ရမ္မာကျွန်းက ဆွီမျိုးတော်စပ်ပုံ - ရက္ခိတသျှစ်မောင် (ပညာရေး)

ဂနိ ကမ္ဘာပေါ်ဟိ ဘာသာစကားပေါင်း ၆၉၀၀ အနက် ၂၅၀၀ ခန့်ရေ တိမ်ကော ပျောက်ကွယ်လားဖို့ အခြီ အနီရောက်နီဗျာယ်လို့ UNESCO ထုတ်ပြန်ချက်မှာ ဖော်ပြထားပါရေ။ ဧပိုင် ပျောက်ကွယ်လားဖို့ အကြောင်း တရားနှစ်ရပ်မှာ လူရို့စွာ မြို့ပြနန့် တခြားတစ်နယ်တစ်ကျေးသို့ ပြောင်းရွှိ့မှုများလာခြင်းနန့် ကမ္ဘာ့စကား ကြီးတိ လွှမ်းမိုးဝါးမြိုခြင်းကြောင့် ဖြစ်ပါရေ။ စားဝတ်နီရီး အကြောင်းကြောင်းကြောင့် အခြားနီရာသို့ ပြောင်း လားပြီးကေ ယင်းဒေသ အများသုံးစကားကို သုံးလာရာက မိခင်စကား ပျောက်ကွယ်လားကတ်ရရေ။ ယပြီးကေ အင်အားကြီးရေ ဘာသာစကားတိကို အသုံးများလာရာက လက်အောက်ခံ ဘာသာစကားချေတိ အသုံးနည်းလာရပြီး မှေးမှိန် ပျောက်ကွယ်ကတ်ရရေ။ အေနီရာမှာ သက်သီပြစရာ အနီးစပ်ဆုံးက အယင်ခါ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပီတိနန့် ခမ်းနားခကေလေး အဂုခါ ပြောစရာမကျန်ရေ "ပျူလူမျိုး"တိ ကို ပြရပါလိမ့်မေ။

ဘာသာစကားဆိုစွာမာ အပြောဘာသာစကားနန့် အရီးဘာသာစကားဆိုပနာ နှစ်မျိုးဟိပါရေ။ ယေဒါလေး ကမ္ဘာမာ အဂုထိ အရီးဘာသာစကား မဟိသိရေ လူမျိုးတိ ဟိစွာကို ကြည့်ကေ အပြောဘာသာစကားဧ့ အဓိကကျခြင်းကို သိနိုင်ပါရေ။ ကိုယ့်လူမျိုးရို့ ကိုယ်ပိုင်စာပီ၊ ယဉ်ကျေျးွှု၊ ထုံးတမ်းဓလိတိကို လက်ဆင့်ကမ်း ထိန်းသိမ်းလာကတ်လို့ရာ အဂုချိန်ထိ "ရခိုင်"လို့ မားမားမတ်မတ် ရပ်တည်နိုင်ခြင်း ဖြစ်ပါရေ။ "အမျိုး သီလ၊ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်၊ ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္ထသညာ၊ ခေါ်အပ်ရာ ၏"လို့ ဗုဒ္ဓ၀င်လင်္ကာမှာ ဖော်ပြထားပါရေ။

သီတာထွေးတံဆိပ်နဲ့ သတိတရားရဲ့ အလံတော်

ဒါဟာ
အကုသိုလ်ကံပါလို့
ငါ့ကို မပြောနဲ့
မပြောကြပါနဲ့ကွာ
အရိပ်
တစ်ဦးတစ်ယောက်ရဲ့ အရိပ်ပါ။
လမ်းခင်းပေးခဲ့တာ ဘယ်သူလဲ
ဘယ်သူပါလဲ ခင်ဗျာ

ဝန်ကြီး ဦးဘမြိုင် (ရတည) (၂၁-၂-၁၈၉၄ မှ ၉-၄-၁၉၇၉)

ဦးဘမြိုင်ကို ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ အောင်စေတီရပ်ကွက်တွင် အဘ လယ်ဝန် ဦးသာလှ၊ အမိ ဒေါ်အောင်ခိုင်ညိုတို့မှ ၁၈၉၄ ခုနှစ် ဖော်ဖော်ဝါရီလ (၂၁)ရက်၊ ၁၂၅၅ ခုနှစ် တပို့တွဲလဆုတ် (၂)ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့သည်။ အသက် (၄)နှစ်အရွယ်တွင် မိခင်ကွယ်လွန်၍ အဖိုးအဖွားနှင့် အဘ ဦးသာလှတို့က ပြုစုစောင့်ရှောက်ခဲ့ကြသည်။ ရမ်းဗြဲမြို့ မြန်မာစာအလယ်တန်းကျောင်းတွင် ပညာစတင် သင်ကြားသည်။ ဒုတိယတန်းအောင်မြင်သောအခါ ရမ်းဗြဲမြို့၌ အင်္ဂလိပ်ဘာသာကျောင်းမရှိ၍ စစ်တွေမြို့ St. An's Convent ခရစ်ယာန်သာသနာပြုကျောင်း (စိန့်အဲ(န်)ကွန်ဗင့်မိန်းကလေးကျောင်း)သို့ ပြောင်းရွေ့၍ ပညာဆက်လက် သင်ကြားသည်။ ယင်းကျောင်းမှ (၅)တန်းအောင်သောအခါ ရန်ကုန်မြို့ရှိ "ရန်ကုန် ဟိုက်စကူး"ကျောင်းသို့ ပြောင်းရွေ့၍ ပညာဆက်လက်သင်ကြားသည်။

ဝဋ်လိုက်တတ်တယ်... မောင်မောင်သတိထား

ဒီလိုပါ...။
ဟိုးရှေးရှေးတုန်းက သုမြခိုင်ဆိုတဲ့ လူရွယ်တစ်ယောက်ရှိပါတယ်။ သူဟာ သူ့ဇနီးနဲ့အတူ ရိုးရိုးသားသား လုပ်ကိုင်စားသောက် နေထိုင်ခဲ့ပါတယ်။

အိမ်တွင်းမှု အလုပ်ကိစ္စတွေကိုလည်း သုမြခိုင်က ဇနီးကို ကူညီလုပ်ကိုင်ပေးလေ့ ရှိခဲ့ပါတယ်။

သူဟာ ဇနီးရက်ကန်းယက်နေရင် ထမင်းဟင်းတွေ အဆင်သင့်ဖြစ်အောင် ချက်ပြုတ်ပေးထားလေ့ ရှိတတ် သူလည်း ဖြစ်ပါတယ်။

တစ်နေ့တော့ ဇနီးသည် ရက်ကန်းယက်နေတုန်း ဖြစ်ပါတယ်။
ရက်ကန်းချည်မှာ ယင်ကောင်တွေက စုပြုံနားလို့ နေကြပါတယ်။
ချည်မှာက ထမင်းနဲ့နယ်ပြီး အစာတင်ထားရတဲ့အတွက် ချည်ချေးလို့ခေါ်တဲ့ ထမင်းရဲ့ အနယ်အညှိတွေ ကပ်ငြိနေလို့ ယင်ကောင်တွေ ရက်ကန်းချည်မှာ နားပြီးတော့ ကျကြတယ်။ အကြောင်းကတော့ ထမင်းအညှီ အဟောက် အပုပ်အသိုးတွေကို ခုလို လာရောက် စားသောက်နေကြတာပဲ ဖြစ်ပါတယ်။

ဗိုလ်မှူးစံသာကျော် (၁၂-၁၂-၁၉၂၃ - ၁-၁၁-၂၀၀၇)

တော်လှန်ရေးသမား ဗိုလ်မှူးစံသာကျော်ကို စစ်တွေခရိုင်၊ ကျောက်တော်မြို့တွင် အဘ - ဦးကျော်ဇံ (ကုန် သည်)၊ အမိ - ဒေါ်ဒါဒါ တို့မှ ၁၂၈၅ ခု ပြာသိုလဆန်း (၆)ရက် (၁၂-၁၂-၁၉၂၃)နေ့ ကျောက်တော်မြို့ ၌ မွေးဖွားခဲ့သည်။

ကျောက်တော်မြို့ အမျိုးသားဓမ္မာရုံ အလယ်တန်းကျောင်းမှ (၇)တန်းအောင်မြင်၍ ရန်ကုန်မြို့ ကူရှင် အထက် တန်းကျောင်းတွင်ပညာဆက်လက်သင်ကြားရာ(၁၉၄၁)ခုနှစ်တွင်(၁၀)တန်းကို အောင်မြင်ခဲ့သည်။ ကျောင်း သား ဘ၀တွင် ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သည်။ အိန္ဒိယပြည်၊ ကာလက္ကတားမြို့၊ ဗီဒီယာဆာ အမျိုးသားကောလိပ်တွင် ဥပဇာတန်း ပဌမနှစ် ပညာသင်ကြားနေချိန်တွင် ဒုတိယကမ္ဘာ စစ် ဖြစ်ပွား၍ မြန် မာနိုင်ငံသို့ ဂျပန်တပ်များ ၀င်လာချိန် (၁၉၄၂)ခုနှစ်၊ ဇန်န၀ါရီလကုန်တွင် အိန္ဒိယမှ မိမိနေရပ်၊ ရခိုင်ပြည်သို့ စစ်တကောင်းမောင်းတောမှ တဆင့် ပြန်ခဲ့သည်။ မိမိနေရပ်ရောက်ပြီးနောက် ဦးသာဇံလှ၊ ဦးအောင်ထွန်းဦး တို့ ခေါင်းဆောင်သော ရခိုင်လုံးဆိုင်ရာအသင်းမှ ဗြိတိသျှနယ်ချဲ့အစိုးရ အား တော်လှန်ရန် စီစဉ်နေကြ သည်ကို တွေ့ရ၍ ၎င်းအသင်းတွင်ပါဝင်ပြီး ခေါင်းဆောင်များပေးသော တာဝန်ကို လူငယ်တစ်ယောက် အနေဖြင့် ကိုယ်ဖိရင်ဖိ ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်း ကျောက်တော် မြို့စောင့် လူငယ်များကို စည်းရုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ကို ဦးဆောင်ခဲ့သည်။ စစ်တွေခရိုင်သို့ ၁၉၄၂ ခု၊ ဧပြီလတွင် ဗမာ့လွတ်လပ်ရေး တပ်မတော် ရောက်လာပြီးနောက် ဘီအိုင်အေသို့ဝင်ရန် စာရင်းပေးရာ တပ်မှူးဗိုလ်ရန်အောင်၊ တိုင်းအုပ် ချုပ်ရေးတာဝန်ခံ ဦးမြတို့ တာဝန်ပေးချက်ရ ကျောက်တော်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွင် အတွင်းရေး မှူးတာဝန် ထမ်းဆောင်ခဲ့ရသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖျက်သိမ်း ပြီးနောက် (၁၉၄၃)ခုနှစ်တွင် ပလက်ဝ နယ်ခြားခရိုင် ဗိုလ်ကြီးကြာလှအောင် ဦးစီးသော ရခိုင်ကာကွယ်ရေး တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

လေရဲ့တန်ခိုး အကျိုးအာနိသင်

ရှေးအခါက ဖြစ်ပါတယ်။ ရခိုင်တို့ရဲ့ ဒေသမှာပဲ ဖြစ်ပါတယ်။
လှဖြူသန်ဆိုတဲ့ ရူးပေါပေါ လူတစ်ယောက် ရှိပါတယ်။
သူဟာ လူပေါလူပျော်မို့ ချစ်ခင်သူပေါပါတယ်။ ဒါကြောင့် အရပ်တကာသို့ လှည့်လည် စားသောက် ပြီး နေတတ်ပါတယ်။

သူဟာ သွားလေရာအရပ်တိုင်းမှာ မိတ်ဆွေတွေရဲ့အိမ်တွေမှာ တစ်လကိုးသတင်း နေထိုင်တတ်ပါတယ်။
ပြီးမှ တစ်ရွာသို့ ရွှေ့ပြောင်းပြီးတော့ တစ်လကိုးသတင်း နေတတ်ပြန်လေတယ်။

ဒီလိုနဲ့ လှဖြူသန်မှာ မိမိအိမ်ယာဆိုပြီးတော့ သီးသန့်မရှိသူပါ။
သူဟာ တွေ့ရာရာ တွေ့ရာအိမ်မှာ နေထိုင်ပြီး ကြုံရာကျရာ အလုပ်ကို လက်တိုလက်တောင်း ၀ိုင်းလုပ် ၀ိုင်း စားပြီး လုပ်ကိုင် အသက်မွေးတတ်သူပဲ ဖြစ်ပါတယ်။