ခေတ်ရှိပြီးနီရေ ဆရာမြ၀ါ၏ ၀ိုင်းပယ်နည်း - ရခိုင်သား

    အေးမသမီး တူမသျှေနန့် သူ့အဖော်မသျှေရို့ စစ်တွေမြို့လယ် လမ်းမကြီးအိမ်က စံပြရွာလားဖို့ ဆိုက္ကားငှားကတ်တေ။ ကိုယ့်အိမ်နားခွဆုံးက အားနီရေ အသိဆိုက္ကားသည် အေးထွန်းကို "၂၀၀/ိ-နန့် ပို့ဖို့လား"လို့ ဈီးပြတ်ကတ်တေ။ အေးထွန်းက လားနီကျဈီးအတိုင်း ၃၀၀/ိ-တောင်းရေ။ ဈီးမတည့်ကတ်။ အနားမာထိုင်နီရေ တူမကြီးက "မင်းမာ ထိုင်နီတူတူ လိုက်ပို့ပစ်ခီကေ ၂၀၀/ိ-မရလား"လို့ အေးထွန်းလိုက်ပို့ချင်အောင် ပြောသိယင့်။ အေးထွန်းက လှုပ်ပင်မလှုပ်။ ယင်းပိုင်ဈီးပြတ်နီတွင်းမာ သူရို့ရှိက ကုလားဆိုက္ကားတစ်စီး ဖြတ်လားရေ။ တူမသျှေက လှမ်းခေါ်လိုက်တေ။ ၂၀၀/ိ-နန့် ဈီးပြတ်တေခါ ကုလားဆိုက္ကားသည်က လိုက်ပို့မေလို့ သဘောတူလိုက်တေ။ တူမသျှေရို့ ပြုံ့သိပြုံ့သွင်နန့် လိုက်ပါလားလီကတ်ယင့်။