Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

စစ်ကျွန် - မောင်ခိုင်အောင် (စစ်တွေ)


ကလေးဘ၀တုန်းက
စစ်တိုက်တမ်းကစားခဲ့ကြတယ်
တောမြို့လေးမှာ သူပုန်စစ်သား ပြောက်ကျား
ဝေါဟာရတွေ ယဉ်ပါးနေတော့
မင်းတို့စစ်သား ငါတို့က သူပုန် ကြိုက်တဲ့ဘက်ကနေ
တစ်ခါတစ်လေ ခေါင်းပန်းလှန်ပြီးရွေး
တိုက်ကြ ပစ်ကြ သေကြ ပျော်စရာကောင်းလိုက်တာ
ဘယ်သူမှ မမှားခဲ့ကြဘူး။

အမှန်တရား တော်လှန်ရေး နိုင်ငံ့အာဏာ
စစ်ပွဲဆိုတာ နိုင်ငံရေးရဲ့အဆက်ဆိုလား
စစ်နဲ့ရှင်းလို့မရ စားပွဲဝိုင်းထိုင်မယ်ဆိုလား
ကြားကြားနေရရဲ့။

သီတာထွေးတံဆိပ်နဲ့ သတိတရားရဲ့ အလံတော်

ဒါဟာ
အကုသိုလ်ကံပါလို့
ငါ့ကို မပြောနဲ့
မပြောကြပါနဲ့ကွာ
အရိပ်
တစ်ဦးတစ်ယောက်ရဲ့ အရိပ်ပါ။
လမ်းခင်းပေးခဲ့တာ ဘယ်သူလဲ
ဘယ်သူပါလဲ ခင်ဗျာ

လမ်းပြကြယ်

ပုပ္ပါစရိယ မိနှင့်ဖ
လမ်းပြကြယ်ဆိုစွာ
... ... ... ...
ဘာဘာ!
ဒေမြီမှာမွီး
ဒေရီကိုသောက်
မိသားစုအရေး
ချွေးနန့်တည်ဆောက်
စွမ်းရေအား
ချစ်ခြင်း မုန်းခြင်း
ဇာသူကိုလဲ
ဘက်မလိုက်ဘဲ ပွင့်လင်းစွာနန့်
ပြောလိုက်စွာဗျာယ်
ကြမ်းတမ်းခရီး
လမ်းတစ်ဝက်မှာ
မပြိုကွဲအောင် သတ္တိဟိဖို့ 
သားသမီးတိကို မှာကြားခယင့်
သား မြီး မြစ်ရို့
ညီညွတ်စွာနန့်
ပန်းတိုင်ခရီး တည့်တည့်လားဖို့
လက်ချင်းဆက်ဗျာယ် ချီတက်လိုက်ကေ
လမ်းပြကြယ်ဆိုစွာ
ကြိုဆိုနိန်ရေ...
... ... ... ... ...။

ရက္ခ

မြောက်ဦးကဗျာသျှင်များစုစည်းထုတ်ဝေသည့်  FATHER DAY ကဗျာစာအုပ်မှ-

ဝံလက်ရဲ့အားမာန်နှင့်အခြားကဗျာများ - ခိုင်လင်း(မေဃ၀တီ)

၂၀၀၂ ခုနှစ်က ထွက်ရှိလာတဲ့
ခိုင်လင်း(မေဃ၀တီ)ရဲ့
ဝံလက်ရဲ့အားမာန်နှင့်အခြားကဗျာများ
pdf file (3.58 Mb)



မေဃ၀တီပုံရိပ် - ခိုင်လင်း(မေဃ၀တီ)

ရခိုင့်သမုဒ္ဒရာထဲမှာ
ငါ့ကျွန်းလေးဟာ ပေါလောမျောလို့
ရာစုသစ်သို့ ချည်းနင်းဝင်ရောက်ခဲ့ပေမယ့်
ရထားကြိတ်ခံထားရတဲ့
ဇလီဖာတုံးလို
မေဃ၀တီဟာ
ရင်နာနာနဲ့
အနာဂတ်ကို ရင်ဆိုင်ကြစို့ဆိုပြီး
တိုက်ပွဲဝင်တေးသံကို သီကုံးနေလေရဲ့။

အဖိုး သို့ - ခိုင်လင်း(မေဃ၀တီ)

အဖိုးမသေ
သေလည်းသက်ရှိ၊ ရိုးမသိသည်
နဒီဂစ္ဆပ၊ ငိုကြွေးပြအံ့
ထလော့...အဖိုး၊ အဖိုး... ထလော့။

ရခိုင်မင်းများ၊ ထိုးထွင်းထားသော
စာသားအက္ခရာ၊ ကျောက် ပေစာကို
သေချာစစ်ဆေး၊ အဖြေပေးဘိ
က၀ိပီသော အို...အဖိုး။

နေပူတောင်လွမ်းချင်း - မြင့်ဆွေမောင် (တောင်ဂုတ်)

ရှေးနှစ်ပေါင်းသန်းရာချီ
ဖြစ်တည်ခဲ့အသွင်ပြောင်း
သက်နှောင်းကပ်မြေမဟီဝယ်
ထွက်ပေါ်သည် တွန့်ခေါက်တောင်တန်း။

ဟိမ၀န္တာ၊ အင်းဒိစ်
ရော့ကီးနှင့်အဲ့လ်ပ်ပါအ၀င်
မျက်နှာပြင် ကမ္ဘာတစ်ဝှမ်း
ရှေးယခင်စိမ်းလန်းခဲ့ ရိုးမရခိုင်
သက်တမ်းလည်း တူပြိုင်ပြိုင်။

ဖရခိုင်သို့ ရာသီစာ - တွေးအိမ်ခိုင်(သံတွဲ)

လူသားချင်းစာနာ
ဒေမြီမှာ နီရာပီးခ။

လူသားချင်း ထောက်ထား
ဒေမြီက ဆန်ရီစပါး၊ ၀ီမျှကျွေးခ။

အယင်ခါကပင်
မြင့်မြတ်တေစိတ်ဓါတ်နန့်
လူသားပီသခရေ။

ဆန်းလမြေသား - မောင်နှစ်သိမ့်(တောင်ကုတ်)

တရားကိုသွေးပြီး
သားကိုထွေးနေရုံနဲ့ မရတော့ဘူး။

ကြည့်လေ... နေစရာမြေသာမက
ငါတို့ဘ၀တွေကိုပါ ၀င်လု
ရှင်သန်မှုအသက်တွေကိုပါ ၀င်လု
ဘာကိုမှ ဂရုမထား
ငါတို့သွေးသားတွေကိုလည်း ၀င်လု
ဘိုးဘေးအစဉ်အဆက်
မပျက်တဲ့ ယဉ်ကျေးမှုတွေကိုလည်း ၀င်လုနေကြ
ရောမအင်ပါယာထဲက နီရိုးဘုရင်လိုမျိုး
ခင်ဗျားကော တယောထိုးနေနိုင်အုံးမလား။

အမှိုက်များ

တို့အိမ်သန့်ရှင်း၊ လှပခြင်းတွက်
လှဲကျင်းလိုက်သော အမှိုက်ပုံ။

အမှိုက်ပုံကား၊ ကြီးထွားပေါင်းစု
တစ်ခုအင်အားဖြစ်လာခဲ့။

ခြင်,ယင်,ပုရွက်၊ ခြ,လောက်တက်၍
ပုပ်လျက်သိုးနံ့၊ ၀န်းကျင်ဖြန့်လျက်
မဆန့်ဗိုင်းရပ်(စ)၊ ထပ်ထပ်တိုးလာ
ရောဂါမျိုးဆောင်၊ တဟောင်ဟောင်တည့်။

ချည်တိုင်သို့လားရာ - ခင်ငြိမ်းချမ်း

အေပိုင် ဖရိုဖရဲ ခြီလှမ်းတိနန့်
ငရို့ဆုံဖြစ်ခကတ်
မိုင်ထောင်ချီရေ အရပ်မှာ
ငရို့ချည်တိုင်တိကို ထားပခဗျာယ်...

ငရို့ တာလွှတ်ခံရစွာလား?
ငရို့ဘာသာ ငရို့ တာကိုလွှတ်ချပခကတ်စွာလား?
ဇစ်မြစ်ကို သသေချချာကြည့်လိုက်မှ
ငရို့ခေါင်းတိ မူးနောက်နိန်ရေပိုင်
ရေချိန်ကိုက်လားလို့တော့ခါ မဟုတ်
ငရို့ဘ၀တိကိုက ရေချိန်ကိုက်ခံလိုက်ကတ်ရစွာမနား
ငရို့အစာတိက မကြေကတ်ဗျာယ်
ငရို့သွီးကြောတိကလည်း မပွင့်ရေခါ
မမူးဘဲနန့် မှောက်ကျရရေ ငရို့တိဘ၀...

အဘာသားရို့ ကျေးဇူးဆပ်မှန်ဖို့

အာရက္ခဒေ့ခ်ျ အာရ်ဂျရေ
အဖရခိုင်ပြည် အာကာပျံဝဲ
ဝါသုဒေ၀ ဗလဒေဝ
စည်တော်ကြီးနန့် ကျင်သန်ကြီး
ဘီလူးနန့်စစ်ပြိုင်နိုင်
မာရယု ကနဦးစိုင်လာပြု
ကံရာဇာ မြို့ဆက်ရှာ
ဗုဒ္ဓဗျာဒိတ်ရ၊ တရားရ၊ ကိုယ်စားရ၊ ရင်ငွေ့ရ
စန္ဒသူရိယ အစပျိုးထွင်
သူရိယစက္က မဟာတိုင်းစန္ဒြ
သိမ်ကျောင်းဇရပ် ရီတွင်းရီကန် စင်္ကြံထပ်ပွားလှူ
လက်ညှိုးထိုးမလွတ်
အဖရို့ပဝေသဏီအဆက်က
နီ လ အာကာဝဠာထက်မှာ
သိပ္ပ၀ိဇ္ဇာကမ်းခတ် ရွီမှတ်တွိသိလို့
ပြက္ခဒိန်တိဖြိုဖျက် ပြဌာန်းခရေ။

"နှုတ်ဆက်ကဗျာ"

စိတ်ဓါတ်ကြံ့ခိုင်၊ ရုပ်ကြံ့ခိုင်နန့်
ရခိုင်ပီသ၊ လူ့ဘ၀ကို
ရက္ခမဏ္ဍိုင်၊ သတ္တိပြဗျာယ်
အစအဆုံး၊ ဘ၀တုံးအောင်
သိမ်းကျုံးပီးဆပ်၊ ယောက်ျားမြတ်။

ကျောင်းသားဘ၀၊ ငယ်စဉ်ကပင်
စတင်လျှောက်လှမ်း၊ ခရီးကြမ်းမှာ
ထောင်နန်းစံချိန်၊ အကြိမ်ကြိမ်ကျ
အိမ်ဦးကြမ်းပြင်၊ ထောင်ကိုဝင်လဲ
ငြိုငြင်နောက်တွန့်၊ မကြောက်ရွံ့ဘဲ
ရဲဝံ့စွန့်စား ခိုင်စိတ်ထားနန့်
ရခိုင်သားပီပီ၊ တာဝန်ကျီခ
သီအောင်ထက်ထိ၊ ရဲရဲတောက်။    ။

ရက္ခိတ မှာတမ်း - နာနို (Aryan)

ရခိုင်ပြည်အရေး ဒုက္ခဘေးကို
ရခိုင်သားမတွေးကေ
ဇာသူတွေးဖို့လည်း...

ရခိုင်ပြည်သူ သောကအပူကို
ရခိုင်သားမကူကေ
ဇာသူကူဖို့လည်း...

လက်ဟိ့ရခိုင် ရင်ဆိုင်နိန်ရ
ဘ၀ရုပ်ပုံ အနိဋ္ဌာရုံကို
ပေါင်းဆုံလက်ကမ်း
ဝိုင်းဝန်းလို့ကူ တွဲထူ ကယ်မ
ရက္ခိတပီပီ သွီးနီနီနန့်
ဟှိ့ကိုချီတက် သမိုင်းမပျက်ဖို့
ငါရို့လက်ဆက် ထားကတ်မေ...။

နာနို(Aryan) 

  www. မူလဖော်ပြထားသောစာမျက်နှာ.com

မြောက်ဦး - မောင်ခိုင်အောင်



ရင်အုံပေါ်မှာ အီကွေတာ ကခုန်
ကျောရိုးထဲ ၀င်ရိုးစွန်း ပုန်းနေတဲ့မြို့။
မန္တလေးကိုစာဖွဲ့တဲ့ "ကစ်ပလင်း" မသိ
ပုဂံကိုစာဖွဲ့တဲ့ "ဇော်ဂျီ" စာမသိတဲ့ ငါ့မြို့လေ။

ပစ္ဆိမရပ်ဝန်းနှင့် သမိုင်းခရီးလမ်း - နီရိုင်းနီ(တောင်ရင်းကျွန်း)



အတိတ်ကလျှင်
နဒီဒေ၀ါကမ်းပါးမှာ
ကြိုးကြာရို့ တပျော်တပါး
အမျိုးသား သာခြင်းဆိုလို့
စိမ်းစိုရွက်ရှင်လျက်
ပေါက်ပင်ကြီးတစ်ပင်ထက်မာ
မျိုးဆက်သစ်ထူထောင်လာလီရေ။

သမိုင်းဝင်လက်သီးများ

(၁)
သမိုင်းမာ တံခါးပိတ်ဆိုဆို
ရိုးမကို သံမဏိသား တင်းပီးခရေ
ဦးမြ၀ါဧ့ ရွှီမျိုဉ်းဓမ္မသတ်တရားကို
လက်တွိကျင့်သုံးစည်းခြားပျာ
မင်းဘာကြီးခမျာ
"စဖိုမာ မီးထဲ့"
သွီးရည်စင်စင် ညှဲ့လို့
မယွဲ့မစောင်း ဟန်ချက်နောင်းနောင်း
သီရိဝစ္ဆကောင်းကောင်းထူမတ်
ရာစုနှစ်တိ ဖြတ်သန်းခ
ရိုးမလိုင်... ငါလွမ်းရေ။

"သီတာထွေး"သို့ သွေးမော်ကွန်းနှင့် သွေးသစ္စာ - စစ်တွေညိုသန့်

(၁)
သြော်... မသတီစရာ အရေးကြောင့်
မဟီကမ္ဘာဆွေးပြီး
မှီစရာ ဝေးခဲ့ရရှာတဲ့
"သီတာထွေး"ရေ...
ဤကဗျာတေး
စီကာရေးရင်း
သွေးဖြင့် ဂုဏ်ပြုအပ်ပါသည်။
သွေးဖြင့် မော်ကွန်းတင်ပါသည်။
သွေးဖြင့် သစ္စာဆိုပါသည်။

သီတာထွေး.....သို့

မသီတာ
ခေတ်ပညာမမြင့်၊ ဓနမဟိ၊ ကျွန်းသမ အထွီးသျှေ
နင်..... ငါ့သမီး
နင်..... ငါ့နှမ
နင်..... ငါ့အမင်
နင်..... ငါ့နိုင်ငံတော်
ရက္ခိတသား အိမ်ကို
မိစ္ဆာစေတန်တိ ဗုံးခွဲအကြမ်းဖက်
နင့်ငိုသံရေ အချက်ပီး ခေါင်းလောင်းသံ
နင့်ကျွီးသံ တပ်လှန့်သံ
နင့်အံကြိတ်သံ ငါရို့ ဒါးနဲ့လှံ။

အကာလညဥ့်

ဝင်ပါ New Year ၊ မုဒိတာနန့် လက်ကမ်းလျက်ရာ၊ ယေဒါလည်းနားလည်ပီး၊ ၀မ်းသာခြင်းနန့် မကြိုဆိုနိုင်ခြင်းအတွက်...။

အကာလညဥ့်တစ်ခုနန့် New Year ၊ တိုက်ဆိုင်လိုက်လီခြင်း...။

အမြင်မကောင်းလို့ အကောင်းမမြင်စွာကို နားလည်ပီးဖိ၊ တန်ပြန်သက်ရောက်မှု တစ်ခုလည်းမဟုတ်၊ ဆွီးလို့ ပြတ်ကျလားရေ ပုတီးကုံးတစ်ခုလေ့ မဟုတ်ခ။