ဂျာမာ - သဇင်နီ

မောင်ယေနန့် ပန်းနုက ငယ်သူငယ်ချင်းတိ။ ကျောင်းမှာဆိုကေ ပန်းနုက ရက်ပြတ် နံပါတ် (၁)။ သူ့ကို တစ်ယောက်လည်း မကျော်နှိုင်။ ဇာလှုပ်ယှားမှုမှာမဆို သူက ရှိဆုံး။ ပြောဝံ့ ဆိုဝံ့ရေ။ သူမှန်ကေ တစ်ယောက်ကိုလည်း မကြောက်။ ကျောင်းနံရံကပ် စာစောင်တိမှာဆိုလေး သူ့ကဗျာတိက ထိပ်ဆုံးက။ ကဗျာတိက လူများတိပိုင် ဗမာအရီးအသားနန့် မဟုတ်။ မျိုးချစ်စိတ်အပြည့်နန့် ရီးထားရေ ရခိုင်ကဗျာတိ။ အားလုံးက သူ့ကဗျာတိကို ဂရုတစိုက်၊ စိတ်ဝင်တစား ဖတ်ကတ်တေ။ နံရံကပ် စာစောင်အတွက် တာဝန် ယူရရေ မောင်ယေကပင် သူ့ကဗျာကို ကြိုက်လို့ တစ်ပုဒ်တစ်ရီ အလွတ်ရနီတတ်တေ။

ရခိုင်ပြည်နယ်၌ ရခိုင်စာသင်ကြားခြင်း - ဒေါ်စောသိန်းတန်

ရခိုင်လူမျိုးတို့သည် AD 6 ရာစု ဝေသာလီခေတ်ကပင် စာအရေးအသား တတ်မြောက်ခဲ့ကြသည်။ ယင်း ခေတ်က ကျောက်စာများကို ဗြဟ္မဟီပွားအက္ခရာဖြင့် ရေးထိုးခဲ့ကြသည်။ ယင်းခေတ်က သက္ကဋနှင့် သက္ကဋရော ပါဠိဘာသာစကားကို သုံးစွဲခဲ့သည်။ ဝေသာလီခေတ်သုံး အက္ခရာမှတဆင့် အဆင့်ဆင့် အရေး အသား ပြောင်းလာကာ လေးမြို့ခေတ်တွင် လက်ရှိ ရခိုင်အက္ခရာမျိုး ဖြစ်လာခဲ့သည်။ လေးမြို့ခေတ် (၉၅၇- ၁၄၃၀)တွင် သုံးစွဲသော ဘာသာစကားမှာ ယနေ့ပြောဆိုသုံးစွဲသော ရခိုင်ဘာသာစကား ဖြစ်သည်။ ရခိုင် သမိုင်းတလျှောက် ကဗျာ၊ လင်္ကာ၊ စကားပြေအမျိုးမျိုးဖြင့် စာပေရေးသားခဲ့ကြသည်။