အရေးပိုင် (ဒေ၀ီစံ) ဦးမြထွန်းအောင်

မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီများ အုပ်ချုပ်သောကာလ မြို့ပြ အုပ်ချုပ်ရေးတွင် အရေးပိုင်ရာထူးကို အင်္ဂလိပ် လူများမှလွဲ၍ မြန်မာလူမျိုးများ အားပေးရိုးထုံးစံမရှိပါ။သို့သော် ကျောက်ဖြူသား ဦးမြထွန်းအောင်သည် မြန်မာ လူမျိုးထဲမှ ပထမဆုံး အရေးပိုင်ရာထူးကို တော်လှန်းရေး၌ ထိုက်ထိုက်တန်တန် ရရှိခဲ့သူ တစ်ဦးဖြစ်ခဲ့သည်။
ကျောက်ဖြူတွင် အရေးပိုင်ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သော စာရေးဆရာ ဗြိတိသျှလူမျိုး မောရစ်ကော လိပ် ရေးသားထားသော စာအုပ်များတွင် ဦးမြထွန်းအောင်၏ လှုပ်ရှားမှုပုံရိပ်များကို တစေ့တစောင်း သိရှိခွင့် ရခဲ့ပါသည်။

ဦးမြထွန်းအောင် အကြောင်းရေးရလျှင် သူသည် သာမာန်မျိုးရိုးမှ ဆင်းသက်လာသူတစ်ဦး မဟုတ်ဘဲ ရခိုင်ပြည်၏ နောက်ဆုံးဘုရင် ဖြစ်ခဲ့သော မဟာသမ္မတမင်း၏ မြစ်တော်စပ်သူ တစ်ဦးဖြစ်သည်။ မိသားစု ဆင်းသက်လာသော မျိုးရိုးအနွယ် (Family Tree) ကို အောက်တွင် ဖော်ပြထားပါသည်။ လူအများက သူ့ကို ဒေ၀ီဇံမြထွန်းအောင်ဟု ကင်းပွန်းတပ်၍ ခေါ်ခဲ့ကြပါသည်။
အရေးပိုင် ဦးမြထွန်းအောင်

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ခရိုင်အကြီးအကဲအဖြစ် ခန့်အပ်ခံရသူများမှာ အင်္ဂလိပ်များသာ ဖြစ်ကြ သည်။ သာမာန်အားဖြင့် ထိုခေတ် ထိုအချိန်အခါက မြန်မာအမျိုးသားများဟူ၍ မရှိကြသလောက်ပင် ဖြစ် သည်။ ထိုအတောအတွင်း ခရစ်နှစ် (၁၉၀၈)ခုနှစ်တွင် ကျောက်ဖြူသားဖြစ်သော ဦးမြထွန်းအောင် ကို ကျောက်ဖြူတွင် ပထမဆုံးသော မြန်မာ အရေးပိုင်အဖြစ် ခန့်အပ်ခြင်း "A Civil Servant in Burma" by Mr Thrikal White (Lt Governor Of Burma)မှာ ထူးခြားမှု တစ်ခုပင် ဖြစ်လေသည်။ ၎င်းသည် (၁၉၀၈) မှ (၁၉၁၉)အထိ (၁၁)နှစ်တိုင်တိုင် အရေးပိုင်အဖြစ်ဖြင့် ကျောက်ဖြူခရိုင်တွင် အုပ်ချုပ်ခဲ့လေသည်။ တာဝန်ဖြင့် ခရီးစဉ်တစ်ခုတွင် တစ်စုံတစ်ခုသော အန္တရာယ်ကြောင့် ရေထဲသို့ပြုတ်ကျပြီး ရေပေါ်သို့ ပေါ်မ လာတော့ဘဲ ၀မ်းနည်းဖွယ်ရာ ပျောက်ကွယ်ဆုံးရှုံးခဲ့ရလေသည်။

အရေးပိုင်ကြီးသည် သန်တုန်း၊ မြန်တုန်း တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားခြင်းဖြစ်ရာ ၎င်း၏ ရှေးရေး အစီအစဉ် မည်သို့ရှိမည်ကို မည်သို့မျှ မတွေးခေါ်တတ်ကြပါ။ သို့သော် ၎င်းမိသားစုနေထိုင်ရန် ဧရာမ အိမ်ကြီးတစ်ဆောင်ကို ဆောက်လုပ်ထားခဲ့ပါသည်။ ယင်းအိမ်ကြီးမှာ လက်ရှိကျောက်ဖြူဈေးကြီး၏ တောင် ဘက် တည့်တည့် မြစ်နားတန်းလမ်း (ယခု ဈေးလမ်း)နှင့် ယခင်တရုတ်တန်းလမ်း (ယခုရုံးတက်လမ်း)ကြား ရှိ အကွက်တစ်ခုလုံးအပြည့်၊ တိုင်လုံးရေ (၆၀)ခန့်ရှိသော ဧရာမ နှစ်ထပ်အိမ်ကြီးဖြစ်သည်။ အရေးပိုင်ကြီး မရှိသည့်နောက်တွင် ထိုစဉ်က ကျောင်းသားဦးရေ (၂၀၀)ကျော်သော မြူနီစပါယ် မိန်းကလေးများ အထက် တန်းကျောင်း (ပြင်ပလောကတွင် 'မိန်းမကျောင်း'ဟု အသိများသည်)က ၀င်ရောက်၍ ဤအဆောက်အဦး တွင် စာပေသင်ကြားပို့ချခဲ့ရာ ဒုတိယကမ္ဘာစစ်ကြီး ကာလအထိ ဖြစ်ပါသည်။

ဒေသခံ ရမ်းဗြဲသားများက ပြောဆိုရာတွင် အလေးကို အထီး၊  မင်းကို မတ်ဟု အသံထွက်၍ ပြောဆို တတ် ကြပါသည်။ ထို့ကြောင့် မြထွန်းအောင်(ဦး)ကို မြတ်ထွန်းအောင်ဟု အသံထွက်အတိုင်း ရေးသားကြပါ သည်။ ရှေ့တွင်ဖော်ပြပါရှိသော လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့်ရရှိသူ ဒေါ်မေမေရှင်သည် ပင် လျှင် အရေးပိုင် (ဒေ၀ီဇံ)ဦးမြထွန်းအောင်၏ မြေးဖြစ်ပြီး အဖိုးတူမြေးတစ်ဦးအဖြစ် ဒုတိယကမ္ဘာစစ်ကာလ နယ်ချဲ့ကျူးကျော်ရေးသမား ဂျပန်များကို မောင်းထုတ်စဉ်က ရွတ်ရွတ်ချွံချွံ ရှေ့တန်းမှ တော်လှန်ခဲ့သော အာ ဇာနည် ရခိုင်အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။

နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများ (၂) - အေးသိန်း စာအုပ်မှ -

No comments:

Post a Comment