ရခိုင်အရေး ဆွေးနွေးအဖြေရှာ - ကျော်ဝင်း

ယခုရက်ပိုင်း စာရေးသူ စာမရေးဖြစ်ပါ။ စာပင် ဟုတ်ဟုတ်ငြားငြား မဖတ်ဖြစ်ပါ။ သို့သော် တန်ပါသည်။ မိတ်ဆွေများ၏ ကျေးဇူးကြောင့် ရခိုင်အရေး ဆွေးနွေးအဖြေရှာကြသော အလုပ်ရုံဆွေးနွေးပွဲနှစ်ခုကို ဆက် တိုက်ဆိုသလို တက်ခွင့်ရသောကြောင့် ဖြစ်ပါသည်။ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကျင်းပ ခဲ့သော ဆွေးနွေးပွဲများဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲနှစ်ခုတွင် စာရေးသူ တင်ပြခွင့်ရခဲ့သော ထင်မြင်ချက် များကို စုစည်းပြီး ယခုစာစုကို ရေးသားဖော်ပြလိုက်ပါသည်။

မခင်ပု (သို့မဟုတ်) "လူတစ်ယောက် ဘ၀နှစ်ခု"


၁၉၆၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတွင် ရွှေတံဆိပ် (၄)ခု ပိုင်ရှင်

မခင်ပုကို ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် သရွဲ (မယ်ဇလီကိုင်း) ကျေးရွာ၌ အဘဦးငချိန်၊ အမိ ဒေါ်ပသိမ်တို့မှ (၁၃၁၅)ခု နတ်တော်လဆန်း (၈)ရက် (၁၄-၁၂-၁၉၅၃) တနင်္လာနေ့တွင် မခင်ပုကို မွေးဖွားခဲ့သည်။ မွေး ချင်း ခုနစ်ယောက်အနက် ငယ်စဉ်ကပင် ခုံပေါက်ပြေးလွှားကစားခြင်းကို ၀ါသနာထုံခဲ့သည်။ မိဘ များ ကျောက်ဖြူ မြို့သို့ ပြောင်းရွှေ့လာသောအခါ ကျောက်ဖြူမြို့တွင် အစိုးရ အခြေခံပညာ အထက် တန်းကျောင်း၌ ပညာသင်ကြားခဲ့သည်။