ရခိုင်လူမျိုးနှင့် အမျိုးဘာသာ သာသနာ - ရက္ခ

အမျိုးသီလ၊ နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်
ရက္ခိုင်နာမ၊ ဘွဲ့မည်လှဖြင့်
အနွတ္တသညာ၊ ခေါ်အပ်ရာတည်း
(အသျှင်နဂိန္ဒ မော်ကွန်း၊ ဦးရွှေဇံ(ကျမ်းကိုး)

ရခိုင်လူမျိုးတို့သည် အမျိုးသီလ နှစ်ဌာနကို ရာဇ၀င်တင့်အောင်၊ သမိုင်းလှပအောင် ခေတ်အဆက်ဆက်တို့၌ မျိုးရိုးစဉ်ဆက်မပြတ် လက်ဆင့်ကမ်းထမ်းရွက်လာခဲ့ကြသော လူမျိုးဖြစ်သည်။ ရခိုင်လူမျိုးတို့၏ အမျိုးဂုဏ်၊ သီလသမာဓိဂုဏ်နှင့် ထေရ၀ါဒ ဗုဒ္ဓသာသနာအပေါ် သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့ကြမှုများသည် ရခိုင် သမိုင်း ခေတ်အဆက်ဆက်တွင် စီးနေသော မြစ်ချောင်းရေတို့ပမာ အလျင်မပြတ်ရှိခဲ့သည်။ လှပသော၊ ဂုဏ်တင့်သော သမိုင်းတစ်ခုကို ဖြစ်စေခဲ့သည်။
ရခိုင်လူမျိုးတို့သည် ရာဇ၀င်ကျမ်းဂန်၊ ကျောက်စာပေစာများ၊ သမိုင်းကြွင်းများထက်၌သာ ရာဇ၀င် တင့်လောက်သော အမျိုးသီလနှစ်ဌာနကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ကြသည် မဟုတ်၊ ခရီးဆက်လာခဲ့ကြ ရာ သမိုင်းကြောင်းတစ်လျှောက်မှ အစ ယခုမျက်မှောက်ခေတ်တိုင်အောင် ကိုးကွယ်ရာဘာသာ အယူ ရောနှောခြင်း၊ လူမျိုးရောနှောခြင်း ဘေးများမှ ကိုယ်ပိုင်အသိတရား စောင့်ထိန်းခြင်းဝတ္တရားတို့ဖြင့် ရိုးရာဓမ္မတာအဖြစ် ထိန်းသိမ်းကာကွယ်နေထိုင်လာခဲ့ကြသည်ကို ထင်ရှားစွာတွေ့နိုင်သည်။ ခေတ်အဆက် ဆက်တို့တွင် သကျသာကီဝင် မင်းမျိုးမင်းနွယ် (မင်းဆက်ပေါင်း) ၂၄၅-ဆက်၊ နှစ်ပေါင်း ၅၀၀၀ ကျော် (၅၀၇၂-နှစ်)ထိ မျိုးမခြား၊ စဉ်ဆက်မပြတ်ဘဲ ခရီးဆက်လာခဲ့ကြသည်။ အဆိုပါ မင်းဆက်ပေါင်းနှင့် သက္ကရာဇ်တို့ကို သမိုင်းသုတေသီတို့၏ တွေ့ရှိချက်အရ ထင်ရှားသော ဓည၀တီခေတ် မာရယုမင်း (ဘီစီ-၃၂၈၇)မှ မြောက်ဦးခေတ်၏ နောက်ဆုံးမင်း သမ္မတရာဇာခေါ် လက်ဝဲမြန်သတိုးအောင် (အေဒီ-၁၇၈၅)ထိကို ဆိုလိုခြင်းဖြစ်သည်။

ရာဇ၀င်ထက်၌မူ လူ့သက်တမ်း အနှစ် နှစ်သောင်းတန်းကာလ၊ မဇ္ဈိမဒေသမြောက်ပိုင်း ကံသမင်း တို့အနွယ်ဝင် ၀ါသုဒေ၀ညီနောင်မင်းတို့မှ အစ သမ္မတမင်းအဆုံး မင်းတို့၏ မြို့ပြယဉ်ကျေးမှုတို့ဖြင့် အစ ချီမွေးဖွားကာ အဆင့်ဆင့် တိုးတက်လာခဲ့ကြသော လူမျိုးကြီးတစ်မျိုးဖြစ်သည်။ ၀ါသုဒေ၀ညီနောင်တို့၏ အဦးဆုံး ဒွါရာဝတီ(သံတွဲ)၊ ရမ်းမြို့(ရမ်းဗြဲ)နှင့် ခေတ်ဦး ဝေသာလီခေတ်များမှ စတင်လာခဲ့ကြသည်။ ၎င်းတို့ အလွန်တွင် သကျသာကီမျိုးရိုး မဟာနွယ် သကျသာကီဝံသ၊ မဟာဝံသ၊ ခတ္တိယမျိုးနွယ်ဖြစ်သော အဇ္ဇုန ရှင်ရသေ့နှင့် စန္ဒသိဒ္ဓိဘုရင် သမီးတော် ဣန္ဒမာရယုမှ ဖွားမြင်သော မာရယုမင်းသည် ဓည၀တီကို ထူထောင်ခဲ့ကာ သမိုင်းကို လှပထင်ရှားစေခဲ့သည်။

ထင်ရှားသော သမိုင်းအထောက်အထားများအရ သကျသာကီမျိုးရိုး (အာရီယို ဒြာဗီဒီယန်)လူမျိုးမှ တစ်ဆင့် ဆင်းသက်လာကာ ရက္ခပူရတိုင်း ဓည၀တီပြည်ကို ထူထောင်နိဒါန်းပျိုးလာခဲ့ကြသည်။ မာဂဓစကားဖြစ်သော ရက္ခသျှ၊ အာရက္ခတို့မှ ဆင်းသက်လာကာ ရက္ခ၊ ရက္ခိုက်၊ ရက္ခိုင်၊ ရခိုင်စသော မူရင်းအဓိပ္ပါယ် မပျောက် အမည်နာမ ထင်ရှားစွာ ရပ်တည်လာခဲ့ကြသည်။

'ဓည၀တီကို ထူထောင်စိုးစံကြွလတ္တံ့သော မင်းတို့သည် အသမ္ဘိန္ဒမင်းမျိုးရိုး မျိုးစဉ်မခြာ်း ထီးနန်းပွားသော မင်းတို့ချည်း ဖြစ်လတ္တံ့သော် လည်းကောင်း၊ သာကီနွယ်မင်းတို့၏ အနွယ်ဝင် ကပိလအဇ္ဇုရှင်ရသေ့၏ အဆက်ဖြစ်သောကြောင့် လည်းကောင်း ဓည၀တီပြည်ကို အလွန်ထင်ရှား မြင့်မြတ်သောပြည်ဟု ခေါ်ဆို အပ်ပေသည်'ဟု ဗုဒ္ဓဘုရားရှင် ကိုယ်တော်သည် သေလာဂီရိ (ကျောက်တော်တောင်)ပေါ်မှာ ဗျာဒိတ်ပေး စဉ် ပြောကြားတော်မူခဲ့ရာပြည်မှာ ရခိုင်လူမျိုးတို့၏ ဓည၀တီရခိုင်ပြည်ကြီးသာ ဖြစ်သည်။ တတိယ ဓည၀တီခေတ်ကို စိုးစံတော်မူသော သူရိယမင်းဆက် ဘုရင်ကြီးစန္ဒသူရိယ လက်ထက်တော်တွင် ဗုဒ္ဓ ဘုရားရှင်သည် ရခိုင်ပြည် ဓည၀တီသို့ ကြွရောက်ကာ မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ပူဇော်စေ ခဲ့ကြောင်း မှတ်တမ်းများအရ တွေ့ရသည်။ ထိုအချိန်မှ အစပြုကာ ရခိုင်မင်းစဉ်ဆက်နှင့်တကွ ပြည် သူပြည်သားများမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာကို အသက်တမျှ တန်ဖိုးထား ကိုးကွယ်လာခဲ့ကြသော လူမျိုးဖြစ် သည်။

ရခိုင်လူမျိုးတို့၏ အမည်နာမ ဆင်းသက်လာပုံကို သမိုင်းသုတေသီများက အလွန်ရှေးကျခဲ့ဟန်ရှိသည် ဟု ထောက်ထားခန့်မှန်းကြသည်။ လေ့လာတွေ့ရှိထားသော သမိုင်းမှတ်တမ်းများအရလည်း ဓည၀တီခေတ် ဘီစီ-၃၂၈၇ မှ အစ ခေတ်လေးခေတ်ကို ဖြတ်သန်းလာခဲ့ကြသည်။ ရခိုင်လူမျိုးတို့သည် အမည်နာမ ထင် ရှားသောအတိုင်း အမျိုးသီလ ဘာသာ၊ သာသနာကို စဉ်ဆက်မပြတ် ကာကွယ်ထန်းသိမ်း စောင့်ရှောက် လာခဲ့ကြသော လူမျိုးဖြစ်ကြောင်းကို ကျမ်းဂန်စာပေ၊ ရာဇ၀င်သမိုင်း၊ ရိုးရာဓလေ့စရိုက်၊ ယဉ်ကျေးမှုတို့က တစ်သွေမတိမ်း ထောက်ခံလျက်ရှိသည်။ ကိုးကွယ်ခဲ့ကြရာ ဗုဒ္ဓအယူဝါဒမှ သွေဖည်ခြင်း လုံးဝမရှိခဲ့။

ယခုအခါ ရခိုင်လူမျိုးများသည် သမိုင်းမရှိသော လုပ်ဇာတ်ထွင် သမိုင်းလိမ်တချို့၏ နိုင်ငံရေးအမြတ် ထုတ်လိုမှုတို့နှင့် ရင်ဆိုင်နေရသော ကာလဖြစ်နေပေရာ ရခိုင်သမိုင်း၊ ရခိုင်မင်းဆက်များ၊ ရခိုင်ပြည် သူများနှင့်တကွ ကိုးကွယ်လာခဲ့ကြရာ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ အရုပ်ဆိုးအကျဉ်းတန်ရမလိုပင် ဖြစ်နေ ရသည်။ ရခိုင်ပြည်၏ သမိုင်းကြွင်းမြေကြီးသက်သေများကို ကြည့်ပါက ရခိုင်လူမျိုးတို့၏ ကိုးကွယ်ရာ ဘာသာ၊ ဆင်းသက်လာရာ မျိုးရိုးစဉ်တို့ကို လူပြိန်းတွေးပင် သိနိုင်ပါသော်လည်း ရခိုင်သမိုင်းကို ဖျက်လို ဖျက်ဆီး လုပ်လိုသူ ဘာသာခြားများ၏ နိုင်ငံတကာ ဟစ်တိုင်တက်အော်နေကြခြင်းများက ရခိုင်လူမျိုးများ အတွက် ကြားလာသမျှ စိုးရိမ်စရာတစ်ခုလို ဖြစ်နေရပေသည်။

စင်စစ်ရခိုင်လူမျိုးတို့သည် ဘာသာခြားကို ထိမ်းမြားလက်ထပ်ကာ ဘာသာကူးပြောင်းခြင်း၊ ဘာ သာခြားနှင့် ဒွေးရောစပ်ယှက်နေထိုင်ခြင်း စသော အမူအကျင့်များ ရခိုင်လူမျိုးတို့တွင် မရှိသလောက် ရှားပါးသည်။ ရှေးဘုရင်များ လက်ထက်တော်တွင်လည်း မင်းစဉ်မင်းဆက် ပျက်သုဉ်းကာ မျိုးခြားများမှ ရခိုင်ပြည်ကြီးကို အုပ်စိုးခြယ်လှယ်ခဲ့ခြင်းများလည်း အလျဉ်းမရှိခဲ့။ ပထမ ဓည၀တီခေတ် မာရယုမင်းဆက်မှ စကာ ရခိုင်မင်းစဉ်တို့၌ မည်သည့် လူမျိုးခြား၊ ဘာသာခြားများမှ ကြားညှပ်ခြင်းမရှိ။ အမတ်ကြီး မဟာ ပညာကျော်၏ မြောက်ဦးခေတ် ဘုရင်မင်းဖလောင်း အမေးကို လျှောက်ထားရာတွင် ရခိုင်သကျသာကီဝင် မင်းစဉ်ဆက် မပြတ်တောက်ခဲ့ကြောင်းနှင့် ပထမဓည၀တီခေတ်တွင် အမတ်ကြီးများ၏ ပုန်ကန်ခြားနားခြင်း (၃)ကြိမ်း ကြုံခဲ့ရရာ မဟာနွယ် ရခိုင်မင်းမျိုးရိုးတို့မှ ပြန်လည် သိမ်းပိုက်နိုင်ခြင်းကြောင့် မျိုးဆက် မပျက်ခဲ့ကြောင်း လျှောက်ထားခဲ့သည်ကို တွေ့ရသည်။ ရခိုင့်ကျမ်းဂန် ရာဇ၀င်လာ စာပေထက်တို့၌လည်း ရခိုင်မဟာနွယ်ဝင် မင်းစဉ်မင်းဆက်တို့ကို ဖော်ပြပါရှိကြရာ မျိုးရိုးဂုဏ်တင့်တယ်ခဲ့မှုကို ထင်ရှားစွာတွေ့နိုင် သည်။

ဘုရင်ကြီး မင်းစောမွန်အလွန် မြောက်ဦးခေတ် ဘုရင်တချို့တို့၏ စီးပွားရေး၊ အုပ်ချုပ်ရေးတို့ကို ပါဝါဖြန့် ကျက်မှုအရ အသုံးပြုခဲ့ရသော ကုလားအမည်ခံယူခဲ့ကြခြင်းကို ယခုအခါ အကြံသမားများ၏ အခွင့်ကောင်း ယူလိုမှု ၀ါဒဖြန့်စရာများ ဖြစ်နေခဲ့ရသည်။ မပြတ်ကြားနေရပေရာ စိတ်မချမ်းသာဖွယ်အတိ ရှိလှ၏။ ၎င်းတို့ပြောသော ရခိုင်ဘုရင် မဟာနွယ်မျိုးရိုးများသည် ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကြီးကြီးမားမား ကျယ်ပြန့်အောင် စွမ်းဆောင်လာခဲ့ကြသော၊ အမျိုးသီလ ဇာတိဂုဏ်ကို စောင့်ရှောက် ထိန်းသိမ်း လာခဲ့ကြသော မင်းများဖြစ်ကြောင်းကို သမိုင်းသက်သေ၊ မြေကြီးအထောက်အထားများကို မြင်လျက် ပြောဝံ့ သူများအား အံ့သြဖွယ်အတိ။

အချုပ်အနေဖြင့်ဆိုရလျှင် ရခိုင်လူမျိုးတို့သည် ရှေးနှစ်ပေါင်းများစွာ အစဉ်အဆက်မပြတ် မျိုးရိုးဂုဏ်၊ ဇာတိ ဂုဏ်ကို နှလုံးမခြား စောင့်ရှောက်ကာ သေသေသပ်သပ် ရပ်တည်လာခဲ့ကြသော လူမျိုးဖြစ်ကြောင်းကို ကမ္ဘာသိ ကျောက်စာများ၊ သမိုင်းကြွင်းများ အထင်ကရ ရှိနေကြာင်းနှင့် ယနေ့အချိန်ထိ ရခိုင်လူမျိုးမှန်လျှင် မည်သည့်အရပ်တွင်မှ အစ္စလာမ်ကိုးကွယ်သူ မရှိကြောင်းကို တင်ပြအပ်ပါသည်။

ကျမ်းကိုး
။        ။ ရခိုင်သမိုင်းအလင်းပြကျမ်း။
                    ဦးဦးသာထွန်း၏ စာတချို့နှင့် ရခိုင်သမိုင်းဆိုင်ရာများ။

မှတ်ချက်
။        ။ မင်းဆက်ဆိုသော အသုံးအနှုန်းမှာ အယောက်ရေကို ဖော်ပြခြင်းမဟုတ်။ မင်းဆက်တစ်ဆက်တွင် မင်းဦးရေသည် ဆယ်နှင့်ချီကာ ရှိနေတတ်သော မင်းဆက်ကို ဆိုလိုခြင်းသာ ဖြစ် ပါသည်။

သာကီသွေးဂျာနယ် အတွဲ(၂)၊ အမှတ်(၁၄)မှ-

No comments:

Post a Comment