ရခိုင့်လွတ်လပ်ရေးစာစောင် အတွဲ(၄)၊ အမှတ်(၁၁)

၂၀၁၂ခု၊ မေလတွင်ထုတ်ဝေသော
ရခိုင့်လွတ်လပ်ရေးစာစောင်
အတွဲ(၄)၊အမှတ်(၁၁)
pdf file (894 KB)



ရခိုင်တို့ကတဲ့ ဒုံးယိမ်းပွဲ - သားရွှေဦး(ကစ္ဆပ)

တောရွာသဘာဝအတိုင်း တစ်ရွာတွင်ပွဲရှိလျှင် တစ်ရွာကမနေနိုင်ဆိုသလို တပေါင်းလရောက်လျှင် မြစ်နား ရွာမှာ "ဒုံးပွဲရှိတယ်ဟဲ့"လို့ ကြားလျှင်ပင် ဒုံးပွဲကို ကြည့်ရဖို့ လက်ချိုးရေတွက်ရပြီး ဒုံးပွဲကို ရွာကလူကြီး၊ လူငယ်များပါမကျန် လှည်းများစီတန်းသွားခဲ့ကြသည်။ နေ့ခင်းဘက်တွင် ဒုံးယိမ်းကပွဲကို တစ်ဝကြီးကြည့်၊ ညဘက်ကျလျှင် ဇာတ်ပွဲမိုးအလင်းကြည့်နှင့် ကျေးလက်သဘာဝ တောသူတောင်သားများ ပျော်ကြရသည်။ ဒုံးယိမ်းများမှာ ရွာနှစ်ဆယ်၊ သုံးဆယ်မှ ယိမ်းအဖွဲ့များက အပြိုင်လာကြခြင်းဖြစ်သည်။ ဂိုဏ်းချုပ် ဆရာတော်ကြီး ပွဲဆိုလျှင် ယိမ်းက ပိုများသည်။ နောက်ဆုံးနေ့မှ ယမ်းတုံးများကို ပစ်ဖောက်ကာ ပူဇော်ကြပြီး ရုပ်ကလာပ်ကို မီးရှို့ကြသည်။ ယင်းအချိန်က ရွာတစ်ရွာတွင် ယိမ်းတစ်ယိမ်းတော့ ရှိကြသည်။ ယခုနှစ် မောင်တောမြို့နယ်အတွင်းက ရွာသာယာကျေးရွာဒုံးပွဲကို ရောက်ခဲ့သည်။ ဒုံးပွဲနှင့် ဒုံးယိမ်းမှာ ရခိုင်ပြည်နယ်တစ်ဝန်းတွင် ယခုတိုင် ထိန်းသိမ်းနေသော ရိုးရာအမွေအနှစ်တစ်ခု ဖြစ်နေပါသေးသည်။ ရခိုင်ပြည်နယ်တွင် ဘုန်းကြီးပျံပွဲကို ဒုံပွဲဟု ခေါ်ခြင်းဖြစ်သည်။ ဒုံးပွဲတွင် အဓိကကြည့်ရှုစရာ နှစ်မျိုးရှိသည်။ ယင်းတို့မှာ ဘုန်းတော်ကြီးရုပ်ကလာပ် ယာယီစံကျောင်းဆီသို့ ယမ်းတုံးများဖြင့် ဒုံးတိုက်ခြင်းဖြစ်ပြီး နောက်တစ်ခုမှာ လှပစွာပြင်ဆင်ထားသည့် တလားများကို ဒုံးယိမ်းအဖွဲ့များက တလားများကို ဒုံးယိမ်း အဖွဲ့များက တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြိုင်သီဆို ကပြခြင်းပင်ဖြစ်သည်။

ရိုဟင်ဂျာဆိုသည်မှာ - စံရွှေမောင်

ယခုတလော ပြည်ပသတင်းမီးဒီယာများးက "ရိုဟင်ဂျာ"ဆို သူတို့သတင်းကို တွင်တွင်ကြီး ထုတ်လွှင့် နေကြသည်။ ၎င်းတို့ကို "လှေစီးဒုက္ခသည်" များအဖြစ် ပုံဖော်ခဲ့သည်။ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး တာဝန်ရှိသူများကလည်း ၎င်းတို့အား ဒုက္ခသည်များအဖြစ် သဘောထားပြီး လိုအပ်သလို ကူညီသွားရန် ပြင်ပမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောခဲ့ကြသည်။ နိုင်ငံတကာ လူအခွင့်အရေး အဖွဲ့ကလည်း သက်ဆိုင်ရာ အစိုးရတို့အား ၎င်းလှေစီးဒုက္ခသည်တို့ အပေါ် အကာ အကွယ် ကူညီပေးရန် တောင်းဆိုခဲ့ကြသည်။

ဤနေရာတွင် ထိုသတင်းများကို မဝေဖန်လိုသော်လည်း "ရိုဟင်ဂျာ" ဆိုသူတို့အပေါ် ဒေသခံ ရခိုင် အမျိုးသားတို့၏ အမြင်ကိုတင်ပြလိုပါသည်။