မောင်ပေါ်ထွန်း (၁၉၃၅)

ကိုယ်ရေးဖြစ်စဉ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ် ရေမျက်ဝရွာတွင် အဖ ပန်းချီ၊ပန်းပု လက်သမား ဆရာ ကြီး ဦးမောင်ပု၊ အမိ ဒေါ်အေး တို့မှ ၁၉၃၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် မွေးဖွားသည်။ မူလတန်း ပညာကို ဇာတိရပ်ရွာ ဘုန်းတော်ကြီး ကျောင်းနှင့် အထက်တန်း ကျောင်းတို့တွင် သင်ကြားခဲ့သည်။ ၁၅ နှစ် သားတွင် ရန်ကုန်မြို့သို့ ရောက်လာခဲ့ပြီး အလွတ်ပညာကျောင်းတက်သည်။ လှကော်မာရှယ်ကောလိပ်မှ မြန်မာ လက် ရေးတို ပထမဆု ရခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း (စာပေ ဗိမာန်) အဖွဲ့၌ လက်နှိပ်စက် လက်ရေးတိုစာရေးအဖြစ် စတင်အမှုထမ်းခဲ့သည်။ ၁၉၆၇-၆၈ခုနှစ်တွင် အခြေခံ ပညာအ ထက် တန်း စာမေးပွဲကို အင်္ဂလိပ် ဂုဏ်ထူးဖြင့် အောင်မြင်သည်။ သတင်းစာပညာ အတတ် သင်ကျောင်း အပတ်စဉ်(၁)တွင် ပထမဆု ရရှိသည်။ ၁၉၇၃ခုနှစ်တွင် လုပ်သားများကောလိပ်မှ ဝိဇ္ဇာ (သမိုင်းဘွဲ့) ရသည်။ ၁၉၇၈ ခုနှစ်တွင် စာပေဗိမာန် စာအုပ်အသင်း ကြီးကြပ်ရေးမှူး အဖြစ်မှ အငြိမ်းစား ယူ ခဲ့သည်။

ညွန့်ဦး (ဦးသာညွန့်) [၁၉၂၄ - ၂ဝဝဝ]

ရခိုင်ပြည်နယ် သံတွဲမြို့တွင် အဖ ဦးသာအောင်၊ အမိ ဒေါ်အေးညွန့်တို့က ၁၉၂၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၄ဝ)၊ ဝိဇ္ဇာဘွဲ့(၁၉၅၃)၊ ဥပဒေ ဝိဇ္ဇာဘွဲ့ (၁၉၆၆) ရရှိ ခဲ့သည်။ ၁၉၆၁- ၆၂ တွင် အမေရိကန်နိုင်ငံ ဆရာကျူ့ (ခ်) တက္ကသိုလ်၌ စာနယ်ဇင်းပညာ သင်ယူ ခဲ့သည်။

၁၉၄၁ ခုတွင် ရန်ကုန်သို့ ရောက်ရှိပြီး ဘီအိုစီ ကုမ္ပဏီ (ဓနိတော)တွင် ဝင်ရောက် အမူ ထမ်းသည်။ ၁၉၄၂ ခုတွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုအေ)သို့ ဝင်ရောက်သည်။ ဂျပန် တော်လှန်ရေးတွင် တိုင်း (၄) လက်အောက်၌ တာဝန် ထမ်းခဲ့သည်။ ဗိုလ်စံရှား (ခေါ်) သခင်သာညွန့်အမည် တွင်သည်။ ၁၉၅၃ - ၇၃ ထိ စာပေ ဗိမာန်တွင် အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တိုင်း တရားရုံး အချိန်ပိုင်း တရား သူကြီး အဖွဲ့ဝင် (၁၉၇၁)၊ အထူးရာဇဝတ် ခုံရုံးအဖွဲ့ဝင် (၁၉၇၃)၊ ဥပဒေဝန်ထမ်း အဆင့် (၂)၊ အချိန်ပိုင်း တိုင်းတရားသူကြီး (၁၉၈၄ - ၁၉၈၆) တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။ ၁၉၈၄ တွင် တိုင်းတာ ဝန်ခံ ဥပဒေဝန်ထမ်း အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။

ရခိုင်အမျိုးသားတို့၏ တယောတူရိယာ

"မယားကျွေးမှု၊ သားကျွေးမှုကေ၊ တစ်ခုပညာ၊ ကိုယ်စီပါကေ၊ ဓမ္မတာသတော၊ လောကတံထွာ၊ ကျွန်ုပ်မှာ ကား၊ ဥစ္စာရှာငြား၊ သူများဟန်လေ၊ အားအန်ထုတ်ကေ၊ ကျေးရုပ်ငှက်နှင့်၊ အသက်မွေးရန်၊ ဥာဏ်ဖြင့် ကြံ ကေ၊ အသံနှင့်ရင်း၊ အများတကာ၊ နားသောတာမှာ၊ နာပျော်ညှင်းအောင်၊ သာခြင်းကိုသင်၊ ဆရာရှင်မှာ၊ စုံ လင်ပြည့်ဝ၊ သင်ပြလေပြန်၊ စမကျန်ကို၊ အတန်ရက၊ ဓနကြေးငွေ၊ ရချင်ပေ၍၊ ပြည်ကို လှည့်ပတ်၊ ညှိုးမသုံ ကေ၊ ဂုဏ်သတင်းနှင့်၊ သာခြင်းတတ်ဟု" (တန်ခိုးဆရာထွန်း "တိုက်သာခြင်း"မှ-)

သတိမမူ ဂူမမြင်


"ခွေးကိုက်တတ်သည်"ဆိုတဲ့
ဆိုင်းဘုတ်ကိုမကြည့်ဘဲ
ခြံထဲအတင်း ၀င်သူက
ခွေးကိုက်ခံရမှာ မလွဲဘူး။

"ဂုဏ်ဓနရှိမှ ၀င်ခွင့်ပြုမည်"ဆိုတဲ့
ဆိုင်းဘုတ်ကို မရှုဘဲ
ဇွတ်အထဲ ၀င်ခဲ့မိတဲ့ငါ
ခုတော့-
အသည်းခလုတ်ခံလိုက်ရပြီ။

လွမ်းပြေအောင်(စစ်တွေ)

အောင်တံခွန် ၀ံသရက္ခိတမဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၂)မှ-

မြောက်ဦးခေတ် ရခိုင်ရာထူးဌာနန္တရဆိုင်ရာ အခေါ်အဝေါ်အသုံးပြုသော ပေါရာဏများ

ရခိုင်တွင် ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် ဟူ၍ ရှိခဲ့ပေသည်။ ထိုခေတ် များအနက် နောက်ဆုံးခေတ်ဖြစ်သော မြောက်ဦးခေတ်၌ ရာထူးဌာနန္တရအဖြစ် တာဝန်ထမ်းဆောင်သူများ ကို ခေါ်ဝေါ်သုံးစွဲခဲ့သော ရခိုင်ပေါရာဏများ ရှိခဲ့ပေသည်။ ထိုပေါရာရာဏများအနက် သိသင့်သော ပေါရာ ဏတို့ကို ဖော်ထုတ်ရေးသား လိုက်ပေသည်။ ရှေးရခိုင်ဘုရင်များလက်ထက်၌ အုပ်ချုပ်သော စည်းနှစ်မျိုး ရှိခဲ့ ကြောင်း လေ့လာသိရှိရပေသည်။ ၎င်းတို့မှာ သက်ဦးဆံပိုင် ဘုရင်စနစ် ဖြစ်၍ နောက်တစ်မျိုးမှာ ပတိအုပ် ချုပ်ရေးစနစ် ဖြစ်ပေသည်။ ပတိအုပ်ချုပ်ရေးတွင် ဘုရင်အား ရက္ခာဓိပတိဟု ခေါ်သည်။ ၎င်း၏အောက်တွင် ပညာရှိ သုခမိန်တစ်ဦး (၀ါ) နှစ်ဦးရှိလေသည်။ သူတို့၏အောက်တွင် အမတ်လေးတိုင် ရှိလေသည်။ ထိုသူ များ၏ အောက်တွင် ဌာနဆိုင်ရာများ ရှိလေသည်။ ပတိအုပ်ချုပ်ရေးစနစ်ကို ဇယားချ၍ပြရသော်-

ယင်းစိတ်နန့်

ကိုယ့်ဘာသာ
ကိုယ့်စကားအတွက်
အမျိုးစောင့်တရားကိုချစ်တေ။

ကိုယ့်ရိုးရာ
ကိုယ့်ပြည်ရွက်အတွက်
ပင်လယ်ပြာကိုချစ်တေ။

စကားဖြစ်မလာသော ရခိုင်စာအရေးအသား

ရခိုင်နှင့် ပတ်သက်သည့် စာအုပ်များတွင် စာတော်တော်များများကို တွေ့လာရသည်မှာ စကားဖြစ်မ လာသော စာအရေးအသားများပင်ဖြစ်ပါသည်။ စကားဟူသည် နေရာဒေသမျိုးရိုးစဉ်လာတို့မှ ဆင်းသက်ပြီး သုံးစွဲနေကြခြင်း ဖြစ်ပါသည်။ သာသာအမျိုးမျိုး၊ လူအမျိုးမျိုးတို့သည်လည်း ကိုယ့်ဓလေ့ ကိုယ့်စကားနှင့် နေ သားတကျ ပြောဆိုနေထိုင် ကြပါသည်။ 

ကျွန်တော်တို့နေထိုင်သည့် မြန်မာနိုင်ငံတွင်လည်း ထို့အတူပင်။ သို့သော်လည်း ဗမာစကားနှင့် ရခိုင်စ ကား မှာ အလွန်အနီးကပ်ဆုံး ပြောဆိုသုံးနှုန်း နေကြသူများဖြစ်ကြပါသည်။ ငယ်ကတည်းက ရင်းနှီးကျွမ်းဝင် လာသော မြန်မာစကား။ မြန်မာစာသည် အနီးကပ်ဆုံးဆိုရသော် ရခိုင်စကား၊ ရခိုင်အပြော၊ ရခိုင်အခေါ် အ၀ါ်ထဲသို့ အလွယ်တကူ စိမ့်ဝင် သုံးစွဲလာနေသည်မှာ မဆန်းတော့ပါ။ အလွယ်ကူဆုံးနှင့် ပြောရလျှင် အညှက်ဆိုးကို အမှိုက်၊ နာလာအင်းကို မြောင်း၊ လက်ကတိကို ဂျိုင်းရင်းမှ မြောက်များစွာ သုံးစွဲလာခဲ့ ကြ သဖြင့် တည့်မတ်နေသော ရခိုင်စကားများသည် ယိမ်းနွဲ့ လှုပ်ကာလှုပ်ကာဖြင့် ဆုံးရှုံးပျောက် ကွယ်နေခဲ့ သည်မှာ ကြာပင်ကြာလေပြီ ဖြစ်ပါသည်။

လတစ်ခြမ်း

သပေါက်ထက်မှာ အဓိပတိနက္ခတ်နန့်
ပြိုင်မွီးလာရေလူ
လမ်းလျှောက်တတ်ချိန်မှာ
စည်တော်တီးသံကြားခရရေ။

ညဥ့်နက်သိုင်ခေါင်မှာ
လမ်းလျှောက်ထွက်ရေလူ
ကြယ်ရောင်မမြင်
လမ်းမှားနီဗျာယ်ကား။

မြောက်ဘက်တည့်တည့်ကို ကြည့်ဗျာယ်
အော်လိုက်ချင်ရေ
အို ဓူဝံကြယ် ဇာလားနီလေ
လမ်းပြဖိပလင်
လတစ်ခြမ်းနန့် လောင်းတစ်စီး
ငပြီအရိုး ဆတ်ကိုမထိုးခင်
သဇင်ရနံ့ မွှီးစီချင်ဗျာယ်။

တောင်သူဒဿန

ထော
ထိုမှာ ...
အဘာ ဓားထမ်းလို့ လာနိန်ယာ ....

ဒေနိန်ရာ
ငါရို့ယာခင်း
ခြုံပုတ်တိ မရှင်းရသိ
ခဲဝါတိ ၊ တောခွီးတိ
တစ်ရွီကြီးမင်းမူ
လူကိုပင် မထီကတ်ပါထော ....

ယေနန့်
ဒေတောအနှံ့
ယာခင်း မြေပြန့်ရအောင်
တောတောင် တခွင်မှာ
ခြုံပင်ကို အပြောင်ရှင်း
ခဲဝါကျင်း ၊ တောခွီးကျင်း
တွင်းတိကို မြေဖို့
သာယာရေ ယာခင်းဖြစ်ဖို့
ငါရို့တိစုပနာ
ခဲဝါကို မောင်းထုတ်ပစ်ကတ်မေ ....

စစ်တွေလီပျံကွင်း



သူ့ကိုလိုက်ပို့ခရ
တာယာစလိမ့်ဗျာယ်လေ
နိ့ခင်းကြောင်တောင် ကောင်းကင်ပြုတ်ကျပါယင့်
ဇာလောက်ကြာဖို့လေးယေ
ပင်လယ်ရိုးမ စက္ကူဖြစ်လားဖို့ပ။

အို--- အမင်
ဒေသားသျှေ လွမ်းဖို့သက်သက်လူဖြစ်လာရရေ
သွီးထဲကတောအုပ်လေး ကျကွဲခဗျာယ်
ညဥ့်တိကသောက်လို့ မယစ်နိုင်
အန်ဖတ်တိရာ အိမ်မက်ဖြစ်လီယင့်။
နောက်ဆုံးကြိုးမျှင်သျှေ
ပန်းကုံးဖြစ်နိုင်ဖို့သိလား။

နွယ် (စစ်တွေ)

နွယ် (စစ်တွေ) ကလောင်အမည်ဖြင့် ကဗျာများကို ရေးဖွဲ့ခဲ့သော ဆရာမကြီး ဒေါ်အုန်းခင်ကို ၁၉၃၂ ခု၊ မတ် လ၂၄ ရက်နေ့တွင် စစ်တွေမြို့၌ အဖ ဦးအောင်ထွန်းဦး၊ အမိ ဒေါ်စန်ပုတို့မှ ဖွားမြင်ခဲ့သည်။

၎ နှစ်သမီး အရွယ်တွင် ဇာတိ မွေးရပ်မြေမှ ခွဲခွာ၍ အစိုးရဝန်ထမ်း သားသမီးများပီပီ ဖခင် အလုပ်ပြောင်းရာ မြို့များသို့ လိုက်ပါခဲ့ရသည်။ ငယ်စဉ်က ပုသိမ်၊ မော်လမြိုင်၊ ပဲခူးမြို့များတွင် ပညာသင်ကြားခဲ့သည်။ ပဲခူးမှ အင်းစိန်သို့ ပြောင်းရွှေ့ နေထိုင်စဉ် ဒုတိယကမ္ဘာစစ်ကြီးက မြန်မာပြည်တွင်းသို့ ပျံ့နှံလာရာ ဒေါ်အုန်းခင်တို့ မိသားစုမှာ မိတ္ထီလာမြို့အနီး နတ်ကြီးကုန်းကျေးရွာတွင် စစ်ဘေးဒဏ်ကို ပုန်းရှောင်ခဲ့ရသည်။ စစ်ကြီး ပြီးဆုံး ပြီးနောက် ရန်ကုန်မှတဆင့် စစ်တွေမြို့သို့ ဖခင် အလုပ်ပြောင်းရွှေ့ခဲ့ရာ မွေးရပ်မြေ စစ်တွေမြို့သို့ တဖန် ပြန် ရောက်ရှိသည်။ ၁၉၄၈ မှ ၁၉၅ဝ အထိ ၈ တန်းမှ ၁ဝ တန်းအထိ စစ်တွေမြို့၌ပင် ပညာသင်ကြားခဲ့ သည်။

ဆိုက်ဘေးရီးယား

ရီခဲ သွီးခဲ ၀ိညာဉ်ခဲရေ
ဥက္ကာကြွီ တာရာကြွီ ကြယ်ကြွီရေ အရပ်
ယင်းဇာတိက
မိုင်သုံးထောင်ဖြတ်ပျံပြီးကေ
ဒေမြီမှာ ဆောင်းလာခိုကတ်တေ။

ရီပြာကောက်နှံ ပန်းမန်သစ်သီး
ပေါကြွယ် ချိုမြိန် သင်းမြ
ကစ္ဆပနဒီနန့် ဘဲငါးရာတောင်
တောတန်း လယ်ပြင် ကွင်းပြင်မှာ
ရခိုင်နှင်းသျှေတိ ၀ီလာကေ
သူရို့ လာကတ်ဗျာယ်လေ။

ကောလဟာလ

တစ်ခါက ၀ါကြီးမတစ်ယောက်ရေ အိမ်နီးနားချင်းမိသားစုနန့် ပတ်သတ်တေ ကောလဟာလ သတင်းတစ်ခု ကို အသိတိတစ်ယောက်ပြီးကေတစ်ယောက် ပြောပြနိန်မိရေ။ တစ်ပတ်လောက်အတွင်းမှာယင်းသတင်း ရေ မြို့ချေတစ်ခုလုံးကို ပျံ့နှံ့လားပါရေ။ အပြောခံရရေ မိသားစုက ဒေသတင်း မဟုတ်မမှန်ပါလို့ ပြောကေ လည်း လူတိက မယုံကတ်ပါဗျာယ်။ နောက်ဆုံးမှာ ယင်းမိသားစု ယင်းမြို့ချေက စွန့်ခွာလားရဖို့ အခြေအနေ ထိ ရောက်လားပါရေ။

နွားနို့တခွက်

တရက်နိန့် အကောင်ချေတယောက်စွာ ကျောင်းစရိတ်အတွက် တအိမ်ဝင် တအိမ်ထွက် သတင်းစာပို့ ယင်း၊ နောက်ဆုံး အိမ်အရောက်မှာ ကကောင်းဝမ်းဆာလာပါရေ။ စားစရာတခုခု တောင်းစားလိုက်မေ စိတ်ကူး ယင်း၊ အိမ်တံခါး ခေါက်လိုက်တေမှာ ကကောင်းလှရေ ရွယ်တူကလိမ့်မေချေတယောက် တံခါး ဖွင့်ပနာ သ တင်းစာ လှမ်းယူလာပါရေ။ ယင်း ကလိမ့်မေချေကို မြင်စွာနန့် စားစရာ မတောင်းဝံ့ဘဲ "ကျွန်တော့်ကို သောက် ရီတခွက်လောက် ပီးလို့ ရပါဖို့လား။"လို့ရာ မိန်းလိုက်ပါရေ။ ကလိမ့်မေချေက ယင်းကောင်ချေ ကကောင်း ဆာနိန်မှန်း သိလိုက်စွာနန့် အိမ်မှာရှိရေ နွားနို့အားလုံးကို မတ်ခွက်ကြီး တခွက်နန့် အပြည့်ထည့်ပနာ ပီးလိုက်ပါရေ။ အကောင်ချေက နွားနို့ကို တစက်မ ကျန်အောင် သောက် လိုက်ပြီးကေ "ကျွန်တော် ဘလောက်ပီးရပါဖို့ လဲ။" လို့ မိန်းလိုက်ပါရေ။

တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊အမှတ်(၂)

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
RNDP မှ ထုတ်ဝေသော တိုးတက်ရေးသတင်းလွှာ
အတွဲ(၂)၊အမှတ်(၂) , pdf file (4 Mb)



မောင်လွန်းကြင် (၁၉၃၇-၁၉၉၂)

၁။ အမည်ရင်း - ဦးအုန်းလွင်

၂။ မိဘအမည်                   - ဦးညီညီ + ဒေါ်အေးရှင်

၃။ မွေးသက္ကရာဇ်               - ၂၄၊ ၁၀၊ ၁၉၃၇

၎။ မွေးဖွားရာဒေသ           - သံတွဲမြို့

၅။ ကလောင်အမည်ခွဲများ - သံတွဲအုန်းလွင်၊ အမောင်

မကြန်(ဒေါ်ကြန်)




မွေးသက္ကရာဇ်                   ၁၉၁၉-ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့

အမည်ရင်း                        ဒေါ်ကြန်

မိဘအမည်                       ဦးကျော်ထွန်း + ဒေါ်ငွေနှစ်

နိုင်ငံ                                 မြန်မာ

ကိုးကွယ်သည့်ဘာသာ      ဗုဒ္ဓဘာသာ

မွေးဖွားရာဒေသ              သံတွဲမြို့

ဒီမိုကရေစီအရေး၊ ဒီမိုကရေစီအတွေး

အကျွန် ဒေခေါင်းစဉ်နန့် ရွီးစော်ကို တတိုင်က နည်းနည်း ဘာသာရပ်ဆန်ရေဆိုပြီးကေ ဝေဖန်ကတ်တေ။ အ မှန်က ကျယ်ဝန်းနက်နဲရေ နိုင်ငံရေးနယ်ပယ်ထဲကို အကျွန့်ပိုင်အသျှေ သရုပ်ဆောင်အဖြစ်နန့် ရောက်လာ ကတ်တေ လက်သင်နိုင်ငံရေး မိတ်ဆွေတိအတွက် ဒီမိုကရေစီကျကျ လွတ်လွတ်လပ်လပ် စိုင်းစားတွေးခေါ် ပြီးကေ လေ့လာထားသမျှကို မျှဝေခံစား(Sharing) လုပ်ချင်လို့ ဒေခေါင်းစဉ်ကို တင်ရခြင်းပါ။

ဒီမိုကရေစီဆိုလို့  အခုမီဒီယာလောကမှာ ခေတ်အစားဆုံး၊ အသုံးအများဆုံးစကားလုံး သုံးလုံးကို လားလို့ အ တွက်ပေါ်ပါရေထော။ နိုင်ငံရေး(Politics)၊ ဒီမိုကရေစီ(Democracy)၊ သဘာဝပတ်ဝန်းကျင် (Environment ) ဆို ရေ စကားလုံးသုံးလုံးကို ကြားနိန်ရစော် နိန့်စိုင်နန့်အမျှ။ အမှန်က ဒေစကားလုံး(၃)လုံးစော် အဂုမှပေါ် လာရေ စကားလုံးအသစ်(Modern words)မဟုတ်။ ကမ္ဘာဦးက လူစဖြစ်တည်လာခါကပင် ရှိနိန်ပြီးသား။ လူတိနန့် ပတ် သက်ဆက်နွယ်နိန်ပြီးသား စကားလုံးဆိုစော် ယုံမှားသံသယမရှိ။

တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊အမှတ်(၁)

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
RNDP မှ ထုတ်ဝေသော  တိုးတက်ရေးသတင်းလွှာ
အတွဲ(၂)၊ အမှတ်(၁) pdf file (4.7 Mb)



ဦးစံရွှေ (၁၈၈၂-၁၉၇၂)

သက်ကြီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဦးစံရွှေ (၁၈၈၂-၁၉၇၂)

"မြန်မာ့ ပညာရေးလောကတွင် ထင်ရှားသည်။ အထူးသဖြင့် သက်ကြီး တက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် လူသိများသည်။ အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ အစောဆုံး ဘီအေဘွဲ့ရသူများတွင် တဦး အပါ အဝင် ဖြစ်သည်။ ကိုလိုနီခေတ်ဦးအစိုးရ အထက်တန်းကျောင်း အမြဲတမ်းကျောင်းအုပ်ကြီး ရာထူးကို မြန်မာ တိုင်းရင်း သားများထဲမှ ပထမဦးဆုံး ခန့်ထားခံရသူ၊ အိန္ဒိယ ပဋိညာဉ်ခံ ပညာရေးဝန်ထမ်း သတ်မှတ်ချက် ကို ငြင်းပယ်ခဲ့ သူ၊ အမျိုးသား ပညာရေးကို အားပေးကူညီ၍ ဗြိတိသျှ အစိုးရ၏ အငြိုအငြင်ခံရသူ၊ အင်္ဂလန်မှ ထိပ်တန်း ဝတ်လုံဘွဲ့ (Barrister at Law) ရခဲ့သော်လည်း ပညာရေးသမား တဦးအဖြစ် ဘဝတလျှောက်လုံး ပညာရေး နယ်ပယ်တွင်သာ အစဉ်တစိုက် ဆောင်ရွက်ခဲ့သူ ဖြစ်သည်"

ဦးဦးသာထွန်း(၁၉၁၇-၁၉၉၀)

ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရွာ အနီး အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ကြွဇံတို့မှ ၁၉၁၇ ခု၊ နိုဝင်ဘာလ ၂၃ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တဦး တည်းသော သား ဖြစ်သည်။ ငယ်စဉ်မှစ၍ အဘိုးဖြစ်သူ ရာဇဝင်ဆရာကြီး ဦးသာထွန်းအောင်က ရခိုင် ရာဇ ဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နုတ်တိုက်အာဂုံ သင်ကြား ပေးခဲ့သည်။ နဝမတန်းတွင် ပညာသင် ကြား နေစဉ် ဖခင် ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး ရဟန်း ပုဂ္ဂိုလ်တို့ထံတွင် သက္ကဋ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြား လောကီ ပညာရပ်များကို သင်ကြား လေ့လာ ဆည်းပူးခဲ့သည်။

ရက္ခိုင့်အာဇာနည် သျှင်မြ၀ါ

သျှင်မြဝါကို သက္ကရာဇ် ၈၅၄ ခု ၊ ဝါဆိုလပြည့် ကြာသပတေးနေ့နံနက် ၄ ဗဟိုရ်တွင် ဖွားမြင်ခဲ့သည်၊ ငယ် အမည်မှာ မောင်မြဝါဟုခေါ်တွင်သည်။ ခမည်းတော်မှာ မင်းလှရာဇာစောမွန် ၏ မြောက်ရွှေရေးတော်ဆောင် မိဖုရား၏ အကြီးတော် စိန်တင်စား (စိုင်းတင်မြို့စား) မဟာနန္ဒသင်္ကြန်ဖြစ်သည်။ မယ်တော်မှာ မင်းလှရာ ဇာ စောမွန်၏ မိဖုရားစောနန္ဒီ၏ညီမတော်၊ ဇောစောမွန်နှင့် မိဖုရားစောနန္ဒီတို့၏ သားတော်ဖြစ် သည်။

ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈)

နှစ်ဆယ်ရာစု အတွင်း မြန်မာ အမျိုးသမီးများ၏ ထူးချွန် ထက်မြမှုကို ကမ္ဘာ့အလယ်တွင် ပညာရည်ဖြင့် ထင် ရှားစေခဲ့သူ တဦးမှာ သမိုင်းပညာရှင် ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈) ဖြစ်သည်။ ကိုလိုနီခေတ် မြန်မာ အမျိုး သမီး လောကတွင် ပညာရည်အားဖြင့် လည်းကောင်း၊ မျိုးရိုး ဂုဏ်ရည်အားဖြင့် လည်းကောင်း၊ ပင်ကိုထူးချွန် ထက် မြက်မှု အရည်အသွေးအားဖြင့် လည်းကောင်း ဒေါ်မြစိန် (M.A., B.Litt. Oxford) ကို ယှဉ်နိုင်သူ မရှိ ဟုပင် ဆိုရ ပါမည်။

ဦးမေအောင်-ရခိုင် (၁၈၈၀-၁၉၂၆)

ကိုလိုနီခေတ် မြန်မာ့သမိုင်းတွင် စွယ်စုံ ထူးချွန်သော ပညာရှင် တစ်ဦးမှာ ဦးမေအောင် (၁၈၈ဝ – ၁၉၂၆ ) ဖြစ်သည်။ ဦးမေအောင်သည် ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေးနှင့် စာပေ ယဉ်ကျေးမှု နယ်ပယ် အသီးသီးတွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်သည်။ ဦးမေအောင် သည် နိုင်ငံရေးနှင့် ပတ်သက်လျှင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အလွန် အရေးပါခဲ့သော ဝိုင် အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (၁၉ဝ၆) ကို ပြုစုပျိုးထောင်သူ၊ ရန်ကုန်မြို့ တွင် ပထမဆုံးအကြိမ် ကျင်းပသော ဝိုင်အမ်ဘီအေ အသင်းများ အစည်းအဝေးတွင် ချယ်ယာမင် (သဘာပ တိ) အဖြစ် ဆောင်ရွက်ခဲ့သူ၊ ၁၉၁၇ ခုနှစ်တွင် ကာလကတ္တားသို့ အန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေ ဂူနှင့် သွားရောက် တွေ့ဆုံရန် ဝိုင်အမ်ဘီအေမှ ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် သွား ရောက်ခဲ့သူ တစ်ဦး ဖြစ်သည်။

ရခိုင်နှင့်တိုက်သာခြင်း

တိုက်သာခြင်းမှာ ကွဲခန်း၊လွမ်းခန်း၊ ဇာတ်လမ်းဇာတ်ကွက်တို့ကို ရေးဖွဲ့ရခြင်းမျိုးမဟုတ်။ ထိုကဲ့သို့လည်းမပါ။ ကျမ်းလာသာဓက၊ ထုံးပုံတ၀၊ ဇ၀န ဥာဏ်ချင်းပြိုင်ကြရသည်သာ ဖြစ်၏။ ထို့ကြောင့် တန်ခိုးဆရာထွန်းက "တိုက်သာခြင်း ကြော်ငြာခေါင်းစီးတွင်" ယခုအခါ၊ ပြုကဗျာက၊ အကွာအကဲ၊ အဆွေး အကျွမ်း၊ တေးအ ဆန်း နှင့်၊ အလွမ်းမပါ၊ ကျမ်းအလာဖြင့်၊ အဖြာဖြာနိဿရည် အခဲအခက်၊ အနက်အနည်း၊ အမေးအဖြေ၊ အထွေ ထွေတို့ကို ခွဲဝေသေချာ၊ ထွန်းဆရာလျှင်၊ ဆန်းကြယ်စွာ တန်ဆာဆင်လျက် စီရင်ကာပြလိုက်သော "တိုက် သာခြင်း" ဟုဆိုသည်။ သာခြင်းနှင့် တိုက်ဆိုင်ခဲ့ကြသကဲ့သို့ စကားစစ်ထိုး၍ ရှုံးနိုင်ပုံကို ၀စနယုဒ္ဓ လင်္ကာဟူ၍ လင်္ကာဖြင့်လည်း ရေးစပ်ချက်တွေ့ရသည်။ ဤတိုက်သာခြင်းသည် သာခြင်းအဖွဲ့နှင့် ဆက် သွယ်နေသော စာပေမိတ်ဆက်တစ်ခုပင် ဖြစ်သည်။ ဆရာထွန်းက တိုက်သာခြင်းအကြောင်း သဘောတရား ကို ဤသို့လျှင် ဖော်ထုတ်ပြခဲ့သည်။