ရှေးရခိုင်ဘုရင်ခေတ် ရခိုင်တို့၏ပိုင်နက်ဖြစ်ခဲ့သည့် ဘင်္ဂါ(၁၂)မြို့ (ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ)ပိုင်နက် တောင် တန်းဒေသတွင် နေထိုင်လျက်ရှိသည့် ရခိုင်အမျိုးသားတို့ သီဆိုထားသည့် သီချင်းစီးရီးများထဲမှ တစ်ခုဖြစ်ပါ သည်။ ဤသင်္ကြန်တေးစီးရီးတွင် သီချင်းရေးစပ်ထားပုံမှာ တစ်ပုဒ်နှင့် တစ်ပုဒ် အဆက်အစပ်ရှိပြီး ဇာတ်လမ်း တစ်ခုအား နားဆင်ရသည့်ပမာ ရေးဖွဲ့ထားပါသည်။ Arakan Folks ပရိသတ်များ ခံစားနိုင်စေရန် (စောလှဖြူ - တောင်တန်းဒေသ) သီဆိုထားသည့် "နားထောင်ပါအုံး"စီးရီးအား တင်ဆက်လိုက်ရပါသည်။