ဆရာတော်ဦးဥတ္တမ( ၁၈၈၀ - ၁၉၃၉ )

မြန်မာ့လွတ်လပ်ရေးလမ်းပြ မီးရှုးတန်ဆောင် ၊ အာရှတိုက်၏ ထွန်းသစ်ကြယ် အရှင်ဦးဥတ္တမကို ရခိုင်ပြည် နယ် စစ်တွေမြို့၊ရူပရပ်၊ ချောင်းနားတန်းတွင်ဖခင်ဦးမြသာဦး၊မိခင် ဒေါ်အောင်ကျော့ဖြူတို့မှ(၁၈၈၀) ပြည့်နှစ် ဒီဇင်ဘာ(၂၈)ရက်တွင် မွေးဖွားခဲ့သော သားကြီးဖြစ်သည်။ ငယ်မည်မှာ ပေါ်ထွန်းအောင် ဖြစ်သည်။

ဦးဥတ္တမတွင် ညီကျော်ထွန်းအောင်(ကိုရင်ကြီးအရှင်အရိယ)နှင့် ညီမ မအိမ်စိုးတို့ နှစ်ဦးရှိသည်။ ရှင်ဥတ္တမ (ပေါ်ထွန်းအောင်)နှင့် ညီဖြစ်သူ ကျော်ထွန်းအောင်တို့ကို မိဘများက ကျွန်ပညာအင်္ဂလိပ်စာကို သင်ကြား မ ပေးလိုသော်လည်း တိုင်းရင်းသားဘာသာကျောင်းတွင် ပညာသင်ပေးခဲ့ရာ ဦးဥတ္တမ ( ပေါ်ထွန်းအောင်) သည် ဆဌမတန်းအထိ သင်ကြားခဲ့သည်။ မိခင်က ကျောင်းမှ နုတ်ထားသည့်တိုင်အောင် ပေါ်ထွန်းအောင် က နိုင်ငံရပ်ခြားကို သွားရောက် ပညာသင်ရန် မလျှော့သောလုံ့လဖြင့် အမျိုးမျိုးကြိုးစားသည်။ အသက် (၁၃)နှစ် အရွယ်တွင် စစ်တွေမြို့၌ ပရိယတ္တိသင်ကြားရာတွင် အကျော်တစောရှိသော ရွှေစေတီကျောင်း ဆရာတော် ဘုရားထံ ဗုဒ္ဓ၏ အခြေခံစာပေများကို လေ့လာသင်ယူသည်။

ဆရာတော် ဦးစိန္တာ(၂၉-၇-၁၉၀၂) (၁၄-၁၂-၁၉၆၄)

ဆရာတော်သည် ၁၂၆၄ ခု၊ ဝါဆိုလဆုတ် ၁၀ ရက်၊ အင်္ဂါနိန့် ညဇာဖက် ၇ နာရီအချိန်၊ စစ်တွေခရိုင်၊ မင်းပြား မြို့နယ်၊ ပြည်သျှင်တိုက်၊ ရင်းဘွယ်ရွာ၌ ဖွားမြင်တော်မူ၏။ ဦးချစ်ဖြူ၊ ဒေါ်ရွှေရင်ရို့၏ တစ်ဦးတည်းသော သားဖြစ်၍ ငယ်နာမည်မှာ မောင်ချစ်ထွန်းဦး ဖြစ်သည်။ ခြောက်နှစ်သား အရွယ်ကပင် မိဘနှစ်ပါးက ရင်း ဘွယ် ဆရာတော်ကြီးထံ၌ အပ်နှံ၍ ပညာသင်ကြားခသည်။ အသက် ဆယ်နှစ်မြောက်တွင် မိဘနှစ်ပါးနှင့် အတူ ကန်းနီရွာသို့ ပြောင်းရွေ့ခရာ ကန်းနီဆရာတော်ထံ၌ ဆက်လက် ပညာသင်ကြားလျှက် ၁၃ အရွယ် ၁၂၇၇ ခုသို့ရောက်သောအခါ သျှင်သာမဏေ အဖြစ်ဖြင့်၊ သင်္ဂြိုဟ်စသော အခြီခံပါဠိ စာပီတိကို သင်ကြား တတ်မြောက်ခသည်။ ၁၂၈၃ ခုနှစ်၊ ကဆုန်လ အသက် ၁၉နှစ်ပြည့်ခါနီးမှာ ပခုက္ကူမြို့သို့ လားရောက်၍ အရှိ တိုက်ခေါ် မဟာဝိဇရာမတိုက်၊ မြောက်တန်းလျှားကျောင်း၌ ဂန္တဝါစက စာချဆရာတော် ဦးစန္ဒနှင့် ဦးသီလ ရို့ထံ ပရိယတ္တိစာပီကျမ်းဂန်တိကို သင်ကြား ဆည်းပူးခသည်။

ဘောင် - သင်းချို


လူတိတိုင်းဗျာယ် ချိန်ဆတတ်ကတ်တေ

လိမ္မာခြင်းထဲမှာ ၀င်ဆံ့နိုင်ဖို့

မိုက်မိုက်မဲမဲ ငါကြိုးစားဖူးခယင့်

အချိန်တိရာ ဗြောက်သောက်ကုန်ခရေ

ငါ့သဘာဝမဟုတ်လို့ အရောင်မပြောင်းနိုင်ခ .....

ငါ့ကိုကျဉ်ထားရေ လူတိကို

အပေါင်းအသင်းဖြစ်ချင်လို့ စိတ်ကူးယဉ်ဖူးခရေ

မြင်ကွင်းမတူလို့ စကားချင်းတောင်စစ်ပြေမငြိမ်းခ .....

ကံကောင်းရေလို့ယူဆမိရေ လူတစ်ချို့ကို စံထားဗျာယ်

"ကံ" လို့ထင်စော်နိန်ရာမှာ လယ်ထွန်မှားခရေ

ရိုးရာမတူလို. ပျိုးတောင်မကြဲခရ .....

ရခိုင်သတ်ပုံ အရေးအသား

ယနေ့ ရခိုင်စာပေ လေ့လာသူများသည် သတ်ပုံကိစ္စကို စဉ်းစားခန်း ထုတ်ကြပေလိမ့်မည်။ သတ်ပုံ အဘိ ဓာန်၊ ဝေါဟာရအဘိဓာန်များထိ ပြုစုထုတ်ဝေရေးကို တိုက်တွန်းလိုလား ရှိနေကြပြီးလည်းဖြစ်၏။

ထိုသို့ စဉ်းစားခန်းဝယ် ဆွေးနွေးချက်၊ အကြံပြုချက် သည်လည်း မပါမဖြစ် ချေတကား။ ယနေ့ ရေးနေကျ "အစ်မ"အစား ရှေးသုံးရခိုင် စောနန်းမင်းဖြူ ကောင်းမှု ကျောက်စာအတိုင်း"အုဉ်မ"ဟူ၍လည်းကောင်း၊ လော ကဒေ၀ီ ကျောက်စာအတိုင်း "ဘုရားတေတော်မူ၏"၊ "တောင်ဘက်ချည်တွင်"၊ "သက်ပြယ်ကိုအစပြု၍ မြုံပြည်တိုင်အောင်ကို" ဟူ၍လည်းကောင်း ရေးထုံးပြုရမည်လား၊ ပြင်ယား ကျောက်စာ အတိုင်း "မျက်သုတ် ကတေ"၊ "လင်္ကာတဆဲငါးချပ်"ဟူသော အသုံးသို့ လိုက်၍ ရေးရိုးပြုသင့်အံ့လော။

ဦးဘစော

နိုင်ငံဂုဏ်ရည် (ပထမဆင့်)ရ၊ ၀န်ကြီးဟောင်းနှင့် အငြိမ်းစား သံအမတ်ကြီးဖြစ်သည်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲ မြို့ အောင်စေတီရပ်တွင် မွေးဖွားသည်။ ငယ်စဉ်က ကျောက်ဖြူမြို့တွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ၊ အာနန္ဒာကောလိပ်တွင် ပညာသင်ကြားခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားသဖြင့် အိန္ဒိယ နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။အိန္ဒိယနိုင်ငံတွင်ဦးသိန်းဖေမြင့်နှင့်ဆုံတွေ့ပြီး မြန်မာ့ နိုင်ငံရေး လောကသို့ ရောက်ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်း အောလ်အိန္ဒိယ ရေဒီယို မြန်မာပိုင်း အစီအစဉ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရခိုင်ရိုးရာပုံပြင်များ အဆက်

ရခိုင်ဒဏ္ဍာရီ ပုံဝတ္ထုများ၌ "ကလူတတ်ပွဲတော်" ကင်းပပြီးလျှင် ပုံဝတ္ထုအနိုင်အထ ပြောဟောလေ့ရှိခဲ့ကြောင်း ကိုလည်း တွေ့ရပေသည်။

ထိုပုံပြင်အရ ရခိုင်လူမျိုးတို့၏ ၀တ္ထုပြောဟောမှု၌ ရှေးဒဏ္ဍာရီ ခေတ်ကပင် ရှိခဲ့ကြောင်း အထောက်အထား လည်း ဖြစ်ပေသည်။

ရှေးအခါက ရက္ခပူရပြည်သျှင် ရခိုင်မင်းတစ်ပါး ရှိလေသည်။ ထိုမင်းသည် နှစ်စဉ်မပြတ် နန်းတော်ရင်ပြင်၌ ည လသာသာအချိန်မှာ ပုံဝတ္ထုဟောပြောပွဲများ ပြုလုပ်လေ့ရှိသည်။ ထိုပွဲကို "ကလူတတ်ပွဲတော်" (ကာနူ တတ်ပွဲလည်းဟူ)ဟု ခေါ်ဆိုသည်။ ထိုကလူတတ်ပွဲတော်သို့ ဘုရင်၏ အမိန့်အရ အနယ်နယ် အရပ်ရပ်မှ ၀တ္ထုပြောတတ်သော ကလူတတ်များ လာရောက် ပြောဟောကြရလေသည်။

ဦးမြထွန်းအောင်

ဦးမြထွန်းအောင် (၁၈၅၆-၁၉၁၉)၊ ရခိုင်ပြည်၊ ကျောက်ဖြူမြို့ ဇာတိဖြစ်သည်။ အရေးပိုင် မြတ်ထွန်းအောင် ဟု လည်းကောင်း၊ ဒီဝီဇံ မြထွန်းအောင် ဟု လည်းကောင်း နာမည်ကြီးသည်။ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အတွင်း ဗြိတိသျှစစ်တပ်တွင် အမှုထမ်းခဲ့ပြီး၊ မန္တလေးမြို့ကို သိမ်းယူရာတွင် ပါဝင်ခဲ့သည်။ ထို့နောက် နယ် ပိုင် ၀န်ထောက်ဖြစ်လာပြီး၊ မြန်မာတိုင်းရင်းသား များထဲတွင် ပထမဆုံးသော အရေးပိုင်ရာထူးကို ရရှိခဲ့သည်။ ဦးမြထွန်းအောင် မတိုင်မီက အရေးပိုင်ရာထူးကို မျက်နှာဖြူများသာ ရရှိခဲ့သည်။

ဦးတင့်ဇော်

ဆရာ ဦးတင့်ဇော်သည် ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်း၊ ကျောက်ဖြူမြို့တွင် မွေးဖွားခဲ့သည်။ ဒုတိယ ကမ္ဘာစစ် အတွင်း ပညာရေးကို အခက်ခဲပေါင်းစုံကြားမှ သင်ကြားခဲ့ပြီး၊၁၉၅၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ ရောက် ရှိခဲ့သည်။

ရန်ကုန် တက္ကသိုလ်တွင် ပင်းယကျောင်းဆောင် စာဖတ်အသင်းဝင် ဖြစ်ခဲ့ပြီး တတိယနှစ်တွင် ရခိုင် ကျောင်း သူကျောင်းသားများ အသင်း ခေါင်းဆောင်မှု အပိုင်းမှ ပါဝင်ခဲ့ပြီး၊ ၁၉၅၆ – ၅၇ နောက်ဆုံးနှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ၌ နိုင်ငံခြားရေး တာဝန်ခံ အဖြစ် ရွေးချယ်ခံခဲ့ရသည်။

ရခိုင်တန်ဆောင် ဆောင်းပါးများ - ဦးဦးသာထွန်း (ရခိုင်-မြန်မာ ပဏ္ဍိတ်)

ရခိုင်တန်ဆောင် ဆောင်းပါးများ
ဦးဦးသာထွန်း (ရခိုင်-မြန်မာ ပဏ္ဍိတ်)
pdf file (884 Kb)



အလောင်းတော် အရိန္ဒမာ လင်္ကာသစ် - ဆရာဦးသာအောင်

အလောင်းတော် အရိန္ဒမာ လင်္ကာသစ်
ဆရာဦးသာအောင်
pdf file (145 Kb)



ရခိုင်စာအရီးအသားနှင့် ပြဿနာများ - မောင်ဗသိန်း

ရခိုင်စာအရီးအသားနှင့် ပြဿနာများ
မောင်ဗသိန်း
pdf file (840 Kb)



ဂုတ္တိလနှင့်မုသိက သာခြင်းသစ် - ဆရာအောင်ထွန်း

ဂုတ္တိလနှင့်မုသိက သာခြင်းသစ်
ဆရာအောင်ထွန်း
pdf file (284 Kb)



ရခိုင်တံခွန်ပုံပြင်များ - အသျှင်စက္ကိန္ဒ

ရခိုင်တံခွန်ပုံပြင်များ
အသျှင်စက္ကိန္ဒ
pdf file (275 Kb)



လေထီးဦးကျော်ရင် (၁၉၁၆-၁၉၆၆)


မွေးသက္ကရာဇ်                ၁၉၁၆ ခု၊ ဒီဇင်ဘာလ ၇ ရက်

အမည်ရင်း                    ဦးကျော်ရင်

မိဘအမည်                   ဦးဖိုးဦး + ဒေါ်မြရင်

နိုင်ငံသား                     မြန်မာနိင်ငံသား

လူမျိုး                          ရခိုင်

ကိုးကွယ်သည့်ဘာသာ     ဗုဒ္ဓဘာသာ

မွေးဖွားရာဒေသ             ရခိုင်ပြည်နယ်၊ သံတွဲမြို့
   
အလုပ်အကိုင်               ပါမောက္ခချုပ်

ကြင်ဖော်                     ဒေါ်ဖြူဖြူ

ဒေါက်တာအေးကျော် (ရခိုင်)

ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များ

1.    B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊

2.    B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊

3.    M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊

4.    B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊

ဦးဘစံ(ဓညစံ) (၁၉၁၂-၁၉၉၂)

အဖဦးသာဇံဦး (အငြိမ်းစားစက်ရှင်ဆရာကြီး) နှင့် အမိ ဒေါ်ပုမတို့မှ ၁၉၁၂ ခုနှစ်တွင်စစ်တွေမြို့၊လမ်းမတော် ရပ်၌ မွေးဖွားသည်။ မွေးချင်း ဆယ့်လေးဦးအနက် ပဉ္စမမြောက်သားယောက်ျားဖြစ်သည်။ ငယ်စဉ်က မိဘ များပြောင်းရွှေ့ရာ မြို့များ၌ ပညာသင်ကြားခဲ့ပြီး ရန်ကုန်အစိုးရ ဟိုက်စကူးကျောင်းမှ ၁၀ တန်းအောင်မြင် သည်။၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ဒုတိယ ကျောင်းသားသပိတ်တွင် သပိတ်ကောင်စီဝင် တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

ရခိုင်လူငယ်များ နိုးကြားစေရန် ရခိုင်တိုင်းလုံးဆိုင်ရာ နိုးကြားရေးအစည်း အရုံးကို အခြား ရခိုင်လူငယ်များ နှင့်အတူ စည်းရုံး တည်ထောင်ခဲ့သည်။ ထို့နောက် ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသား အစည်းအရုံးကြီးတွင် တက်ကြွသော အမှုဆောင်တစ်ဦး အဖြစ် ပါဝင်ခဲ့ပြီး အစည်းအရုံး ဥက္ကဋ္ဌ ဦးသာဇံလှ၊ ဒုဥက္ကဋ္ဌ ဦးအောင်ထွန်း ဦးတို့နှင့်အတူ နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ရန်အတွက် တို့ဗမာ အစည်းအရုံး ခေါင်းဆောင်များနှင့် ဆက် သွယ်၍ နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။

ဦးချန်ထွန်း ( ၁၈၅၉-၁၈၉၄)

စစ်တွေမြို့မှ ရွှေစလွယ်ရ သူဌေးကြီးဦးရဲကျော်သူ ဆိုလျှင် ရခိုင်သားများ လောကတွင်မသိသူမရှိသလောက် ပင် ထင်ပေါ်ကျော်ဇောသည်။ သူ့သားဦးချန်ထွန်း အဖေခြေရာကိုနင်း၍ထိုခောတ်ထိုချိန်က မြန်မာနိုင်ငံမက ဥရောပနိုင်ငံများ အထိပင် သူ့အရှိန်အ၀ါ လွှမ်းမိုးခဲ့သော နာမည်ကြီး ဥပဒေ ပါရဂူတစ်ဦးဖြစ်သည်။ဦးရဲကျော် သူ၊ ဒေါ်သံဒါဖြူတို့ မိဘနှစ်ပါးတွင် သားသမီး(၁၀)ဦး ထွန်းကားခဲ့ရာ သားယောက်ျားများမှာ ဦးကျော်ဦး၊ ဦး ချန်ထွန်း၊ ဦးစံကျော်၊ ဦးရွှေဘန်း၊ ဦးသာဇံ၊ ဦးရွှေသာတို့ ဖြစ်ကြပြီး သမီးများမှာ ဒေါ်စံဝင်း၊ ဒေါ်စံမြခိုင်၊ ဒေါ်ရွှေခိုင်၊ ဒေါ်ရှင်ထွီးမတို့ ဖြစ်ကြသည်။ ဦးချန်ထွန်း အပါအ၀င် သား(၆)ယောက်စလုံးသည် ထိုခောတ်က အင်္ဂလန် ကျောင်းတွင် ကျောင်းနေခဲ့ကြ၍ စာတတ်ပေတတ် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ညီအစ်ကို လေး ယောက် ဖြစ်သော ဦးချန်ထွန်း အပါအ၀င် ဦးရွှေဘန်း၊ ဦးရွှေသာ၊ ဦးသာဇံတို့သည် ဘိလပ်မှ ဥပဒေဘွဲ့ Barrister at Law) ကို ရရှိခဲ့ကြသူများ ဖြစ်သည်။ ဦးချန်ထွန်းသည် ဥပဒေဘွဲ့ နောက်ဆုံးနှစ် ဖြစ်သော ၁၈၈၁ခုနှစ်တွင် ရောမ ဥပဒေဘာသာရပ်၊ ဥပဒေ အတတ်ပညာ ဘာသာရပ်၊ အင်္ဂလိပ် လူမျိုးတို့၏ ရှေ့ ဟောင်းထုံးတမ်းစဉ်လာ ဘာသာရပ် အားလုံးကို အမှတ်အများဆုံး ဂုဏ်ထူးနှင့် အောင်မြင်၍ ၀ိတိုရိယဘုရင် မကြီး ကိုယ်တိုင် ၀ိတိုရိယ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့သည်။ ဘာသာရပ်တိုင်းတွင် ထူးချွန်ဆု ရရှိခဲ့၍ ဘာသာ ရပ်တခုလျှင် ထိုခောတ်က စတာလင်ပေါင် (၁၀၀)စီ ချီးမြှင့်ခံခဲ့သူဖြစ်သည်။

ဆရာကြီး ဦးလုံး


မွေးသက္ကရာဇ်                    ၁၉၂၀

အမည်ရင်း                         ဦးလုံး

မိဘအမည်                        ဦးစိန်လုံး + ဒေါ်ဝါနု

နိုင်ငံ                                မြန်မာ

ကိုးကွယ်သည့်ဘာသာ          ဗုဒ္ဓဘာသာ

မွေးဖွားရာဒေသ                  မာန်အောင်

သေဆုံးရာဒေသ                  ကျောက်ဖြူ

ပညာအရည်အချင်း               မက်ထရစ်

စာပေအမျိုးအစား                 ရခိုင်စာပေ၊ ယဉ်ကျေးမှု

နန်းရင်းဝန်ဟောင်း ဆာပေါ်ထွန်း

ဆာပေါ်ထွန်းသည် ထင်ရှားခဲ့သော နိုင်ငံရေး ခေါင်းဆောင်းကြီး တဦး ဖြစ်သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးရဲဖော်၏ သားအငယ် ဖြစ်သည်။ စစ်တွေမြို့၊ ရန်ကုန်မြို့ ကာလကတ္တားမြို့တို့တွင် ပညာသင်ကြားခဲ့သည်။ ဝိဇ္ဇာတန်းထိ ပညာဆည်းပူးခဲ့သည်။

၁၉ဝ၄ ခုနှစ်၊ ၁၉ဝ၅ ခုနှစ်တွင် ရန်ကုန်မြို့ မက်သဒစ် ယောက်ျားကလေး ကျောင်းတွင် ကျောင်းဆရာကြီး အဖြစ် လည်းကောင်း၊ ၁၉ဝ၅ ခုနှစ်မှ ၁၉ဝ၈ ခုနှစ် အထိ ရန်ကုန်မြို့ အစိုးရ ဟိုက်စကူးကျောင်း၌ အလယ် တန်းနှင့် အထက်တန်း ဆရာအဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့သည်။

ရီနံနာင့် သဘာဝဓါတ်ငွေ့(၁)

ကမ္ဘာ့လူဦးရေ ရေ ၁၉၅၀ခုနှစ်မှာ ၂ ဒသမ ၅ ဘီလီယံ ဟိခစွာကနိန် ၂၀၀၅ခုနှစ်ကို ရောက်တေခါ ၆ ဒသမ ၅ ဘီလီယံထိကို ခုန်တက် များပြားလာခပါရေ။ လေ့လာသူတိ၏ ပြောဆိုချက်အရ ၂၀၅၀ ခုနှစ်မှာ ၉ ဒသမ ၁ ဘီလီယံထိ ဟိလာဖို့လို့ ခန့်မှန်းကတ်ပါရေ။ ယင်းလူတိ နိန့်စိုင် အလုပ်တိ အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ အတွက် လောင်စာတိလည်း အဂုထက် အဆပေါင်းများစွာ လိုလာပါဖို့။ တချိန်တည်းမှာပျာယ် ကမ္ဘာမှာဟိ ရေ ရီနံရေ တစ်နိန့်ထက်တစ်နိန့် နည်းပါးလို့ လာနိန်ပါရေ။ ကမ္ဘာ့ရီနံလိုအား(demand)က များလာနိန်ပြီး ကေ ပံ့ပိုးပီးနိုင်အား(supply)က နည်းလာနိန်ရေခါ ရီနံဈီးနှုန်းကလည်း ဆက်ပြီးကေ တက်နိန်ဖို့ အနေအ ထားမှာ ဟိပါရေ။ ရီနံထုတ်လုပ်တေ နိုင်ငံတိကလည်း သူရို့နိုင်ငံမှာ ရီနံမခမ်းခင် ရီနံဈီးတိကို ကဇတ်ပြီးကေ မိမိနိုင်ငံ ကြီးပွားတိုးတက်အောင် လုပ်ကတ်ရပါရေ။

အိမ်ထောင်ပြု ဓမ္မသတ်ကျင့်ဝတ်

ရခိုင်တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်သော အချက်အလက်များ

၁။ ထိမ်းမြားလက်ထပ်ရန် လိုအပ်သည့် အရည်အချင်းများ

(က) ထိမ်းမြားလက်ထပ်နိုင်သည့်  အမျိုးသား၏ အသက်အရွယ်

အသက်အရွယ်ကို ကန့်သတ်ချက်မရှိ၊ အိမ်ထောင်အရွယ် ရောက်ချိန်တွင် ထိမ်းမြားလေ့ ရှိပါသည်။ အများ အားဖြင့် အမျိုးသားများမှာ အသက်(၂၀)ကျော်ကို အိမ်ထောင်အရွယ် ရောက်သည်ဟု ယူဆကြသည်။ ငယ် စဉ်ကပင် အိမ်ထောင်ဖက်ပြုရန် လျာထားသတ်မှတ်ချက် ပြုထားသော ဓလေ့လည်းရှိသည်။ ရှေးကဆိုလျှင် အသက်(၃၀)အထိ လူပျိုအဖြစ် သတ်မှတ်၍ အိမ်ထောင် လက်ထပ်နိုင်သည်။

ရခိုင်ယဉ်ကျေးမှုများ အမှတ်(၉)-အသျှင်စက္ကိန္ဒ

ရခိုင်ယဉ်ကျေးမှုများ အမှတ်(၉)
အသျှင်စက္ကိန္ဒ
pdf file (605 Kb)



ရခိုင်ယဉ်ကျေးမှုများ အမှတ်(၈)-အသျှင်စက္ကိန္ဒ

ရခိုင်ယဉ်ကျေးမှုများ အမှတ်(၈)
အသျှင်စက္ကိန္ဒ
pdf file (866 Kb)



ရခိုင်ယဉ်ကျေးမှုများ အမှတ်(၇)-အသျှင်စက္ကိန္ဒ

ရခိုင်ယဉ်ကျေးမှုများ အမှတ်(၇)
အသျှင်စက္ကိန္ဒ
pdf file (479 Kb)



ရခိုင်ယဉ်ကျေးမှုများ အမှတ်(၆)-အသျှင်စက္ကိန္ဒ

ရခိုင်ယဉ်ကျေးမှုများ အမှတ်(၆)
အသျှင်စက္ကိန္ဒ
pdf file (813 Kb)



ရခိုင်ယဉ်ကျေးမှုများ အမှတ်(၄)-အသျှင်စက္ကိန္ဒ္ဒ

ရခိုင်ယဉ်ကျေးမှုများ အမှတ်(၄)
အသျှင်စက္ကိန္ဒ
pdf file (240 Kb)



ရခိုင်ယဉ်ကျေးမှုများ အမှတ်(၂)-အသျှင်စက္ကိန္ဒ

ရခိုင်ယဉ်ကျေးမှုများ အမှတ်(၂)
အသျှင်စက္ကိန္ဒ
pdf file (839 Kb)



"ရွှေမဲ"ခွန်၏ အနုပိုင်ညာ

http://arakanscientia.blogspot.com မှာဖော်ပြထားသည့် "ရွှေမဲ"ခွန်၏ အနုပိုင်ညာ အပိုင်း(၁)ကနေ (၄)အထိအား တစုတပေါင်းတည်း ပြည်လည်တင်ပြထားခြင်းဖြစ်ပါသည်။

ကမ္ဘာ့ စွမ်းအင် လိုအပ်ချက်ရေ တရက်ထက်တရက်၊ တဆထက်တဆ ကြီးမားလာရေ အတွက် ရီနံနာင့် သဘာဝဓာတ်ငွေ့တိရေ ဈီးကောင်းလာပါရေ။ ယင်းအတွက်နာင့် ရီနံကို black gold (ရွှေမဲ)လို့ တင်စား ကတ်ပါရေ။ ယင်းရွှေမဲရေ တိုင်းပြည်ကို အကျိုးဟိနိုင်ရေပိုင် ယင်းရွှေမဲကြောင့် နိုင်ငံတိ စစ်ဖြစ်၊ အခြမ်းခြမ်း ကွဲပြီးကေ အသက်အိုးအိမ်တိ ပျက်စီးကတ်စွာ သာဓက တိကလည်း ဟိပါရေ။ ၂၀၀၈ ခုနှစ်က ထုတ်တေ “ကမ္ဘာ့နိုင်ငံရေး၏ ဖြစ်ပျက်နိန်မှုနာင့် ပြောင်လဲမှုများ” (World Politics: Trend and Transformation) စာအုပ်မှာ ချားစ်ကက်လီ (Charles Kegley)က “နိုင်ငံတစ်ခု၏ နယ်မြေတစ်ခုမှာ ကြွယ်ဝရေ သဘာဝအရင်း အမြစ်တည်ဟိနိန် ကေ ယင်းနယ်မြေရေ ယင်းနိုင်ငံက ခွဲထွက်ဖို့ များ၏။ ယင်းအကျိုးဆက်အဖြစ် ပြည်တွင်း စစ်ကို ဖြစ်စီနိုင်သည်”လို့ ရွီးသားထားပါရေ။ ယင်းသူကပျာယ် ကမ္ဘာ့ဘဏ်က အချက်အလက်တိကို ကိုးကား ပြီးကေ “၀င်ငွေနည်းပါးရေ နိုင်ငံတိသည် ၀င်ငွေကြီးရေ နိုင်ငံတိထက် ပြည်တွင်းစစ်ဖြစ်ဖို့၁၅ဆ ပိုများသည်” လို့ ဆက်ရွီးထားပါရေ။

မုန့်သူခိုး

တရက်နိန့် အသက် ၃၀လောက်ရှိရေ ကလိမ့်မေ တယောက် စစ်တွေလေဆိပ်မှာ လေယာဉ်ပျံ ထွက်ဖို့အချိန် စောနိန်သိမ့်လို့ မဂ္ဂဇင်း တစ်စောင်နန့် ကွတ်ကီးမုန့် တထုတ် ၀ယ်ပနာ ထိုင်ဖို့နိန်ရာ ရှာလိုက်တေ။ ရှိဆုံး ခုံ တန်းမှာ ဒေါင့်ခုံနှစ်ခုံ လွတ်နိန်စွာ မြင်စွာနန့် ခုံနားကို အယင်လားပနာ "အေမှာ ထိုင်နိန်ရေလူ ရှိပါလား"လို့ ဘေးက အသက် ၃၅နှစ်လောက်ရှိရေ အရပ် ထထောင်မမောင်းနန့် ကလေကို မိန်းလိုက်တေ။ "မရှိပါ။"လို့ ယင်းကလေက ဖဖော်ရရွေ ပြန်ဖြေပါရေ။ ဒေါင့်ခုံမှာ ထိုင်ချလိုက်ယင်း လက်ထဲက အိတ်ကို ယင်းကလေနန့် ကြားက အလယ်ခုံမှာ တင်လိုက်တေ။

ရခိုင်ဆေးဝါးများ

ကျွန်ုပ်တို့ငယ်စဉ်က မြင်တွေ့လိုက်ရသေးသည်။ ယခုထိလည်း မှတ်မိနေပါသေးသည်။ ကျွန်ုပ်တို့ မိဘဆွေမျိုး များအိမ်တွင် အိမ်တွင်း လက်သုံးဆေးများ ထားရှိကြသည်။ ထိုဆေးများမှာ ရိုးရာ အစဉ်အဆက် အသုံးပြု လာကြသော ဆေးပင်များ ဖြစ်သည်။ အမြစ်၊ အဥ၊ အသီး၊ အရွက်များကို ထောင်းထု အမှုန့်ပြုလျက် ရောစပ် ဖော်ပြုထားသည့် ဆေးများပင်တည်း။

ထိုအိမ်တွင်း လက်သုံးဆေးများမှာဆိုလျှင် အစာဖျက်ဆေး၊ အစားမှားဆေး၊ ဓါတ်လေးပါးဆေး၊ ဆေးမည်း သျှေ၊ ခြောက်ပါးဆေး၊ ခရမ်းစိတ်ကေဆေး၊ စတုပညာသဆေး၊ ဟိန်းရာဇာဆေး၊ ရွှေလရောင်ဆေး၊ ဆေးဝါ သျှေ၊ သက်တန်းဆေး၊ ၀ဲယားနာဆေး၊ ချောင်းဆိုးဆေး၊ ငန်းဆေး စသည့် လူကြီးလူငယ် အဖျားအနာ ရောဂါ ဝေဒနာများနှင့် လျော်ရာ စားသုံးရသော ဆေးများ အသင့်အတင့် စုံစွာပါဝင်ကြသည်။ ထိုဆေးများကို အသုံး ပြုရင်း သိမ်းဆည်းထားကာ အိမ်တွင်း ဆေးခန်းတစ်ခု ဖြစ်စေခဲ့လေသည်။ အိမ်တွင်း ကျန်းမာမှု အတွက် လည်းကောင်း၊ ရောဂါကြိုတင် ကာကွယ်မှု အထောက်အပံ့ အတွက် လည်းကောင်း အသုံးပြုခဲ့ ကြသည်။

ဗောင်းတော်လေးဆယ်

ရက္ခိုင်တို့၏ ဆင်ယင် ထုံးဖွဲ့မှုတွင် ကမ္ဘာပေါ်ရှိ လူမျိုးပေါင်းစုံတို့၏ ဆင်ယင် ထုံးဖွဲ့ဘိသကဲ့သို့ မျိုးရိုးနှင့်ညီစွာ ဒေသအလိုက်၊ ဌာနအလိုက်၊ ကာလအလိုက် အဆင့်ဆင့် ထုံးဖွဲ့လာကြသည်။ မိမိတို့ဌာန၊ ကာလဒေသနှင့် ညီစွာ ထုံးဖွဲ့ဆင်ယင်သည်လည်း ရှိ၏။ နီးစပ်ရာတိုင်းပြည်များနှင့် လည်းကောင်၊ ဆက်ဆံမိတ်ဖွဲ့ရာ တိုင်းပြည် များနှင့် လည်းကောင်း၊ ဆင်ယင်ထုံးဖွဲ့မှုများမှာ အနည်းငယ် တူညီနေသည်လည်း ရှိ၏။ မိမိတို့သြဇာ လွှမ်းမိုး ရာ ထီးဆောင်းနန်းနေတို့မှ ဘဏ္ဍာတော်ဆက်သ၍ ရရှိသော အထည်မျိုးအုပ်မျိုး ၀တ်စားမျိုးတို့ကို ဆင်ယင် ထုံးဖွဲ့ရသည်လည်း ရှိ၏။

အခါတစ်ပါးစီ တို့၌ အခွင့်အရေးညီစွာ ဘုရင်မင်းမြတ် နှင့်တကွ မိဖုရားခေါင်ကြီး၊ သားတော်၊ သမီးတော်၊ အိမ်ရှေ့ဥပရာ၊ မှူးတော် မတ်တော်၊ ကတ္တော်ဇုန္ဒတ် လောသကွက် စစ်တပ်စစ်ချီ၊ ဒိုင်းကျီဒိုင်းကျား အစရှိ သော ၀န်ကြီးများ၊ မြို့စားရွာစားများနှင့် တကွ အစေအပါးအပေါင်းတို့ကို ဌာနကာလနှင့် ညီအောင် ၀တ်စား ပေးသနားတော်မူသည်။

မေရို့ပန်ရာ ကဗျာတိ

ရခိုင်သည် ပွင့်လန်းခဲ့စဉ်က ပန်ရာပန်းများလည်း ဝေဆာခဲ့သည်။ အလှပန်းဖြင့် ရခိုင်သူများတို့လည်း ကြက် သရေ တက်ထွန်းခဲ့သည်။ ပန်ရာပန်းတို့တွင် အလှပန်းကား အစဉ်တင့်ရွှန်းရန်လိုသည်။ တကြိုင်ကြိုင်သင်း၍ တလှိုင်လှိုင် ဖြန်းနေရမည် ဖြစ်သည်။ သံတွဲသူ စောရင်မိသည် သရဏာပန်း သုံးဆင့်ဖြင့် မင်းခရီ အလီခင် ကို မေနှင့်ဓိဌာန်ပန်ရစေကြောင်း ဆက်သွယ်ကမ်းခဲ့သည်တကား။

ပန်းတကာတွင် သရဏာပွင့် သရဏာပန်းကား အထွတ်မြတ်ဆုံးတည်း။ ကြည်ဖြူ နှလုံး အမြတ်ဆုံးဖြစ်သ တည်း။ထိုပန်းကို အချစ်ဆုံး မောင်တော်ကို ပန်ဆင်စေလိုသည်။ မောင်တော်နှင့်ချစ်ကြည်ဖြူစွာ ပန်သမှုပြုရ စေလိုသည်။

တိုးတက်ရေးသတင်းလွှာ အတွဲ(၁)၊အမှတ်(၁၄)

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
(RNDP)မှ ဆယ်ရက်တစ်ကြိမ်စီ ထုတ်ဝေသော
တိုးတက်ရေးသတင်းလွှာ အတွဲ(၁)၊ အမှတ်(၁၄)
pdf file ( 3.24 Mb )


အမျိုးသားအမွေအနှစ် ထိန်းသိမ်းဖော်ထုတ်ရေး

လူမျိုးကြီးဝါဒ လွှမ်းမိုးချုပ်ချယ်မှု များလွန်းပါက လူမျိုးငယ်တို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများမှာ အလျှင်အမြန် ပျောက်ကွယ်သွားနိုင်ပါသည်။ ရခိုင်သည် နှစ်ပေါင်းထောင်ချီပြီး ဤမြေ၊ ဤဒေ သ၌ နေထိုင်ဆင်းသက်လာကြသည့် တိုင်းရင်းသားများဖြစ်သည်။ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းအစဉ် အလာကြီးမားသည့် လူမျိုးဖြစ်သည်။ ၂၀၀၈-နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၄၅(က)အရ ရခိုင် လူမျိုးတိုင်းသည် တိုင်းရင်းသား မိဖနှစ်ပါးမှ မွေးဖွားလာသည့် မြန်မာနိုင်ငံသား စစ်စစ်များ ဖြစ်ကြပါသည်။