ဝံလက်ရဲ့အားမာန်နှင့်အခြားကဗျာများ - ခိုင်လင်း(မေဃ၀တီ)

၂၀၀၂ ခုနှစ်က ထွက်ရှိလာတဲ့
ခိုင်လင်း(မေဃ၀တီ)ရဲ့
ဝံလက်ရဲ့အားမာန်နှင့်အခြားကဗျာများ
pdf file (3.58 Mb)



ဦးဥတ္တမ အတွင်းရေး

        ဦးဥတ္တမလို ပုဂ္ဂိုလ်ကား ဖြစ်ရလိုပါ၏။
သို့သော် ဦးဥတ္တမလို ခေါင်းဆောင်ကား
ဘ၀အဆက်ဆက် မဖြစ်ရပါလို။

သင်္ခါရ စက်ကွင်းသို့ ချဉ်းနင်း ၀င်ရောက်ပြီးဖြစ်တော်မူသော ကျေးဇူးရှင် ဦးဥတ္တမ အရှင်မြတ်၏ အကြောင်းကို ကုလား အင်္ဂလိပ် သတင်းစာဆရာတို့မှတစ်ပါး အခြားမည်သည့် မြန်မာသတင်းစာတို့ကမှ ကျွန်ုပ်အား ရေးသားရန် တိုက်တွန်းခြင်း မရှိပါ။ သို့သော် လွန်ခဲ့သော နှစ်ပေါင်း အတော်ကြာကပင် ရင်းနှီးဆည်းကပ်ဖူးသဖြင့် ကြည်ညိုလေးမြတ်သော စေတနာ သဒ္ဓါဓါတ်က နှိုးဆော်လတ်သောကြောင့် အနည်းငယ် ရေးသားရခြင်းမျှ ဖြစ်ပါသည်။

အထက်ဖော်ပြပါ ဆရာတော်ဘုရား၏ ထေရုပ္ပတ္တိကို အခြား အခြားသော ပုဂ္ဂိုလ်တို့က အထိုက် အလျောက် ရေးသားကြပြီးဖြစ်၍ အထူးဖော်ပြရန် မလိုသော်လည်း ဆရာတော် ဘုရား၏ စိတ်နေ သဘောထား လိုရင်းဖြစ်သော အကြောင်းအချက်ကလေးများကိုကား အနည်းငယ် ရေးသားလိုပါသည်။