တစ်ခါကပန်းသီးပင်ကြီးတစ်ပင် ရှိပါရေ။ အ ချေ တစ်ယောက် စွာယင်းပန်း သီးပင် နားကို လာပနာနိန့် တိုင်း ကစပ်နိန်တတ်ပါရေ။ပန်းသီးပင်ထက်ကို တက်လိုက်၊ပန်းသီးစား လိုက်နန့်တစ်ရက်လုံးနိန်တတ်ပါရေ။ အချေ က ပန်းသီးပင်ကိုချစ်တေပိုင် ပန်းသီးပင်ကလေ့ အချေကို ကကောင်း ချစ်ပါရေ။
အချေကြီးလာရေခါ ပန်းသီးပင်နားကိုနိန့်တိုင်းမလာပါဗျာလ်။တစ်ရက်နိ့အပင်အောက်ကိုအချေရောက် လာ ရေခါ ပန်းသီးပင်က “အဝေ၊ ဒေကိုကစပ်ဖို့ လာ လတ် လေ”လို့ခေါ်လိုက်ပါရေ။ယင်းခါ အချေက “ကျွန်တော် အယင်ပိုင် အချေမဟုတ်ပါဗျာလ်၊ အပင်မှာ အမြဲ တမ်းမကစပ် နိုင်ပါ ဗျာလ်။”လို့ ပြန်ဖြေ လိုက်ပါရေ။“အဂု အရုပ်ချေ တိနန့် ကစပ်ချင်လို့ အရုပ်ချေဝယ်ဖို့ ဖေ့သာရာ လိုချင်ပါရေ”
“အဝေ၊ ငါ့မှာဖေ့သာတော့ခါမရှိပါ။မင်းလိုချင်ကေငါ့ဘားက မင်းလိုသလောက် ပန်းသီး ဆွတ် ယူ လား လီပါ။ ပန်းသီးတိကို ရောင်းလိုက်ကေ မင်းလိုချင်ရေ ဖေ့သာ ရနိုင်ပါရေ။”
ယင်းစကားကိုကြားရေခါ အချေ ကကောင်းပျော်လားပါရေ။ အပင်မှာရှိရေ ပန်းသီးတိအားလုံး ကို ဆွတ်ပ နာ ပပျော်ရွှင်ရွှင် ပြန်လားခပါရေ။ နောက်ပိုင်းမှာ ပြန်မပေါ်လာပါဗျာလ်။ ပန်းသီးပင်လေ့ က ကောင်းစိတ် မကောင်းဖြစ်လားပါရေ။
နောက်နှစ်တိကြာလာလို့ တရက်မှာ ယင်းကလေချေစွာ အပင်အောက်ကိုရောက်လာပြန်ပါရေ။ ပန်းသီး ပင် က ၀မ်းသာအားရနန့် “အဝေး၊ ငါနန့်လာကစပ်လေ။” လို့ လှမ်းခေါ်လိုက်ပါရေ။ “ကျွန်တော့်မှာကစပ်ဖို့ အချိန် မရှိပါဗျာလ်။ ကျွန်တော့်မိသားစု အတွက်ကျွန်တော်အလုပ်လုပ်ရပါဖို့။အဂုကျွန် တော့်မှာ အိမ်ဆောက် ဖို့အ တွက် ပူနိန်ရပါရေ။ “
” အဝေး၊ ငါ့မှာတော့ခါ အိမ်မရှိပါ။ မင်းအိမ်ဆောက်ချင်ကေငါ့အကိုင်းအခက်တိကို ခွပ်ပနာသစ်ထုတ်ဖို့ ယူလီ ပါ။ “
ကလေချေလေ့ ရှိသမျှအကိုင်းအခက်တိကို ခွပ်ပနာ ပပျော်ရွှင်ရွှင် ပြန်လားခပါရေ။ ပန်းသီးပင်က ကလေ ချေကိုကြည့်ပနာ ၀မ်းသာပီတိဖြစ်ကျန်ခပါရေ။ ယေကေလေ့ ကလေချေက ထပ်ပျောက် လား ပြန်ပါရေ။ ပန်းသီးပင်ကတော့ခါ ၀မ်းနည်းပက်လက်နန့် အထီးကျန်ဖြစ်နိန်ပါရေ။
နွီပြင်းရေ ရက်တစ်ရက်မှာ ကလေချေစွာ အပင်နားကိုရောက်လာပြန်ပါရေ။ပန်းသီးပင်က “အဝေ၊လာက စပ် လေ” လို့ ၀မ်းသာအားရလှမ်းခေါ်လိုက်ပါရေ။ “ကျွန်တော် အသက်ကြီးရင့်ပနာ ကကောင်း ပင်ပန်းလား ပါ ဗျာလ်။ အဂုအချိန်မှာရွက်တိုက်ပနာခရီးလားချင်နိန်ပါရေ။ ကျွန်တော့်ကိုဘုတ်တစ်စီးလောက်ပီးနိုင်ပါဖို့လား။”
နောက်ဆုံးနှစ်ပေါင်းအင်တန်ချေကြာရေခါမှ ကလေချေပြန်ရောက်လာပါရေ။ “အဝေ၊ကလေချေငါ့မှာ မင်းအ တွက်ပီးစရာ မရှိဗျာလ်ဖြစ်လို့ ငါကကောင်းစိတ်မကောင်းဝေး။ ပန်းသီးချေ တစ်လုံး တောင် မင်းအ တွက်မပီး နိုင်ဗျာလ်ဝေး”
” ကိစ္စမရှိပါ၊ ကျွန်တော့်မှာလေ့ ပန်းသီးကိုက်ဖို့ သွားတောင်မရှိပါဗျာလ်။”
” မင်းချိတ်တက်ဖို့ ပင်စည်လေ့မရှိဗျာလ်ဝေး။”
” ကျွန်တော်လေ့ ယင်းပိုင်တက်ဖို့ အင်အားမရှိပါဗျာလ်။”
ပန်းသီးပင်က
“အမှန်ကိုငါတစ်ခုလေ့မလုပ်ပီးနိုင်ဗျာလ်ဝေး၊ ငါ့မှာကျန်ခစွာက သီခါနီး ခြောက်ကပ်နိန်အမြစ် တိရာကျန်ပါ ဗျာလ်။” လို့ဝမ်းနည်းပက်လက်ဖြစ်ဗျာလ် မျက်ရည်စစမ်းနန့်ပြောလိုက်ပါ ရေ။
“ကျွန်တော်လေ့ တစ်ခုလေ့မလိုချင်ပါဗျာလ်၊ ဒေနှစ်ပိုင်းတိမှာ ကကောင်းပင်ပန်းလားလို့ နောက် ဆုံး နားခိုဖို့ တစ်နေရာ ရာ လိုချင်ပါရေ။ဒေအမြစ်ဆုံမှာရာ မှီပနာ အအီးဆဆီး နား ခွင့်ပီးပါ။ “
ဘ၀သင်ခန်းစာ ။ ။ အေပုံစံက လူတိုင်းကြုံနိန်ရရေ ဘ၀သီအိုရီတစ်ခုပါ။ ပန်းသီးပင်က ကျွန်တော်ရို့မိဘတိကို ရည်ညွှန်းထားစွာပါ။ ကျွန်တော်ရို့အချေခါက အမိအဖရို့နန့် ပပျော်ရွှင်ရွှင် ကစပ် ခကတ်ပါရေ။ ကျွန်တော်ရို့မိဘဘားကိုပြန်ရောက်တေအချိန်က မိဘဘားက တစ်ခုခု လိုအပ် တေအချိန် မဟုတ်ကေ၊ ဒုက္ခတစ်ခုခုနန့်ကြုံရရေအချိန်မှာပါရာ။ မိဘရို့ကတော့ခါ ယင်းနိန်ရာအမြဲ တမ်း ကျွန်တော်ရို့ ကို မျှော်လင့်နိန်ပြီးကေ၊ ကျွန်တော်ရို့ ပျော်ရွှင်မှုအတွက် တစ်ခုမဟုတ်ကေ တစ်ခု ပီးနိန်တတ်စမြဲပါ။ ကလေချေစွာ ကကောင်းရက်စက်တေလို့ထင်ရကေလေ့ ယင်းဟင့်စွာ ကျွန်တော် ရို့မိဘတိကို ကျွန်တော် ရို့ဆက်ဆံနိန်စွာ ပုံစံဆိုစွာကို သတိထားသင့်ပါရေ။ ဇာနိန်ရာပင် ရောက်ရောက် ကိုယ့်ကို အမြဲတမ်း တနိန်တတ်တေ မိဘတိကိုတော့ကေ မမိန့်လားကတ်ဖို့ အသိပီး လိုက်ပါယင့် သူငယ်ချင်းရို့…။
KWKhaing(AMP)
ကောင်းသောစာစုပါ ။ ရင်မှာ မှတ်သားထားပါေ၇ ။ ကျေးဇူးပါ ။
ReplyDelete