အိုင်စီအက်စ် ဦးကျော်မင်း

အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးနယ်ပယ်တွင် ထင်ရှားသည်။ ငယ်စဉ်ကပင် အင်္ဂလန်နိုင်ငံ၏ နာမည်အကြီး ဆုံးသော အီတန်ကျောင်းနှင့် အောက်စဖို့ဒ် တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ယှဉ်ပြိုင်ဖြေဆို ရသော အိန္ဒိယ ပဋိညာဉ် ခံ အုပ်ချုပ်ရေး ၀န်ထမ်းစာမေးပွဲတွင် မြန်မာတိုင်းရင်းသားများထဲမှ ပထမ ဆုံး အောင်မြင်ခဲ့ သူဖြစ်သည်။ ၁၉၃၇ မှ ၁၉၄၂ ခုနှစ်၊ ၉၁ ဌာန အုပ်ချုပ်ရေး တွင် မြန်မာတိုင်းရင်းသား ၀န်ကြီးချုပ် ၄ ဦးစလုံး၏ အတွင်းဝန် အဖြစ် ဆောင်ရွက်ခဲ့၍ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သည့် ထူးချွန် ထက်မြက်သော နိုင်ငံ့ဝန်ထမ်း တစ်ဦး အဖြစ် ထင်ရှားသည်။

တိုးတက်ရေး သတင်းလွှာ အတွဲ(၂)၊ အမှတ်(၅)

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) မှ
(၁၀)ရက် တစ်ကြိမ်ထုတ်ဝေသော
တိုးတက်ရေး သတင်းလွှာ
အတွဲ(၂)၊ အမှတ်(၅)
pdf file (614 Kb)

ယုန်ထင်ကြောင်ထင်

တစ်ခါကခါ မြို့နန့်လေ့ဝီး၊ ရွာနန့်လေ့ဝီးရေ တောဂနိုင်ထဲမှာ ယာလုပ်လို့ အသက်မွီးနီရေ လင်မယားနှစ် ယောက် ဟိပါရေလတ်။ ယင်းလင်မယားစွာ တောင်ကုန်းချေတစ်ခုမှာ တဲဆောက်လို့ နီထိုင်ကတ်ပါရေ လတ်။

တစ်ရက်နိကခါ မြို့သားတစ်ယောက်စွာ မျက်စိလည် လမ်းမှားပနာ ယင်းတဲကို ရောက်လာပါရေလတ်။ ယာသျှင် လင်မယား နှစ်ယောက်ကလေ့ စိတ်ကောင်းနှလုံးကောင်းနန့် ထမင်းဟင်းတည်ခင်း ကျွေးမွေးပါရေ လတ်။ ယင်းတောင်ကုန်းနားမှာ ဖြူဖွီးနီရေ ယုန်ချေတိလေ့ ပေါပါရေလတ်။ မြို့သားက ယင်းယုန်သျှေတိကို မြင်ရရေအခါ

ရခိုင်စာဆိုတော်များ - ဦးထွန်းရွှေခိုင် (မဟာဝိဇ္ဇာ)

ရခိုင်စာဆိုတော်များ
ဦးထွန်းရွှေခိုင် (မဟာဝိဇ္ဇာ)
pdf file (491 Kb)



ဘဏ်သူဌေး ဦးရဲကျော်သူ (၁၈၃၃-၁၉၁၀)

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင်လုပ်ကိုင်သူ၊ (၁၉၀၀)ပြည့်နှစ် ၀န်းကျင်ကပင် အိန္ဒိယ ရူပီးငွေ သိန်းတစ်ရာခန့် ရင်းနှီးမြှုပ်နှံထားသည့် "ဦးရဲကျော်သူ အင် ကုမ္ပဏီလီမီတက်" လုပ်ငန်းကို တည် ထောင်ခဲ့သူ၊ သူ့ခေတ်သူ့အခါက ရခိုင်ပြည်နယ်တွင် အချမ်းသာဆုံး လုပ်ငန်းရှင်၊ သူ့လက်နှင့် ထိသမျှ ငွေဖြစ်သည်ဟု တင်စားပြောခံရသူ၊ အိန္ဒိယအစိုးရကပင် ဖိတ်ကြား၍ သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ် ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။ ကျောင်းသင်ပညာ မရှိသော်လည်း ထူးခြားသော ဇွဲလုံ့လ ၀ီရိယ တီထွင်ဥာဏ်နှင့် ပြည့်စုံ၍ လှေထိုးသားဘ၀မှ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ၊ သူဌေး ဖြစ်လာသော်လည်း ဘ၀မမေ့ဘဲ လှေထိုးသားဘ၀က အသုံးပြုခဲ့သည့် လှော်တက်ကို ရွှေချလျက် အိမ်တွင် ချိတ်ဆွဲထားသူ၊ ထူးခြားမှု တစ်ရပ် မှာ အများအကျိုးအတွက် နေ့စဉ် နံနက် ၄ နာရီ အိပ်ရာမှထကာ လက်ဆွဲမီးအိမ်ကိုင် ကုလား တပည့်ကလေးနှင့် အတူ မြို့ကိုလှည့်၍ "အရပ်သားတို့၊ ရွာသားတို့၊ ထကြလော့၊ ရေထဲတွင် ငွေတွေ မျှောနေသည်၊ ဆယ်ယူကြလော့"ဟု  ဆော်သြလေ့ရှိသူ စသည့် ကောင်းသတင်း အဖုံဖုံနှင့် ပြည့်စုံသော စွန့်စားတီထွင် စီး ပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

လူမိုက် ဇာသူလဲ ဘားဘာ

ဘားဘာ-

သား မယှင်းလို့ ဘားဘာကို မီးချင်ရေ။ သား အဖြေမှန် မသိလို့ပါ။

"အမင်"လည်း လာပြီး နားထောင်ကေ ကောင်းပါဖို့။

"လူမိုက်နန့် ငွီ အတူမနီ"လို့ ဘားဘာလဲ ပြောရေ။ တခြားလူကြီးသူမတိလည်း ပြောကတ်၊ ဆိုကတ်၊ ရွီးကတ်တေ။ လူငယ်ချေတိကိုလည်း ဆုံးမကတ်တေ။ ရွာဦးကျောင်းထိုင် ဆရာတော်ကြီးတိကလည်း မိန့်ကတ် မြွတ်ကတ် ပါရေ။

ရီအုန်းတော

လီသတ်တိုင်း

အလွယ်ချေ ယိမ်းညွတ်ရဖို့လားယေ

မားမားမတ်မတ်နန့် ညီညီညွတ်ချေရာ

ကြောချင်းကပ်

ရင်ချင်းထပ်

မျက်နှာချင်းဟပ်ပျာ

လက်ချင်းဂဟေဆက်ထားကတ်တေ

မဏိစန္ဒာနန့် တောသူမ

ရွာသာယာဆိုရေရွာမှာ အချမ်းသာဆုံးဖြစ်တေ ရွာသူကြီးမှာ သမီးတစ်ယောက် ဟိရေလတ်။ ယင်းသူချေရေ ၀ါကျွတ်ပွဲအတွက် ထဘီနန့် အင်္ကျီဝယ်ဖို့အတွက် မြို့ကို လားရေလတ်။

မြို့ကိုရောက်တေခါ ၀ယ်စရာတိကို ၀ယ်ယူပြီးကေ ထမင်းစားဖို့ ထမင်းဆိုင်ကို ၀င်ရေလတ်။ ထမင်းစားပြီးခါ ယင်းမမချေက ဆိုင်သျှင်ကို အဂုပိုင် မီးပါရေလတ်။

ရင်တင်ပွဲမင်္ဂလာ

ရင်တင်ပွဲမင်္ဂလာ ။    ။ဆိုသည်မှာ အသက်(၁၃)နှစ်အရွယ် အမျိုးသမီးငယ်များသည် ခါးထဘီမှ "ရင်လွှမ်း ထဘီ" ၀တ်ဆင်ရသောပွဲ ကျင်းပပေးခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။

ရင်လွှမ်းထဘီ ။    ။ဆိုသည်မှာ ထဘီ၏ အထက်ဆင့်တွင် အခြားအရောင်တစ်မျိုးမျိုးဖြင့် အမျိုးသမီးငယ်၏ ရင်သား(နို့)ကို ဖုံးလွှမ်းရန်အတွက် ထပ်ဆင့်တင်ထားသော ထဘီကို ခေါ်ခြင်းဖြစ်သည်။

ကြက်လိုင်လိမ်

ရွာတစ်ရွာမှာ သားအဖနှစ်ယောက် ဟိပါရေ။ ယင်းသားအဖ နှစ်ယောက်မှာ အဖသည်ရေ မိုးလင်းကပင် နီ တ၀င် အရက်မူးနီစွာ တစ်ရက်မပျက် နိတိုင်းပါ။ သားကတော့ခါ ညဇာဖက်တိုင်ကေ နိတိုင်း ကြက်ခိုးစားလေ့ ဟိပါရေ။

တစ်ရက်နိ ညဥ့်ခါ အဖသည်ရေ ထုံးစံအတိုင်း ရေချိန်လွန်ပြီးကေ အိပ်နီရေ အချိန်မှာ သားရောက်လာ ပြီး ကေ အဖသည်ကို နှိုးပနာ-

ဝသုနြ္ဒီ

ပင်လယ်ရေ ရီသန့်ရီပြာငတ်တေ
ရိုးမရေ တောစိမ်းစိမ်းတိကိုလွမ်းရေ
ကောင်းကင်ရေ ငှက်ရိုင်းအုပ်တိကိုတမ်းရေ
ဝသုန္ဒြီမြတ်သျှင်မ ရင်ထဲမှာ
မျက်ရည်တိ တာကျိုးနီရလီယင့်။    ။

Visondri

The sea is thirsty of blue clean water.
The roma is longing for green forest.
The sky is yearning for wild flock of birds.
In the heart of Visondri
tears are flooded.

မောင်ခိုင်အောင်

ရခိုင်အဘိဓါန် ပြုစုရေး

"ရခိုင်မှာ ဝေါဟာရဆိုစွာကို အမှု၊ အခြင်းလို့ သုံးစွဲကတ်ပါရေ။ ဥပမာ အင်္ဂလိပ်စကားကို အင်္ဂလိပ်အမှု - အင်္ဂလိပ် ခြင်း၊ အင်္ဂလိပ်စကား ပြောတတ်သူကို အင်္ဂလိပ်မှုတတ် - အင်္ဂလိပ်ခြင်းတတ်လို့ ဆိုကတ်ပါရေ။ ယင်းနန့် ဘာသာစကားဆိုစွာ ရခိုင်ရို့ အသုံးအရ အမှု၊ အခြင်းလို့ ထင်ရှားနိုင်ပါရေ။"(အသျှင်စက္ကိန္ဒ)

စာဟိရေ လူမျိုးတိုင်းမှာ အဘိဓါန် ပြုစုထားတတ်တေ။ အဘိဓါန်ရှိကေ စာလုံးပေါင်းကို သိချင်ခါ ဖြစ်ဖြစ်၊ စ ကားလုံး အဓိပ္ပါယ်ကို နားမလည်ခါ ဖြစ်ဖြစ် အဘိဓါန်မှာ ရှာကြည့်နိုင်ရေ။ ခေတ်သစ် အဘိဓါန်တိမှာ စကား တစ်လုံး၏ စာလုံးပေါင်းနန့် အဓိပါယ်တိကိုရာမက အသံထွက်၊ သုံးပုံ သုံးနည်းတိနန့် စကားလုံး၏ ရင်းမြစ်ကို ပါ အကိုးအကား အခိုင်အလုံနန့် သမိုင်းကြောင်းလျှောက်ပျာ ဖော်ပြတတ်ပါရေ။ ယင်းပိုင် အဘက်ဘက် က ပြည့်စုံရေ အတွက် သက်ဆိုင်ရေ ဘာသာစကားကို ဆရာနန့် အခြီခံလောက်ရာ သင်ဖူးသူ တစ် ယောက်ရေ ကိုယ်လေ့လာချင်ရေ စာကို အဘိဓါန် အကူအညီနန့် ဆက်ပနာ လေ့လာဖို့ ဖြစ်နိုင်ပါရေ။

ပဉ္စလက်

ဦးစရွီးရေ မြောက်ဦးကဗျာ

"ဦးစ"ဆိုစွာ "မြ၀တီမင်းကြီး ဦးစ"ပါ။ မြ၀တီမင်းကြီး ဦးစဆိုစွာ မြန်မာစာပီလောကမှာ နီတစ်ဆူ၊ လတစ်ပါး ၀င်းပရေ ပဂ္ဂိုလ်ဖြစ်ကြောင်း လူတိုင်းသိကတ်ပါရေ။ စာပီလောကမှာ ထင်ရှားရေဆိုကေလည်း စာပီ၊ ကဗျာ၊ လင်္ကာရို့နန့် ထင်ရှားစွာမဟုတ်ပါ။ ဂီတအနုပညာကိစ္စနန့် ထင်ရှားစွာဖြစ်ပါရေ။ မြန်မာ့ဂီတခေတ်ကို အထူး ၀ါယမစိုက်ထုတ်ပနာ ပြုစုပျိုးထောင်လာသူ ယိုးဒယားတေးခြင်းနန့် ပတ်ပျိုးရို့ကို စတင်ကြံစည် ဖွဲ့နွဲ့လာသူ၊ ယိုးဒယားဘာသာနန့် ဟိနီရေ တေးခြင်းတိကို မြန်မာသံပြောင်းလို့ ဖွဲ့ဆိုသူဖြစ်တေလို့ မြန်မာစာပေ သမိုင်း ကျမ်းက ဆိုပါရေ။

ဦးစ ပြုစုခစွာ အများအပြားကတော့ခါ ပတ်ပျိုးနန့် ယိုးဒယားတေးခြင်းတိပါ။ ပျို့၊ ကဗျာ၊ လင်္ကာ ပြုစု ရွီးသား ခစွာကိုတော့ အတွိရနည်းပါရေ။

ပျင်းလို့မရွီးစွာ

ကျောင်းသား/သူ (၈၆)ယောက် လောက်ဟိရေ န၀မတန်း စာသင်ခန်းတစ်ခန်းက အဖြစ်အပျက်ချေတစ်ခုပါ။ တစ်ရက်နိ အင်္ဂလိပ်စာသင်ပြရေ ဆရာမက အင်္ဂလိုပ်စာ Essay တစ်ပုဒ်ရွီးပီးလိုက်ပါရေ။ ယင်း Essay ကို နောက်နိမှာ ရွီးဖြေစစ်ဆေးဖို့အတွက် ရအောင် ကျက်မှတ်လာပါလို့ ကျောင်းသား/သူတိကို မှာလိုက် ပါရေ။

သူရို့အချင်းချင်းရာသိရေ

ကျွန်တော့်အမိနာမည် ကြာဇံဦး။ ဈီးရောင်းပါရေ။ ဘုန်းကြီးကျောင်းစာလောက်ရာ သင်ဖူးပါရေ။ ကျွန်တော့် အမိဆိုင်နန့် မနီးမ၀ီးမှာ အဖိုး မောင်ညိုဦး နီပါရေ။ ယင်းအဖိုးလည်း ဘုန်းကြီးကျောင်းထွက်ဖြစ်ပါရေ။ ကျွန်တော့် အမိဆိုင်က ပစ္စည်းဝယ်ဖို့ဆိုကေ အချေတစ်ယောက်ကို စာတိုချေ တစ်စောင်ရွီးပြီးကေ ၀ယ်ခိုင်း နီကျပါ။

အမိမှာတမ်း

အရှိရွာမှာ၊ မိုးတိရွာကေ
ထီးဖြူကိုဆောင်း၊ ဘုချေဂေါင်းကို
မိုးသီးလုံအောင် ဖုံးလီနှမ်း။

အရှိရွာမှာ၊ လီထလာကေ
ဘုချေရင်ဘတ်၊ လီမသတ်အောင်
ခြည်ဖြူပန်းထိုး၊ ရက်ပုဆိုးကို
လုံအောင်ချုံလို့ အိပ်လီနှမ်း။

အရှိအိမ်မှာ၊ အနီကြာကေ
မိဖစကား၊ ဘုချေနားမှာ
ကြားရရေပိုင်၊ အခြီကိုင်လို့
ရခိုင်စကား၊ နှလုံးသားမှာ
မမိရအောင် ထိန်းလီနှမ်း။

ရခိုင်တိဝတ်တေ ဘာသာရေးဝတ်စုံ

ရခိုင်ဆိုစွာ ဗုဒ္ဓဘာသာဖြစ်တေ။ အကယ်၍ ဗုဒ္ဓဘာသာအဖြစ်က ဘာသာခြားကို ကူးပြောင်းလားသူကို ရခိုင် စာရင်းထဲမသွင်းတတ်တေအယူအဆလည်း ဟိပါရေ။ သာဓကပြရဖို့ဆိုကေ-

ရခိုင်ထဲက ခရစ်ယာန်ဘာသာကို ကူးပြောင်းလားရေဒေါင်မာဒင်ကို ရခိုင်စာရင်း မသွင်းလိုက်ပါယာ။ ဒေါင်မာ ဒင် ကတော့ သူ့ကိုယ်သူ ရခိုင်မင်းသားလို့ လက်မှတ်ထိုးရေလို့ ဆိုပါရေ။

ယေနန့်ရခိုင်ဆိုကေ ဗုဒ္ဓဘာသာဖြစ်ရရိုး ထုံးစံအဖြစ် လက်ခံကျင့်သုံး လာလတ်ပါရေ။

အလှည့် (သို့) နောင်တ

တနင်္ဂနွီ ရုံးပိတ်ရက်ဖြစ်လို့ ဦးစိန်ထွီး ထိုင်ခုံမှာ ထိုင်ပနာ စာအုပ်တစ်အုပ် ဖတ်နီရေ။ ၁၀တန်း ၂ နှစ်ရှူ သားကြီး အနားမှာ လာထိုင်ရေ။

"ဘာဘာ၊ သားကို ကွန်ပျူတာတစ်လုံး ၀ယ်ပီးပလင့်" လတ်။

"ကွန်ပျူတာ ဇာလုပ်ဖို့လဲဝေ။ ကိုယ့်အခြေအနေကိုယ်သိ။ ငါ့မှာ ဒင်္ဂါးမဟိ။"

အမျိုးသားထုတ်ကုန်သစ် ဖန်တီးခြင်း / (၀ဥ) ထုတ်ကုန်သစ်

ရခိုင်အမျိုးသား အကျိုးစီးပွားမြှင့်တင်ရေးအတွက် အမျိုးသားတစ်ရပ်လုံး ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်မည့် ကုန်စည်သစ်များ ဖော်ဆောင်ပေးကြရပါမည်။

ရခိုင်အမျိုးသားလုံးဆိုင်ရာ ၀င်ငွေရရှိသည့် ထုတ်ကုန်များမှာ စပါးဆန်၊ သစ်၊ သားငါး တို့ ဖြစ်နေဆဲပါ။ တစ်နည်း အမျိုးသားသားထုတ်ကုန်များ အမယ်နည်းခြင်း၊ အဆင့်နိမ့်ခြင်း၊ စီးပွားဖြစ်  များများစားစား မထုတ် လုပ်နိုင်ခြင်းတို့က ဈေးကွက်ကောင်းရရှိရေးနှင့် စီးပွားရေး အလားအလာကောင်းခြင်းများကို အားယုတ်စေ ပါသည်။

ဦးအောင်စိန်သာ (၁၉၃၇-၂၀၁၂)

"ငှက်တိပျံယင်းနန့် သီဂတ်တေပိုင်၊ ငါလေ့ ငါ့လူမျိုးအတွက် လုပ်ယင်းနန့် သီလားဖို့" 
(ဦးအောင်စိန်သာ)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန် သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးအောင်စိန်သာကို ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စာရေးကြီးကျေးရွာ၌ ၁၉၃၇-ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် အဖ ဦးမောင်သာ၊ အမိ ဒေါ်လှမဖြူတို့ မှ မွေးဖွားခဲ့သည်။ စစ်တွေမြို့ မိဇံရပ်ကွက်တွင် မူလတန်းပညာ သင်ကြားခဲ့သည်။ စစ်တွေမြို့ အထက(၁)မှ ဒဿမတန်း အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် (၁၉၅၇)ခုနှစ်မှ (၁၉၆၄)ခုနှစ်အထိ ပညာသင်ယူခဲ့ပြီး ၀ိဇ္ဖာဘွဲ့ ရရှိခဲ့ပါသည်။ ၁၉၆၀-၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ/သားများအသင်း အတွင်းရေးမှူး၊ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ် လူမျိုးစု ကျောင်းသားများ အတွင်းရေးမှူးအဖွဲ့ဝင်၊ သဘာပတိအဖွဲ့ဝင် အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရခိုင့် တန်ဆောင် မဂ္ဂဇင်း (၁၉၅၈-၅၉)ခုနှစ်အထိ အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ ၎င်းမဂ္ဂဇင်းတွင် အင်္ဂလိပ် ဘာသာဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၆၂-၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ လှုပ်ရှားမှု၌ ပါဝင်ခဲ့သဖြင့် ကျောင်းထုတ်ခံခဲ့ရသည်။