Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
ဖက်ဒရယ်ဝါဒ ပျော့ပျောင်းမှု - မောင်ခိုင်အောင်
ယနေ့ ကမ္ဘာမြေတွင် မငြိမ်းချမ်းသော ဒေသများ ရှိနေဆဲဖြစ်သည်။ စစ်ပွဲကြီးများ မရှိဆိုနိုင်သော်လည်း ပဋိ ပက္ခများ၊ လက်နက်ကိုင် အကြမ်းဖက် အုံကြွမှုများ နေရာအနှံ့ရှိနေသည်။ ပဋိပက္ခများ အဆုံးမှာ ပြည် တွင်းရေးဖြစ်ပြီး အမျိုးသားရေး အုပ်စုများက သက်ဆိုင်ရာ နယ်မြေများတွင် ပိုမိုကောင်းမွန်သော ကိုယ် စားပြုမှု (သို့) ကြီးမားကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုနေကြခြင်းဖြစ်သည်။ ကမ္ဘာ့ ဖက်ဒ ရယ်နိုင်ငံတို့သည် များသောအားဖြင့် လူမျိုးစုနိုင်ငံများဖြစ်ပြီး အမျိုးသားရေးအုပ်စုတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို ပိုမိုအသိအမှတ်ပြုရန် တောင်းဆိုကြသည်။ ဖက်ဒရယ်စနစ်သည် တင်းမာမှုများကို လျော့ကျစေပြီး နိုင်ငံ ၏ အမျိုးသားညီညွတ်ရေးကို အောင်မြင်စွာ ဆောင်ကျဉ်းနိုင်သော အုပ်ချုပ်မှုစနစ်တစ်ခု ဖြစ်သော်လည်း အမျိုးသားရေး အုပ်စုတို့၏ တောင်းဆိုချက်များကို အမြဲတမ်း ဖြည့်ဆည်း မပေးနိုင်ချေ။ စစ်မှန်သော နိုင်ငံရေး ကွက်လပ်များကို ဖြည့်ဆည်းနိုင်ရန် ဖက်ဒရယ်ရှင်းသည် ပျော့ပျောင်းပြီး လိုက်လျောညီထွေရှိရန် လိုအပ် သည်။
မြောက်ဦး လက်ဖက်ရည်ဆိုင်များ - မောင်ခိုင်အောင်
မြောက်ဦးမြို့တည်သူ မင်းစောမွန်သည် လက်ဖက်ရည်ကြိုက်သူတစ်ဦး ဖြစ်သည်။(လွတ်လပ်စွာ သဘော ကွဲလွဲခွင့်ရှိသည်) ကုလားမြေ၌ ခိုလှုံနေရစဉ် စွဲလမ်းလာခဲ့သောအရာ မဟုတ်ပါချေ။ လေးမြို့တော် ရခိုင် နန်းတွင်း၌ လက်ဖက်ရည်ကို မင်းစောမွန်ကြိုက်ခဲ့သည်။ သူသည် အတွေးသမားအနေနှင့် လက်ဖက်ရည်ကို တစိမ့်စိမ့်သောက်သည်။ အရက်သမားအနေနှင့် သေရည်ကို တရကြမ်းသောက်သည်။ သူအမှားကြီး မှားခဲ့သည်။ သူယုတ်၍ နန်းပျက်၊ ပြည်ပျက်၊ သူပြေးခဲ့ရသည်။ အတွေးကြီးပြီး အကောင်းဆုံး ပြုပြင် တည်ဆောက်ခဲ့သူ မဟုတ်လော။
"သည်အရပ်၌ နန်းမြို့တည်လျှင် မြို့သက်ရှည်လည်း မြတ်ရှင်ဘုန်းသက် တိုရပါအံ့။"
နှလုံးအိမ်မှ ရဲဝံ့သင်းမြ မိန့်တော်ဟသည်။
"တည်စေ"
ဝဆွဲသံ အရောက်အပျောက် ရခိုင်စကားလုံးများ - သန့်ဝဏ္ဏခိုင်
ရခိုင်စကားမာ ၀ဆွဲသံကို ဖျောက်ပနာပြောရေ စကားသံဟိပါရေ။ ၀ဆွဲသံ အပိုထည့်ပြောလိဟိရေ စကားသံတိလေး ဟိပါရေ။
ဝဆွဲသံဖျောက်ပြောရေ ရခိုင်စကားသံတိ
'ထမင်းကျွေး'ကို 'ထမင်းကျေး'ဆိုပနာ ပြောဆိုကတ်ပါရေ။ တောင်ကုတ်နယ်သားရို့ စစ်တွေခရိုင်စကားကို လုပ်ပြောရေခါ ၀ဆွဲသံတိပါနီစွာကို တွိရပါရေ။ 'လားချင်'ကို 'လားချွင်'၊ 'လာချင်'ကို 'လာချွင်'၊ 'လားကျင့်မဟို'ကို 'လားကျွင့်မဟိ'။
'ထွက်ခွာ'ကို 'ထော့ခေါ်' ဆိုပနာ ၀ဆွဲသံဖျောက်ပြောစွာတိလေး ဟိပါရေ။ စစ်တွေခရိုင်မာ 'စွာ'လို့ ပြောစွာ ကို ရမ်းဗြဲမြို့နယ်မာ 'စာ'လို့ ပြောပါရေ။
အိုအိုင်စီဆိုတာ ဘာလဲ? - ဖျာပုံနဒီ
အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)ကို အစ္စလာမ် ဘာသာဝင်နိုင်ငံပေါင်း (၅၇)နိုင်ငံ (အမှန်မှာ အစ္စလာမ်ဘာသာဝင် (၅၆)နိုင်ငံနှင့် ပါလက်စတိုင်းတို့ ဖြစ်သည်)ဖြင့် ဖွဲ့စည်းထားသည်။ တစ်ခါ တစ်ရံတွင် ၄င်းအဖွဲ့ဝင်နိုင်ငံ အရေအတွက် များပြားမှုကြောင့် အိုအိုင်စီသည် လူ့အခွင့်အရေးမှစ၍ စီးပွားရေး အဆုံး၊ ပညာရေးမစ၍ အကြမ်းဖက်ဝါဒအဆုံး ကိစ္စရပ်တိုင်းနီးပါးတွင် မွတ်စလင်မဟုတ်သော ကမ္ဘာအုပ်စု ကို ဆန့်ကျင်သော စုစည်းညီညွတ်သည့်အစ္စလာမ်တပ်ဦးကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် အဆင့်မြှင့် တင်ရင်း (အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးအတွင်းတွင်) ပြင်းထန်ပြီး အများအားဖြင့် မလိုလား အပ်သော လွှမ်းမိုးမှုရှိနေသည်။
သို့သော် အိုအိုင်စီ၏ အဓိကအကြောင်းရင်းမှာ အိုအိုင်စီအနေဖြင့် ဘင်္ဂါလီမွတ်စလင်များ (The Bengali Muslims)သည် ရခိုင်မြေကို ပိုင်ဆိုင်သူများဖြစ်ကြောင်း ကောက်ချက်ဆွဲကြမည်ဖြစ်သောကြောင့် ဖြစ်သည်။ (၄င်းအဖွဲ့အစည်းအနေဖြင့် ထိုသို့ကောက်ချက်ဆွဲခဲ့၊ ကောက်ချက်ဆွဲဆဲပင်ဖြစ်သည်။) ထို့ပြင် အိုအိုင်စီအဖွဲ့ သည် ရခိုင်လူမျိုးတို့၏ စကားသံများကို အသိအမှတ်ပြုမည် မဟုတ်သောကြောင့် ဖြစ်သည်။ အိုအိုင်စီအဖွဲ့၏ သမိုင်းကြောင်းတစ်လျှောက်တွင် နိုက်ဂျီးရီးယားနှင့် အီဂျစ်တို့မှ ခရစ်ယာန်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ထိုင်းတောင်ပိုင်းမှ ဗုဒ္ဓဘာသာဝင် (၅၀၀၀)ကို သတ်ဖြတ်မှု၊ ဆူဒန်နိုင်ငံက ကျူးလွန်ခဲ့သော မျိုးတုံးသတ်ဖြတ်မှု စသည်တို့နှင့် ပတ်သက်၍ အိုအိုင်စီက ဘယ်တုန်းကမှ မရှုတ်ချခဲ့ဘူးပေ။
အသံထုတ်နောက်ကိုဂျည်းလိုက်တေ ဘာသာစကားဧ့ အနီအထား
စာပီးရီးသားမှုရေ အနုပညာဖြစ်ပါရေ။ ယင်းအနုပညာတရပ်ကို လိုရေပိုင် ကိုင်ဖို့လိုပါရေ။ တင်းထားရဖို့ စွာဟိပါဖို့။ လျော့ရဖို့စွာလေး ဟိပါဖို့။
အသံထုတ်နောက်ကိုဂျည်းလိုက်ကေ ပကာဘာသာစကး ဖြစ်လီပါဖို့။ အသံထုတ်နောက်ကို လိုက်သင့် သလောက် လိုက်ရပါဖို့။ ရခိုင်ဖတ်သင်ရိုးက ထုတ်တေ ရခိုင်ဖတ်စာ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း စာအုပ်တိကို လိလာကြည့်ကေ မလိုက်သင့်၊ မလိုက်အပ်တေ အသံထုတ်နောက်တို့ မလိုက်စွာကို တွိရ ပါရေ။ ရခိုင်ဖတ်စာ စာအုပ်ပါ အရီးအသားတိ၊ ဘာသာစာပီအရိပ်အစောင်းကို နားလည် သဘောပေါက် သူတိဧ့ အရီးအသားတိကို လိလာကြည့်ကေ အသံထုတ်နောက်ကို လိုက်သင့်သလောက်ရာလိုက်စွာကို တွိရပါရေ။ ရခိုင်ဖတ်စာသင်ရိုး စာအုပ်တိမာ အသံထုတ်နောက်ကို မလိုက်စွာက များနီစွာကို တွိရပါရေ။
ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့(၃) - ခိုင်လင်း(မေဃ၀တီ)
လွပ်လပ်ရေးနဲ့အတူ မွေးဖွားလာခဲ့တဲ့ ပြည်တွင်းစစ်ဟာ လူမျိုးကြီးဝါဒကြီးစိုးရေး(သို့မဟုတ်) ပြည်ထောင်စု အမည်ခံ တစ်ပြည်ထောင်စနစ် တည်ဆောက်ရေး အင်အားစုတွေကတော့ ပုံစံမျိုးစံ၊ နာမည်မျိုးစုံနဲ့ ကင်ပွန်း တပ်ခံခဲ့ရတယ်။ ဓါးပြဂိုဏ်း၊ သောင်းကျန်းသူ စသည်ဖြင့်။ တချို့ကလည်း ဗြိတိသျှရဲ့ မြှောက်ပင့်သွေးခွဲမှု၊ တချို့ကလည်း ယဉ်ကျေးစွာဖြင့် "ကိုလိုနီဆိုးမွေ"။ ဒီနာမည်တွေဟာ အုပ်ချုပ်သူ အဆက်ဆက်က သုံးစွဲခဲ့ တာ မှန်တယ်။ ဒါပေမယ့် အုပ်ချုပ်သူ မဟုတ်သူတွေကော မပါခဲ့ဘူးလားဆိုတော့ ပါပါတယ်။ ဒါကြောင့် "လူမျိုးကြီးဝါဒကြီးစိုးရေး (သို့မဟုတ်) ပြည်ထောင်စုအမည်ခံ တစ်ပြည်ထောင်စနစ်တည်ဆောက်ရေး အင်အားစု"လို့ ၀ိသေသနပြုခဲ့တာဖြစ်တယ်။ ပြောရရင် လွတ်လပ်ရေးနဲ့ ထပ်တူမွေးဖွားလာခဲ့တဲ့ ပြည်တွင်း စစ်ကို ဆင်နွှဲလာခဲ့တဲ့ အမျိုးသားတို့ရဲ့ တိုက်ပွဲကို ပြက်ရယ်ပြုလိုက်တာ ဖြစ်တယ်။ ဒီနေရာမှာ ပြည်တွင်းစစ် ကို သိဒ္ဓိတင်ချင်လို့ မဟုတ်ဘူး။ လွတ်လပ်ရေးရသည်မှ ယနေ့အထိ စစ်ပွဲတွေ ဆင်နွှဲနေတဲ့ လူတွေကို မေး ကြည့်ပါ။ စစ်ကို လိုလားသလားလို့။ သူတို့ စစ်ကို မလိုလားပါ။ ဒါပေမယ့် စစ်ကို ဆင်နွှဲနေရတယ်။ စစ်ကို မလိုလားပေမယ့် စစ်ကို ဆင်နွှဲနေရခြင်းဟာ စိတ်ဝင်စားဖို့ကောင်းသလို မှန်မှန်ကန်ကန် လေ့လာသုံးသပ်ဖို့ လည်း ကောင်းပါတယ်။ ထို့အတူ ပြည်တွင်းစစ်ရဲ့ ဇစ်မြစ်ကိုလည်း မှန်မှန်လေ့လာပြီး မှန်မှန်ကန်ကန် နာမည်ပေးဖို့ လိုမယ်ထင်ပါတယ်။
ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့ (၂) - ခိုင်လင်း(မေဃ၀တီ)
ပဉ္စမမြန်မာနိုင်ငံတော်အယူအဆဟာ ဗမာအမျိုးသားအင်ပါယာ ထူထောင်ရေးဝါဒဖြစ်တယ်လို့ ကောက်ချက် ချခြင်းဟာ သမိုင်းကြောင်းတွေ၊ သမိုင်းနောက်ခံတွေ ကို အခြေခံပြီး ကောက်ချက်ချခြင်း ဖြစ်တယ်။ လူ တစ်ဦးရဲ့ လုပ်ရပ်တွေ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေ၊ လူအုပ်စုတွေရဲ့ လုပ်ရပ်တွေဟာ အယူအဆ ခံယူ ချက်တွေကို အခြေခံပြီး လုပ်ကြတာ ဖြစ်တယ်။ ဒါကြောင့် အယူအဆအချို့အတွက် တော်လှန်တိုက်ပွဲဝင် ရတာတွေ ရှိတယ်။ ပဉ္စမ မြန်မာနိုင်ငံတော် အယူအဆကို ယုံကြည်တဲ့သူဟာ သူ့ရဲ့လုပ်ဆောင် ချက်တွေ၊ ပေးဆပ်မှုတွေဟာလည်း ဒီအတွက်ပဲ ဖြစ်ပါလိမ့်မယ်။ လွတ်လပ်ရေးတိုက်ပွဲကာလနဲ့ လွတ် လပ်ရေးနောက်ပိုင်း ကာလတွေမှာ ဒီအယူအဆကို ယုံကြည်သူတွေကတော့ သခင်ဗစိန်၊ ဂဠုန်ဦးစော၊ ဦးနေ၀င်း၊ ဗိုလ်သန်းရွှေတို့ဟာ ထင်ရှားတဲ့ လူတွေပါ။ ဒီလူတွေရဲ့ လုပ်ဆောင်ချက်တွေဟာ ပဉ္စမ မြန်မာနိုင် ငံတော် အယူအဆအပေါ်မှာ အခြေခံခဲ့တယ်ဆိုတာ သူတို့တွေရဲ့ အလုပ်တွေဟာ သက်သေပြခဲ့ပါတယ်။ ပဉ္စမ မြန်မာနိုင်ငံတော် အယူအဆကို နည်းနည်းလောက်ရှင်းပြဖို့ လိုမယ်ထင်တယ်။
ပါမောက္ခလုစ်က (၁၁)ရာစုမှာ အနော်ရထာစည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ပထမမြန်မာနိုင်ငံ၊ (၁၅)ရာစုမှာ ဘုရင့်နောင် စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ဒုတိယမြန်မာနိုင်ငံ၊ (၁၈)ရာစုမှာ အလောင်းဘုရားစည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို တတိယမြန်မာနိုင်ငံ၊ (၂၀)ရာစုမှာ ဗိုလ်ချုပ်အောင် ဆန်းစည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံလို့ ရေးသားလဲ့တာတွေ ရှိတယ်။ ပါမောက္ခ လုစ်ရဲ့ အယူအဆကို အခြေခံစဉ်းစားရင်း ပဉ္စမမြန်မာနိုင်ငံတော် အယူအဆ ပေါ်ပေါက်လာတာ ဖြစ် တယ်။ မြန်မာ (ဗမာ)အချင်းချင်းမှာတောင် ပဉ္စမမြန်မာနိုင်ငံတော် အယူအဆဟာ အငြင်းပွားမှုတွေ နဲ့ ပြည့်နှက်နေတာ တွေ့ရပါတယ်။ ဦးနေ၀င်းကို ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ထောင်ရေးကြိုးပမ်းခဲ့သူ တစ်ဦးအဖြစ် သတ်မှတ်နိုင်သလို ဗိုလ်သန်းရွှေဟာလည်း ပဉ္စမ မြန်မာနိုင်ငံတော်ကို ဆက်လက် ဦးဆောင်စေသူအဖြစ် သတ်မှတ်နိုင်ပါတယ်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပဉ္စမမြန်မာနိုင် ငံတော် ထူထောင်မယ့်သူလို့ ပြောလိုကြပါတယ်။ ပါမောက္ခလုစ်ရဲ့ အယူအဆအပေါ်မှာ သက်ဝင်ယုံကြည် သူတွေအနေနဲ့တောင် ပဉ္စမမြန်မာနိုင်ငံတော်ထူထောင်သူမှာ အငြင်းပွားစရာဖြစ်နေတာ တွေ့ရပါတယ်။ ဒီအယူအဆအတိုင်းဆိုလျှင် ဦးနေ၀င်းဟာ ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ထောင်သူအဖြစ် သတ်မှတ်ပြီး ဗိုလ်သန်းရွှေကတော့ ဆက်လက်ဦးဆောင်စေသူအဖြစ် သတ်မှတ်ရမှာဖြစ်တယ်။
ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့ (၁) - ခိုင်လင်း(မေဃ၀တီ)
ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံမျိုး နောက်တစ်ကြိမ်ကျင်းပဖို့ လိုအပ်တာကြောင့် ဒုတိယပင်လုံလို့ပဲ ညွန်းဆိုခြင်းဟာ လက်လွတ်စပယ်ခေါ်ဆိုခြင်းမျိုးတော့ မဖြစ်နိုင်ပါဘူး။ အမှန်တကယ် နှိုက်နှိုက်ချွတ်ချွတ် မညာတမ်းလေ့လာကြည့်ရင် ဒုတိယ ပင်လုံညီလာခံကို ဦးအောင်ဆန်းကျဆုံးပြီး နောက်တစ်ရက်မှာ ကျင်းပ ရမှာဖြစ်တယ်။ ဦးအောင်ဆန်းကျဆုံးခြင်းနှင့်အတူ ပင်လုံစာချုပ်ရော ပြည်ထောင်စုစိတ်ဓါတ်ရော ကျဆုံးခဲ့ရ တာဖြစ်တယ်။ ထို့အတူ တိုင်းင်းသားတွေဟာလည်း ပျော့ပျောင်းညင်သာစွာနဲ့ ကိုလိုနီဘ၀ကို ပြန်လည် ဆင်းသက်ခဲ့ရတယ်။
ဒီအခင်းအကျင်းတွေကြောင့်ပဲ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကို မွေးဖွားစေခဲ့တာ ဒီနေ့အချိန်ထိပါပဲ။ လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့ ပြည်တွင်းစစ်ဟာ ဦးအောင်ဆန်းကျဆုံးမှုနဲ့အတူ ပင်လုံစာချုပ်ပါ ကျဆုံး သွားရခြင်းရဲ့ အထင်ရှားဆုံး ပြယုဂ်တစ်ခုပါ။ ဒါကြောင့် ဒုတိယအကြိမ် ပင်လုံညီလာခံကဲ့သို့သော ညီလာခံ မျိုး ကျင်းပရန် လိုအပ်တာကို အခြေခံပြီး ဒုတိယပင်လုံလို့ ညွန်းဆိုခြင်းဟာ လက်လွတ်စပယ် ခေါ်ဆိုခြင်း မျိုးတော့ မဖြစ်နိုင်ဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။
ပြည်ထောင်စု၏ ဗိသုကာ (သို့) လွတ်လပ်ရေးဗိသုကာ
၁၉၃၉၊ စက်တင်ဘာ (၉)ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေး ဗိသုကာ၊ တစ်နည်းအားဖြင့် ပြည်ထောင်စု တည်ဆောက်ရေးကို မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့်နေ့။ ၂၀၁၀ စက်တင်ဘာ (၉)ရက်ဆိုရင် (၇၁)နှစ် ပြည့်ခဲ့ပြီ။ သူ့ခေတ်က တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တွေကို တနင့်တပိုးကြီး ထမ်းဆောင်ခဲ့တဲ့ လှပတဲ့သမိုင်းတွေဟာ ဘယ်လောက်ပဲကြာကြာ ဆွေးမြေ့မသွား၊ ကွယ်ပျောက်မသွားဘဲ ရှင်သန်နေဆဲပဲ ဖြစ်ပါတယ်။
ဆရာတော်ဦးဥတ္တမရဲ့ သမိုင်းတွေကို အင်အားတွေနဲ့ ချေဖျက်ခြင်းကို ခံနေရပေမယ့် သူ့သမိုင်းကတော့ သမိုင်းအဖြစ် ရှိနေဦးမှာပါ။ ပြောရရင် အနှိမ်ခံသမိုင်းအဖြစ်နဲ့။ ဆရာတော်ဦးဥတ္တမနဲ့ ပက်သက်လို့ စာရေး ဆရာ ပါရဂူက ၁၉၉၆ ခုနှစ် စစ်တွေစာပေဟောပြောပွဲတစ်ခုမှာ "လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ဖြစ်ပေမယ့် နောက်ပိုင်းမှာ ထိုက်တန်တဲ့ အသိအမှတ်ပြုမှု မခံရပါဘူး။ မြန်မာနိုင်ငံမှာ လွတ် လပ်ရေး ကြိုးပမ်းမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော်နှစ်ပါးရှိတယ်။ တစ်ပါးက ဦးဝိစာရ၊ အားလုံးသိတဲ့ အတိုင်း ရွှေတိဂုံဘုရားရှေ့မှာ ကြေးရုပ်တု လုပ်ပြီးထားတယ်။ နောက် ဆရာတော်ဦးဥတ္တမ၊ ဆရာတော် ဦးဥတ္တမဟာ ဦးဝိစာရထက် အဆပေါင်းများစွာ ကြိုးပမ်းလှုပ်ရှားခဲ့တယ်။ ဒါပေမယ့် အသိအမှတ် ပြုမခံရ။ (ဖဆပလ) အစိုးရလက်ထက်မှာ ရွှေတိဂုံဘုရားဘေးက ကန်တိုမန်ပန်းခြံကို ဦးဥတ္တမပန်းခြံလုပ်ပြီးတော့ ဦးဥတ္တမကျောက်ရုပ်တုထားဖို့ အစီအစဉ်ရှိတယ်။ ကျောက်ရုပ်တုတောင် ထုလို့ ပြီးနေပြီ။ အဲဒါ ဘယ်လိုဖြစ် သွားလဲ မသိဘူး။ ဖြစ်မလာခဲ့။ ပန်းပုဆရာ ဦးဟန်တင်ခြံကို ရောက်သွားတယ်။ ကျွန်တော် ဦးဟန်တင်အိမ် ကို ရောက်သွားတယ်။ ရောက်သွားတဲ့ကိစ္စက အိန္ဒိယ သာသနာပြုဆရာတော် စန္ဒြမုနိရုပ်တုကိစ္စကြောင့်ပါ။ ဒီညနေက ဘုရားကြီးမှာ ဆရာတော် စန္ဒြမုနိရုပ်တု တွေ့ခဲ့တယ်။ ဆရာတော်ရုပ်တု ဖြစ်မြောက်ရေးကော်မ တီမှာ ကျွန်တော်ပါတယ်။ ယင်းရုပ်တုကို အိန္ဒိယ ပို့ဖို့။ ဒါပေမယ့် ပို့လို့မရတာကြောင့် ဒီမှာထားတယ်" လို့ ပြောခဲ့ဖူးတယ်။ နိုင်ငံတော် အနေနဲ့ ထိုက်တန်စွာ ဘာကြောင့် အသိအမှတ် မပြုသလဲ။ ကျွန်တော် လေ့ လာဖူးသလောက်ပြောရရင် ရခိုင်တွေကတော့ ဆရာတော်ဦးဥတ္တမဟာ ရခိုင်ဖြစ်လို့ဆိုပြီး ခံယူကြတယ်။
ရမ္မာကျွန်းက ဆွီမျိုးတော်စပ်ပုံ - ရက္ခိတသျှစ်မောင် (ပညာရေး)
ဂနိ ကမ္ဘာပေါ်ဟိ ဘာသာစကားပေါင်း ၆၉၀၀ အနက် ၂၅၀၀ ခန့်ရေ တိမ်ကော ပျောက်ကွယ်လားဖို့ အခြီ အနီရောက်နီဗျာယ်လို့ UNESCO ထုတ်ပြန်ချက်မှာ ဖော်ပြထားပါရေ။ ဧပိုင် ပျောက်ကွယ်လားဖို့ အကြောင်း တရားနှစ်ရပ်မှာ လူရို့စွာ မြို့ပြနန့် တခြားတစ်နယ်တစ်ကျေးသို့ ပြောင်းရွှိ့မှုများလာခြင်းနန့် ကမ္ဘာ့စကား ကြီးတိ လွှမ်းမိုးဝါးမြိုခြင်းကြောင့် ဖြစ်ပါရေ။ စားဝတ်နီရီး အကြောင်းကြောင်းကြောင့် အခြားနီရာသို့ ပြောင်း လားပြီးကေ ယင်းဒေသ အများသုံးစကားကို သုံးလာရာက မိခင်စကား ပျောက်ကွယ်လားကတ်ရရေ။ ယပြီးကေ အင်အားကြီးရေ ဘာသာစကားတိကို အသုံးများလာရာက လက်အောက်ခံ ဘာသာစကားချေတိ အသုံးနည်းလာရပြီး မှေးမှိန် ပျောက်ကွယ်ကတ်ရရေ။ အေနီရာမှာ သက်သီပြစရာ အနီးစပ်ဆုံးက အယင်ခါ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပီတိနန့် ခမ်းနားခကေလေး အဂုခါ ပြောစရာမကျန်ရေ "ပျူလူမျိုး"တိ ကို ပြရပါလိမ့်မေ။
ဘာသာစကားဆိုစွာမာ အပြောဘာသာစကားနန့် အရီးဘာသာစကားဆိုပနာ နှစ်မျိုးဟိပါရေ။ ယေဒါလေး ကမ္ဘာမာ အဂုထိ အရီးဘာသာစကား မဟိသိရေ လူမျိုးတိ ဟိစွာကို ကြည့်ကေ အပြောဘာသာစကားဧ့ အဓိကကျခြင်းကို သိနိုင်ပါရေ။ ကိုယ့်လူမျိုးရို့ ကိုယ်ပိုင်စာပီ၊ ယဉ်ကျေျးွှု၊ ထုံးတမ်းဓလိတိကို လက်ဆင့်ကမ်း ထိန်းသိမ်းလာကတ်လို့ရာ အဂုချိန်ထိ "ရခိုင်"လို့ မားမားမတ်မတ် ရပ်တည်နိုင်ခြင်း ဖြစ်ပါရေ။ "အမျိုး သီလ၊ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်၊ ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္ထသညာ၊ ခေါ်အပ်ရာ ၏"လို့ ဗုဒ္ဓ၀င်လင်္ကာမှာ ဖော်ပြထားပါရေ။
ရခိုင်အရေး ဆွေးနွေးအဖြေရှာ - ကျော်ဝင်း
ယခုရက်ပိုင်း စာရေးသူ စာမရေးဖြစ်ပါ။ စာပင် ဟုတ်ဟုတ်ငြားငြား မဖတ်ဖြစ်ပါ။ သို့သော် တန်ပါသည်။ မိတ်ဆွေများ၏ ကျေးဇူးကြောင့် ရခိုင်အရေး ဆွေးနွေးအဖြေရှာကြသော အလုပ်ရုံဆွေးနွေးပွဲနှစ်ခုကို ဆက် တိုက်ဆိုသလို တက်ခွင့်ရသောကြောင့် ဖြစ်ပါသည်။ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကျင်းပ ခဲ့သော ဆွေးနွေးပွဲများဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲနှစ်ခုတွင် စာရေးသူ တင်ပြခွင့်ရခဲ့သော ထင်မြင်ချက် များကို စုစည်းပြီး ယခုစာစုကို ရေးသားဖော်ပြလိုက်ပါသည်။
ကျောက်ဖြူမှသည် အိမ်ဖြူတော်ဆီသို့ - မောင်ခိုင်အောင် (စစ်တွေ)
ရခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူမြို့တွင် ဧပြီ ၂၇ မှ မေ ၁ ရက်နေ့အထိ ကျင်းပခဲ့သည်။ ညီလာ ခံ ဖြစ်မြောက်ရေးအတွက် (၂)နှစ်ကြာ ကြိုးပမ်းခဲ့ရပြီး ရခိုင်နိုင်ငံရေး အင်အားစုပေါင်းစုံနှင့် ရခိုင်ပြည်သူတို့ ၏ အမျိုးသားတွေ့ဆုံပွဲကြီး ဖြစ်လာခဲ့သည်။ မြန်မာပြည်အနှံ့မှ ရခိုင်လက်နက်ကိုင် အင်အားစုများ နိုင်ငံတ ကာရောက် ရခိုင်သမိုင်းပညာရှင်များ လာရောက်နိုင်ခဲ့သည်။
ကုန်လွန်ခဲ့သည့် နှစ်များအတွင်း ဘာသာရေးဆန်သည့် ပဋိပက္ခများ ဖြစ်ပွားခဲ့မှု၊ ညီလာခံမကျင်းပမီ တစ်လ အလိုတွင် စစ်တွေမြို့၌ NGO, INGO များအပေါ် ဆန့်ကျင်တိုက်ခိုက်မှုတို့ကြောင့် ညီလာခံအပေါ် စိုး ရိမ်ကြောင့် ကြမှုများသည် ပြည်တွင်း တာဝန်ရှိသူများနှင့် နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းများထဲ တွင် ဖြစ်ပေါ်နေ ခဲ့သည်။ ဆွေးနွေးပွဲအစီအစဉ်နှင့် အကြောင်းအရာများသည် စိတ်ဝင်စားစရာ ဖြစ်နေသည်။
ရခိုင်ပြည်နယ်၌ ရခိုင်စာသင်ကြားခြင်း - ဒေါ်စောသိန်းတန်
ရခိုင်လူမျိုးတို့သည် AD 6 ရာစု ဝေသာလီခေတ်ကပင် စာအရေးအသား တတ်မြောက်ခဲ့ကြသည်။ ယင်း ခေတ်က ကျောက်စာများကို ဗြဟ္မဟီပွားအက္ခရာဖြင့် ရေးထိုးခဲ့ကြသည်။ ယင်းခေတ်က သက္ကဋနှင့် သက္ကဋရော ပါဠိဘာသာစကားကို သုံးစွဲခဲ့သည်။ ဝေသာလီခေတ်သုံး အက္ခရာမှတဆင့် အဆင့်ဆင့် အရေး အသား ပြောင်းလာကာ လေးမြို့ခေတ်တွင် လက်ရှိ ရခိုင်အက္ခရာမျိုး ဖြစ်လာခဲ့သည်။ လေးမြို့ခေတ် (၉၅၇- ၁၄၃၀)တွင် သုံးစွဲသော ဘာသာစကားမှာ ယနေ့ပြောဆိုသုံးစွဲသော ရခိုင်ဘာသာစကား ဖြစ်သည်။ ရခိုင် သမိုင်းတလျှောက် ကဗျာ၊ လင်္ကာ၊ စကားပြေအမျိုးမျိုးဖြင့် စာပေရေးသားခဲ့ကြသည်။
သူခိုးကလူ လူဟစ်ပါလျက်နဲ့ - ဂေါယာမြေစောဝင်း
ကျွန်တော်သည် ဤစာကို ရေးသားရခြင်းမှာ ခါတော်မီ ငါးပွက်ရာ ငါးစာချခြင်းလည်း မဟုတ်ကြောင်းနှင့် ဗဟုသုတအလို့ငှာ ရေးသားရခြင်းသာ ဖြစ်ကြောင်း စာဖတ်သူများ ဦးစွာသိရှိထားဖို့ လိုပါသည်။
ယင်းကြောင့် ရေးသားသည့် ပုံသဏ္ဍာန်ကိုလည်း စာပေးဆောင်းပါးတစ်ပုဒ် ရေးသားခြင်း၏ ပုံစံလည်းမ ဟုတ်၊ သုတေသနစာတမ်း ရေးသားသည့် ပုံစံလည်းမဟုတ်ဘဲ မှတ်စုသဘောမျိုးရေးသားသည့် ပုံသ ဏ္ဍာန်ဖြင့် ရေးသားခြင်းဖြစ်ပါသည်။
ရခိုင်လူမျိုးနှင့် အမျိုးဘာသာ သာသနာ - ရက္ခ
အမျိုးသီလ၊ နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်
ရက္ခိုင်နာမ၊ ဘွဲ့မည်လှဖြင့်
အနွတ္တသညာ၊ ခေါ်အပ်ရာတည်း
(အသျှင်နဂိန္ဒ မော်ကွန်း၊ ဦးရွှေဇံ(ကျမ်းကိုး)
ရခိုင်လူမျိုးတို့သည် အမျိုးသီလ နှစ်ဌာနကို ရာဇ၀င်တင့်အောင်၊ သမိုင်းလှပအောင် ခေတ်အဆက်ဆက်တို့၌ မျိုးရိုးစဉ်ဆက်မပြတ် လက်ဆင့်ကမ်းထမ်းရွက်လာခဲ့ကြသော လူမျိုးဖြစ်သည်။ ရခိုင်လူမျိုးတို့၏ အမျိုးဂုဏ်၊ သီလသမာဓိဂုဏ်နှင့် ထေရ၀ါဒ ဗုဒ္ဓသာသနာအပေါ် သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့ကြမှုများသည် ရခိုင် သမိုင်း ခေတ်အဆက်ဆက်တွင် စီးနေသော မြစ်ချောင်းရေတို့ပမာ အလျင်မပြတ်ရှိခဲ့သည်။ လှပသော၊ ဂုဏ်တင့်သော သမိုင်းတစ်ခုကို ဖြစ်စေခဲ့သည်။
လူမျိုးနဲ့စာပေ ပျောက်ဆုံးခြင်းနိဒါန်း - ခိုင်လင်း(မေဃ၀တီ)
ကိုယ့်အမျိုးသား ယဉ်ကျေးမှုတွေနေရာမှာ အခြား ယဉ်ကျေးမှုတွေက လွှမ်းမိုးအားကြီးမားလာတာနဲ့အမျှ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ တစတစ ပျောက်ဆုံးသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် မိမိရဲ့အမျိုးသား ယဉ်ကျေးမှုတွေကို အမျိုးသားရေးအသိစိတ်ဓါတ်နဲ့ ထိန်းသိမ်းကာကွယ်တတ်ကြပါတယ်။
သမိုင်းထဲက အက္ခရာများ - ရက္ခ
ရခိုင်သမိုင်းကို လေ့လာသောအခါ အားရစရာကောင်းသည်မှာ ရခိုင်လူမျိုးတို့၏ ခေတ်ဦးစာပေယဉ်ကျေးမှု ထွန်းကားခဲ့သည်ကို မြင်တွေ့ရခြင်းပင်ဖြစ်သည်။ ရခိုင်နယ်မြေအနှံအပြားတွင် မြေကြီးသက်သေ သမိုင်း ကြွင်းအဆောက်အအုံများ ဘာသာရေးဗိသုကာလက်ရာများဖြစ်သော ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း များ စသည်တို့ အများအပြားတည်ရှိနေကြရာ ၎င်းတို့ကို သေချာသော ခေတ်ကာလ ပြုလုပ်သူအမည်နာမ တို့နှင့်တကွ အက္ခရာစာတင် မှတ်ထားခဲ့ကြသည်ကို တွေ့ရသည်။
မြန်မာ့ဒင်္ဂါးသမိုင်း - သန်းဝင်းလှိုင်
မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်မှစ၍ ဒင်္ဂါးများကို အသုံးပြုကြသည် ဆိုသည်။ မြန်မာ တို့သည် ဒင်္ဂါးဟူသော ဝေါဟာရကို ပါဠိစကားလုံး “ဋင်္က" မှ ထုတ်ယူသုံးစွဲသည်ဟု အဆိုရှိသည်။ “ဘုရင့် တံဆိပ် လက်ရာရှိသောငွေကြေး”ဟု အဓိပ္ပာယ်ရသည်။ အချို့ကလည်း မြန်မာအခေါ် ဒင်္ဂါးသည် သက္ကတ ဘာသာ “တင်္က” ဟူသော စကားလုံးမှ ရွေ့လျောလာသည်ဟု ဆိုသည်။
ဦးဥတ္တမ အတွင်းရေး
        ဦးဥတ္တမလို ပုဂ္ဂိုလ်ကား ဖြစ်ရလိုပါ၏။
သို့သော် ဦးဥတ္တမလို ခေါင်းဆောင်ကား
ဘ၀အဆက်ဆက် မဖြစ်ရပါလို။
သင်္ခါရ စက်ကွင်းသို့ ချဉ်းနင်း ၀င်ရောက်ပြီးဖြစ်တော်မူသော ကျေးဇူးရှင် ဦးဥတ္တမ အရှင်မြတ်၏ အကြောင်းကို ကုလား အင်္ဂလိပ် သတင်းစာဆရာတို့မှတစ်ပါး အခြားမည်သည့် မြန်မာသတင်းစာတို့ကမှ ကျွန်ုပ်အား ရေးသားရန် တိုက်တွန်းခြင်း မရှိပါ။ သို့သော် လွန်ခဲ့သော နှစ်ပေါင်း အတော်ကြာကပင် ရင်းနှီးဆည်းကပ်ဖူးသဖြင့် ကြည်ညိုလေးမြတ်သော စေတနာ သဒ္ဓါဓါတ်က နှိုးဆော်လတ်သောကြောင့် အနည်းငယ် ရေးသားရခြင်းမျှ ဖြစ်ပါသည်။
အထက်ဖော်ပြပါ ဆရာတော်ဘုရား၏ ထေရုပ္ပတ္တိကို အခြား အခြားသော ပုဂ္ဂိုလ်တို့က အထိုက် အလျောက် ရေးသားကြပြီးဖြစ်၍ အထူးဖော်ပြရန် မလိုသော်လည်း ဆရာတော် ဘုရား၏ စိတ်နေ သဘောထား လိုရင်းဖြစ်သော အကြောင်းအချက်ကလေးများကိုကား အနည်းငယ် ရေးသားလိုပါသည်။
ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီး - ကျော်မြင့်လွင်
ဤဆောင်းပါးပါအတိုင်းဆိုလျှင် ဓါတ်ပုံတွင်ပါရှိသည့် နေ့စွဲမှာ မှားနေမည်ဖြစ်ပါသည်။ (၂၀၊ ၃၊ ၁၉၄၀)
   ခေါင်ဇာနည်ဝင် ပြောင်မာတင်တည့်
    မြရှင်သကျ၊ သမ္ဗုဒ္ဓ၏
    ပုတ္တရင်းစစ်၊ ဖြစ်ကြီးဖြစ်၍
    မဟစ္ဆရိ၊ အံ့လောက်ဘိသား
    တြိသာသနာ၊ စက်ရောင်ဝါနှင့်
    မြန်မာမျိုးညွန့်၊ ညှိုးမတွန့်အောင်
    သက်စွန့်လျက်ပင်၊ ရှေ့လမ်းထွင်သား
    အရှင်ဥတ္တမ၊ ထေရိန္ဒလျှင်
    စိတ်စေတနာ၊ စူးစိုက်စွာလျှင်
    မဟာဝရဇိန်၊ မိုးကြိုးရှိန်သို့
    ပစ်ချိန်ကျင်းကျင်း၊ ရန်မာန်ခွင်းသည်
    ဘက်ကင်းတေဇာရှိန်ဘုရား။
လယ်တီပဏ္ဍိတ ဦးမောင်ကြီး