးမိရေ။ စာသင်ပြီးလို့ ရုံးခန်းမှာ တနား မျှိုင်းနိန်တုန်း အာဂန္တုတိ ရောက်ပါလတ်တေ။ မိမတစ်ယောက်၊ ယောက်က်ျားတစ်ယောက်။ အာဂန္တုမိမက မောင်ယေကို ပြုံးပြရေ။ အသူလဲ ဂု။ မောင်ယေ ဗြုန်းခနဲ မှန်းလို့မရ။ အလှပလှ ကြည့်မှ -
"ပန်းနုရာ မလားယေ။ ပန်းနု... နင် ပန်းနု ဟုတ်တေနှုန်း"
"ဟုတ်ပါရေ ဆရာကြီး... အကျွန် ပန်းနုပါ။ နင် ငါ့ကိုတောင်မှန်းလို့ မရယာလား မောင်ယေ။ ၀ါကြီးဖြစ်လခယာ မလားဂု"
"ဟုတ်တေ ဟိုက်။ ငါ နင့်ငယ်ရုပ်ကို အင်တန် မှန်းမှ ရရေ။ နှစ်တိကား ကောင်းကြာခစွာကို။ ယကေ နင်အဂုမှ နိုင်ငံခြားက ပြန်ရောက်တရာ သိလား"
"အဟင့်... ရောက်စွာ သုံးလေးနှစ် ဟိယာ။ အဂု ရန်ကုန်မှာ နီရေ။ အလုပ်များလို့ လာဖို့ကားမရ။ အဂုမှ ခွင့်ရလို့ လာရစွာဒေ ဟိုက်။ ကိုယ့်မွီးရပ်နန့် သူငယ်ချင်းတိကို အောက်မိလို့ မရောက်ရောက်အောင် လာစွာ"
"ငါလည်း နင့်ကို တွိချင်နီစွာပါဟိုက် ပန်းနု"
"နင် ကျောင်းဆရာ ဖြစ်နီစွာကို ကြားရေ။ ကောင်းပါရေ ဟိုက်"
"နင် အဂု ဇာလုပ်နီလဲ ယကေ"
"ငါ ကုမ္ပဏီ တစ်ခုမှာ စက်ကန်ထရီ လုပ်နီရေ"
"နင် ရွီးကောက်..."
"အား... မိတ်ဆက်ပီးရဖို့သိ။ ဒေမှာ ငါ့လူ သီဟကျော်လတ်။ မယ်ဇံသူငယ်ချင်း မောင်ယေလေ" မယ်ဇံ လီသံပြောင်းလားပိုင် တွိရေ။ မယ်ဇံလူက လက်တန်းပီးရေ။
"တွေ့ရတာ ၀မ်းသာပါတယ်ဗျာ"လတ်။ ရင်ထဲ ဆို့လားရေ။ မောင်ယေ မနည်း အားတင်းပနာ ပြုံးပြလိုက်တေ။ ပန်းနု... နင့်ကို ငါ သမ္မတဖြစ်ဖို့လို့တောင် ထင်ခရေ။ ယလောက် အထင်ကြီးခရေ ပန်းနု...။ နင် ပြောဖူးရေ၀ါ။ ကိုယ့်ရွာကို ချစ်ရဖို့ဆို...။ ကိုယ့်ပြည်ကို ချစ်ရဖို့ဆို...။ ကိုယ့်လူမျိုးကို ချစ်ရဖို့ဆို...။
ငြို့တာဝန်ဆို...
အကတ် စောင့်ကြည့်လို့ရရေဆို...
အကတ် လဖုံသရီမဟုတ်ဆို...
"ဂျာမာ..."
သဇင်နီ
ရခိုင့်တန်ဆောင်မဂ္ဂဇင်း အမှတ်(၂၀)မှ -
No comments:
Post a Comment