၁၁ / မဥန(နိုင်) ၀၀၁၁၄၆ ကဗျာတိ

ရခိုင့်နိုင်ငံကျဆုံးခြင်း ၂၂၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်
မြောက်ဦးကဗျာသျှင်တိ စုစည်းထုတ်ဝီလိုက်တေ
၁၁ / မဥန(နိုင်) ၀၀၁၁၄၆ ကဗျာတိ
pdf file (1.16 MB)



FATHERDAY (2011)

Fatherday အထိမ်းအမှတ်အဖြစ်
မြောက်ဦးကဗျာသျှင်တိ စုစည်းထုတ်ဝီလိုက်တေ
FATHERDAY (2011)
pdf file (1.71 MB)



နွီဦး... အ၀ီး... ရင်ထဲက XIV...

2011 Valentine's Day အထိမ်းအမှတ်အဖြစ်
မြောက်ဦးကဗျာသျှင်တိစုစည်းထုတ်ဝီလိုက်တေ
နွီဦး...
အ၀ီး...
ရင်ထဲက XIV...
pdf file (1.71 MB)

နောက်ဆုံးဘုရင် မဟာသမ္မတ

 (မြောက်ဦးနိဂုံး)

ဓမ္မရဇ်ရာဇာမင်းလွန်လျှင် ထိုမင်၏ တူမတော်လင်ဖြစ်သော လက်ဝဲမြန်သတိုးအောင်ကို ပြည်သူအပေါင်းနှင့် မှူးမတ်တို့ ညီညွတ်ကာ နန်းအပ်ကြလေသည်။ မိဖုရားစောမယ်ပုံနှင့် ဘိသိက်ခံ၍ (၁၇၈၂) ခု (၁၄၄၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်)တွင် ရွှေနန်းတက်၏။ မဟာသမ္မတဘွဲ့ကို ခံယူ၍ တံဆိပ်ကို မဟာ သမ္မတ မင်းတရားဟု ခတ်နှိပ်သည်။

လက်ဝဲမြန်ကုလားဖြူ၊ လက်ယာမြန်မောင်ထွေးနှင့် မှူးမတ်တို့အား အဆောင်အယောင် ထီးစလွယ် သင်း ကျပ်တို့ကို ပေးသနား၏။ ငါးဇင်ရိုင်းချောင်းတွင် ငသံတွေသည် သောင်းကျန်းလာပြန်၍ မဟာသမ္မတရာဇာ ချီတက်လေလျှင် ထွက်းပြေးရလေသည်။ နောက်တွင် သစ္စာဝင်ခံလာ၍ ငသံတွေအား ကုလားတန်စား ပေး အပ်၏။ တစ်ဖန် ကုလားတန်မှရသော ဘဏ္ဍာတို့ကို သိမ်းယူပြီး ဘုရင်အား ထောင်ထား၏။ ဓါးပိုင်ကြီး ငသံတွေဟု နာမည်ကြီးလေသည်။

ငြိမ်းချမ်းရေးလေးမျက်နှာ (ပုထိုးတစ်ဆူ၏ မြောက်ဦးဗေဒ)

ရွှေအိုရောင် အလင်းတန်းများသည် ဖိုးခေါင်တောင်စွယ်မှ စိမ်းမြမြ သစ်ရွက်များပေါ်တွင် ၀င်းလက်နေ ကြသည်။ ထုက္ကန့်သိမ် ပုထိုးတော်၏ အနောက်မျက်နှာတွင် နေရောင်လင်းနေဆဲပါ။ ပုထိုးတော်အရိပ် ဖုံးလွှမ်းထားသော ကျောက်လှေကားထစ်များသည် နွေးမြဆဲပင်ဖြစ်သည်။ ဂန္ထ၀င် မဟာလှေကားထစ် များပေါ်တွင် ကျွန်တော်ရပ်နေမိသည်။

အို...မိတ်ဆွေ၊ လှပလွမ်းမြေ့ဖွယ် ညနေခင်းတစ်ခုတွင် ဤလှေကားထစ်များပေါ်သို့ မိတ်ဆွေတက်ရောက် ဖူးပေမည်။ ရင်ထဲ မည်သို့ခံစားရပါသနည်း။

ဖာရောက်ဘုရင်တစ်ပါးနှင့် ပိရမစ်၊ ပါသီနွန်ကျောင်းတော်နှင့် ဂရိဆိုဖစ်တစ်ဦး၊ ဘိုင်ဇင်တိုင် ဘုရားရှိ ခိုးကျောင်းနှင့် သူတော်စင်တစ်ဦး၊ အလယ်ခေတ် ဂျာမန်ရဲတိုက်ကြီးနှင့် မြို့စားကြီးတစ်ဦး။ လွတ်လပ်စွာ ရင်ခုန်ခံစားခွင့် ရှိပါသည်။

တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊ အမှတ်(၁၄)

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ
တစ်လနှစ်ကြိမ်ထုတ်ဝေသည့်
တိုးတက်ရေးသတင်းလွှာ
အတွဲ(၂)၊ အမှတ်(၁၄)
pdf file (2.11 MB)


တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊ အမှတ်(၁၂)

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ
တစ်လနှစ်ကြိမ်ထုတ်ဝေသည့်
တိုးတက်ရေးသတင်းလွှာ
အတွဲ(၂)၊ အမှတ်(၁၂)
pdf file (1.68 MB)


အန်းဖရန့်( ၁၉၂၉ - ၁၉၄၅) ဒိုင်ယာရီ - မောင်ခိုင်အောင်

မောင်ခိုင်အောင်(စစ်တွေ) မြန်မာဘာသာပြန်သည့်
Anne Frank Diary (or)
The Diary Of A Young Girl
pdf file (3.95 MB)



အဘာသားရို့ ကျေးဇူးဆပ်မှန်ဖို့

အာရက္ခဒေ့ခ်ျ အာရ်ဂျရေ
အဖရခိုင်ပြည် အာကာပျံဝဲ
ဝါသုဒေ၀ ဗလဒေဝ
စည်တော်ကြီးနန့် ကျင်သန်ကြီး
ဘီလူးနန့်စစ်ပြိုင်နိုင်
မာရယု ကနဦးစိုင်လာပြု
ကံရာဇာ မြို့ဆက်ရှာ
ဗုဒ္ဓဗျာဒိတ်ရ၊ တရားရ၊ ကိုယ်စားရ၊ ရင်ငွေ့ရ
စန္ဒသူရိယ အစပျိုးထွင်
သူရိယစက္က မဟာတိုင်းစန္ဒြ
သိမ်ကျောင်းဇရပ် ရီတွင်းရီကန် စင်္ကြံထပ်ပွားလှူ
လက်ညှိုးထိုးမလွတ်
အဖရို့ပဝေသဏီအဆက်က
နီ လ အာကာဝဠာထက်မှာ
သိပ္ပ၀ိဇ္ဇာကမ်းခတ် ရွီမှတ်တွိသိလို့
ပြက္ခဒိန်တိဖြိုဖျက် ပြဌာန်းခရေ။

"နှုတ်ဆက်ကဗျာ"

စိတ်ဓါတ်ကြံ့ခိုင်၊ ရုပ်ကြံ့ခိုင်နန့်
ရခိုင်ပီသ၊ လူ့ဘ၀ကို
ရက္ခမဏ္ဍိုင်၊ သတ္တိပြဗျာယ်
အစအဆုံး၊ ဘ၀တုံးအောင်
သိမ်းကျုံးပီးဆပ်၊ ယောက်ျားမြတ်။

ကျောင်းသားဘ၀၊ ငယ်စဉ်ကပင်
စတင်လျှောက်လှမ်း၊ ခရီးကြမ်းမှာ
ထောင်နန်းစံချိန်၊ အကြိမ်ကြိမ်ကျ
အိမ်ဦးကြမ်းပြင်၊ ထောင်ကိုဝင်လဲ
ငြိုငြင်နောက်တွန့်၊ မကြောက်ရွံ့ဘဲ
ရဲဝံ့စွန့်စား ခိုင်စိတ်ထားနန့်
ရခိုင်သားပီပီ၊ တာဝန်ကျီခ
သီအောင်ထက်ထိ၊ ရဲရဲတောက်။    ။

ရထားဆွဲပွဲ

စာဆိုဥက္ကာပျံ၏ (၁၂)လရာသီဘွဲ့တွင် "ကုံရာသီတပို့တွဲသည်၊ လွမ်းဖွယ်ပင် ပျော်ရွင် လူ့ရပ်မြေ ရထားငယ် တာသဘင်၊ နှစ်စဉ်ငင်ကေ၊ သောင်းခွင်ရို့ပြည်ထက်"ဟူ၍ ရထားပွဲတော် အကြောင်းကို စပ်ဆိုခဲ့သည်။ ရထားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၁၄)ရက်မှ လပြည့်ကျော်(၁)ရက်နေ့အထိ ကျင်းပလေ့ရှိသည်။ ရထားဆွဲပွဲကို ညနေ(၉)နာရီမှ စတင်ပြီး သန်းခေါင်ကျော်အထိ အပြန်အလှန် ဆွဲလေ့ရှိကြသည်။ ရထားဆွဲ ပွဲနားချိန်တွင် အကျွေးအမွေး အတီးအမှုတ်တို့ဖြင့် ကခုန်ကာ တပျော်တပါး စည်ကားစွာ ကျင်းပကြသည်။ တနည်းအားဖြင့် ရထားဆွဲပွဲသည် ရွာလုံးကျွတ်၊ မြို့လုံးကျွတ်ပါဝင်ရသော ပျော်ပွဲရွှင်ပွဲကြီးဖြစ်၍ စည်းလုံး မှုနှင့် စုပေါင်းခြင်းသဘာဝကို ဖော်ပြသည့် ပွဲတော်လည်းဖြစ်သည်။ ရထားကို ပြည်သူအများ ရွာဟုန်ရွာလုံး ကျွတ် ဆွဲကြရသဖြင့် အထူးခိုင်ခံ့အောင် ပြုလုပ်ရသည်။

ဒိုးကစားခြင်း

ရခိုင်ရိုးရာ ဒိုးကစားခြင်းကို ရခိုင်အမျိုးသမီးငယ်များ၊ အပျိုအရွယ်များက အထူးနှစ်သက်ကြသည်။ လသာသောညများတွင်လည်းကောင်း၊ နေ့လည်နေ့ခင်း အားလပ်ချိန်များတွင်လည်းကောင်း အုပ်စုဖွဲ့ကာ တစ်ဘက်နှင့်တစ်ဘက် ယှဉ်ပြိုင်ကစားကြသည်။ အသက်အရွယ်ကြီးပြီး အတွေ့အကြုံရှိသည့် အမျိုးသမီးကို အုပ်စုခေါင်းဆောင် (ဂေါင်လူကြီး) အဖြစ် ထားကြသည်။ ကျန်းမာရေးအတွက်သာမက အချင်းချင်း စည်းလုံး ညီညွတ်ရေးကိုလည်း ဖြစ်ပေါ်စေသည်။ ဒိုးကစားခြင်းကို ပထမဆုံး "ညှို့မေ"ဖြင့် စ,ရသည်။

ညှို့မေ။    ။ မိမိ၏ပစ်ဒိုးကို လက်ဖြင့်လှိမ့်၍ လွှတ်ပြီး သတ်မှတ်သော စည်းကို မကျော်မီ မိမိပစ်၍ ထိနိုင် မည့် နေရာတွင် ဖမ်း၍ ထောင်ဒိုးအား ထိအောင်ပစ်ရသည်။

နှစ်သစ်ကူးသင်္ကြန်ပွဲတော်

ရခိုင်တို့သည် ဆယ့်နှစ်ရာသီပွဲတော်များအနက် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို အနှစ်သာရရှိရှိ တမူထူးခြား စွာ ကျင်းပကြသည်။ သင်္ကြန်မကျမီ ရက်အနည်းငယ်ခန့်ကပင် သက်ဆိုင်ရာ ရပ်ကွက်အသီးသီးမှ ရပ်ကွက် လူကြီးများသည် သင်္ကြန်ပွဲတော် စည်ကားစွာဖြစ်မြောက်ရေးအတွက် တိုင်ပင်ဆွေးနွေးခြင်း၊ ဘုရားရေ သပ္ပါယ်ရန် အလှူငွေများ ကောက်ခံခြင်း ပြုလုပ်ကြသည်။ သင်္ကြန်အကြိုနေ့တွင် ရပ်ကွက်တိုင်း ရပ်ကွက် တိုင်း၌ မဏ္ဍာပ်ကြီးငယ်များ တည်ဆောက်ပြီး ကရမက်၊ နံသာဖြူ၊ နံသာနီ အစရှိသော အမွှေးတုံးတို့ကို ကလေးငယ်များ၊ အမျိုးသား၊ အမျိုးသမီးတို့ စုပေါင်းလျက် နံသာသွေးကြသည်။ အချို့ကလည်း ဗုံမောင်းများ တီးခတ်၍ သင်္ကြန်သံချပ်များကို သီဆိုကာ ကခုန်မြူးတူးကြသည်။ သင်္ကြန်အကြိုနေ့ကို "နံသာသွီးနိန့်" ဟု ခေါ်သည်။ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် ရပ်ကွက်လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး အပျိုအ ရွယ်များသည် တစ်အိမ်လျှင် ဆွမ်းတစ်အုပ်စီ ချက်ပြုတ်၍ သွေထားပြီးသော နံသာရည်များကို ဆောင် ယူကာ၊ မိမိတို့ရပ်ကွက် ကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်းတိုက်သို့ တစ်စုတစ်ဝေး တပျော်တပါး သွားကြသည်။ ဘုန်းတော်ကြီးကျောင်းရှိ ဗုဒ္ဓဆင်းတုတော်များကို ရေသပ္ပါယ်ခြင်း၊ အမွှေးနံသာ ပျက်ဖြန်းခြင်း၊ သာသနိက အဆောက်အအုံများအား သန့်ရှင်းခြင်း စသည့် ကုသိုလ်ကောင်းမှုများ ကို ပြုလုပ်ကြသည်။ ဤနေ့ကို "ဘုရားရီချိုးနိန့်"ဟု ခေါ်ကြသည်။

ပိတောက်စည်သံစာစောင် အတွဲ(၂)၊ အမှတ်(၆)

ပိတောက်စည်သံစာစောင်
အတွဲ(၂)၊ အမှတ်(၆)
pdf file (1.55 MB)




အောင်လူဆီးတမ်းကစားခြင်း

အောင်လူဆီးတမ်းကစားနည်းသည် ရခိုင်ရိုးရာကစားနည်း တစ်မျိုးဖြစ်သည်။ ဤကစားနည်းမှာ ဒိုးကစား နည်းကဲ့သို့ပင် အမျိုးသမီး အပျိုအရွယ်များ အုပ်စုနှစ်စုဖွဲ့၍ ကစားရသောနည်းဖြစ်သည်။ တစ်အုပ်စုလျှင် အနည်းဆုံး (၃)ဦးမှ အထက် ကစားနိုင်သည်။ ကစားခြင်းကို လသာသည့်ညများတွင် လမ်းမပေါ်၌ လည်းကောင်း၊ မြေညီသော တလင်းပြင် မြေကွက်လပ်များတွင်လည်းကောင်း ကစားလေ့ရှိသည်။

ကစားမည့် စည်းတန်းများကို ရေဖြင့်ဖြစ်စေ၊ ထုံးဖြင့်ဖြစ်စေ စည်းတားရသည်။ ဥပမာ- တစ်ဘက်တွင် ငါးယောက်ကစားမည်ဆိုပါက စည်းငါးကြောင်း တားရသည်။ ဘောင် စည်းနှစ်ခုကိုလည်း ထိပ်မှအဆုံးအထိ အူကြောင်းထားရသည်။ ပထမဆုံးစည်းကို "ထိပ်စည်း"ဟုခေါ်၍ ဒုတိယစည်းကို "ဂုတ်စည်း"ဟုခေါ် သည်။ ရှေ့ဆုံးစည်းနှင့် ဂုတ်စည်းကြားတွင် ကြက်လျှာသဏ္ဍာန်ပုံဖော်၍ ထိပ်စည်းမှတားသော လူလိုက်နိုင် ရန် ပြုလုပ်ထားရသည်။ အုပ်စုတစ်ဘက်စီတွင် ခေါင်းဆောင် တစ်ဦးစီထား၍ "ဂေါင်ကြီး"ဟု ခေါ်သည်။ မိမိ၏ အုပ်စုအနိုင်ရရေးအတွက် ဂေါင်သူကြီးတွင် တာဝန်အရှိဆုံးဖြစ်သည်။

ဒေါင်းပြောက်ခုန်တမ်းကစားနည်း

ရခိုင်ကျေးလက် အမျိုးသမီးငယ်များ၏ ကစားနည်းတစ်မျိုးဖြစ်သည်။ လူ (၄)ယောက်မှ (၁၀)ယောက်အထိ ကစားနိုင်သည်။ ဤကစားနည်းမှာ တစ်ဦးချင်း ကျွမ်းကျင်မှုကို ပိုမို အလေးပေးသည်။ ပထမဦးစွာ "အပုပ်တိုင်"ချိုး၍ အပုပ်ကျသူ (ခံလှည့်ကျသူ) နှစ်ဦးအား မျက်နှာချင်းဆိုင် ခြေဆန့်ထိုင်ပြီး ခြေဖျားချင်း ထိထားရသည်။ ယင်းလူများက ယင်းကိုခုန်ကြရသည်။

ကန်တော်ကြီး။    ။ ခြေကို အကျယ်ဆုံးဆန့်၍ ထားရသည်။ ကစားသူက တစ်လွှားချင်း ခုန်ရသည်။

ကန်တော်ချေ။    ။ ထိထားသောခြေကို အနည်းငယ်ကျဉ်းလိုက်ပြီး ယခင်ကဲ့သို့ ခုန်ရသည်။

ပြိုင်လောင်းပြိုင်ပွဲ

ရခိုင်လူမျိုးများ၏ ပြိုင်လောင်းပြိုင်ပွဲ (လှေပြိုင်ပွဲ) ကျင်းပရခြင်းမှာ ရှေးရခိုင်ဘုရင်များလက်ထက်က ကာကွယ်ရေးအတွက် ရေတပ်သားကောင်းများ ပေါ်ထွက်လာရေးကို ရည်ရွယ်လေ့ကျင့် ရွေးချယ်သော ပြိုင်ပွဲတစ်ရပ်ဖြစ်သည်။ ယင်းမှ အစပြုလျက် ရိုးရာပွဲတော်တစ်ခုဖြစ်လာခဲ့ပြီး စုပေါင်းဆောင်ရွက်ရသည့် ကျန်းမာရေးဆိုင်ရာ အားကစားပျော်ပွဲရွှင်ပွဲတစ်ရပ်လည်း ဖြစ်လာသည်။ ပြိုင်လောင်းပြိုင်ပွဲကို တန်ကူး (တန်ခူး)နှင့် ကဆုန်လများတွင် ကျင်းပလေ့ရှိသည်။ ပြိုင်ပွဲကျင်းပရာ ချောင်းရိုးတစ်လျှောက်တွင် မဏ္ဍပ် များ ဆောက်လုပ်ကာ ပွဲကြည့်ပရိသတ်များက အတီးအမှုတ် အကအခုန်များဖြင့် အားပေးလေ့ရှိသည်။