သင်ပုန်းပဲ့ချေတစ်ချပ် - အဖွဲ့

















Cover

၀၁။ ဒေရင်ထဲမာ (၀င်းကိုခိုင်)

၀၂။ ဒေပိုင်ညဥ့်မျိုးကြောက်တေ (ညှာစိမ်းခိုင်)
၀၃။ အမင်တစ်ယောက် နီယက်ကောင်းလီပါယင့်လား (ညီမင်းခိုင်)

၀၄။ ငယ်သူငယ်ချင်းချေ သူ (စောနှင်းနွယ်)
၀၅။ သင်ပုန်းပဲ့ချေတစ်ချပ် (စိမ်းလဲ့လဲ့)
၀၆။ ဒေအချိန်မြတ်မင်္ဂလာ (မောင်ကိုကို + ရီလှိုင်းပြာ)

၀၇။ ဒေ၀ါကြီးနန့် ဒေသင်္ကြန် (ကိုသန်းဆွေ + စိမ်းလဲ့လဲ့)
၀၈။ ရမ္မက်နွံ (မိုးဇော်)
၀၉။ လားရာလားလီ အ၀ီး (ရီလှိုင်းပြာ)

၁၀။ လုံးချင်းတည်း မထားခပါကေ့ (၀င်းကိုခိုင်)
၁၁။ သဇင်ချေ (ညီမင်းခိုင်)
၁၂။ ဒေချင့်ဘ၀လား (Lကိုလင်း)

၁၃။ အသက်ထက်ချစ်ကေလေ့ (ရမ္မာဝတီစံဝင်း)
၁၄။ ပွဲဖျက်မိုး (ကောင်းထက်စံ)
၁၅။ ရွှီရင်ကွဲ (စစ်နိုင်)

သာသနာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တကုမာရ (သာသနာ့ဝန်ဆောင် (ပန်းကုံး)ဆရာတော်

"ဒီနေ့ သိပ်နေမကောင်းလို့ စာရေးတာ နားဦးမယ်ကွာ"
ဤစကားကို မိန့်တော်မူခဲ့သည်မှ စံလွန်တော်မမူမီ ၃-ရက် အလိုက ဖြစ်သည်။ ယနေ့တိုင် နားထဲက မထွက်သေး၊ ကြေကွဲဝမ်းနည်းဖွယ် စကားအဖြစ် ကျန်ရစ်ခဲ့လေပြီ။ ဤစကားကို စာပေရေးသား (ကျမ်းစာပြု စု)မှုနှင့် ပတ်သက်၍ နောက်ဆုံးစကားဖြစ်မည်ဟု မထင်မိခဲ့။ ဆရာတော် ကျန်းမာရေး မကောင်းသည် ကိုတော့ သိထားပါ၏။ ဤမျှ မြန်ဆန်လိမ့်မည် မထင်။ ဆရာတော်ဘုရားသည် ကျန်းမာရေးကို ဂရုပြုတော် မူပါ၏။ သို့သော် သာမန်နေမကောင်းရုံမျှဖြင့် အလုပ်နားတော်မူလေ့မရှိ၊ အလွန်မစွမ်းနိုင်လွန်းမှ နားတော်မူ ၏။ ယခုမှာကား တဒင်္ဂအနားယူရင်းမှ တစ်ဘ၀အတွက် ထာဝရ အနားယူတော်မူခဲ့လေပြီ တကား။

သာသနာ့တာဝန်ကို စွမ်းစွမ်းတမံဆောင်ရွက်တော်မူသော သာသနာ့ဝန်ဆောင် (ပန်းကုံး)ဆရာတော်ကြီး သည် ၁၃၆၃-ခုနှစ် ၀ါခေါင်လပြည့်ကျော် (၁၀)ရက် (၁၃-၉-၂၀၀၁) ကြာသပတေးနေ့၌ တစ်ဘ၀ဇာတ်သိမ်း ၍ ငြိမ်းတော်မူခဲ့လေပြီ။