ရခိုင်သင်ပုန်းကြီးဖတ်စာ


ရခိုင်သင်ပုန်းကြီးဖတ်စာ
pdf file (11.79 MB)

ရွက်နုပြန်ချိန် ကဗျာသီးသန့်စုစည်းမှု

ရွက်နုပြန်ချိန်
ရခိုင်ကဗျာသီးသန့် စုစည်းမှု
pdf file (199 Kb)

ရခိုင်ဘာသာစကားလမ်းညွှန်-အရှင်စက္ကိန္ဒ

ရခိုင်ဘာသာစကားလမ်းညွှန်
အရှင်စက္ကိန္ဒ
pdf file (855 Kb)

အမင်-မောင်ခိုင်အောင်

အမင်
မောင်ခိုင်အောင်
pdf file (0.21 MB)

တိုးတက်ရေးသတင်းလွှာ အတွဲ(၁)၊အမှတ်(၁၁)

တိုးတက်ရေးသတင်းလွှာ
အတွဲ(၁)၊အမှတ်(၁၁)။
pdf file (2.96 MB)

တိုးတက်ရေးသတင်းလွှာ အတွဲ(၁)၊အမှတ်(၁၀)

တိုးတက်ရေးသတင်းလွှာ
အတွဲ(၁)၊အမှတ်(၁၀)။
pdf file (3.21 MB)

တိုးတက်ရေးသတင်းလွှာ အတွဲ(၁)၊အမှတ်(၇)

တိုးတက်ရေးသတင်းလွှာ
အမှတ်(၁)၊အတွဲ(၇)။
pdf file (2.02 MB)

တိုးတက်ရေးသတင်းလွှာ အတွဲ(၁)၊အမှတ်(၆)

တိုးတက်ရေးသတင်းလွှာ
အတွဲ(၁)၊အမှတ်(၆)။
pdf file (1.80 MB)

စစ်တွေလမ်း

စစ်တွေလမ်းတိကို နွီဦးရောက်လာစွာက
မိသားစုပြိုကွဲ မြစ်ဘေးမှာ ဘ၀ပျက်လွမ်းနိန်ပုံမျိုး
ပျိုဖို့ပျင်နီရေ ဒုံနာလမ်းထက်တို့
ဥသြက ရွက်သီတိကို နှင်ချလိုက်တေ ။

စစ်တွေလမ်းတိကို မိုးရောက်လာစွာက
အရက်ယစ်ယစ်နန့် သမီးကိုကွာနှက်နိန်ပုံမျိုး
စုတ်ပဲ့ရေလမ်းတိကို ရီတိဖုံးထားယင့်
အပုပ်တိ အမှိုက်တိ ပွဲတော်ကျလို့ယေ။

ရွက်နုပြန်ချိန်

အိမ်လှည်းတံတစ်ချောင်းနန့်         
ကောင်းကင်ကြီးကိုလှည်းကျင်း
မိုက်တွင်းနက်ပစ်လိုက်ကတ်မေ
ခြီမဦးမှာ သွီးအလူးလူး
ကြည်နူးဖို့ကောင်းမေ သေချာရေ။

ဆာမွတ်နီရေ ရီပြင်ထဲ
ဝတ်မှုန်သျှေတိကြဲချ
ဒါနမြောက်ပစ်လိုက်ကတ်မေ
ကဲ့ရဲ့လီပတ်စီ အခါတစ်ရာ
ကိုယ့်ဖာသာ သာဓုခေါ်ကတ်ဖို့ ။

ဘလိတ်ဓါးပိုင်
ပါးပါးသျှေနန့်ထက်မြ
အဖြူရောင်မာနတစ်ခု
ဖြစ်တည်မှုအံထဲက ဆွဲထုတ်
အတောင်ပံလုပ်ဖို့သဘောတူလာ ။

အိုး...ရက္ခိတရို့


ဘ၀င်မသန့်                          
မပျင်ဝံ့လို့
သဇင်ရနံ့ မရှူထိုက်တေလူတိ...။

အမျိုးစပျောက်
ပိုးကျဖောက်လို့
ရိုးမအောက်ကို မပြန်ဝံ့ရေလူတိ...။

ရင်ဝယ်အမှား
ခင်တွယ်ထားလို့
ပင်လယ်နားကို မလာဝံ့ရေလူတိ...။

ရခိုင်သမချေတိက ရခိုင်သားတိကို မကြိုက်ကတ်ပါလာ


အဂုတလောတချို့ရခိုင်သားချေတိမိန်းစွာမိန်းခွန်းတစ်ခုကိုကောင်း ကြုံလာရပါရေ။ အားလုံးကိုမဆိုလိုပါ။မိန်း ခွန်းက"ရခိုင်သမချေတိက ရခိုင် သားချေတိကိုမကြိုက်ကတ်ပါလာ"။အေမိန်းခွန်းအတွက်ဖြေဖို့အဖြေ အကျွန့် မှာအဆင်သင့်ရှိပါရေ။ ယကေလေ့သော့ယင်းအဖြေစွာ မမချေ အားလုံးကိုယ်စားလို့မဆိုနိုင်ပါ။အကျွန်နန့် ထိ စပ်ဆက်နွယ်နိန်ရေထဲက မမချေအများစုကို ခင်မင်ယင်း ၊ပေါင်းသင်းယင်းရလာရေ အခြေချေတိပါ။ အကျွန် ကိုယ်တိုင်လေ့လက်ခံရေ အချက်ချေတိပါ ။

ရခိုင်သမချေတိအတွက် ယောက်ျားချေတစ်ယောက်ရေရခိုင်သားဖြစ်ခါကပင်၄၀%အော်တိုအားသာချက်ရှိခ ပါဗျာယ်။ ရခိုင်သမချေတိက ရခိုင်သားချေတိကိုရာလိုချင်ကတ်ပါရေ။ ယကေလေ့တစ်ဘဝလုံးလက်တွဲလား ဖို့ ယင်းရခိုင်သားချေရေရခိုင်သားဖြစ်နိန်ရုံနန့် တော့ကေတစ်ဘဝစာ မလုံလောက်နိုင်သိဆိုစွာကို လက်ခံနိုင် ကတ်ဖို့ထင်ပါရေ ။

ပညာတတ် ဖပြုတ်ကေ



အဘာလေး ...
ကြည့်ချထော
ကိုယ့်စွာကို ကျမ်းတတ်ပိုင်
ပြောလိုက်တေ စကားတိ
ငါရို့ လိုက်မမှီရာ ဒေ ....။

အဘာလေး...
ကြည့်ချထော
ချပြလိုက်တေ ပုံသေနည်း
အိုင်စတိုင်းတောင်
အဖိုးသျှင်ခေါ်နိန်ရယင့် ....။

မှတ်တိုင်


ရင်ခွဲရုံတံခါးပေါက် ရှေ့တွင် မြက်များ ကျိုးတိုးကျဲတဲ ရှင်သန်နေသည်။ နံနက်ပိုင်းက ရွာထားသောမိုးကြောင့် သဲဆန် ဆန်မြေနိမ့်နိမ့်တွင် ရေအနည်းငယ်ဝပ်နေသည်။ ထိုရေ၀ပ်အိုင်လေးက ကျော်လျက်တံခါးဝသို့ ကိုမြ ကျော် ညင်သာစွာခုန်လိုက်သည်။ မိုးကာလဖြစ်လျက် နှင့် ကတ္တီပါဖိနပ်စီးထားသည်။ လူသွားစင်္ကြန် လမ်းကို ဖြတ်လျှောက်ပြီး အလောင်းများထားရာခန်းမ၏ တံခါးဝတွင်သူရပ်သည်။လွယ်အိတ်ထဲမှ စီးကရက်ဘူးနှင့် မီး ခြစ်ကို သူထုတ်သည်။မီး ညှိကာအားရပါးရဖွာရှိုက် ပြီးကျွန်တော့် အားနောက်လှည့်ကြည့်သည်။ကျွန်တော်က ပထမ တံခါးဝတွင်သာရှိ သေးသည်။ သူဦးခေါင်းကိုအောက်သို့ဆတ်ခနဲငုံ့ကာ ၀င်ခဲ့ပါသဘောနှင့် ကျွန်တော့် ကိုခေါ်သည်။ သူ့အနီးသို့ ကျွန်တော်ရောက်လာသောအခါ အထဲသို့လှမ်းကြည့်ပြီးဝင်မည့်ဟန်ပြင်သည်။ တုန့် ခနဲရပ်ပြီး ပြန်လှည့်သည်။ စိမ်းရွှေ ပုပ်အဲ့သော အနံ့သည် လွင့်ပျံ့နေ၏။ ကိုမြကျော်က စီးကရက်ဗူးကို ကမ်း ပြီး "အော်.. ခင်ဗျားမှမသောက်တတ်ဘဲ” ဟုပြောသည်။ သူ့စကားသံ၌ စိတ်လှုပ်ရှားမှုက ကပ်ငြိနေသည်။

ရိုးတောင်ခြီမှာပြန်ဆုံကတ်

ငါ့ရင်အဆွီးအဟောင်းဆိုရေထဲက
ငါ့သွီး ငါ့ဘွား
ငါ့သား ငါ့သမီး
ငါ့မြီး ငါ့မြစ်
ငါ့မျိုးဆက် အသစ်အသစ်တိ
ရီကြိုင်ရာ မြက်နုရာဆိုစွာကို
နိန့်စိုင်ထွက်ခွာလား နိန်ကတ်တေအခါ…။

ငါ့အရီပြားကို
ထွန်သွားထထက်သျှေနန့်
တချက်ချေ ခြစ်မကြည့်ခ…။

စကားအသုံးအနှုန်း

အားလုံးမင်္ဂလာပါ..
အေနိန့်ခါတော့ရခိုင်ပြည်မှာ နိန်ထိုင်ဂတ်ရေရခိုင်လူမျိုးတိဂျီးရာဖြစ်လည်း စကားပြောရေခါ စကေချေကွဲနီ စာတိကိုရီးပါဖို့ .. တမြို့နက်တမြို့ စကားပြောစာတိအစာပိုင်းမတူဂတ်ဆိုဟာကိုရီးချင်စာလောက်ပါရာ.. ဥမ္မာ ဆိုလို့ဟိခကေကျောက်ဖြူနားကရွာချေမှာမွီး၊ကျောက်ဖြူမှာကြီးရေလူဖြစ်လို့ကိုယ့်ပါးကစကားကိုရာကောင်း ကောင်းပြောတတ်ပါရေ.. ၁၀တန်းအောင်လို့စစ်တွေကို ကျောင်းတက်ဖို့လားရရေခါမှယင်းမှာပြော ဂတ်ရေ၊ ကြားရရေ စကားတိဂ ကိုယ့်ရို့ရခိုင်စကားမှန်းကိုသိယက်သားနက် နားမလည်စာတိက အများကြီးပါရာ...:) ယေ့စာတောင်မှ အိမ်ကိုအလည်ရောက်ရေ ဘာဘာနက်စီးပွားရေးအတူတူလုပ်နီဂတ်ရေလူတိ ရောက်လို့ ကြားဖူးစာသိပါ ..မဟုတ်ကေအစာပိုင်ရာဟိမယ်မသိသီး...