ရခိုင်ပြည်နယ် လ.၀.က ဒု-ပြည်နယ်မှူး ဦးသာမြနှင့်တွေ့ဆုံခြင်း

မင်္ဂလာပါဆရာကြီး။ ဆရာကြီးက ရခိုင်ပြည်နယ် လ.၀.ကမှာ အချိန်အကြာကြီး တာဝန်ထမ်းဆောင် ခဲ့ဖူးတယ်လို့ ကြားသိရတဲ့အတွက် သိချင်တာလေးတွေ မေးမြန်းခွင့်ပြုပါ။ ဆရာကြီးရဲ့ ဇာတိနဲ့ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ နေရာဒေသတွေကို ပြောပြပေးပါ။

ဟုတ်ကဲ့၊ ကျွန်တော့်ရဲ့မွေးရာ ဇာတိက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ၁၉၅၇ ခုနှစ်မှာ ဒီ လ.၀.က လူဝင်မှု ကြီးကြပ်ရေးမှာ အလုပ်စ၀င်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်ထမ်းဆောင်ခဲ့တဲ့ရာထူးကို လူဝင်မှု ကြီးကြပ်ရေးမှူးလို့ ခေါ်ပါတယ်။ မူဆယ်၊ ဗန်းမော်၊ ကောလင်းစတဲ့ ကချင်ပြည်နယ်နဲ့ ရန်ကုန်တို့မှာ တာဝန် ကျပြီးမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ၁၉၆၇ လောက်မှာ ရောက်ရှိလာတာပါ။ ရခိုင်ပြည်နယ်မှာ လက်ထောက်ပြည်နယ်မှူးနှင့် ဒုပြည်နယ်မှူးအဖြစ်နဲ့ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ၈၈ အရေးတော်ပုံမှာ ပါခဲ့တယ်ဆိုပြီး Forced to Retire ပေးခံခဲ့ရတယ်။ ၁၉၉၀ ခုနှစ်မှာမှ ရန်ကုန် ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အခု အသက်(၈၂)နှစ်ရှိပြီ။
ဆရာကြီးက ၁၉၆၇ ကနေ ၁၉၈၉ အထိ လ၀ကမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်နယ်တာဝန်အဆင့်တွေ ကို ယူခဲ့ရတယ်ဆိုတော့ ဒီကနေ့ ရခိုင်ပြည်မှာ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် ဘင်္ဂလီအရေးအခင်းကို ကြားသိရ တဲ့အခါ ကျွန်တော့်ကို ပြောပြချင်တဲ့ အကြောင်းတွေ ရှိပါသလား၊ ဆရာကြီး ကြုံတွေ့ခဲ့တဲ့ အတွေ့အ ကြုံလေးတွေကိုလည်း ပြန်လည်ပြောပြပေးပါ။

ကျွန်တော်တို့ တက္ကသိုလ်မှာတုန်းက ဘူးသီးတောင်အမတ် ရော်ဟီးဘသာဆိုသူက ၁၉၅၁ ခုနှစ်လောက် မှာ နေရှင်းသတင်းစာမှာ အင်္ဂလိပ်ဘာသာနဲ့ ဘင်္ဂလီတွေကို ရိုဟင်ဂျာဆိုတဲ့ လူမျိုးတစ်မျိုးအဖြစ် တီထွင် ကာ ရေးထည့်တာကို တွေ့ရတယ်။ ဒီဇာတ်လမ်းဟာ တီထွင်လုပ်ကြံဖန်တီးတဲ့ ဇာတ်လမ်းဖြစ်တယ်။ အဲဒီတုန်းက ဆရာဦးဖော်ဇံဟာ ဓည၀တီ ရခိုင်ကျောင်းသားအသင်းမှာ ဥက္ကဋ္ဌဖြစ်တယ်။ ဆရာက ရော်ဟီးဘသာရေးတဲ့ ဇာတ်လမ်းကို သတင်းစာမှာပဲ ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုတဲ့အကြောင်းကို ဓမ္မဓိဋ္ဌာန်ကျကျ ပြန်ရေးခဲ့တယ်။ အဲဒီကစပြီး ရိုဟင်ဂျာမူစလင်ဆိုတဲ့ အကြောင်းကို ကျွန်တော်ကြားဖူး တယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက ၁၉၄၂ ခုနှစ်လောက်မှာ ကုလား-ရခိုင် အဓိကရုဏ်းဖြစ်ဖူးတယ်။ အဲဒီပြဿနာဟာလည်း ဂျပန်နဲ့အင်္ဂလိပ်တို့ ချန်ထားခဲ့တဲ့ လက်နက်တွေအားကိုးနဲ့ ကုလားတွေက စတင်ပြဿနာရှာ ရန်စတာကြောင့် ဖြစ်တာပဲ။ ပြီးရင် စစ်တွေအရေးပိုင် ဦးကျော်ခိုင်ကို သတ်ပစ်တာလည်း ရှိဖူးတယ်။ ဒီလူတွေက မကြာမကြာ ရာဇ၀တ်မှုမျိုးစုံကို ကျူးလွန်တတ်ကြတယ်။ ဒီထက်ဆိုးတာက ဒီဘင်္ဂလီတွေဟာ ကျွန်တော်တို့ နိုင်ငံပေါ်မှာ သစ္စာမရှိဘူး၊ ပြီးတော့ နိုင်ငံတော်ရဲ့ အလံတော်ကိုလည်း ဘယ်တော့မှ အလေးမပြုကြဘူး၊ ဘာသာရေးအရဆိုပြီး ဦးမညွတ်ကြဘူး၊ ဒါပေမဲ့ မြန်မာနိုင်ငံသား အဖြစ်တော့ ခံလိုကြတယ်။ အရမ်းအံသြဖို့ကောင်းတာပဲ။

ဆရာကြီး၊ လူမျိုးတစ်မျိုးဆိုတာ ဆယ်စု၊ရာစုတစ်ခုနဲ့ ဖြစ်ပေါ်လာတာလား၊ ဒါမှမဟုတ် ဘယ်လို ဖြစ်ပေါ် လာတာလဲ၊ ဒီကိစ္စမျိုးက ကျွန်တော်တို့ ရခိုင်ပြည်တစ်ခုထဲမှာပဲ ဖြစ်ပေါ်တာလား၊ သိသလောက် ရှင်းပြပေးပါ။

လူမျိုးတစ်မျိုးဆိုတာ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်းစဉ်လာတွေ သီးခြားဖြစ်တည်ရမယ်လို့ ကြားဖူးတယ်။ ဗမာပြည်မှာ အင်္ဂလိပ်တွေအုပ်ချုပ်နေတုန်းက သွင်းခဲ့တဲ့ နိုင်ငံခြားသားတွေ အများကြီးရှိ တယ်။ ဥပမာ အိန္ဒိယနိုင်ငံသား(ဟိန္ဒူ)၊ တရုတ်နိုင်ငံသား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (ဟိုတုန်းက အိန္ဒိယနိုင်ငံ သား)တွေ၊ ဒါပေမယ့် အခုခါမှာ ဟိန္ဒူတမီလ်၊ ပန်ချာပီ၊ ဂေါ်ရခါး၊ တရုတ်တွေက လူမျိုးသစ်အဖြစ် ဖန်တီး လာတာ မတွေ့ရဘူး။ ဒီဘင်္ဂလီတွေကတော့ ရိုဟင်ဂျာလူမျိုးသစ်အဖြစ် အတင်းဖန်တီးလာတာကို စိတ်ဝင် စားဖွယ်တွေ့ရှိရတယ်။ ဒါဘာကြောင့်လည်း၊ ဘာရည်ရွယ်ချက်တွေ ရှိနေသလဲဆိုတာကို သေချာဆန်းစစ် ဖို့လိုတယ်။ အမှန်မှာ ဒီဘင်္ဂလီတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေပဲ။ ဒီကနေ့ ထိုင်းနိုင်ငံကို မြန်မာနိုင်ငံ က ရွှေ့ပြောင်းအလုပ်သမားတွေ အများကြီးရောက်သွားပြီ။ ဒီလူတွေဟာ ထိုင်းနိုင်ငံမှာ လူမျိုးသစ်အဖြစ်နဲ့ လုပ်ကြံတောင်းဆိုမယ်။ နိုင်ငံသားအဖြစ်တောင်းမယ်လို့ဆိုရင် ရနိုင်မလားလို့ ကျွန်တော်စဉ်းစားမိတယ်။

မြန်မာနိုင်ငံသား ဥပဒေအရ ရိုဟင်ဂျာမရှိဘူးလို့ ပြောနေပေမယ့် ဘင်္ဂလီတစ်ချို့က ရိုဟင်ဂျာမှ ရိုဟင်ဂျာ လူမျိုးလို့ နာမည်ခံနေကြတယ်။ ဒီကိစ္စမျိုးကို ဥပဒေအရ အရေးယူနိုင်ပါသလားဆရာ။

ကမ္ဘာ့သမိုင်း၊ အရှေ့တောင်အာရှသမိုင်း၊ မြန်မာ့သမိုင်း၊ ရခိုင်သမိုင်းတွေထဲမှာ ရိုဟင်ဂျာလူမျိုးဆိုတာ မရှိခဲ့ဘူး။ ဒါကြောင့် ဒီကနေ့အစိုးရကလည်း မြန်မာ့တိုင်းရင်းသားထဲမှာ မရှီဘူးလို့ တရားဝင်ပြောနေကြပြီပဲ။ ဘင်္ဂလီလူမျိုးအားလုံးထဲမှာလည်း ရိုဟင်ဂျာနာမည် မခံဘူး၊ ဘင်္ဂလီနာမည်ကိုသာ ခံလိုကြတဲ့လူတွေလည်း ရှိတယ်။ မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးတစ်မျိုးကို အတင်းနာမည်သစ် ရိုဟင်ဂျာလို့ ခံနေတယ်ဆိုရင် ရာဇ၀တ်မှုနဲ့ အရေးယူလို့ရတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေက အရေးယူဆောင်ရွက်ပေးဖို့ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ဖို့လိုနေတယ်။ ဒီလိုမှမလုပ်ရင် မြန်မာနိုင်ငံရဲ့ နိုင်ငံသားဥပဒေကို ဒီကောင်တွေလုံးဝကြောက်မှာ မဟုတ်ဘူး။ ပိုပြီးအတင့်ရဲလာလိမ့်မယ်။ နောက်နောင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လုလာလိမ့်မယ်လို့ ကျွန်တော်ပြောရဲတယ်။ ဒီကိစ္စက တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ကိစ္စပဲ၊ မပေါ့ကြပါနဲ့လို့ ကျွန်တော် သတိပေးချင်တယ်။

ဆရာကြီး။ လ၀ကနဲ့ အမတ ဆိုတာ ဘာကွာပါသလဲ။

လ၀က ဆိုတာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနဖြစ်တယ်၊ အမတ ဆိုတာ အမျိုးသားမှတ် ပုံတင်ဌာန ဖြစ်တယ်။ လူဝင်မှုကြီးကြပ်ရေးဌာနဆိုတာ နိုင်ငံခြားသားတွေ ခိုးဝင်လာရောက်မှုကို စစ်ဆေး တဲ့ဌာနဖြစ်ပြီး အမတ ဆိုတာ အမျိုးသားမှတ်ပုံတင်ကိစ္စတွေကို ဆောင်ရွက်တဲ့ ဌာနဖြစ်တယ်။ ဒီဌာနနှစ်ခု မတူဘူး။ ကျွန်တော်က လ၀ကဆိုတဲ့ဌာနမှာ အလုပ်ဝင်ခဲ့တာ၊ နောက်ပိုင်းမှာ လ၀ကနဲ့ အမတ ပေါင်းလိုက် တာ၊ ၁၉၅၉ ခုနှစ်လို့ ထင်တယ်။

ဆရာကြီးက ရခိုင်ပြည်နယ်ရဲ့ လ၀ကမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်တွေကြတယ်ဆိုတော့ တစ်ဖက်နိုင်ငံ သားတွေ မြန်မာနိုင်ငံထဲကို ခိုးဝင်မှု ဘယ်လောက်ရှိနိုင်ပါသလဲ ခန့်မှန်းပြီး ပြောပေးပါ။ ရှင်းပြပေးပါ။

ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ပြောရမယ်ဆိုရင် တစ်ဖက်နိုင်ငံက ၀င်ရောက်လာမှုဟာ ၇၅% ကျော်မယ် လို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဘူးသီးတောင်-မောင်တောနယ်ကို တာဝန်ရှိသူ တစ်ယောက်အနေနဲ့ ရောက်ခဲ့တဲ့နှစ်တွေမှာ တစ်နှစ်ထက်တစ်နှစ် လူဦးရေတိုးပွားမှုတွေ အရမ်းများနေ တယ်။ မွေးဖွားမှုနှုန်းနဲ့လည်း ဆိုင်တယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးတော့ ရခိုင်ပြည်နယ် နယ်စပ်ရဲ့ လူဝင်မှုကြီးကြပ်ရေးတာဝန်ချထားတဲ့ အဖွဲ့တွေဟာ ဒီတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်တဲ့ လူဦးရေ နည်းတယ်။ စခန်းတစ်နေရာနဲ့ တစ်နေရာ ရှစ်မိုင်ကနေ မိုင်နှစ်ဆယ်ကျော်ဝေးတယ်။ နယ်စပ်တစ်ခုလုံး ထိစပ်မှုကလည်း မိုင် (၁၆၀)လောက်ရှိတယ်။ ဘယ်လိုမှ ၀င်ရောက်လာမှုကို ကာကွယ်နိုင်တဲ့ အခြေအနေ မရှိဘူး။ စခန်းတစ်ခုမှာ အများဆုံးတာဝန်ပေးနိုင်တာ သုံးဦးပဲရှိတယ်။ တစ်ဖက်နိုင်ငံရဲ့ လူဦးရေပေါက် ဖွားနှုန်းဟာ အရမ်းများနေတယ်။ နယ်စပ်နေဘင်္ဂလီတွေဟာ လူမျိုးတူတယ်၊ ဘာသာစကားတူတယ်၊ ယဉ်ကျေးမှုတူတယ်၊ ဘာမှခြားနားတာ မရှိဘူး။ ဒါကြောင့် သူတို့ကို ခွဲခြားနိုင်ဖို့ ခက်ခဲတယ်။ ကျွန်တော်တို့ ဖက်က အားနည်းချက်တွေ အများကြီးရှိနေတယ်။ တာဝန်ပေးတယ်လို့သာ ဆိုပေမယ့် အဖြစ်ပဲပေးတာ။ တာဝန်ကျေပွန်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘယ်သူမှ မလုပ်နိုင်ဘူး။

ဒီလိုကိစ္စမျိုးကို ဥပမာတစ်ခုပေးပြီး ရှင်းပြပေးပါ။

ကျွန်တော်တို့ ဘူးသီးတောင်-မောင်တောမှာ တစ်ဖက်နိုင်ငံကခိုးဝင်လာတဲ့သူတွေကို ဖမ်းဖူးတယ်။ ခိုးဝင် လာတဲ့သူတွေကို ဖမ်းတဲ့အချိန်မှာ ဖမ်းသူနဲ့ ခိုးဝင်သူ မမျှဘူး။ ဖမ်းတဲ့သူက သုံးလေးယောက်၊ ခိုးဝင်လာတဲ့ လူက (၃၀-၄၀)၊ ဒီတော့ ချည်စရာကြိုးမရှိဘူး။ လက်ထိပ်မရှိဘူး။ သေနတ်ပါလို့ သူတို့ကြောက်တာပဲရှိ တယ်။ စခန်းကိုရောက်တော့ အိပ်ဖို့နေရာပေးရတယ်။ ထမင်းချက်ကျွေးရတယ်။ အမျိုးသမီးတွေပါ လာတော့ အိမ်သာတက်နောက်ဖေးသွားမယ်ဆိုပြီး ထွက်ပြေးသွားကြတယ်။ လိုက်မဖမ်းနိုင်ဘူး။ လိုက်ဖမ်းပြန်ရင်လည်း စခန်းမှာရှိတဲ့သူတွေ ထွက်ပြေးကြပြန်တယ်။ ဒီတော့ ကျွန်တော်တို့ ၀န်ထမ်းတွေ အရူးကျနေတာပဲ။ တစ်ခါတစ်လေ ဖမ်းမိလို့ ထောင်ကျနှစ်ကျေတော့ တစ်ဖက်နိုင်ငံကို ပြန်ပို့တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတို့လူမဟုတ်ဘူးလို့ ငြင်းတယ်။ ဒီတော့ ကျွန်တော်တို့မှာ ဘယ်မှာထားရမှန်း ဘယ်ပို့ရမှန်း မသိဘူး။ ဒီလိုမျိုး အခက်အခဲအများကြီး ကြုံခဲ့ရတယ်။ ဒီတော့ ကျွန်တော်တို့အဖွဲ့ဝင်တွေ ခိုးဝင်လာသူတွေကို ဖမ်းရမှာတောင် ကြောက်နေပြီ။ ခိုးဝင်လာသူတွေကို ဖမ်းပြီးထောင်ချမယ်၊ ပြီးရင်လွှတ် မယ်၊ ဒီစရိတ်တွေ နိုင်ငံတော်က ကျခံရတယ်။ ကျွေးမွေးရေးစရိတ်ရှိတယ်။ ကျန်းမာရေးစရိတ်ရှိတယ်။ သယ်ယူပို့ဆောင်ရေးစရိတ်ရှိတယ်။ ဒီစရိတ်တွေကို နိုင်ငံတော်က မကျခံမီ ဖမ်းတဲ့လူက စိုက်ထုတ်ရတယ်။ ဒီလိုပြဿနာတွေရှိတဲ့အတွက် ဘယ်သူကမှ မဖမ်းချင်ကြဘူး။ ဖမ်းတဲ့လူကလည်း ဌာနမှာ နာမည်ဆိုးနဲ့ တဖြည်းဖြည်း ကြုံလာတယ်။ ဒီတော့ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်နေကြတာပဲ။

ဆရာကြီးတို့ လ၀ကမှာ လုပ်ခဲ့စဉ်တုန်းက မှတ်ပုံတင်ထုတ်ပေးခဲ့တဲ့ ဘင်္ဂလီတွေ မရှိဘူးလား။ ရှိခဲ့ရင် အမှတ်တရလေးတွေ ပြောပြပေးပါ။

မှတ်ပုံတင်ဆိုတာ မြန်မာပြည်တွင်းမှာ သွားဖို့လာဖို့ စစ်ဆေးတဲ့အခါ သက်သေခံလက်မှတ် တစ်ခုသာဖြစ် တယ်။ နိုင်ငံသားဖြစ်တယ်လို့ ဖော်ပြတာမဟုတ်ဘူး။ တိုင်းရင်းသားဖြစ်မှုကို ဆိုလိုတာမဟုတ်ဘူး။ ဒါပေ မယ့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကစလို့ မှတ်ပုံတင်ရှိမှ သွားလို့လာလို့ရတယ်။ လေယာဉ်စီးလို့ရတယ်၊ ကားစီးလို့ရတယ်၊ သင်္ဘောစီးလို့ရတယ်၊ သမ၀ါယမက ပေးတဲ့ပစ္စည်းတွေ ထုတ်ခွင့်ရတယ်။ ဒီလိုအခွင့် အရေးတွေရတော့ မှတ်ပုံတင်ကို လူတိုင်းလိုချင်ကြတယ်။  ဒီနေ့လည်း မှတ်ပုံတင်ဟာ မြန်မာပြည်မှာ အရေးတကြီးလိုအပ်နေတာပဲ မဟုတ်လား။ မှတ်ပုံတင်ရုံးဝန်ထမ်းတွေမှာ ၀န်ထမ်းက (၃၀-၄၀)၊ ၊ ပွဲစားက အများကြီးဆိုတော့ လ၀ကရုံးတွေဟာ အမြဲတမ်းစည်ကားတယ်၊ ၀န်ထမ်းတွေလည်း ငွေရွှင်တယ်၊ ပိုက်ဆံတောင်းစရာတောင် မလိုဘူး။ သူ့အလိုလို ရော့...ဆိုပြီး ပေးကြတယ်။ ဆွဲအံထဲမှာ ပစ်သွင်းခဲ့ကြ တယ်။ အမှန်မှာဆိုရင် ကျွန်တော်တို့အနေနဲ့ မှတ်ပုံတင်ပျောက်ပျက်သွားတဲ့လူတွေကိုသာ မှတ်ပုံတင် မိတ္တူတွေ ပြန်လုပ်ပေးရတာပဲရှိတယ်။ အသက်(၁၈)နှစ်ပြည့်တဲ့လူတွေကိုသာ အသစ်ထုတ်ပေးတာ။

ဆရာကြီးက လ၀ကနဲ့ အမတကို ပေါင်းပစ်တယ်ဆိုတော့ ဘာကြောင့်လဲ။

အရေးကြီးတဲ့ဌာနလို့ သူတို့သိမှ မသိတာ၊ စမ်းသပ်ပြီး အမျိုးမျိုးလုပ်ကြည့်တာပဲလို့ ထင်တယ်။ သူတို့ ရည်ရွယ်ချက်ကို အတိအကျ မပြောတတ်ဘူး။

ဆရာကြီးအလုပ်ဝင်စ ပြောခဲ့တဲ့ လ၀ကဆိုတာ ဘာတွေ လုပ်ခဲ့ရပါသလဲ။

ကျွန်တော်တို့ အလုပ်စ၀င်ခဲ့တဲ့ ၁၉၅၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးမှူးဘ၀မှာ နိုင်ငံခြားသားတွေကို လေဆိပ်၊ သင်္ဘောဆိပ် အ၀င်အထွက်တွေမှာ စစ်ဆေးရတယ်။ နယ်စပ်တွေမှာ ကင်းလှည့်ရတယ်။ အနှေးကင်း၊ အမြန်ကင်းဆိုပြီး မြင်းတွေ၊ လားတွေ၊ ကားတွေနဲ့ အဖွဲ့ဝင်တွေအများကြီးနဲ့ ယူနီဖောင်းလက်နက် အပြည့် အစုံနဲ့ စစ်ဆေးရတယ်။ ဒါမျိုးကို ရှမ်းပြည်ဖက်မှာ အများကြီးလုပ်ခဲ့ဖူးတယ်။ ရခိုင်ပြည်ဖက်မှာ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ အဓိကလုပ်ငန်းက “အ၀င်လွယ်လာရင်လဲ အနေခက်အောင် လုပ်တဲ့သဘောပဲ”။ ရှမ်းပြည် ဖက်မှာ ဒီလုပ်ငန်းကို ကျွန်တော်တို့ နေ့စဉ်၊ လစဉ်လုပ်ရတဲ့အလုပ်ပဲ။

ဒီလိုလုပ်ငန်းမျိုးကို ရခိုင်ပြည်ဖက်မှာ တစ်ကြိမ်တစ်ခါမှ ဆိုတော့ ဘယ်လို လုပ်ငန်းမျိုးကို လုပ်ခဲ့ရပါသလဲ ဆရာကြီး။

ပုံမှန် နေ့စဉ်၊ လစဉ် အနှေးကင်း၊ အမြန်ကင်းမျိုးကို တစ်ခါမှ မလုပ်ခဲ့ရဘူးလို့သာပြောတာ၊ စစ်ဆင်ရေးလို အကြီးကြီးတွေ လုပ်ခဲ့ရပါတယ်။ နဂါးမင်းစစ်ဆင်ရေးတို့၊ မြတ်မွန်စစ်ဆင်ရေးတို့၊ ကျီးကန်းစစ်ဆင်ရေးတို့ ဆိုတာတွေဟာ ကျွန်တော်ပြောတဲ့ အ၀င်လွယ်ပြီး အနေခက်အောင် လုပ်တာပါပဲ။ ခိုးဝင်လာတဲ့သူတွေကို စစ်ဆင်ရေးအရ စစ်ဆေးလိုက်ရင် ကျန်ခိုးဝင်လာတဲ့သူတွေ လန့်ပြီး ပြန်ထွက်ပြေးကြတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဒီလိုစစ်ဆင်ရေးမျိုးလုပ်ပြီးရင် အပေါ်ကလူကြီးတွေနဲ့ သမ္မတနဲ့ တစ်ဖက်နိုင်ငံနဲ့ အဆင်တစ်ခုခုပြေသွားပြီဟေ့ဆိုတာနဲ့ ပြန်လက်ခံရတယ်။ စိတ်ပျက်ဖို့သိပ်ကောင်းတဲ့ အဖြစ်တွေနဲ့ ကြုံခဲ့ရတယ်။ သူတို့ခိုင်းလို့ စိတ်ပါလက်ပါနဲ့ လုပ်ပြန်ရင်လည်း အပြောင်းအလဲက သိပ်မြန် တယ်။ ပြန်ပြီးတော့ ပြန်လည်လက်ခံရေးကို ဟင်္သာလို့ခေါ်တယ်။ ခင်ဗျားကြားဖူးမှာပါ။ မြန်မာနိုင်ငံမှာ လူကြီးတွေနဲ့ အဆင်ပြေတယ်ဆိုရင် ဥပဒေတွေမလိုဘူး။ ပြင်ချင်တိုင်းပြင် လုပ်ချင်တိုင်း လုပ်ပေးတယ်။ ကျွန်တော်တို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်တုန်းက စကားပုံတစ်ခုရှိဖူးတယ်။ “လူကိုခင်ရင် မူကိုပြင် တယ်၊ လူကိုမုန်းရင် မူကိုသုံးတယ်၊ လူကိုချစ်ရင် မူကိုပစ်တယ်”။ ဒါကြောင့် နဂါးမင်းလည်း အနေခက်အောင် လုပ်တယ်၊ လူကြီးချင်းအဆင်ပြေသွားရင် ဟင်္သာနဲ့ ပြန်ခေါ်လိုက်တယ်။ ကျွန်တော် တို့ အောက်ခြေမှာလုပ်ရတဲ့လူတွေ ရူးတာပဲ။

ဒီလိုအဖြစ်အပျက်မျိုး နောက်ထပ်ကြုံခဲ့ဖူးတာတွေ ရှိခဲ့ရင် ပြောပြပေးပါအုံးဆရာကြီး။

ကျွန်တော်ရင်နာစွာနဲ့ မျက်ရည်ကျခဲ့ဖူးတဲ့ အဖြစ်အပျက်တစ်ခုရှိဖူးတယ်။ ၁၉၇၀ ကျော်လောက်က ထင် တယ်။ ဗမာနေဗီက ဘင်္ဂလားဒေ့ရှ်က ငါးလာခိုးဖမ်းတဲ့စက်လှေ သုံးစီးဖမ်းမိလာတယ်။ လူတွေအများကြီး ပါလာတယ်။ ၅၀ ၀န်းကျင်လောက်ရှိမယ်ထင်တယ်။ ကျွန်တော်တို့ လ၀ကကို တာဝန်လွှဲအပ်တော့ ကျွန်တော်ကိုယ်တိုင် တာဝန်ယူပြီး ဥပဒေအရ အဆင့်ဆင့်အစီရင်ခံပြီး တရားစွဲတယ်။ ထောင်ချမယ့်နေ့ ရက်လောက်ကိုရောက်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတကြီးနဲ့ ဦးနေ၀င်းတို့ စကားပြောပြီး ချစ်ကြည်ရေး အတွက်ဆိုပြီး တရားခံအားလုံးကို တရားမစွဲတော့ဘဲ လွှတ်ပေးလိုက်တယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက “တက်ကနာ”ဆိုတဲ့မြို့ကို အရောက်ပို့ခိုင်းတယ်။ ကျွန်တော်ကိုယ်တိုင် သွားရောက်ပို့ပါဆိုတဲ့အတွက် လှိုင်းတွေလေတွေကြားမှာ ချက်ချင်းသွားပို့ရတယ်။ လှေပေါ်မှာ ကုလားတွေက ကျွန်တော်တို့ကို ပြဿနာ ရှာတယ်။ ခုန်ဆင်းဖို့ ကြိုးစားတယ်။ ကျွန်တော်တို့က အသနားခံပြီးတောင်းပန်ရတယ်။ ဖမ်းထားတဲ့လူဦးရေအတိုင်း သူတို့မြို့ကိုမရောက်ရင် ကျွန်တော်တို့မှာ ပြဿနာကြီးလာနိုင်တယ်။ ပြန်ပို့ ခိုင်းတော့ ရဲလည်းမပါဘူး။ ကျွန်တော်တို့ လ၀ကတွေချည်းပဲ။ ဘ၀မှာ ဒီလိုပြဿနာမျိုးကို ပြန်မစဉ်းစားရဲ ဘူး။ ဒီလိုကိစ္စမျိုးတွေ အများကြီးပဲ။ ခိုးဝင်လာတဲ့သူတွေကိုဖမ်းမိခဲ့ရင် ဖမ်းတဲ့လူတွေမှာ ပြဿနာ အများ ကြီးရှိတယ်။ ဖမ်းတဲ့သူတွေ ကြာလာရင်ဌာနမှာလည်း နာမည်ပိုပို ဆိုးလာတယ်။ ဒီကိစ္စမျိုးကို တစ်ဖက်နိုင်ငံ က ခိုးဝင်တဲ့သူတွေ သိနေတော့ မြန်မာနိုင်ငံဥပဒေကို မကြောက်ဘူး။ သူတို့က အေးအေးဆေးဆေးပဲ။ ရခိုင်ပြည်မှာရှိတဲ့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားမြို့တွေကို ရဲရဲတင်းတင်း အများကြီး ၀င်သွားကြတယ်။ ဒါကို ကျွန်တော်တို့ တင်ပြဖူးတယ်။ အထက်လူကြီးတွေကို စာနဲ့ တင်ပြခဲ့ပါတယ်။ ဘယ်သူမှ ဂရုမစိုက်ခဲ့ကြ ဘူး။ ဒီကနေ့ ဗမာပြည်မအတွင်းကို ခိုးဝင်လာနေကြတဲ့သတင်းတွေ အများကြီး ကြားနေရတယ်။ ဒါဒီနေ့မှ ဖြစ်လာတာမဟုတ်ဘူး။ အယင်တုန်းကလည်း ရှိတယ်။ လူတွေ သတိမထားကြလို့ပါ။ ဒါကြောင့် ကျွန်တော်ပြောနေတာပေါ့။ ခိုးဝင်တဲ့လူ ၇၅%ရှိတယ်။ နောင်ဗမာပြည်မထဲမှာ မြို့ကြီးတွေမှာ ပြဿနာ ကြီးလာမှာပါ၊ စောင့်ကြည့်ကြပါ။

ဆရာကြီးပြောနေတာတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာရှိခဲ့ရင်လဲ ပြောပေး ပါအုံး။


နောက်တစ်ခုပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ဗိုလ်ချုပ်ဝင်းမြင့်ခေတ်လောက်ကနဲ့ တူတယ်။ စင်္ကာပူ ကို မြန်မာနိုင်ငံက ဘောလုံးသွားကန်ကြတော့ အကူအညီအပေးတဲ့ ဘင်္ဂလီတွေကို မှတ်ပုံတင်နေ့ချင်းပြီး ထုတ်ပေးတာမျိုး ရှိခဲ့ဖူးတယ်။ တော်ပြီ နောက်ထပ်ကိစ္စတွေ မပြောချင်ဘူး။ ကျွန်တော့်မှာ ပြဿနာ အများကြီး ရှိလာနိုင်တယ်။ ဒါပဲ။

ဆရာကြီးပြောနေတာတွေက ရခိုင်ပြည်နယ်ဖက်က ကိစ္စတွေပဲ။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ကိစ္စတွေကို လည်း ပြောပြပါအုံး။


ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ဖက်မှာက လူခိုးသွင်းတဲ့ကိစ္စကို ဂိုဏ်းဖွဲ့ပြီး လုပ်ကြတာ၊ ကျွန်တော်တို့နယ်စပ် မှာ တစ်ဆင့် တစ်ဆင့်လက်လွှဲပေးပြီး တရွေ့ရွေ့ခိုးသွင်းကြတာ။ ရခိုင်ပြည်နယ်ဖက်ထက် ၀န်ထမ်းတွေ ပိုအဆင်ပြေကြတယ်။ ရခိုင်ပြည်နယ်ဖက်မှာ ဖြစ်သွားတဲ့ကိစ္စမျိုး နောင်ဒီဖက်မှာလည်း ဖြစ်လာမယ်လို့ ထင်တယ်။

မြန်မာနိုင်ငံ နိုင်ငံသားဥပဒေ ၁၉၈၂ ခု ဥပဒေဟာ တင်းကြပ်လွန်းတယ်၊ ပြင်သင့်တယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာက ပြင်သင့်တယ်လို့ ပြောနေကြတယ်။ ဆရာကြီးအမြင်ကို ပြောပါအုံး။

ဒီကနေ့ ဘင်္ဂလီတွေနဲ့ ရခိုင်တွေဖြစ်တဲ့အပေါ်မှာ အခြေခံပြီး ပြောနေကြတာဖြစ်လိမ့်မယ်။ အမှန် မှာ မြန်မာနိုင်ငံရဲ့ ပထ၀ီအနေအထားအရ လူဦးရေ သန်းရာထောင်ရှိတဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံကြား။ လူဦးရေပေါက်ဖွားနှုန်း အလွန်ကောင်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ။ အရှေ့ဖက်မှာ ထိုင်းနိုင်ငံ။ ဒီလိုအခြေ အနေမျိုးမှာရှိတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေဆိုတာကို သူတို့စဉ်းစားသင့်တယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေ ကိုပြောရရင် လူ့အခွင့်အရေးဆိုတာ တစ်ခုထဲနဲ့ စဉ်းစားပြီးပြောလို့မရဘူး။ State Less တွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုပါ စဉ်းစားရမယ်။ မြန်မာနိုင်ငံသားဥပဒေမှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်လို့ ထင်တယ်။ ဒီဘင်္ဂလီတွေလုပ်ရပ်က အချုပ်အခြာအာဏာနဲ့ ဥပဒေပြုခွင့်အာဏာကို ထိပါးစော်ကားရာလည်းရောက်တယ်။ ဒီလိုမျိုးပြောနေတာကိုတော့ စင်ကာပူနိုင်ငံရဲ့ နိုင်ငံသားဥပဒေ၊ အစ္စရေးနိုင်ငံရဲ့ နိုင်ငံသားဥပဒေကိုပါ နှိုင်းယှဉ်ပြီး စဉ်းစားသင့်တယ်။

ဆရာကြီးတို့ကို လုပ်ငန်းဌာနမှာ ရှိစဉ်တုန်းက အခြားနိုင်ငံတွေရဲ့ နိုင်ငံသားဥပဒေတွေကိုသိအောင် သင်တန်းပေးဖူးခဲ့တာမျိုး၊ သင်တန်းတက်ရောက်သင်ကြားခဲ့ရတာမျိုး ရှိခဲ့ပါသလား။

ခင်ဗျားပြောတဲ့သင်တန်းမျိုး ကျွန်တော် ကြားလည်းမကြားဖူးဘူး၊ သင်တန်းလည်း မတက်ခဲ့ဖူးဘူး။ တစ်ခြားသူတွေလည်း တက်ဖူးတယ်လို့ မသိရခဲ့ဘူး။ ဘယ်နိုင်ငံရဲ့ နိုင်ငံသားဥပဒေကိုမျ ကျွန်တော်တို့ သင်ကြားခဲ့ရတာမျိုး မရှိဘူး။

ဆရာကြီး၊ တချို့နိုင်ငံခြားသားတွေက တိုင်းရင်းသားနဲ့ နိုင်ငံသားကို အဓိပ္ပါယ်ကွဲပြားစွာ မသိကြဘူး။ ဘာကြောင့်လို့ ထင်ပါသလဲ။


ဥရောပနိုင်ငံတချို့နဲ့ အမေရိကန်နိုင်ငံမှာ တိုင်းရင်းသားဆိုတာ မရှိဘူး။ နိုင်ငံသားလောက်ပဲရှိတယ်။ ဒါကြောင့် တချို့နိုင်ငံခြားသားတွေဟာ တိုင်းရင်းသားဆိုတဲ့ အဓိပ္ပါယ်ကို သူတို့ နားမလည်နိုင် ဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ၊ အချို့နိုင်ငံသားတွေ ဘယ်တော့မှ တိုင်းရင်းသားမဖြစ်ဘူးဆိုတဲ့ ဥပဒေရှိတာကို သူတို့သိပုံမပေါ်ဘူးလို့ ထင်တယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတိုင်းဟာ အလို အလျောက် နိုင်ငံသားဖြစ်တယ်။ နိုင်ငံခြားသားဟာ ဘယ်တော့မှ နိုင်ငံသားမဖြစ်ဘူး။ နိုင်ငံခြားသားဟာ ဧည့်နိုင်ငံသားပဲဖြစ်မယ်။ နိုင်ငံခြားသားဟာ နိုင်ငံသားဖြစ်ဖို့ အဆင့်ဆင့်လျှောက်ထားရမယ်။ ခွင့်ပြုချက် ရယူရမယ်။ ဒါ့အပြင် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေလည်း ရှိသေးတယ်။ ဒီလိုလျှောက်ထားမှုမျိုး မရှိခဲ့ရင် နိုင်ငံသားလုံးဝမဖြစ်ဘူး။ အလိုအလျောက် လုံးဝ မဖြစ်ဘူး။ တိုင်းရင်းသားဟာ မူလ အိမ်ရှင်ပဲ။ အိမ်ရှင်လက်မခံရင် ဘယ်ဧည့်သည်မှ နေလို့မရဘူး။ တော်ပြီ။ ကျွန်တော်မောလာပြီ၊ နောက်ထပ်သိချင်တာတွေ ရှိသေးရင် နောက်တစ်ခါ လာခဲ့ပါ။ ဒါပဲ။ တော်ပြီ။

ကျေးဇူးပါပဲ ဆရာကြီး။

နောင်ရဲခိုင်

အာရကန်လှိုင်းသံ အမှတ်(၈)၊ ၂၀၁၃ ခုနှစ် စာစောင်မှ-

No comments:

Post a Comment