လှိုင်းလုံးချေ - Group

၁၉၈၀ ကျော်လောက်က ထွက်ရှိလာရေ ရခိုင်စတီရီယို စီးရီးပါ။ ရခိုင့် စတီရီယိုလမ်းသစ်တစ်ခုကို အစပျိုး ခရေ စီးရီးတစ်ခုလို့လေ့ ပြောလို့ရရေ ဒေစီးရီးမှာ ကိုသန်းမောင်၊ ညီအေး၊ အောင်ကျော်ညွန့်၊ စောဝေဇံ၊ မလတ်နန့် သန်းသန်းဌေးရို့က သီဆိုပီးထားပါရေ။ ဒေစီးရီးစွာ စထွက်ကတည်းက အခုထက်ထိ ရခိုင်အမျိုးသားတိုင်းရင်ထဲမှာ မရိုးအီနိုင်ဘဲ နားထောင်ကောင်းနိန်တုန်းသိမ့်ဆိုစွာ ပြောဖို့မလိုထင်ပါယင့်... အထူးသဖြင့် ကိုသန်းမောင်ဆိုထားရေ "ရိုးရာကမမ"တေးခြင်းစွာ ရခိုင်ပြည်တောင်ပိုင်းနန့် မြောက်ပိုင်းကို ဆက်သွယ်ပေါင်းကူးပီးလိုက်တေ ရခိုင့်ဂီတ ဖြစ်တေဆိုစွာ ငြင်းလို့ရဖို့ မထင်ပါ... အွန်လိုင်းထက်မှာ အယင်ရှိနိန်ရေ ကွာလတီထက် ပိုကောင်းရေ ကွာလတီကို အမျိုးတိအတွက် တင်ပီးလိုက်ပါယင့်...




















Tape Cover

၀၁။ ပဏ္ဍာတေး (အဖွဲ့)
၀၂။ ချစ်ပန်းလေ့ခူး ဆူးလေ့စူး (ညီအေး)
၀၃။ လှိုင်းလုံးချေ (မလတ်)

၀၄။ အချစ်ပုစ္ဆာ (အောင်ကျော်ညွန့်)
၀၅။ ပန်းသဇင်၏ အယူခံ (သန်းသန်းဌေး)
၀၆။ ချစ်သူရှိလား မေးလာကေ (စောဝေဇံ)

၀၇။ ၀ီးလို့ကျန်လိုက်မြို့စစ်တွေ (သန်းမောင်)
၀၈။ နှုတ်ဆက်ခရေ ကံ့ကော်မြေ (မလတ်)
၀၉။ ဇီသျှင်ခိုးကေ ၀တ်ပြုရေ (မလတ်)

၁၀။ ချစ်ပန်းပွင့်ယောင် မပွင့်ယောင် (ညီအေး)
၁၁။ ရိုးတောင်တစ်ဖက်က ကျောင်းတက်ဖော် (ခိုင်ခိုင်)
၁၂။ ရိုးရာကမမ (သန်းမောင်)

၁၃။ နွီအလွမ်း (သန်းသန်းဌေး)
၁၄။ ကလေ့မေချေတစ်ယောက် ကလေချေတစ်ယောက် (စောဝေဇံ)
၁၅။ အကြွင်းမဲ့ဘ၀ (အောင်ကျော်ညွန့်)
၁၆။ ပွိုင့်ကိုလားလို့ ပျော်ကတ်မေ (ညီအေး)

ဤအရေးသည် ရခိုင်အရေးတစ်ခုတည်းမဟုတ် မကြာမီ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးလာမည့် အရေးဖြစ်သည်

အလိုတော်ပြည့် ဆရာတော်၏ ဦးဆောင်မှု၊ နိုင်ငံတော်မှ ပံ့ပိုးမှုဖြင့် စာရေးသူ အပါအ၀င် ပညာရှင်(၁၂)ဦး တို့သည် ၂၅.၆.၂၀၁၂ မှ ၃၀.၆.၂၀၁၂ နေ့အထိ စစ်တွေ၊ ရသေ့တောင်၊ ကူတောင်၊ မောင်တောမြို့များသို့ ခရီးဆက်ခဲ့ကြပါသည်။

မြို့ရွာများသို့ ကွင်းဆင်းလေ့လာမှု ပြုကြသောအခါ အလွန်ပင်ကြောက်စရာကောင်းလောက်အောင် "အကာ အကွယ်မဲ့လေခြင်း"ဟု ၀မ်းနည်း ပက်လက် ယူကျုံးမရ ဖြစ်ခဲ့ရပါသည်။

ဒုတိယကမ္ဘာစစ်အတွင်းက စစ်တွေမြို့ပေါ် ဂျပန်များ မီးလောင်ဗုံးကြဲချ၍ စစ်တွေတစ်မြို့လုံး မီးလောင်ခဲ့ ရသော အဖြစ်ထက် ဆိုးပါသေးသည်။ ထိုစဉ်က အင်္ဂလိပ်အစိုးရအုပ်ချုပ်ရေး ယန္တရား လုံးဝမရှိ၍ ဖြစ်ခဲ့ ရသည်။ (ဖြေသာပါသေးသည်။) ထိုစဉ်က ဘူးသီးတောင်မြို့တွင် ကုလားရန်ကြောက်၍ သင်္ဘော ၂ စီးဖြင့် စစ်တွေမြို့သို့ ထွက်ပြေးလာစဉ် စစ်ပြေးဒုက္ခသည် အဆမတန် များလွန်း၍ မြစ်ကွေ့တွင် သင်္ဘောမြှုပ်၍ လူ (၃၀၀)ကျော် ရေနစ် သေဆုံးခဲ့ကြရသည်။ ရေကူးတတ်၍ ကမ်းပေါ်ရောက်လာသူအချို့ကို ကမ်းပါးပေါ်မှ အပေါ်စီးခုတ်သတ်ခဲ့ကြရာ စုစုပေါင်း လူ(၄၀၀)ကျော် သေဆုံးခဲ့ကြရသည်။ အရေးပိုင် ဦးကျော်ခိုင်သည် တာဝန်အရ ဘူးသီးတောင်မြို့သို့ မော်တော်ဘုတ်ဖြင့် လာစဉ် ချောင်းကမ်းနံဘေးမှ ကုလားများက သေ နတ်ဖြင့်ပစ် ၍ ၁၉၄၂ ခုနှစ်တွင် သေဆုံးခဲ့ရသည်။

ဦးဘိုးညွန့်

မာန်အောင်ကျွန်းမှ ဦးဘိုးညွန့်ကို ရခိုင်ပြည်နယ်တစ်ဝှမ်းမှ လူတော်တော်များများ သိကြသည်။ ရခိုင်သား အများစုသည် ရန်ကုန်မြို့ ကုန်ဈေးတန်းလမ်းမှ "ဦးဘိုးညွန့်ပွဲရုံ"နှင့် မကင်းကြသောကြောင့် ဖြစ်သည်။ တစ်ချိန်သောအခါက ဦးဘိုးညွန့်ပွဲရုံသည် ရခိုင်ပြည်နယ်တစ်ဝှမ်းနှင့် မာန်အောင်ကျွန်းထွက် အုန်းဆံ(အုန်း သား)၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ ငါးမန်းတောင်နှင့် ငါးစည်ဖောင်း စသည်တို့ကို ဒိုင်ခံဖြန့်ဖြူးရာ ပွဲရုံ ကြီး ဖြစ်ခဲ့သည်။ တစ်ချိန်တည်းတွင် ရခိုင်ပြည်နယ်အနှံအပြားမှ ဘုရားဖူးလာသူများ၊ ဆေးဝါးကုသခံရန် လာသူများနှင့် ကုန်ပစ္စည်းဝယ်ရန် လာသူများ၏ တည်းခိုရာ ဧည့်ရိပ်သာကြီးလည်း ဖြစ်ခဲ့သည်။

ဦးဘိုးညွန့်သည် ပွဲရုံလုပ်ငန်းနှင့် ဧည့်ရိပ်သာလုပ်ငန်းတို့ဖြင့်သာ လူသိများထင်ရှားသည် မဟုတ်ဘဲ အခြားသော စီးပွားရေးလုပ်ငန်းနှင့် လူမှုရေးလုပ်ငန်း၊ နိုင်ငံရေးလုပ်ငန်းများဖြင့်လည်း လူသိများထင် ရှားသော ပုဂ္ဂိုလ်ဖြစ်သည်။

ဦးစိန်ညိုထွန်း (၁၉၀၆-၁၉၇၇)

ရန်ကုန်မြို့၏ ရခိုင်အမျိုးသားများက လူမှုရေး ပေါင်းသင်းဆက်ဆံရေးတို့အတွက် ၁၉၄၇ ခုနှစ်တွင် ရခိုင် ဆိုရှယ်ကလပ် (Arakan Social Club)ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ရခိုင်အမျိုးသားတို့၏ လူမှုရေး ကိစ္စများအပြင် အမျိုးဘာသာ၊ သာသနာရေးတို့ကိုပါ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင် ရွက်နိုင်ရန်အတွက် ၁၉၆၁-ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့တွင် ပုဇွန်တောင် အစိုးရတန်းမြင့်ကျောင်းခန်း၌ ပြု လုပ်သည့် သင်းလုံးကျွတ်အစည်းအဝေးမှ ရခိုင်ဆိုရှယ်လစ်ကလပ်ကို ရခိုင်သဟာယအသင်း (ရန်ကုန်)ဟု အမည်ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ ထိုစဉ်က ရခိုင်ဆိုရှယ်လစ်ကလပ်၏ ဥက္ကဌဖြစ်သော ဦးစိန် ညိုထွန်းသည် အသစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သော ရခိုင်သဟာယအသင်း(ရန်ကုန်)တွင်လည်း အမှုဆောင်အဖွဲ့ ၏ ပထမဆုံး ဥက္ကဌအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

အရေးပိုင် ဦးကျော်ခိုင် (ဘူးသီးတောင်) (၉-၁-၁၉၀၃ - ၁-၅-၁၉၄၂)

ရခိုင်သားများလောကတွင် ထင်ရှား၍ လူသိများသော ဦးကျော်ခိုင် ၃-၄ ဦး ရှိပါသည်။ အရေးပိုင် ဦးကျော်ခိုင် (ဘူးသီးတောင်)ဟု အမည်ရှေ့က ထည့်ပြောမှ မိမိပြောလိုသော ဘယ်သူဘယ်ဝါဆိုသည်ကို ချက်ချင်း သိသွားပါသည်။

ဦးကျော်ခိုင်သည် အရေးပိုင် (I.C.S)ရာထူးဖြင့် ရန်ကုန်မြို့နှင့် စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်ခဲ့သော် လည်း ဘူးသီးတောင်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့ခြင်း မရှိပါ။ ထိုစဉ်က ဘူးသီးတောင်မြို့သည် စစ်တွေမြို့ နယ်၏ ခရိုင်မြို့ငယ်တစ်မြို့သာ ဖြစ်ခဲ့၍ မြို့ပိုင်အုပ်ချုပ်ရသော မြို့ငယ်အဆင့်မှာသာ ရှိခဲ့ပါသည်။

ကျောက်ဖြူမှသည် အိမ်ဖြူတော်ဆီသို့ - မောင်ခိုင်အောင် (စစ်တွေ)


ရခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူမြို့တွင် ဧပြီ ၂၇ မှ မေ ၁ ရက်နေ့အထိ ကျင်းပခဲ့သည်။ ညီလာ ခံ ဖြစ်မြောက်ရေးအတွက် (၂)နှစ်ကြာ ကြိုးပမ်းခဲ့ရပြီး ရခိုင်နိုင်ငံရေး အင်အားစုပေါင်းစုံနှင့် ရခိုင်ပြည်သူတို့ ၏ အမျိုးသားတွေ့ဆုံပွဲကြီး ဖြစ်လာခဲ့သည်။ မြန်မာပြည်အနှံ့မှ ရခိုင်လက်နက်ကိုင် အင်အားစုများ နိုင်ငံတ ကာရောက် ရခိုင်သမိုင်းပညာရှင်များ လာရောက်နိုင်ခဲ့သည်။

ကုန်လွန်ခဲ့သည့် နှစ်များအတွင်း ဘာသာရေးဆန်သည့် ပဋိပက္ခများ ဖြစ်ပွားခဲ့မှု၊ ညီလာခံမကျင်းပမီ တစ်လ အလိုတွင် စစ်တွေမြို့၌ NGO, INGO များအပေါ် ဆန့်ကျင်တိုက်ခိုက်မှုတို့ကြောင့် ညီလာခံအပေါ် စိုး ရိမ်ကြောင့် ကြမှုများသည် ပြည်တွင်း တာဝန်ရှိသူများနှင့် နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းများထဲ တွင် ဖြစ်ပေါ်နေ ခဲ့သည်။ ဆွေးနွေးပွဲအစီအစဉ်နှင့် အကြောင်းအရာများသည် စိတ်ဝင်စားစရာ ဖြစ်နေသည်။

ရခိုင်သင်ပုန်းကြီးဖတ်စာ

ရခိုင်သင်ပုန်းကြီးဖတ်စာကို အသင်၊ အပြ လွယ်ကူအောင်အတွက် ဆရာမကြီး ဒေါ်စောသိန်းတန်၊ အထက် တန်းကျောင်းအုပ်ဆရာမကြီး (ငြိမ်း)၊ အမင့်ပျိုးခင်း အခလွတ် ရခိုင်စာသင်ကျောင်းက ရုပ်သံအဖြစ် ဖန်တီး ထားခြင်းဖြစ်ပါရေ။ ယင်းရုပ်သံဖြစ်မြောက်အောင် ကိုထွန်းလင်းအောင် (Dnweoo)နန့် ကိုမျိုးမင်းလေးရို့က အကူအညီပီးထားရေလို့လေ့ သိရပါရေ...

ArakanFolks အနိန်နန့် ရုပ်သံဖိုင် တင်ပီးဖို့ အဆင်မပြေရေအတွက်ကြောင့် Audio သီးသန့်အဖြစ် တင်ပီး ရခြင်း ဖြစ်ပါရေ...

ရခိုင်သင်ပုန်းကြီးဖတ်စာ အသံထွက်ကို လေ့လာနိုင်စီဖို့အတွက် ArakanFolks တေးခြင်းကဏ္ဍနေရာမှာ တင်ပီးထားရခြင်း ဖြစ်ပါရေ...

Download - ၀၁
Download - ၀၂
Download - ၀၃