ခေတ်ရှိပြီးနီရေ ဆရာမြ၀ါ၏ ၀ိုင်းပယ်နည်း - ရခိုင်သား

    အေးမသမီး တူမသျှေနန့် သူ့အဖော်မသျှေရို့ စစ်တွေမြို့လယ် လမ်းမကြီးအိမ်က စံပြရွာလားဖို့ ဆိုက္ကားငှားကတ်တေ။ ကိုယ့်အိမ်နားခွဆုံးက အားနီရေ အသိဆိုက္ကားသည် အေးထွန်းကို "၂၀၀/ိ-နန့် ပို့ဖို့လား"လို့ ဈီးပြတ်ကတ်တေ။ အေးထွန်းက လားနီကျဈီးအတိုင်း ၃၀၀/ိ-တောင်းရေ။ ဈီးမတည့်ကတ်။ အနားမာထိုင်နီရေ တူမကြီးက "မင်းမာ ထိုင်နီတူတူ လိုက်ပို့ပစ်ခီကေ ၂၀၀/ိ-မရလား"လို့ အေးထွန်းလိုက်ပို့ချင်အောင် ပြောသိယင့်။ အေးထွန်းက လှုပ်ပင်မလှုပ်။ ယင်းပိုင်ဈီးပြတ်နီတွင်းမာ သူရို့ရှိက ကုလားဆိုက္ကားတစ်စီး ဖြတ်လားရေ။ တူမသျှေက လှမ်းခေါ်လိုက်တေ။ ၂၀၀/ိ-နန့် ဈီးပြတ်တေခါ ကုလားဆိုက္ကားသည်က လိုက်ပို့မေလို့ သဘောတူလိုက်တေ။ တူမသျှေရို့ ပြုံ့သိပြုံ့သွင်နန့် လိုက်ပါလားလီကတ်ယင့်။

ရခိုင့်လွတ်လပ်ရေးစာစောင် အတွဲ(၄)၊ အမှတ်(၁၁)

၂၀၁၂ခု၊ မေလတွင်ထုတ်ဝေသော
ရခိုင့်လွတ်လပ်ရေးစာစောင်
အတွဲ(၄)၊အမှတ်(၁၁)
pdf file (894 KB)



ရခိုင်တို့ကတဲ့ ဒုံးယိမ်းပွဲ - သားရွှေဦး(ကစ္ဆပ)

တောရွာသဘာဝအတိုင်း တစ်ရွာတွင်ပွဲရှိလျှင် တစ်ရွာကမနေနိုင်ဆိုသလို တပေါင်းလရောက်လျှင် မြစ်နား ရွာမှာ "ဒုံးပွဲရှိတယ်ဟဲ့"လို့ ကြားလျှင်ပင် ဒုံးပွဲကို ကြည့်ရဖို့ လက်ချိုးရေတွက်ရပြီး ဒုံးပွဲကို ရွာကလူကြီး၊ လူငယ်များပါမကျန် လှည်းများစီတန်းသွားခဲ့ကြသည်။ နေ့ခင်းဘက်တွင် ဒုံးယိမ်းကပွဲကို တစ်ဝကြီးကြည့်၊ ညဘက်ကျလျှင် ဇာတ်ပွဲမိုးအလင်းကြည့်နှင့် ကျေးလက်သဘာဝ တောသူတောင်သားများ ပျော်ကြရသည်။ ဒုံးယိမ်းများမှာ ရွာနှစ်ဆယ်၊ သုံးဆယ်မှ ယိမ်းအဖွဲ့များက အပြိုင်လာကြခြင်းဖြစ်သည်။ ဂိုဏ်းချုပ် ဆရာတော်ကြီး ပွဲဆိုလျှင် ယိမ်းက ပိုများသည်။ နောက်ဆုံးနေ့မှ ယမ်းတုံးများကို ပစ်ဖောက်ကာ ပူဇော်ကြပြီး ရုပ်ကလာပ်ကို မီးရှို့ကြသည်။ ယင်းအချိန်က ရွာတစ်ရွာတွင် ယိမ်းတစ်ယိမ်းတော့ ရှိကြသည်။ ယခုနှစ် မောင်တောမြို့နယ်အတွင်းက ရွာသာယာကျေးရွာဒုံးပွဲကို ရောက်ခဲ့သည်။ ဒုံးပွဲနှင့် ဒုံးယိမ်းမှာ ရခိုင်ပြည်နယ်တစ်ဝန်းတွင် ယခုတိုင် ထိန်းသိမ်းနေသော ရိုးရာအမွေအနှစ်တစ်ခု ဖြစ်နေပါသေးသည်။ ရခိုင်ပြည်နယ်တွင် ဘုန်းကြီးပျံပွဲကို ဒုံပွဲဟု ခေါ်ခြင်းဖြစ်သည်။ ဒုံးပွဲတွင် အဓိကကြည့်ရှုစရာ နှစ်မျိုးရှိသည်။ ယင်းတို့မှာ ဘုန်းတော်ကြီးရုပ်ကလာပ် ယာယီစံကျောင်းဆီသို့ ယမ်းတုံးများဖြင့် ဒုံးတိုက်ခြင်းဖြစ်ပြီး နောက်တစ်ခုမှာ လှပစွာပြင်ဆင်ထားသည့် တလားများကို ဒုံးယိမ်းအဖွဲ့များက တလားများကို ဒုံးယိမ်း အဖွဲ့များက တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြိုင်သီဆို ကပြခြင်းပင်ဖြစ်သည်။

ရိုဟင်ဂျာဆိုသည်မှာ - စံရွှေမောင်

ယခုတလော ပြည်ပသတင်းမီးဒီယာများးက "ရိုဟင်ဂျာ"ဆို သူတို့သတင်းကို တွင်တွင်ကြီး ထုတ်လွှင့် နေကြသည်။ ၎င်းတို့ကို "လှေစီးဒုက္ခသည်" များအဖြစ် ပုံဖော်ခဲ့သည်။ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး တာဝန်ရှိသူများကလည်း ၎င်းတို့အား ဒုက္ခသည်များအဖြစ် သဘောထားပြီး လိုအပ်သလို ကူညီသွားရန် ပြင်ပမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောခဲ့ကြသည်။ နိုင်ငံတကာ လူအခွင့်အရေး အဖွဲ့ကလည်း သက်ဆိုင်ရာ အစိုးရတို့အား ၎င်းလှေစီးဒုက္ခသည်တို့ အပေါ် အကာ အကွယ် ကူညီပေးရန် တောင်းဆိုခဲ့ကြသည်။

ဤနေရာတွင် ထိုသတင်းများကို မဝေဖန်လိုသော်လည်း "ရိုဟင်ဂျာ" ဆိုသူတို့အပေါ် ဒေသခံ ရခိုင် အမျိုးသားတို့၏ အမြင်ကိုတင်ပြလိုပါသည်။

ရခိုင်ရိုးရာ ဒိုးကစပ်ပွဲ

လူမျိုးတိုင်းမှာ ရိုးရာ အားကဇပ်နည်း အမျိုးမျိုးဟိကတ်ပါရေ။ ရခိုင်ဒေသ အားကဇပ်နည်းများမှာ ကျန်းမာ ရေးအတွက် အထောက်အကူဖြစ်တေပိုင် အချင်းချင်း စည်းလုံးညီညွတ်မှုနန့် စည်းကမ်းလိုက်နာမှု အဖွဲ့ လိုက်နန့် တစ်ဦးချင်း ကြိုးစားစိတ်ဟိမှု အလေ့အကျင့်တိကို ရရှိစီပါရေ။ ယင်းအားကစားနည်းများမှာ ဆိုပါကေ ကျင်ပွဲ၊ ရထားပွဲ၊ ရီလှီပြိုင်ပွဲ၊ ကုန်းလှီပြိုင်ပွဲ၊ အောင်လူပြိုင်ပွဲ၊ အဗြီးပြိုင်ပွဲ၊ ဒေါင်းပြောက်ခုန်ပွဲ၊ ကြက်ခွတ်ပြိုင်ပွဲ၊ ဒိုးပြိုင်ပွဲ၊ ခတ်ကျောက်သီးပြိုင်ပွဲ၊ ဂိုင်ထိုးပွဲ၊ ကွမ်းသီးဝှက်ပွဲ၊ ဆိတ်ခိုးပွဲ၊ အပင်တက်ပြိုင်ပွဲ၊ ချေတိုင်တက်ပွဲ၊ ငှက်ပျောပင်တက်ပြိုင်ပွဲ ဆိုပြီးကေ ကစပ်တေနည်း အများကြီးဟိကတ်ပါရေ။

ယင်းအားကစပ်တေပွဲမှာ လူကြီးလူငယ်စုပေါင်းလို့ တစ်မျိုး၊ အပျို လူပျိုး စုပေါင်းလို့တစ်မျိုး၊ အပျိုမချေတိ သက်သက်တစ်မျိုး၊ လူပျိုချေတိ သက်သက်တစ်မျိုးစီ ခွဲခြား ကဇတ်ရရေပွဲတိ ဟိခပါရေ။ ဒိုးပြိုင်ပွဲဆိုပါက အပျိုချေတိ အထူးတလည် နှစ်သက်ရေ ပွဲတစ်မျိုးဖြစ်ပါရေ။ နိခင်းနိလည် အားလပ်ချိန်မှာ တစ်မျိုး၊ လပ, ရေ ညဥ့်အချိန်မှာ တစ်မျိုး၊ အထူးစည်ကားရေ ဒိုးပြိုင်ပွဲကြီး ဟိခကတ်ပါရေ။

ရခိုင်သမိုင်း ယဉ်ကျေးမှု သုတေသနဆိုင်ရာ ဆောင်းပါးပေါင်းချုပ် - ရွှေခိုင်ကျော်(မြောက်ဦး)

ရွှေခိုင်ကျော်(မြောက်ဦး) စုစည်းသည့်
ရခိုင်သမိုင်း ယဉ်ကျေးမှု
သုတေသနဆိုင်ရာ
ဆောင်းပါးပေါင်းချုပ်
pdf file (241 KB)


ရခိုင်နိဒါန်း - မောင်ပြူး(သံတွဲ)

မောင်ပြူး(သံတွဲ) ရေးသားသည့်
ရခိုင်နိဒါန်း
pdf file (522 KB)




ပီပြင်သော ရခိုင်ဘုရင်များ၏ ရာဇ၀င်

ပီပြင်သော ရခိုင်ဘုရင်များ၏
ရာဇ၀င်
pdf file (52 KB)




မြောက်ဦးခေတ်နှောင်း ရခိုင်သမိုင်း (အေဒီ ၁၆၃၈-၁၇၈၄) - ကျော်ဝင်းဦး

မြောက်ဦးခေတ်နှောင်း ရခိုင်သမိုင်း
(အေဒီ ၁၆၃၈-၁၇၈၄)
ပြုစုသူ - ကျော်ဝင်းဦး
pdf file (202 KB)



နတ်သမီးသိုက် ရခိုင်ရာဇ၀င်

နတ်သမီးသိုက်
ရခိုင်ရာဇ၀င်
pdf file (197 KB)