
ယနေ့ ကမ္ဘာမြေတွင် မငြိမ်းချမ်းသော ဒေသများ ရှိနေဆဲဖြစ်သည်။ စစ်ပွဲကြီးများ မရှိဆိုနိုင်သော်လည်း ပဋိ ပက္ခများ၊ လက်နက်ကိုင် အကြမ်းဖက် အုံကြွမှုများ နေရာအနှံ့ရှိနေသည်။ ပဋိပက္ခများ အဆုံးမှာ ပြည် တွင်းရေးဖြစ်ပြီး အမျိုးသားရေး အုပ်စုများက သက်ဆိုင်ရာ နယ်မြေများတွင် ပိုမိုကောင်းမွန်သော ကိုယ် စားပြုမှု (သို့) ကြီးမားကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုနေကြခြင်းဖြစ်သည်။ ကမ္ဘာ့ ဖက်ဒ ရယ်နိုင်ငံတို့သည် များသောအားဖြင့် လူမျိုးစုနိုင်ငံများဖြစ်ပြီး အမျိုးသားရေးအုပ်စုတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို ပိုမိုအသိအမှတ်ပြုရန် တောင်းဆိုကြသည်။ ဖက်ဒရယ်စနစ်သည် တင်းမာမှုများကို လျော့ကျစေပြီး နိုင်ငံ ၏ အမျိုးသားညီညွတ်ရေးကို အောင်မြင်စွာ ဆောင်ကျဉ်းနိုင်သော အုပ်ချုပ်မှုစနစ်တစ်ခု ဖြစ်သော်လည်း အမျိုးသားရေး အုပ်စုတို့၏ တောင်းဆိုချက်များကို အမြဲတမ်း ဖြည့်ဆည်း မပေးနိုင်ချေ။ စစ်မှန်သော နိုင်ငံရေး ကွက်လပ်များကို ဖြည့်ဆည်းနိုင်ရန် ဖက်ဒရယ်ရှင်းသည် ပျော့ပျောင်းပြီး လိုက်လျောညီထွေရှိရန် လိုအပ် သည်။