Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

ဝဋ်လိုက်တတ်တယ်... မောင်မောင်သတိထား

ဒီလိုပါ...။
ဟိုးရှေးရှေးတုန်းက သုမြခိုင်ဆိုတဲ့ လူရွယ်တစ်ယောက်ရှိပါတယ်။ သူဟာ သူ့ဇနီးနဲ့အတူ ရိုးရိုးသားသား လုပ်ကိုင်စားသောက် နေထိုင်ခဲ့ပါတယ်။

အိမ်တွင်းမှု အလုပ်ကိစ္စတွေကိုလည်း သုမြခိုင်က ဇနီးကို ကူညီလုပ်ကိုင်ပေးလေ့ ရှိခဲ့ပါတယ်။

သူဟာ ဇနီးရက်ကန်းယက်နေရင် ထမင်းဟင်းတွေ အဆင်သင့်ဖြစ်အောင် ချက်ပြုတ်ပေးထားလေ့ ရှိတတ် သူလည်း ဖြစ်ပါတယ်။

တစ်နေ့တော့ ဇနီးသည် ရက်ကန်းယက်နေတုန်း ဖြစ်ပါတယ်။
ရက်ကန်းချည်မှာ ယင်ကောင်တွေက စုပြုံနားလို့ နေကြပါတယ်။
ချည်မှာက ထမင်းနဲ့နယ်ပြီး အစာတင်ထားရတဲ့အတွက် ချည်ချေးလို့ခေါ်တဲ့ ထမင်းရဲ့ အနယ်အညှိတွေ ကပ်ငြိနေလို့ ယင်ကောင်တွေ ရက်ကန်းချည်မှာ နားပြီးတော့ ကျကြတယ်။ အကြောင်းကတော့ ထမင်းအညှီ အဟောက် အပုပ်အသိုးတွေကို ခုလို လာရောက် စားသောက်နေကြတာပဲ ဖြစ်ပါတယ်။

လေရဲ့တန်ခိုး အကျိုးအာနိသင်

ရှေးအခါက ဖြစ်ပါတယ်။ ရခိုင်တို့ရဲ့ ဒေသမှာပဲ ဖြစ်ပါတယ်။
လှဖြူသန်ဆိုတဲ့ ရူးပေါပေါ လူတစ်ယောက် ရှိပါတယ်။
သူဟာ လူပေါလူပျော်မို့ ချစ်ခင်သူပေါပါတယ်။ ဒါကြောင့် အရပ်တကာသို့ လှည့်လည် စားသောက် ပြီး နေတတ်ပါတယ်။

သူဟာ သွားလေရာအရပ်တိုင်းမှာ မိတ်ဆွေတွေရဲ့အိမ်တွေမှာ တစ်လကိုးသတင်း နေထိုင်တတ်ပါတယ်။
ပြီးမှ တစ်ရွာသို့ ရွှေ့ပြောင်းပြီးတော့ တစ်လကိုးသတင်း နေတတ်ပြန်လေတယ်။

ဒီလိုနဲ့ လှဖြူသန်မှာ မိမိအိမ်ယာဆိုပြီးတော့ သီးသန့်မရှိသူပါ။
သူဟာ တွေ့ရာရာ တွေ့ရာအိမ်မှာ နေထိုင်ပြီး ကြုံရာကျရာ အလုပ်ကို လက်တိုလက်တောင်း ၀ိုင်းလုပ် ၀ိုင်း စားပြီး လုပ်ကိုင် အသက်မွေးတတ်သူပဲ ဖြစ်ပါတယ်။

မွိန့်လီ ကျာလီ၊ ဇောက်ထိုးလီ ငပျင်းထွေ ၀တ္ထု

ရှီးရှီးအခါက ရွာတစ်ရွာတွင် မုဆိုးမတစ်ယောက် ဟိ၏။ ထိုမုဆိုးမတွင် သားလူပျိုတစ်ယောက် ဟိလီသည်။ သူ့မာ အလွန်တရာပျင်းသူတစ်ယောက် ဖြစ်၍ ရွာသားများက “ငပျင်းထွေ” ဟု ခေါ်ကြလီသည်။

ငပျင်းထွေမှာ နာမည်နှင့်လိုက်အောင်ပင် မည်သည့်အလုပ်ကို မှ လုပ်ချင်စိတ်မဟိပေ။ မိခင်ဖြစ်သူ က တောမှထင်းခြွီ ၍ရောင်းခြင်း၊ ဆန်အငှားဖွပ်ခြင်း၊ လူအိမ်ရို့၌ အတိုအစလုပ်ပီးခြင်း စသည်ဖြင့် မိမိဝမ်းစာ အပြင် သားငပျင်းအတွက်ပါ လုပ်ရသဖြင့် လွန်ပင်ပန်းဆင်းရဲလီသည်။ မိခင်အား သနားကရုဏာ သက် ကြသော ရွာသားများက ငပျင်းထွေကို သူများနည်းတူ လုပ်စားရန် အတွက် ချော့၍ တစ်ခါ၊ ခြောက်၍ တစ်ဖုံ၊ သရော်၍ တစ်မျိုး နားဝင်အောင် ပြောပြကြသော်လည်း အချည်းနှီးရာ ဖြစ်လီသည်။

လိပ်ကမ်ဖာမ (လိပ်ကမ္ဘာမ)၀တ္ထု

မိတ်ဆက်

ရခိုင်ပြည် ကျွန်းရွာရို့မာဝတ္ထုပြောဓလေ့ရေ ရိုးရာအလေ့ တစ်ခု ဖြစ်ပါရေ။ ပြောလေ့ပြောထဟိကတ်တေ ၀တ္ထုတိထဲမာ အဂု ဖော်ပြလားဖို့ လိပ်ကမ္ဘာမ (လိပ်ကမ်ဖာမ) ၀တ္ထုက ထိပ်တန်းက ပါဝင်ပါရေ။ အေ၀တ္ထုကို ရှိခေတ်မာ စာနန့် ပီနန့် မှတ်တမ်းတင် ထားစွာဟိကြောင်း မှတ်တမ်းမှတ်ရာ မတွိဖူးပါ။

ဗြိတိသျှကိုလိုနီခေတ်မာ ရခိုင်သမိုင်းသုတေသီ၊ ဂုဏ်ထူးဆောင် ကျောက်စာဝန်ဟောင်း ဦးစံရွှေပု (၁၈၈၁-၁၉၄၅)က မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်တိမာ (၁) လိပ်ကမ္ဘာမ၀တ္ထု၊ (၂) ကျီးဖြူရွာဝတ္ထု၊ (၃) ငန်းတော်ရှည်ဝတ္ထု၊ (၄) သံကိုးမောင်းဝတ္ထုရို့ကို အင်္ဂလိပ်ဘာသာနန့် တင်ပြဖူးပါရေ။ ရခိုင်ရိုးရာဝတ္ထုတိကို ကမ္ဘာသိဖော်ထုတ် တင်ပြခရေအတွက် ဦးစံရွှေပုကို ရခိုင်တစ်မျိုးသားလုံးက ကျေးဇူး တင်ဖို့ ကောင်းပါရေ။

တန်ခိုးရှင်ကလောင်တံ - ဝေသာ

ထိုအယင်ခါက ကလေချေတစ်ယောက်ယှိလတ်။ ယင်းသူ့နာမည်က မောင်လိမ္မာလို့ခေါ်လတ်။ အချေခါ ကပင် အမိပါ အဖပါ သီလားခတ်ပျာလ်ဖြစ်လို့ မောင်လိမ္မာခမာ ထင်းခြွီလို့ ရောင်းလိုရောင်း၊ မြက် ရိတ်လို့ ရောင်းလိုရောင်း၊ ထမင်းတလုတ်ကို ရှာစားရလတ်။ ယေဒါလည်း မောင်လိမ္မာစွာ နာမည်နန့် လိုက်အောင် လိမ္မာလတ်။ သူ့မှာ အထက်သန် အပြင်းပြဆုံး ဆန္ဒတစ်ခု ယှိလတ်။ ယင်းချင့်ကတော့ခါ ပန်းချီဆွဲဖို့ တတ်ချင်စွာလတ်။ ယေဒါလည်း သူ့မှာ ဆန္ဒရာယှိစွာ။ ပန်းချီဆွဲဖို့အတွက် ကလောင်တံချေ တစ်ချောင်းဝယ်ဖို့တောင်မှ ဖဲသာမယှိလတ်။

တစ်ရက်နိခါ ရွာထဲမှာ လျှောက်လားယင်းနန့် ပျန်းချီဆရာကြီး၏ အိမ်ရှိကို ရောက်လားခလတ်။ လမ်းမ ထက်က လှမ်းကြည့်လိုက်တေအခါ ဆရာကြီး ပန်းချီဆွဲနီစွာကို မြင်ရလတ်။ မောင်လိမ္မာလည်း ကြည့်ချင် အားကြီးလို့ အိမ်ထဲကို အသာအသာ ၀င်ပါလားလတ်။

ယုန်ထင်ကြောင်ထင်

တစ်ခါကခါ မြို့နန့်လေ့ဝီး၊ ရွာနန့်လေ့ဝီးရေ တောဂနိုင်ထဲမှာ ယာလုပ်လို့ အသက်မွီးနီရေ လင်မယားနှစ် ယောက် ဟိပါရေလတ်။ ယင်းလင်မယားစွာ တောင်ကုန်းချေတစ်ခုမှာ တဲဆောက်လို့ နီထိုင်ကတ်ပါရေ လတ်။

တစ်ရက်နိကခါ မြို့သားတစ်ယောက်စွာ မျက်စိလည် လမ်းမှားပနာ ယင်းတဲကို ရောက်လာပါရေလတ်။ ယာသျှင် လင်မယား နှစ်ယောက်ကလေ့ စိတ်ကောင်းနှလုံးကောင်းနန့် ထမင်းဟင်းတည်ခင်း ကျွေးမွေးပါရေ လတ်။ ယင်းတောင်ကုန်းနားမှာ ဖြူဖွီးနီရေ ယုန်ချေတိလေ့ ပေါပါရေလတ်။ မြို့သားက ယင်းယုန်သျှေတိကို မြင်ရရေအခါ

နတ်မြင်းပျံနှင့်မင်းသားငယ်

ရှေးအခါက ဘုရင်တစ်ပါးတွင် သားတော်ခုနစ်ယောက် ဖြစ်ထွန်းခဲ့သည်။ ထိုမင်းသားတို့အား ခမည်းတော် နန်းတော်တွင်းရှိ ပန်းဥယျာဉ်၌ ကြည့်ရှုရန် တာဝန်ချပေးထားလေ၏။ ထိုပန်းဥယျာဉ်ကို နတ်မြင်းပျံများက လာရောက် စားသောက်ကြသောကြောင့် အစောင့်အနင်းထား ခဲ့ရခြင်းဖြစ်လေသည်။

ဘုရင်ကြီးသည် နန်းတွင်းဥယျာဉ်မှ ပန်းများကို အမြတ်တနိုးပြုလျက် ဘုရားတင်လှူ ပူဇော်လေသည်။ ပထမ တွင် သားတော်ကြီးကို စောင့်စေရာ အိပ်ပျော်ခဲ့သဖြင့် ပန်းများ အစားခံသွားရလေသည်။ အလားတူ ကျန်ငါး ယောက် စောင့်စဉ်လည်း အိပ်ပျော် သွားခဲ့ကြလေ၏။ ထို့ကြောင့် ခမည်းတော်အား ပန်းမဆက်သနိုင်ဘဲ ရှိ လာခဲ့ရလေသည်။

ပညာနှင့်ဥစ္စာ အဘယ်က သာသနည်း

ရှေးအခါက ရှင်ဘုရင်တစ်ပါးတွင် ငနမည်သော သားတော်တစ်ယောက်ရှိ၏။ ထိုဘုရင်ကြီး၏ နိုင်ငံတော်၌ သူဌေးတစ်ဦးတွင် ငအမည်သော သားတော်တစ်ယောက် ရှိလေသည်။ထိုဘုရင့်သား ငနနှင့်သူဌေးသားငအ တို့သည် မိတ်ဆွေရင်းချာ ဖြစ်ခဲ့ကြလေ၏။ အတူတူနေ၊ အတူကစားဖော် ပြုလာခဲ့ကြသည်။

ကြီးရင့်လာသောအခါ မိဘများကပညာသင်ကြားရ တက္ကသိုလ်ပြည်သို့စေလွှတ်လိုက်လေ၏။သူငယ်ချင်း နှစ် ယောက်တို့သည် အတူတကွ တိုင်းပြည်မှ ထွက်ခွာလာခဲ့ကြလေ၏။ လမ်းခရီးအကြားတွင် တောင်စောင့်နတ် ကြီးက မြင်၍ ထွက်ကာ အိုးတစ်လုံးကို ကိုင်ပြလေ၏။ ထိုအိုးကားအလိုရှိရာကိုရနိုင်သော ဣစ္ဆာသယအိုး ဖြစ် လေသည်။

တစ်ထောင်စီတန်သော စကားသုံးခွန်း

ရှေးအခါက ဂဏအမည်ရှိသော လူငယ်တစ်ယောက်ရှိလေသည်။ ၄င်းသည် တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံ၌ ပညာသင်ယူခဲ့လေသည်။ ဆရာကြီးက တပည့်ဖြစ်သူ ဂဏကို စကားကြီးသုံးခွန်းကိုသာ သင် ပေးလေသည်။ ထိုစကားသုံးခွန်းကား...

(၁) အဆိုးကို အကောင်းလုပ်၍မရ။

(၂) အကောင်းကို အဆိုးလုပ်၍မရ။

(၃) ဟုတ်သည်-မှန်သည်၊ နင့်အကြံ-ငါသိသည် ဟူ၍ ဖြစ်လေသည်။

လူ့မလို နတ်မလိုက်နိုင်

ရှေးအခါက မြစ်ကမ်းပါးအနား၌ ရွာငယ်တစ်ရွာရှိလေသည်။ ထိုရွာငယ်၌ လက်မနှင့် တေနောင်ဟူသော လူ နှစ်ယောက် ရှိလေ၏။ ထိုသူနှစ်ယောက်တို့သည် တစ်နေ့သ၌ တွေ့ဆုံကြစဉ် စကားအချေအတင် ပြောဆိုမှု တစ်ခုဖြစ်ခဲ့ကြရလေသည်။

တေနောင်က လက်မကို "လူ့အလိုကို နတ်မင်းမလိုက်နိုင်"ဟု စကားတင်၍ ပြောလေ၏။

ထိုအခါ လက်မက"လူ့အလိုကို နတ်လိုက်နိုင်သည်။ အဘယ်ကြောင့် မလိုက်နိုင်စရာ ရှိအံ့နည်း"ဟု ပြောဆို ချေပလေ၏။

နွားကျောင်းသား ပညာရှိ

ရှေးအခါက တိုင်းပြည်တစ်ပြည်ကို ဘုရင်တစ်ပါးမင်းလုပ်၍ စိုးစံအုပ်ချုပ်နေခဲ့လေ၏။ တစ်နေ့သ၌ ဘုရင်မင်း သည် ညီလာခံရန်မှူးမတ်တို့ကို ခေါ်ယူလေ၏။ မှူးမတ်တို့ စုံညီလေသော် တိုင်းပြည်ရေး၊လုံခြုံရေးတို့ကို တိုင် ပင် ဆွေးနွေးမှု ပြုခဲ့ကြလေ၏။မှူးမတ်တို့က လုံခြုံရေးအတွက် ဆင်တပ်တစ်တပ် လိုအပ်ပါကြောင်း လျှောက် တင်ခဲ့ကြလေ၏။

ဘုရင်မင်းက.. "ဆင်ကို ဘယ်တွင် ရနိုင်အံ့နည်း"ဟု မေးမြန်းလေ၏။ ထိုအခါ မှူးမတ်တို့က "ဟိမ၀န္တာတော တွင် ဆင်များရှိကြပါသည်။ ထိုင်ဆင်များကို ဖမ်းဆီးပြီးလျှင် ယဉ်ပါးစေက ရရှိနိုင်ပါသည်"ဟု အကြံပေး တင် ပြကြလေသည်။

ကျီးကန်းနှင့် နှံစုတ်ငှက်မ

ရှေးအခါက ကျီးကန်းတစ်ကောင်နှင့် နှံစုတ်ငှက်မ တစ်ကောင်တို့သည် မိတ်ဆွေဖွဲ့ကာ နေကြလေသည်။ အတူနေ အတူစားလျက်ချစ်ခင်သင့်တင့်စွာ ပေါင်းသင်းလာခဲ့ကြ၏။ တစ်ကောင်မှာ တစ်စုံတစ်ခု ရလေက ပေးကမ်းစားလေ့ရှိခဲ့ကြသည်။ ထိုထက် တစ်ကောင်မှာရှိသည်များကို တစ်ကောင်က လိုလားလျှင် ပေးကမ်း ကူညီကြစတမ်းဟု ကတိက၀တ် ပြုထားခဲ့ကြလေ၏။

တစ်နေ့သ၌ နှံစုတ်ငှက်မ၌ ဥ,ဥခဲ့လေသည်။ ထိုဥကို ကျီးကန်းကမြင်လေလျှင် စားချင်လာလေသည်။ ထိုအ ခါ ကျီးကန်းက နှံစုတ်ငှက်မကိုပြောသည်မှာ "အဆွေ သင်၏ဥကို ငါစားချင်လှသည်"ဟု ဆိုလေ၏။

နှံစုတ်မကလည်း "အဆွေ ကတိရှိသည်မှာ မှန်သည်၊ ဥကို စားနိုင်သည်၊ သို့သော် ဤသို့စား၍ မဖြစ်ချေ"ဟု ဆိုလေ၏။

နဖူးစာရေးနတ်

ရှေးအခါက တိုင်းပြည်တစ်ပြည်တွင် ဘုရင်တစ်ပါး စိုးစံလျက်ရှိလေ၏။ ထိုဘုရင်ကြီးသည် တောကစားဝါသ နာ ပါရှိလေ၏။ ထို့ကြောင့် တစ်နေ့သ၌ တောကစားရန် ထွက်ချီတော်မူခဲ့လေသည်။ ထိုအခါ ယာခင်း လုပ် ကိုင်လျက်ရှိသော လင်မယားနှစ်ယောက်နှင့် တွေ့ဆုံကြလေ၏။ ဘုရင်ကြီးသည် ခရီးလွန်ခဲ့သဖြင့် နန်းတော် သို့ မပြန်နိုင်တော့ဘဲ ထိုလင်မယားထံ၌ တည်းခို နေခဲ့ရလေ၏။

ထိုနေ့ညဥ့်တွင် နဖူးစာနတ်သည် ဆိုက်ရောက်လာလေ၏။ ယာသမားမောင်နှံတို့လည်း ကောင်းစွာ အိပ်ပျော် လျက်ရှိနေကြ၏။ နဖူးစာနတ်သည် တဲအ၀င်ဝ၌ အိပ်ပျော်နေသော ဘုရင်ကိုမကျော်လွှားနိုင်ချေ၊ ထို့ကြောင့် "ပြည့်ရှင်မင်းကြီး ဖယ်ရှားပါလော့"ဟု ပြောဆိုခဲ့လေ၏။ ဘုရင်လည်း "သင်မည်သူနည်း"ဟု မေးမြန်းလေ၏။ "ကျွန်ုပ် နတ်ဖြစ်သည်"ဟု ပြန်ပြောလေ၏။ "ဘယ်သို့သော နတ်မျိုးဖြစ်၍ အဘယ်ကြောင့် လာရောက်ရ သနည်း"ဟု ထပ်မံမေးလေ၏။ ထိုအခါ "ကျွန်ုပ် နဖူးစာနတ်ဖြစ်ပါသည်။ နဖူးစာထိုး၇န် လာရောက်ခြင်းဖြစ်ပါ သည်။" ဟုပြန်ပြောလေ၏။

နားပင်းကိုးစဉ်

ရှေးအခါကရွာတစ်ရွာတွင် လင်မယားနှစ်ယောက်ရှိခဲ့ကြလေ၏။ ၄င်းတို့သည် မကြာခင်သား တစ်ယောက်နှင့် သမီးတစ်ယောက်ကို ဖွားမြင်ရရှိခဲ့ကြလေ၏။ သားငယ်ကိုအရပ်ဆရာထံ သင်ကြား ထားလေ၏။ သမီငယ် ကို ကား ရက်ကန်းသင်ပေးထားလေ၏။မိဘနှစ်ယောက်တို့သည် အလုပ်အကိုင် ရှာဖွေလုပ်ကိုင်လျက် နေခဲ့ကြ လေ၏။

တစ်နေ့သ၌ ကျောင်းသားငယ်က အိမ်သို့ရောက်လာ၍ နှမထံပုန်းရည်တစ်ခွက်တောင်းလေ၏။ ထိုအ ခါ နှမ ဖြစ်သူကနားထိုင်းလှသဖြင့်“မမရက်ကန်းဘယ်နှစ်လံရပြီလဲ”ဟုကြားမိလေ၏။ ထို့ကြောင့်“ရက်ခါစသာရှိသေး သည်” ဟုပြောလေသည်။

မောင်ကလည်း နားလေးသူဖြစ်ရာကား“ပုန်းရည် အိမ်ပေါ်ကတက်၍ယူသွားလေ” ဟုကြားလေ၏။ နှမဖြစ်သူ သည် ပုန်းရည်ယူသွားသည်ကိုမြင်လေသော် မပြောမဆိုဘဲ ယူရသလားဟု စိတ်ဆိုးမာန်ပါဖြစ်ခ့ဲရလေသည်။

ပညာရှိအမတ်ကြီးနှင့်လူစွမ်းကောင်းများ

တိုင်းပြည်တစ်ပြည်တွင် အမတ်ကြီးတစ်ဦးရှိလေ၏။ထိုအမတ်ကြီးသည် မှူးမတ်တို့နှင့်တိုင်းပြည် ညီညွတ်သ ဘောမျှမှုမရှိရာကား ခွဲခွာလျက်ထွက်လာခဲ့လေ၏။ နောက်တစ်ပြည်သို့မရောက်မီ လမ်းခုလတ်၌ ထူးဆန်း သော ကျွဲကျောင်းသားတစ်ယောက်ကိုတွေ့ရလေ၏။ ၄င်းကျွဲကျောင်းသားသည် ကျွဲများကို ခြေ တစ်ချောင်း တည်းဖြင့် ထိန်းကျောင်း၍နေလေ၏။

အမတ်ကြီးက“အမောင် ကျွဲကျောင်းသား၊သင်ကားအလွန်ပင် သတ္တိရှိသူပါပေတကား၊ကျွဲများအားနိုင်နင်းလေ သဖြင့် အံ့သြပေစွ” ဟုချီးကျူးပြောဆိုလေ၏။ ၄င်းက“ယခုအခါ ငါကားအပြင်းမမောင်းနှင်သေးပါ၊ အပြင်းအ ထန်လိုက်လံမည်ဆိုလျှင်ဤကျွဲကောင်များအစင်ပင် စားနိုင်မည် မဟုတ်ပါ၊ ထိုမျှလောက်လိုက်လံမောင်းနှင် နိုင်စွမ်းရှိပါသည်”ဟုပြန်ပြောလေ၏။ ထိုအခါအမတ်ကြီးက “ငါအမောင့်ကိုထမင်းစားလောက်အောင် ပေး မည်၊င့ါနောက်ကလိုက်ပါနိုင်အံ့လော”ဟု မေးလေ၏။ ၄င်းလည်း ဤသူသည် ပညာ ရှိဖြစ်လေရာ သည်ဟု ယုံကြည်၍ သဘောတူလေ၏။ ထို့ကြောင့်ကျွဲများကိုပစ်ထားခဲ့ လျက် နောက်က လိုက်ပါ လာ ခဲ့လေ ၏။

ဆင်းရဲသားထင်းခွေသမားနှစ်ယောက်

ရှေးအခါက ထင်းခွေ၍ စားသောက်ခဲ့ကြရသော ဆင်းရဲသားနှစ်ယောက်ရှိကြလေ၏။ ၄င်းတို့သည် ထင်းခွေ၍ ရောင်းချရမှသာလျှင်ထမင်းနပ်မှန်ကိုစားသောက်ခဲ့ကြရ၏။ ထို့ကြောင့်နေ့မပျက်ဘဲထင်းခွေလျက်အတူတကွ နေ့စဉ်ရောင်းချလာခဲ့ကြလေ၏။

တစ်နေ့သ၌ထင်းခွေသွားရန် အိမ်မှထွက်ကြလေ၏။ တစ်ယောက်က“မိတ်ဆွေ အလျင်သွားလေ၊ ငါကနောက် မှလာခဲ့မည်” ဟုပြောလေ၏။ ထိုအခါတစ်ယောက်တည်း ခွဲခွာလျက်သွားလေရာ ညောင်ပင်တစ်ပင်ကိုတွေ့ လေ ၏။ ထိုညောင်ပင်၌ညောင်ကိုင်းတစ် ကိုင်းသည် ခြောက်သွေ့လျက်ရှိနေ၏။ထိုအကိုင်းကို ထင်းအလို့ငှာ ခုတ်ဖြတ်ရန်ပြုလုပ်လေ၏။

ထိုအခါ ညောင်စောင့်နတ်က ထွက်ပေါ်လာလေ၏။“အသင်လူသား၊ ငါ့အကိုင်းကို မည်သို့ခုတ်ဖြတ်အံ့နည်း” ဟုပြောဆိုလေ၏။ ထင်းခွေသမားက “ထင်းအဖြစ်အသုံးပြုရန် ခုတ်ဖြတ်လိုပါသည်”ဟုပြန်ပြော၏။ “ထိုသို့ ဆို ကငါလိုက်ခဲ့မည်၊ငါ့အကိုင်းကို မခုတ်နှင့်”ဟုပြောပြီးလျှင် ညောင် ပင်စောင့်နတ် သည် နောက်က လိုက်ပါ ခဲ့လေ ၏။

မယ်ကံယုံ

ရှေးအခါကဘုရင်မင်းတစ်ပါးတွင် သမီးတော်ခုနစ်ယောက်ဖြစ်ထွန်းခဲ့လေ၏။ တစ်နေ့သ၌ ထိုသမီးတော်တို့ ကို ခေါ်ယူ၍ အသီးသီးမေးမြန်းလေ၏။

“ငါ့သမီးတို့ ယခုစားသောက်ဝတ်ဆင်နေကြရသည်မှာမည်သူ၏ဘုန်းကံကြောင့်ဖြစ်သနည်း”ဟုမေးလေသော် သမီး(၆)ယောက်တို့က“ဖခမည်းတော် ဘုန်းကံကြောင့်ပါ”ဟု လျှောက်တင်ခဲ့ကြလေ၏။

သမီးအထွေးဆုံးဖြစ်သူက“ဘုရားကျွန်မ၏ ဘုန်းကံကြောင့်စားဝတ်ရပါသည်” ဟုသံတော်ဦးတင်လေ၏။

ထိုအခါရှင်ဘုရင်က“နင်တစ်ယောက်ကသာ ငါ့ဘုန်းကံကိုမယုံ၊ ကျန်သမီးများကတော့ ငါ့ဘုန်းကံကိုယုံသည်၊

အဘယ်ကြောင့် ဤသို့ပြောဆိုရသနည်း” ဟုဒေါသဖြစ်လေ၏။

ထို့ကြောင့်သမီးတော်ကို မယ်ကံယုံဟုအမည်ပေးလေသည်။

ကြက်မငယ်နှင့်ကြောင်ကလေး

တစ်နေ့သ၌ ကြက်မငယ်တစ်ကောင်သည်ရေခပ်ရန်လာခဲ့လေ၏။ရေကန်အနီးရောက်လျှင် ကြောင်ငယ် တစ် ကောင်နှင့်တွေ့ဆုံကြလေ၏။

ထိုအခါကြောင်ငယ်က“မိတ်ဆွေကြက်မငယ်၊ဘယ်ကိုသွားသနည်း”ဟုမေးလေ၏။

ကြက်မငယ်ကလည်း“ရေခပ်လာသည်”ဟုပြန်ပြောလေသည်။

ကြောင်ငယ်ကတဖန်“အဆွေနှင့်ငါမိတ်ဆွေဖွဲ့လိုသည်၊ ထို့ကြောင့်ညနေတွင်အဆွေထံငါ အလည်အပတ် လာ ပါမည်”ဟုဆိုလေ၏။

ထိုအခါကြက်မငယ်လည်း“အဲ...အဲ....လာပါလော့”ဟုပြန်ပြောလေ၏။

ကြက်မငယ်စကားကိုသိရလျှင်ကြောင်ငယ်က“အဆွေ ဘယ်မှာအိပ်သနည်း”ဟုမေးလေ၏။

ချိုးရင်ကွဲစပါး

ရှေးအခါကရွာတစ်ရွာတွင်မိသားစုတစ်စုနေထိုင်လာခဲ့ကြလေ၏။မိဘနှစ်ဦးနှင့်သားသမီးနှစ်ဦးဖြစ်ပြီး လေးဦး သားနေခဲ့ကြလေရာ မကြာမီ မိခင်သေဆုံးသွားသဖြင့် သုံးဦးသာ ကျန်ရစ်ကြလေ၏။ ဖခင်သည် အိမ်ထောင် အသစ်တစ်ယောက်ရှာဖွေလျက် တည်ထောင်နေခဲ့လေ၏။

မိခင်အနှောင်းနှင့်သားသမီးနှစ်ဦးတို့သည် အတူနေလာခဲ့ရလေ၏။ သားသမီးတို့ကား မိခင်ရင်းကဲ့သို့ ချစ်ခင် လေးမြတ်ခဲ့ကြလေ၏။ သို့သော် မိထွေးဖြစ်သူကား ခင်မင်မြတ်နိုးမှုမရှိဘဲ မနာလိုမှုပင်ဖြစ်လာခဲ့လေ၏။ ထို့ကြောင့်လင်ပါသားနှင့်သမီးငယ်တို့အား မမြင်ချင်ရာကား အပြစ်ရှာခဲ့လေတော့၏။

လင်ဖြစ်သူသည် နေ့လည်တွင် အိမ်၌မရှိ။အလုပ်ထွက်လုပ်နေလေ၏။ ညနေကျမှ အိမ်သို့ပြန်ရောက်၍ သား နှင့်သမီးမယားကိုပါ တွေ့ဆုံရ၏။ညနေစာစားပြီး၍ သားသမီးများအိပ်ပျော်သွားသောအခါ မယားဖြစ် သူက လင်အားမြည်တမ်းပူဆာလေ၏။“ငါ့ကိုပစ်မည်လား၊ သားသမီးကိုပဲပစ်မည်လား” ဟုပြောလေ၏။

နားကြားလွဲသောနားပင်းစဉ်

ရှေးအခါက ရွာတစ်ရွာတွင်နားလေးသော လင်မယားနှစ်ယောက်ရှိလေသည်။ ၄င်းတွင် သားသမီးမဖြစ်ထွန်း သဖြင့် ၀က်ကလေးတစ်ကောင်ကိုမွေးစားထားခဲ့လေ၏။ ထိုဝက်ကလေးကို သားသမီးအလားလွန်စွာချစ်ခင် လျက် ကောင်းစွာကျွေးမွေးပြုစုလာခဲ့သည်။ ထို့ကြောင့်တစ်နေ့တစ်ခြား ကြီးပြင်းလာလေသော် ပို၍ပင်လျှင် ခင်မင်ခဲ့လေ၏။ ထို့ကြောင့် သတ်စားရန် မဆိုထားဘိ ရောင်းချရန်ပင် မပြုရဲဘဲ ရှိလာခဲ့လေသည်။

တစ်နေ့သ၌ ထိုဝက်သည်အိမ်မှထွက်သွားလေရာပျောက်ရှသွားခဲ့ရတော့၏။ နေ၀င်သော်လည်းပြန်မရောက် သည့်အတွက်စိတ်ပူပင် သောကမှုဖြစ်ခဲ့ရလေသည်။စိုးရိမ်တကြီးဖြစ်လာသဖြင့်စားမရသောက်မ၀င် သောက ဝေဒနာဖြစ်ခဲ့ရလေ၏။ တမှိုင်မှိုင်နေမထိထိုင်မသာစိတ်ဗျာပါနှင့် ရှိလာခဲ့ရလေသည်။

“ငါ့ဝက်ကို ငယ်ကပင် မွေးမြူလာသည်၊အဘယ်သူလျှင်ခိုးယူ သတ်စားလေရာသနည်း” ဟုကြံစည်စဉ်းစား လျက် ရှိလေသည်။

ထိုသို့စဉ်းစားနေရင်းရှာဖွေရန် စိတ်ကုးဖြစ်လာလေသည်။ ထို့ကြောင့် ဓါးမတစ်ချောင်းကို ပခုံးထက်မှာ တင် လျက်အရှာထွက်ခဲ့လေသည်။ ခြေဦးတည့်ရာထွက်ပြီး လိုက်ရှာလေသော် ထန်းတောတစ်ခုသို့ရောက်သွားမိ လေသည်။ထိုသူသည် မောပန်းလှသဖြင့် အညောင်းဖြေရန် ထန်းပင်ကို မှီရင်း မောမောဖြင့် အိပ်ပျော်သွားခဲ့ လေသည်။