၁၁ / မဥန(နိုင်) ၀၀၁၁၄၆ ကဗျာတိ

ရခိုင့်နိုင်ငံကျဆုံးခြင်း ၂၂၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်
မြောက်ဦးကဗျာသျှင်တိ စုစည်းထုတ်ဝီလိုက်တေ
၁၁ / မဥန(နိုင်) ၀၀၁၁၄၆ ကဗျာတိ
pdf file (1.16 MB)



FATHERDAY (2011)

Fatherday အထိမ်းအမှတ်အဖြစ်
မြောက်ဦးကဗျာသျှင်တိ စုစည်းထုတ်ဝီလိုက်တေ
FATHERDAY (2011)
pdf file (1.71 MB)



နွီဦး... အ၀ီး... ရင်ထဲက XIV...

2011 Valentine's Day အထိမ်းအမှတ်အဖြစ်
မြောက်ဦးကဗျာသျှင်တိစုစည်းထုတ်ဝီလိုက်တေ
နွီဦး...
အ၀ီး...
ရင်ထဲက XIV...
pdf file (1.71 MB)

နောက်ဆုံးဘုရင် မဟာသမ္မတ

 (မြောက်ဦးနိဂုံး)

ဓမ္မရဇ်ရာဇာမင်းလွန်လျှင် ထိုမင်၏ တူမတော်လင်ဖြစ်သော လက်ဝဲမြန်သတိုးအောင်ကို ပြည်သူအပေါင်းနှင့် မှူးမတ်တို့ ညီညွတ်ကာ နန်းအပ်ကြလေသည်။ မိဖုရားစောမယ်ပုံနှင့် ဘိသိက်ခံ၍ (၁၇၈၂) ခု (၁၄၄၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်)တွင် ရွှေနန်းတက်၏။ မဟာသမ္မတဘွဲ့ကို ခံယူ၍ တံဆိပ်ကို မဟာ သမ္မတ မင်းတရားဟု ခတ်နှိပ်သည်။

လက်ဝဲမြန်ကုလားဖြူ၊ လက်ယာမြန်မောင်ထွေးနှင့် မှူးမတ်တို့အား အဆောင်အယောင် ထီးစလွယ် သင်း ကျပ်တို့ကို ပေးသနား၏။ ငါးဇင်ရိုင်းချောင်းတွင် ငသံတွေသည် သောင်းကျန်းလာပြန်၍ မဟာသမ္မတရာဇာ ချီတက်လေလျှင် ထွက်းပြေးရလေသည်။ နောက်တွင် သစ္စာဝင်ခံလာ၍ ငသံတွေအား ကုလားတန်စား ပေး အပ်၏။ တစ်ဖန် ကုလားတန်မှရသော ဘဏ္ဍာတို့ကို သိမ်းယူပြီး ဘုရင်အား ထောင်ထား၏။ ဓါးပိုင်ကြီး ငသံတွေဟု နာမည်ကြီးလေသည်။

ငြိမ်းချမ်းရေးလေးမျက်နှာ (ပုထိုးတစ်ဆူ၏ မြောက်ဦးဗေဒ)

ရွှေအိုရောင် အလင်းတန်းများသည် ဖိုးခေါင်တောင်စွယ်မှ စိမ်းမြမြ သစ်ရွက်များပေါ်တွင် ၀င်းလက်နေ ကြသည်။ ထုက္ကန့်သိမ် ပုထိုးတော်၏ အနောက်မျက်နှာတွင် နေရောင်လင်းနေဆဲပါ။ ပုထိုးတော်အရိပ် ဖုံးလွှမ်းထားသော ကျောက်လှေကားထစ်များသည် နွေးမြဆဲပင်ဖြစ်သည်။ ဂန္ထ၀င် မဟာလှေကားထစ် များပေါ်တွင် ကျွန်တော်ရပ်နေမိသည်။

အို...မိတ်ဆွေ၊ လှပလွမ်းမြေ့ဖွယ် ညနေခင်းတစ်ခုတွင် ဤလှေကားထစ်များပေါ်သို့ မိတ်ဆွေတက်ရောက် ဖူးပေမည်။ ရင်ထဲ မည်သို့ခံစားရပါသနည်း။

ဖာရောက်ဘုရင်တစ်ပါးနှင့် ပိရမစ်၊ ပါသီနွန်ကျောင်းတော်နှင့် ဂရိဆိုဖစ်တစ်ဦး၊ ဘိုင်ဇင်တိုင် ဘုရားရှိ ခိုးကျောင်းနှင့် သူတော်စင်တစ်ဦး၊ အလယ်ခေတ် ဂျာမန်ရဲတိုက်ကြီးနှင့် မြို့စားကြီးတစ်ဦး။ လွတ်လပ်စွာ ရင်ခုန်ခံစားခွင့် ရှိပါသည်။

တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊ အမှတ်(၁၄)

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ
တစ်လနှစ်ကြိမ်ထုတ်ဝေသည့်
တိုးတက်ရေးသတင်းလွှာ
အတွဲ(၂)၊ အမှတ်(၁၄)
pdf file (2.11 MB)


တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊ အမှတ်(၁၂)

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ
တစ်လနှစ်ကြိမ်ထုတ်ဝေသည့်
တိုးတက်ရေးသတင်းလွှာ
အတွဲ(၂)၊ အမှတ်(၁၂)
pdf file (1.68 MB)


အန်းဖရန့်( ၁၉၂၉ - ၁၉၄၅) ဒိုင်ယာရီ - မောင်ခိုင်အောင်

မောင်ခိုင်အောင်(စစ်တွေ) မြန်မာဘာသာပြန်သည့်
Anne Frank Diary (or)
The Diary Of A Young Girl
pdf file (3.95 MB)



အဘာသားရို့ ကျေးဇူးဆပ်မှန်ဖို့

အာရက္ခဒေ့ခ်ျ အာရ်ဂျရေ
အဖရခိုင်ပြည် အာကာပျံဝဲ
ဝါသုဒေ၀ ဗလဒေဝ
စည်တော်ကြီးနန့် ကျင်သန်ကြီး
ဘီလူးနန့်စစ်ပြိုင်နိုင်
မာရယု ကနဦးစိုင်လာပြု
ကံရာဇာ မြို့ဆက်ရှာ
ဗုဒ္ဓဗျာဒိတ်ရ၊ တရားရ၊ ကိုယ်စားရ၊ ရင်ငွေ့ရ
စန္ဒသူရိယ အစပျိုးထွင်
သူရိယစက္က မဟာတိုင်းစန္ဒြ
သိမ်ကျောင်းဇရပ် ရီတွင်းရီကန် စင်္ကြံထပ်ပွားလှူ
လက်ညှိုးထိုးမလွတ်
အဖရို့ပဝေသဏီအဆက်က
နီ လ အာကာဝဠာထက်မှာ
သိပ္ပ၀ိဇ္ဇာကမ်းခတ် ရွီမှတ်တွိသိလို့
ပြက္ခဒိန်တိဖြိုဖျက် ပြဌာန်းခရေ။

"နှုတ်ဆက်ကဗျာ"

စိတ်ဓါတ်ကြံ့ခိုင်၊ ရုပ်ကြံ့ခိုင်နန့်
ရခိုင်ပီသ၊ လူ့ဘ၀ကို
ရက္ခမဏ္ဍိုင်၊ သတ္တိပြဗျာယ်
အစအဆုံး၊ ဘ၀တုံးအောင်
သိမ်းကျုံးပီးဆပ်၊ ယောက်ျားမြတ်။

ကျောင်းသားဘ၀၊ ငယ်စဉ်ကပင်
စတင်လျှောက်လှမ်း၊ ခရီးကြမ်းမှာ
ထောင်နန်းစံချိန်၊ အကြိမ်ကြိမ်ကျ
အိမ်ဦးကြမ်းပြင်၊ ထောင်ကိုဝင်လဲ
ငြိုငြင်နောက်တွန့်၊ မကြောက်ရွံ့ဘဲ
ရဲဝံ့စွန့်စား ခိုင်စိတ်ထားနန့်
ရခိုင်သားပီပီ၊ တာဝန်ကျီခ
သီအောင်ထက်ထိ၊ ရဲရဲတောက်။    ။

ရထားဆွဲပွဲ

စာဆိုဥက္ကာပျံ၏ (၁၂)လရာသီဘွဲ့တွင် "ကုံရာသီတပို့တွဲသည်၊ လွမ်းဖွယ်ပင် ပျော်ရွင် လူ့ရပ်မြေ ရထားငယ် တာသဘင်၊ နှစ်စဉ်ငင်ကေ၊ သောင်းခွင်ရို့ပြည်ထက်"ဟူ၍ ရထားပွဲတော် အကြောင်းကို စပ်ဆိုခဲ့သည်။ ရထားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၁၄)ရက်မှ လပြည့်ကျော်(၁)ရက်နေ့အထိ ကျင်းပလေ့ရှိသည်။ ရထားဆွဲပွဲကို ညနေ(၉)နာရီမှ စတင်ပြီး သန်းခေါင်ကျော်အထိ အပြန်အလှန် ဆွဲလေ့ရှိကြသည်။ ရထားဆွဲ ပွဲနားချိန်တွင် အကျွေးအမွေး အတီးအမှုတ်တို့ဖြင့် ကခုန်ကာ တပျော်တပါး စည်ကားစွာ ကျင်းပကြသည်။ တနည်းအားဖြင့် ရထားဆွဲပွဲသည် ရွာလုံးကျွတ်၊ မြို့လုံးကျွတ်ပါဝင်ရသော ပျော်ပွဲရွှင်ပွဲကြီးဖြစ်၍ စည်းလုံး မှုနှင့် စုပေါင်းခြင်းသဘာဝကို ဖော်ပြသည့် ပွဲတော်လည်းဖြစ်သည်။ ရထားကို ပြည်သူအများ ရွာဟုန်ရွာလုံး ကျွတ် ဆွဲကြရသဖြင့် အထူးခိုင်ခံ့အောင် ပြုလုပ်ရသည်။

ဒိုးကစားခြင်း

ရခိုင်ရိုးရာ ဒိုးကစားခြင်းကို ရခိုင်အမျိုးသမီးငယ်များ၊ အပျိုအရွယ်များက အထူးနှစ်သက်ကြသည်။ လသာသောညများတွင်လည်းကောင်း၊ နေ့လည်နေ့ခင်း အားလပ်ချိန်များတွင်လည်းကောင်း အုပ်စုဖွဲ့ကာ တစ်ဘက်နှင့်တစ်ဘက် ယှဉ်ပြိုင်ကစားကြသည်။ အသက်အရွယ်ကြီးပြီး အတွေ့အကြုံရှိသည့် အမျိုးသမီးကို အုပ်စုခေါင်းဆောင် (ဂေါင်လူကြီး) အဖြစ် ထားကြသည်။ ကျန်းမာရေးအတွက်သာမက အချင်းချင်း စည်းလုံး ညီညွတ်ရေးကိုလည်း ဖြစ်ပေါ်စေသည်။ ဒိုးကစားခြင်းကို ပထမဆုံး "ညှို့မေ"ဖြင့် စ,ရသည်။

ညှို့မေ။    ။ မိမိ၏ပစ်ဒိုးကို လက်ဖြင့်လှိမ့်၍ လွှတ်ပြီး သတ်မှတ်သော စည်းကို မကျော်မီ မိမိပစ်၍ ထိနိုင် မည့် နေရာတွင် ဖမ်း၍ ထောင်ဒိုးအား ထိအောင်ပစ်ရသည်။

နှစ်သစ်ကူးသင်္ကြန်ပွဲတော်

ရခိုင်တို့သည် ဆယ့်နှစ်ရာသီပွဲတော်များအနက် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို အနှစ်သာရရှိရှိ တမူထူးခြား စွာ ကျင်းပကြသည်။ သင်္ကြန်မကျမီ ရက်အနည်းငယ်ခန့်ကပင် သက်ဆိုင်ရာ ရပ်ကွက်အသီးသီးမှ ရပ်ကွက် လူကြီးများသည် သင်္ကြန်ပွဲတော် စည်ကားစွာဖြစ်မြောက်ရေးအတွက် တိုင်ပင်ဆွေးနွေးခြင်း၊ ဘုရားရေ သပ္ပါယ်ရန် အလှူငွေများ ကောက်ခံခြင်း ပြုလုပ်ကြသည်။ သင်္ကြန်အကြိုနေ့တွင် ရပ်ကွက်တိုင်း ရပ်ကွက် တိုင်း၌ မဏ္ဍာပ်ကြီးငယ်များ တည်ဆောက်ပြီး ကရမက်၊ နံသာဖြူ၊ နံသာနီ အစရှိသော အမွှေးတုံးတို့ကို ကလေးငယ်များ၊ အမျိုးသား၊ အမျိုးသမီးတို့ စုပေါင်းလျက် နံသာသွေးကြသည်။ အချို့ကလည်း ဗုံမောင်းများ တီးခတ်၍ သင်္ကြန်သံချပ်များကို သီဆိုကာ ကခုန်မြူးတူးကြသည်။ သင်္ကြန်အကြိုနေ့ကို "နံသာသွီးနိန့်" ဟု ခေါ်သည်။ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် ရပ်ကွက်လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး အပျိုအ ရွယ်များသည် တစ်အိမ်လျှင် ဆွမ်းတစ်အုပ်စီ ချက်ပြုတ်၍ သွေထားပြီးသော နံသာရည်များကို ဆောင် ယူကာ၊ မိမိတို့ရပ်ကွက် ကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်းတိုက်သို့ တစ်စုတစ်ဝေး တပျော်တပါး သွားကြသည်။ ဘုန်းတော်ကြီးကျောင်းရှိ ဗုဒ္ဓဆင်းတုတော်များကို ရေသပ္ပါယ်ခြင်း၊ အမွှေးနံသာ ပျက်ဖြန်းခြင်း၊ သာသနိက အဆောက်အအုံများအား သန့်ရှင်းခြင်း စသည့် ကုသိုလ်ကောင်းမှုများ ကို ပြုလုပ်ကြသည်။ ဤနေ့ကို "ဘုရားရီချိုးနိန့်"ဟု ခေါ်ကြသည်။

ပိတောက်စည်သံစာစောင် အတွဲ(၂)၊ အမှတ်(၆)

ပိတောက်စည်သံစာစောင်
အတွဲ(၂)၊ အမှတ်(၆)
pdf file (1.55 MB)




အောင်လူဆီးတမ်းကစားခြင်း

အောင်လူဆီးတမ်းကစားနည်းသည် ရခိုင်ရိုးရာကစားနည်း တစ်မျိုးဖြစ်သည်။ ဤကစားနည်းမှာ ဒိုးကစား နည်းကဲ့သို့ပင် အမျိုးသမီး အပျိုအရွယ်များ အုပ်စုနှစ်စုဖွဲ့၍ ကစားရသောနည်းဖြစ်သည်။ တစ်အုပ်စုလျှင် အနည်းဆုံး (၃)ဦးမှ အထက် ကစားနိုင်သည်။ ကစားခြင်းကို လသာသည့်ညများတွင် လမ်းမပေါ်၌ လည်းကောင်း၊ မြေညီသော တလင်းပြင် မြေကွက်လပ်များတွင်လည်းကောင်း ကစားလေ့ရှိသည်။

ကစားမည့် စည်းတန်းများကို ရေဖြင့်ဖြစ်စေ၊ ထုံးဖြင့်ဖြစ်စေ စည်းတားရသည်။ ဥပမာ- တစ်ဘက်တွင် ငါးယောက်ကစားမည်ဆိုပါက စည်းငါးကြောင်း တားရသည်။ ဘောင် စည်းနှစ်ခုကိုလည်း ထိပ်မှအဆုံးအထိ အူကြောင်းထားရသည်။ ပထမဆုံးစည်းကို "ထိပ်စည်း"ဟုခေါ်၍ ဒုတိယစည်းကို "ဂုတ်စည်း"ဟုခေါ် သည်။ ရှေ့ဆုံးစည်းနှင့် ဂုတ်စည်းကြားတွင် ကြက်လျှာသဏ္ဍာန်ပုံဖော်၍ ထိပ်စည်းမှတားသော လူလိုက်နိုင် ရန် ပြုလုပ်ထားရသည်။ အုပ်စုတစ်ဘက်စီတွင် ခေါင်းဆောင် တစ်ဦးစီထား၍ "ဂေါင်ကြီး"ဟု ခေါ်သည်။ မိမိ၏ အုပ်စုအနိုင်ရရေးအတွက် ဂေါင်သူကြီးတွင် တာဝန်အရှိဆုံးဖြစ်သည်။

ဒေါင်းပြောက်ခုန်တမ်းကစားနည်း

ရခိုင်ကျေးလက် အမျိုးသမီးငယ်များ၏ ကစားနည်းတစ်မျိုးဖြစ်သည်။ လူ (၄)ယောက်မှ (၁၀)ယောက်အထိ ကစားနိုင်သည်။ ဤကစားနည်းမှာ တစ်ဦးချင်း ကျွမ်းကျင်မှုကို ပိုမို အလေးပေးသည်။ ပထမဦးစွာ "အပုပ်တိုင်"ချိုး၍ အပုပ်ကျသူ (ခံလှည့်ကျသူ) နှစ်ဦးအား မျက်နှာချင်းဆိုင် ခြေဆန့်ထိုင်ပြီး ခြေဖျားချင်း ထိထားရသည်။ ယင်းလူများက ယင်းကိုခုန်ကြရသည်။

ကန်တော်ကြီး။    ။ ခြေကို အကျယ်ဆုံးဆန့်၍ ထားရသည်။ ကစားသူက တစ်လွှားချင်း ခုန်ရသည်။

ကန်တော်ချေ။    ။ ထိထားသောခြေကို အနည်းငယ်ကျဉ်းလိုက်ပြီး ယခင်ကဲ့သို့ ခုန်ရသည်။

ပြိုင်လောင်းပြိုင်ပွဲ

ရခိုင်လူမျိုးများ၏ ပြိုင်လောင်းပြိုင်ပွဲ (လှေပြိုင်ပွဲ) ကျင်းပရခြင်းမှာ ရှေးရခိုင်ဘုရင်များလက်ထက်က ကာကွယ်ရေးအတွက် ရေတပ်သားကောင်းများ ပေါ်ထွက်လာရေးကို ရည်ရွယ်လေ့ကျင့် ရွေးချယ်သော ပြိုင်ပွဲတစ်ရပ်ဖြစ်သည်။ ယင်းမှ အစပြုလျက် ရိုးရာပွဲတော်တစ်ခုဖြစ်လာခဲ့ပြီး စုပေါင်းဆောင်ရွက်ရသည့် ကျန်းမာရေးဆိုင်ရာ အားကစားပျော်ပွဲရွှင်ပွဲတစ်ရပ်လည်း ဖြစ်လာသည်။ ပြိုင်လောင်းပြိုင်ပွဲကို တန်ကူး (တန်ခူး)နှင့် ကဆုန်လများတွင် ကျင်းပလေ့ရှိသည်။ ပြိုင်ပွဲကျင်းပရာ ချောင်းရိုးတစ်လျှောက်တွင် မဏ္ဍပ် များ ဆောက်လုပ်ကာ ပွဲကြည့်ပရိသတ်များက အတီးအမှုတ် အကအခုန်များဖြင့် အားပေးလေ့ရှိသည်။

ရက္ခိတ မှာတမ်း - နာနို (Aryan)

ရခိုင်ပြည်အရေး ဒုက္ခဘေးကို
ရခိုင်သားမတွေးကေ
ဇာသူတွေးဖို့လည်း...

ရခိုင်ပြည်သူ သောကအပူကို
ရခိုင်သားမကူကေ
ဇာသူကူဖို့လည်း...

လက်ဟိ့ရခိုင် ရင်ဆိုင်နိန်ရ
ဘ၀ရုပ်ပုံ အနိဋ္ဌာရုံကို
ပေါင်းဆုံလက်ကမ်း
ဝိုင်းဝန်းလို့ကူ တွဲထူ ကယ်မ
ရက္ခိတပီပီ သွီးနီနီနန့်
ဟှိ့ကိုချီတက် သမိုင်းမပျက်ဖို့
ငါရို့လက်ဆက် ထားကတ်မေ...။

နာနို(Aryan) 

  www. မူလဖော်ပြထားသောစာမျက်နှာ.com

ဇာပိုင်တော်လို့ ဇာပိုင်ခေါ်ရပါဖို့ - ပန်းချီမင်းညို

ဆောင်းရာသီအပြောင်းမှာ ဆောင်းပါးတစ်ပုဒ် တောင်းလာစွာက မှတ်တမ်းတင်တစ်ခုတော့ခါ ဆရာရို့ ကျကျန်းမမာဟိရေ ခါ နောင်လာရေအချေတိအတွက် အရီးနန့် အခင်ရာ ခေတ်စားလာရေကာလမှာ ရခိုင် အမျိုးအဆွီ ဇာပိုင်တော်လို့ ဇာပိုင်ခေါ်ရဖို့ မသိကတ်ပါဗျာယ်။ အကြောင်းမလှ မြင်လာလို့ မျိုးဆွီခေါ်ဝေါ်ရေ စာရင်းကို ဖော်ပြဖို့ မင်းပြားမင်းသိန်းဇံက တောင်းလာရေခါ အချက်ကောင်းပေါ်လာလို့ ဟောင်းနွမ်းကေလဲ၊ မပျက်စကောင်းအထင်နန့် လက်လှမ်းမီသလောက် နဂိုလ်ဗီဇ မပျောက်မပျက် ရလီအောင် စုစည်းဖော်ပြ လိုက်ပါရေ။ မွီးရာပါ ခေါ်နီကျစကားတိကို ကြီးကြီးကျယ်ကျယ်လုပ်လို့ အပြစ်တင်မစောဖို့ တောင်းပန် ပါရေ။

အမှတ်မထင် စာရီးသူကိုယ်တိုင် ခံစားခရေအတွက် ဖော်ပြသင့်ရေလို့ မြင်လာပါရေ။ စာရီးသူခြုပ်မ အသစ် က သူမခဲအိုကို “အခင် ထမင်းစားပါဖို့”ခေါ်ရေခါ၊ ယိုင်ကျေးမှုလိုက်စားနီရေ အကျွန်က ပက်လက်လန်လား ပါရေ။ အခင် ခေတ်စားစွာ အိမ်မှာတောင် ဂယက်ရိုက်လာရေ။ ခြုပ်မအသစ်ကို ဒေါသနန့် ခဲအိုကို အခင်ခေါ်ကေ အကောင့်ကောင့်တော်ရေ ယောက္ခမအစစ် အကျွန့်ကို ဇာခေါ်ဖို့လဲ ခြုပ်မအသစ်ကို မိန်းဖူးပါရေ။ အခေါ်အဝေါ်ဆိုစွာ အရေးကြီးပါရေ။ အစွန်းရောက်တစ်ချို့ကတော့ခါ သွီးသားလှုပ်ရှားမှုနန့် သားသမီးရလာစွာ။ ပါပါလို့အဘကို ခေါ်စရာမလို သူ့နာမယ်ကို ခေါ်လိုက်ကေရရေ။ အယူမှားစွာတိကို ကြားဖူးပါရေ။ တိရိစ္ဆာန်နန့် မခြားရေ အတွေးအခေါ်သမားတော့ ကံကံ၏အကြောင်း၊ ဗုဒ္ဓအယူအဆကို မျက်ကွယ်ပြုရာ ရောက်ပါရေ။ သွီးသားလှုပ်ရှားတိုင်း သားသမီးမရနိုင်ပါ။ စောဒကတက်ကေ အများကြီးပါ။

မြောက်ဦး - မောင်ခိုင်အောင်



ရင်အုံပေါ်မှာ အီကွေတာ ကခုန်
ကျောရိုးထဲ ၀င်ရိုးစွန်း ပုန်းနေတဲ့မြို့။
မန္တလေးကိုစာဖွဲ့တဲ့ "ကစ်ပလင်း" မသိ
ပုဂံကိုစာဖွဲ့တဲ့ "ဇော်ဂျီ" စာမသိတဲ့ ငါ့မြို့လေ။

ရခိုင်စာအရီးအသား ပြဿနာ - မောင်ဗသိန်း

ပြည်ထောင်စုခေတ် ရခိုင်အမျိုးသားရို့မာ တစ်မျိုးသားလုံး လက်ခံသုံးစွဲရေ ရခိုင်စာအရီးအသား တစ်ခုမဟိ သီးစွာကို ရခိုင်အမျိုးသားတိုင်း သတိထားမိဖို့ ထင်ပါရေ။ အများသုံး အရီးအသား မဟိရေအတွက် စာပီရီး ဖွဲ့ရေခါ သူတစ်မျိုး ငါတစ်ဖုံ ဖြစ်နိကတ်စွာကို တွိရရေ။

တတိုင်က ရခိုင်စာပီနန့် မြန်မာစာပီတူရေလို့ ယူဆပြီးကေ မြန်မာ အရီးအသားအတိုင်း ရီးကတ်တေ။

နောက်တတိုင်က စကားပြင် အရီးအသားကိစ္စမာ မြန်မာစကားပြေကို သုံးပြီးကေ ဇာတ်ကောင်ချင်း အချီ အချ စကားပြောစွာရို့မာကျကေ ရခိုင်စကားကို သုံးရေ။ အခြားတိုင်သားက စကားပြင် အရီးအသားမာ "၏ ၊ သည်၊ တည်း၊၍" စရေ ကြိယာ၊ ကြိယာဝိသေသန နောက်ဆက်တိ "သည်၊ က၊တင်၊ ၌"စရေ နာမ်နောက် ဆက်တိကို ခေတ်ဟောင်း (မြောက်ဦးခေတ်) အရီးအသားအတိုင်း သုံးပြီးကေ စကားအသုံးအနှုန်းမာ ရခိုင်ဝေါဟာရကို သုံးရေ။

The Rakhains in Bangladesh - U Shit Mg

The Rakhains in Bangladesh
By U Shit Mg
pdf file (1.00 MB)




ဂီတလောက ၀လုံးအဆင့်ကို ကွဲစေချင်တဲ့သူ (သို့) ဦးစောနု

ဂီတနဲ့ပတ်သက်လို့ ငယ်စဉ်ကတည်းက ၀ါသနာပါ ထမင်းမေ့၊ ဟင်းမေ့ လေ့လာလိုက်စားခဲ့သူ၊ ပန်တျာကျောင်း တက်ရောက်တဲ့အခါ ရုရှားနိုင်ငံက ဂီတပညာသင်ဆု ခေါ်တဲ့အတွက် ရုရှားနိုင်ငံသို့ ပညာသင်ယူခဲ့ရသူ၊ ရုရှားနိုင်ငံမှ ပြန်လာပြီးချိန် အနှိမ်ခံဘ၀နဲ့ ဂီတအလုပ်တွေကို လုပ်ကိုင်ရတာကို မနှစ်မြို့လို့ ကိုယ်ပိုင်ဂီတသင်တန်းကျောင်းဖွင့်လှစ်ကာ ဂီတပညာတွေကို လက်ဆင့်ကမ်း သင်ကြားခဲ့ရာမှ သည် အဆိုတော် စည်သူလွင်နဲ့ တင်ဇာမော်တို့လို အောင်မြင်ကျော်ကြားတဲ့ မျိုးဆက်သစ်တွေကို မွေး ထုတ်ပေးနိုင်ခဲ့တဲ့ အသက် (၆၆)နှစ် အရွယ်ရှိ ဦးစောနု PID.IN.Music (U.S.S.R)နဲ့ တွေ့ဆုံကာ The Messenger Journal ရဲ့ "ဘ၀လည်ပြန်" ကဏ္ဍအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။

ကိုလိုနီဝါဒ၏ ဆိုးမွေ - မောင်ဗသိန်း

ဤဆောင်းပါးသည် “ရိုဟင်ဂျာ” နှင့် ပတ်သက်၍ မြန်မာနိုင်ငံ သမိုင်းကော်မရှင်၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ ဖူးသူ မစ္စတာလုစ် (G.H Luce)နှင့် ဆရာကြီး ဒေါက်တာသန်းထွန်းတို့၏ ရေးသားထားချက်များကို တုံ့ပြန်သော ဆောင်းပါး ဖြစ်ပါသည်။

မစ္စတာလုစ်သည် “မြန်မာအစ ကျောက်ဆည်က” ဟူသော သမိုင်းအဆိုသစ်ကို ထူထောင်သူ ဖြစ်သည်။ ၁၉၈၅-ခုနှစ်က ထုတ်ဝေခဲ့သော သူ၏စာအုပ် (Phases of Pre-Pagm Burma, Languages and History) တွင် “မြူနှင့်ခုမိ” လူမျိုးတို့အကြောင်းကို တင်ပြရာတွင် ရခိုင်မင်းတို့သည် သက်၊ မြုန်၊ ချင်းတို့ကို အုပ်စိုးခဲ့ ကြကြောင်း၊ ၎င်းတို့မှာ အိန္ဒိယဘွဲ့အမည်များရှိပြီး မူဆလင်ဘာသာဝင်များ ဖြစ်သည်ဟု ပြောကြကြောင်း စသည်ဖြင့် ရေးသားပြီး နောက် ရိုဟင်ဂျာနှင့် စပ်လျဉ်း၍ အောက်တွင် လိုရင်းမျှ ဘာသာ ပြန်ထားသည့် အတိုင်း ရေးသားပါသည်။

မောင်ဗသိန်း (၁၉၄၀ - )

အနောက်ပြည် ပင်းဝါဇာတိ ဦးမဲမောင်- ဒေါ်မြလှဦးရို့၏ ရင်သွီးသုံးယောက်ထဲမှာ အငယ်ဆုံး သား မောင်ဗသိန်းရေပင်းဝါ ဆရာတော်ဘုရား ဘဒ္ဒန္တဣန္ဒာဝံသ၀ံသ ခြီတော်ရင်းမာ စတင် ပညာသင်ပါရေ။

စစ်တွေမြို့ အ-ထ-က(၂)မာ ဒုတိယတန်းကပင် ကျောင်းထွက် လက်မှတ်ရရေထိ သင်ယူပြီးကေ တက္ကသိုလ်ဝင်တန်းကို ၁၉၆၁-ခုနှစ်မာ ဦးအောင်လှဇံ အလွတ်ပညာသင်ကျောင်းက အောင်မြင်ခ ပါရေ။ ကျောက်ဖြူ ဥပစာကောလိပ်၊ ရန်ကုန် ဘီအိုစီကောလိပ်ရို့မာ ဆက်ပျာ ပညာသင်ပါရေ။။

စိုင်းတင်မြို့စား ဥက္ကာပျံ - ဝေသာ

ရခိုင်သမိုင်းမှာ ဥက္ကာပျံဆိုစွာ သင့်အောင်စိတ်ဝင်စားဖို့ ကောင်းရေ ပုဂ္ဂိုလ်တစ်ဦးပါ။ စွမ်းရည်သတ္တိ ပြည့်ဝရေ စစ်သားကြီးဖြစ်တေ။ အနုပညာကို စုံမက်မြတ်နိုးရေ စာပေပညာသျှင်ကြီးဖြစ်တေ။ မင်းခမောင်း၏ ရောင်း ရင်းကြီးလည်း ဖြစ်ပါရေ။ ဥက္ကာပျံ ထင်ရှားကျော်ကြားခရေ ကာလကတော့ခါ ၁၆ရာစုအဆုံး၊ ၁၇-ရာစု အစပိုင်း၊ ဘုရင်မင်းရာဇာကြီး (၁၅၉၃-၁၆၁၂)လက်ထက်မှာ ဖြစ်ပါရေ။

ဥက္ကာပျံငယ်စဉ်ဘ၀နန့် မိဘမည်ရည်ရို့ကို အတိအကျ မသိရပါ။ ဥက္ကာပျံရေ စိုင်းတင်မြို့စားအဖြစ် ခန့်အပ် ခံရပါရေ။ တချိန်တည်းမှာ အိမ်ရှေ့မင်းသားမင်းခမောင်း၏ အကြီးတော်အဖြစ်လည်းသွင့် မင်းတရားကြီးက ခန့်အပ်တာဝန်ပီးခပါရေ။

Influx Viruses The Illegal Muslims in Arakan

Influx Viruses
The Illegal Muslims in Arakan
By U Shw zan and Dr. Aye Chan
pdf file (509 Kb)



ရိုဟင်ဂျာဇာစ်မြစ်

ရိုဟင်ဂျာဇာစ်မြစ်
ရေးသူ - ခင်မောင်စော(ဘာလင်မြို့)
pdf file (91 Kb)




Burma’s Western Border as Reported by the Diplomatic Correspondence (1947 – 1975)

Burma’s Western Border
as Reported by
the Diplomatic Correspondence
(1947 – 1975) - Aye Chan
pdf file (412 Kb)


Islamization of Burma Through Chittagonian Bengalis as “Rohingya Refugees“

Islamization of Burma Through
Chittagonian Bengalis as
“Rohingya Refugees“
By Khin Maung Saw
pdf file (1.13 MB)


Background of Rohingya Problem

Background of
Rohingya Problem
By Kyaw Zan Tha (MA)
pdf file (38 Kb)



An Historian Looks at Rohingya

An Historian Looks at Rohingya
pdf file (23 Kb)





သဘာဝပန်းများ

ရိုးရိုးပန်းဝှက်

၁။ ကလွေ့မောင်သျှေ မျက်နှာပြောက်၊ အိမ်တိုင်းအိမ်တိုင်းရောက်။ (ကလွေ့မေသျှေ--မိန်းကလေး)။
အဖြေ- ဒင်္ဂါး။

၂။ ကလွေ့မေသျှေတောင့်ကို ခါးကြိုးလို။
အဖြေ - ကောက်လှိုင်းစည်း။

၃။ ကောင်းကင်ကကျ ပုလဲလှ၊ မြက်တောမှာ ကျရှာရေ။
အဖြေ - မိုးသီးပေါက်။

ဦးထွန်းစိန် မှတ်မိသမျှ ဆရာတော် ဦးဥတ္တမ

ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်းသည် ဗုဒ္ဓဘာသာ မြန်မာ အမျိုးသားတို့၏ အစဉ်အလာကောင်း တစ်ခု ဖြစ်ပါသည်။ ဤမင်္ဂလာတရားတော်သည် မြန်မာအမျိုးသားတို့အဖို့သာ မဟုတ်။ ယဉ်ကျေးသော ကမ္ဘာအဖို့လည်း ယဉ်ကျေးမှု အမှတ်အသားတစ်ခု ဖြစ်နေပါပြီ။ ပစ္စည်းမဲ့ခေါင်းဆောင်ကြီး လီနင် ရာပြည့်အထိမ်း အမှတ်ကို ကမ္ဘာတ၀ှမ်းလုံး၌ ကျင်းပခဲ့ကြကြောင်း ကျွန်ုပ်တို့ သတိရနေကြသေးသည်။ စာဆို ရာဝိတဂိုးရာပြည့် အထိမ်းအမှတ်ကို လည်းကောင်း၊ မဟတ္တမဂန္ဒီရာပြည့် အထိမ်းအမှတ်ကို ဆရာကြီး တပည့်သားမြေးတို့ အင်တိုက်အားတိုက် တခမ်းတနား ကျင်းပခဲ့ကြသည်။

မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမ၏ သက်တော်ရာပြည့်အထိမ်းအမှတ်ကိုလည်း ကျွန်ုပ်တို့က တတ် အားသရွေ့ ချီးမြှောက်ပူဇော်သင့်ပါသည်။

မွိန့်လီ ကျာလီ၊ ဇောက်ထိုးလီ ငပျင်းထွေ ၀တ္ထု

ရှီးရှီးအခါက ရွာတစ်ရွာတွင် မုဆိုးမတစ်ယောက် ဟိ၏။ ထိုမုဆိုးမတွင် သားလူပျိုတစ်ယောက် ဟိလီသည်။ သူ့မာ အလွန်တရာပျင်းသူတစ်ယောက် ဖြစ်၍ ရွာသားများက “ငပျင်းထွေ” ဟု ခေါ်ကြလီသည်။

ငပျင်းထွေမှာ နာမည်နှင့်လိုက်အောင်ပင် မည်သည့်အလုပ်ကို မှ လုပ်ချင်စိတ်မဟိပေ။ မိခင်ဖြစ်သူ က တောမှထင်းခြွီ ၍ရောင်းခြင်း၊ ဆန်အငှားဖွပ်ခြင်း၊ လူအိမ်ရို့၌ အတိုအစလုပ်ပီးခြင်း စသည်ဖြင့် မိမိဝမ်းစာ အပြင် သားငပျင်းအတွက်ပါ လုပ်ရသဖြင့် လွန်ပင်ပန်းဆင်းရဲလီသည်။ မိခင်အား သနားကရုဏာ သက် ကြသော ရွာသားများက ငပျင်းထွေကို သူများနည်းတူ လုပ်စားရန် အတွက် ချော့၍ တစ်ခါ၊ ခြောက်၍ တစ်ဖုံ၊ သရော်၍ တစ်မျိုး နားဝင်အောင် ပြောပြကြသော်လည်း အချည်းနှီးရာ ဖြစ်လီသည်။

လိပ်ကမ်ဖာမ (လိပ်ကမ္ဘာမ)၀တ္ထု

မိတ်ဆက်

ရခိုင်ပြည် ကျွန်းရွာရို့မာဝတ္ထုပြောဓလေ့ရေ ရိုးရာအလေ့ တစ်ခု ဖြစ်ပါရေ။ ပြောလေ့ပြောထဟိကတ်တေ ၀တ္ထုတိထဲမာ အဂု ဖော်ပြလားဖို့ လိပ်ကမ္ဘာမ (လိပ်ကမ်ဖာမ) ၀တ္ထုက ထိပ်တန်းက ပါဝင်ပါရေ။ အေ၀တ္ထုကို ရှိခေတ်မာ စာနန့် ပီနန့် မှတ်တမ်းတင် ထားစွာဟိကြောင်း မှတ်တမ်းမှတ်ရာ မတွိဖူးပါ။

ဗြိတိသျှကိုလိုနီခေတ်မာ ရခိုင်သမိုင်းသုတေသီ၊ ဂုဏ်ထူးဆောင် ကျောက်စာဝန်ဟောင်း ဦးစံရွှေပု (၁၈၈၁-၁၉၄၅)က မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်တိမာ (၁) လိပ်ကမ္ဘာမ၀တ္ထု၊ (၂) ကျီးဖြူရွာဝတ္ထု၊ (၃) ငန်းတော်ရှည်ဝတ္ထု၊ (၄) သံကိုးမောင်းဝတ္ထုရို့ကို အင်္ဂလိပ်ဘာသာနန့် တင်ပြဖူးပါရေ။ ရခိုင်ရိုးရာဝတ္ထုတိကို ကမ္ဘာသိဖော်ထုတ် တင်ပြခရေအတွက် ဦးစံရွှေပုကို ရခိုင်တစ်မျိုးသားလုံးက ကျေးဇူး တင်ဖို့ ကောင်းပါရေ။

စည်း

ခါတိုင်းဆို အဂုပိုင် စားပွဲမျိုးကို မြောက်မြို့ရိုးက ဖဲသာလေးရွေးကို လားယူနီရေ ရီသည်ယောက်ျား ပိုင် ပျောက်ပျောက် ခုန်ပနာ လားလို့ဟိဖို့။ အမှန်က ဒေစားပွဲကို ကိုယ်တိုင်လေ့ စိတ်တစ်ပေါက် စီစဉ်ခစွာရာ။ အဂုမှစိတ်က ပေါင်တစ်ရာလောက် ဖိထားရစွာပိုင် လီးနီရေ။

"မင်းမလာကေလေ့ ဖြစ်တေဝေ။ မလာချင်ကေ မလာကေ့ဖိ"လို့ တစ်ယောက်ယောက်က ဟန့်ဖို့ဆိုကေကာ။ တရွိ့ရွိ့လှမ်းနီရေ ကျွန်တော့်ခြီထောက်ကို ကျွန်တော်မပိုင်။ တင်ကြိုလို့ ပြောခစွာအတိုင်း ကြက်သား လေးထောင်ဖို့ကို အိတ်တစ်လုံးမှာ ထည့်ပြီးကေ ကျွန်တော့်ဆိုင်ကယ်က သူရို့ရွာဘက်ကို တရွိရွိ။

မြီးအနှစ်

"အဟင်း... အဟင်း... မယေဘု လင်နောက်လိုက်လားခဗျာယ်လတ် အဖသည်..."

"ဟင်... ဟုတ်လာ ဇာက အကောင်နန့်လဲချင့်"

"အဟင်း... အဟင်း... ရွာအနောက်ပိုင်းက ငနီအောင်ဆိုရေ ကလေချေနန့်လို့ အိမ်နားကလူတိပြောကတ်တေ အဖသည်"

"အဖသည်မှာက အမိသည်ကိုရာ အပြစ်တင်ဖို့ မြင်ရေမဟုတ်လားဂု။ ခွီးသမီးချေ အိမ်ကို လာဝံ့လာဘတ်စီ... အသီသတ်ပစ်လိုက်မေ"

ပစ္ဆိမရပ်ဝန်းနှင့် သမိုင်းခရီးလမ်း - နီရိုင်းနီ(တောင်ရင်းကျွန်း)



အတိတ်ကလျှင်
နဒီဒေ၀ါကမ်းပါးမှာ
ကြိုးကြာရို့ တပျော်တပါး
အမျိုးသား သာခြင်းဆိုလို့
စိမ်းစိုရွက်ရှင်လျက်
ပေါက်ပင်ကြီးတစ်ပင်ထက်မာ
မျိုးဆက်သစ်ထူထောင်လာလီရေ။

နွားတစ်ကောင်ပြောပြသော သူ့သမိုင်းကြောင်း

"အမင်... အမင်"လို့ အော်ခေါ်ပြီးကေ ဒေဘ၀ထဲကို အကျွန်ရောက်လာလတ်ပါရေ။ ယှင်းယှင်းပြောရဖို့ ဆိုကေ အသားပါ၊ အရီပါ၊ လုပ်အားပါ ပီးရရေ နွားဘ၀ဆိုပါဖိ။ အဂေါင့်ဂေါင့်ပါလေ... လူတိ ဒေလောက် ရက်စက်တတ်မှန်း အစက အကျွန်မသိခပါ။ အကျွန်အငယ်သျှေခါက အမင့်နို့ချိုကို ၀၀လင်လင် မစို့ခရရေ ဘ၀ပါ။ သခင်က သူရို့လူသားတိအတွက် ဆိုပြီးကေ အမင်ပါးက နို့တိကို ယူကတ်တေ။ အမင်က သူရို့ကို မပီးချင်လို့ ရုန်းကန်လှုပ်ယှားကေလေ့ ဒေလူတိက အမင်ကို ကြိုးနန့် ချိုင်ပြီးကေ သတ်ကတ်ပြန်သိ့ရေ။ အမင်ခမျာ နို့မ၀လို့ အရိုးပြိုင်းပြိုင်းထနီရေ အကျွန့်ကိုကြည့်ပနာ လူတိမသိအောင် သူနို့တိကို ချန်ထား ပြီးကေ အကျွန့်ကို ခိုးတိုက်တတ်ပါသိ့ရေ။

စကေကြီးလာရေအချိန်မာ အကျွန်ဧ့ မျိုးဗီဇကို ဖျက်ပနာ နှာဝကိုလေ့ စူးနန့်ထိုးဗျာ နဖားကြိုး တတ် ကတ်ပြန်ပါရေ။

Committee For Full Electricity Access To All Rakhine State By Shwe Gas

Committee For Full  Electricity
Access To All Rakhine State
By Shwe Gas
pdf file (1.07)



ဇာလုပ်ကတ်ဖို့လဲ - စံကျော်ထွန်း(မဟာဝိဇ္ဖာ)

ပါမောက္ခ ဒေါက်တာအေးကျော်က
မိတ်ဆက်၊ စတေးဖြတ်၊ အောက်ခြီမှတ်စု
ထေ့ပီးထားပနာ စံကျော်ထွန်း(မဟာဝိဇ္ဖာ)
ရီးသားပြုစုလိုက်တေ "ဇာလုပ်ကတ်ဖို့လဲ"
pdf file (329 KB)


တန်ခိုးရှင်ကလောင်တံ - ဝေသာ

ထိုအယင်ခါက ကလေချေတစ်ယောက်ယှိလတ်။ ယင်းသူ့နာမည်က မောင်လိမ္မာလို့ခေါ်လတ်။ အချေခါ ကပင် အမိပါ အဖပါ သီလားခတ်ပျာလ်ဖြစ်လို့ မောင်လိမ္မာခမာ ထင်းခြွီလို့ ရောင်းလိုရောင်း၊ မြက် ရိတ်လို့ ရောင်းလိုရောင်း၊ ထမင်းတလုတ်ကို ရှာစားရလတ်။ ယေဒါလည်း မောင်လိမ္မာစွာ နာမည်နန့် လိုက်အောင် လိမ္မာလတ်။ သူ့မှာ အထက်သန် အပြင်းပြဆုံး ဆန္ဒတစ်ခု ယှိလတ်။ ယင်းချင့်ကတော့ခါ ပန်းချီဆွဲဖို့ တတ်ချင်စွာလတ်။ ယေဒါလည်း သူ့မှာ ဆန္ဒရာယှိစွာ။ ပန်းချီဆွဲဖို့အတွက် ကလောင်တံချေ တစ်ချောင်းဝယ်ဖို့တောင်မှ ဖဲသာမယှိလတ်။

တစ်ရက်နိခါ ရွာထဲမှာ လျှောက်လားယင်းနန့် ပျန်းချီဆရာကြီး၏ အိမ်ရှိကို ရောက်လားခလတ်။ လမ်းမ ထက်က လှမ်းကြည့်လိုက်တေအခါ ဆရာကြီး ပန်းချီဆွဲနီစွာကို မြင်ရလတ်။ မောင်လိမ္မာလည်း ကြည့်ချင် အားကြီးလို့ အိမ်ထဲကို အသာအသာ ၀င်ပါလားလတ်။

လွမ်းရိပ်မြုံ

အခန်း(၁)

အလှဆိုစွာ မြင်တတ်သိတတ် ခံစားတတ်ကေ မြင်မြင်သမျှရေ အလှတိနန့် ပြည့်နီရေလတ်။ အလွမ်းဆိုစွာ လည်း လွမ်းတတ်သူရို့အဖို့ ဒေကမ္ဘာလောကကြီးတစ်ခုလုံးရေ လွမ်းစရာအပြည့်နန့်ပါရာ။ နွီအကြိုမှာ ဝှေ့ ယှမ်းတိုက်ခတ်လိုက်တေ လီရူးကြောင့် ရွက်ဝါတိ တဖြုတ်ဖြုတ်ကြွီပနာ မြီပြင်ထက်မှာ ပြန့်ကြဲလို့။ ဂန္ထ၀င် မြို့ပြ၏ နန်းရာကုန်းတစ်နီရာမှာ ကျွန်တော်ထိုင်နီမိပါရေ။ ကျွန်တော့်ဘေးနားက ညောင်ပင်အိုကြီးကလည်း ရိုးတန်ပြိုင်းပြိုင်းနန့် လွမ်းစရာကောင်းပါယင့်။ ဒေဂန္ထ၀င်မြို့ပြရေ အလွမ်းမိုးတိ အမြဲတမ်းရွာနိန်ရေ လွမ်းရိပ် မြုံ။ ဒေလွမ်းရိပ်မြုံကို ဘုရင်မင်းစောမွန် အလွမ်းတိနန့် တည်ဆောက်ခစွာလား။ ဒေလွမ်းရိပ်မြုံမှာ မြင်မြင် သမျှရေ လွမ်းစရာ ဆွေးစရာချည်းဗျာယ်။ နန်းရာကုန်းကို ကြည့်ကေလည်း လွမ်းစရာညောင်ပင်အိုတိနန့်။ ဟာရီတောင်ကို ကြည့်လိုက်ပြန်ကေလည်း အလွမ်းမျှော်စင်တစ်ခုပိုင်။ မြ၀ါတောင်ထက်ကို တက် ကြည့်ပြန်ကေလည်း ဂမ္ဘီရပညာသျှင်ကြီး သျှင်မြ၀ါကို လွမ်းမိပြန်ရေ။ ရီအုန်းတောတိ အစီအရီကြားက လှပညင်သာစွာ စီးဆင်းနိန်ရေ သိင်္ဂနဒီ။ ရီတံရှင်ပိုင် ရီတိ တဝေါဝေါ စီးဆင်းပနာ ကျောက် တုံးကျောက်ဆောင်ချေ တိနန့် တစ်မျိုးလှနီရေ ရီပေါက်ဝချောင်း။ တောင်တံတိုင်းချေတိ ပတ်လည် ကာဆီးပနာ စိမ်းစိုနီရေ သစ်ပင်တိနန့် ကဗျာဆန်နီရေ လက်ဆီးကန်ရို့ကလည်း လွမ်းတတ်တေ ကျွန်တော့်ကို ပိုလို့လွမ်းစီပါရေ။ ရခိုင့်တော်ဝင်နန်းမြို့တော် မြောက်ဦးရေ အလွမ်းတိကို စုပုံထားရေ အလွမ်းဗိမ္မာန်၊ အလွမ်းရင်ခွင်၊ အလွမ်းမြို့ပြ (သို့မဟုတ်) လွမ်းရိပ်မြုံလေ။

ရခိုင်ဒေသအတွင်းသို့ မွတ်ဆလင်များ ၀င်ရောက်လာခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့် - မြင့်သိန်း

"မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနှင့်
မြန်မာနိုင်ငံသုတေသန စာတမ်းဖတ်ပွဲ" အခမ်းအနားတွင်
ညွှန်ကြားရေးမှူး ဦးမြင့်သိန်း ဖတ်ကြားခဲ့သော 
"ရခိုင်ဒေသအတွင်းသို့ မွတ်ဆလင်များ
ဝင်ရောက်လာခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်"
pdf file (95 kb)