သမိုင်းဝင်လက်သီးများ

(၁)
သမိုင်းမာ တံခါးပိတ်ဆိုဆို
ရိုးမကို သံမဏိသား တင်းပီးခရေ
ဦးမြ၀ါဧ့ ရွှီမျိုဉ်းဓမ္မသတ်တရားကို
လက်တွိကျင့်သုံးစည်းခြားပျာ
မင်းဘာကြီးခမျာ
"စဖိုမာ မီးထဲ့"
သွီးရည်စင်စင် ညှဲ့လို့
မယွဲ့မစောင်း ဟန်ချက်နောင်းနောင်း
သီရိဝစ္ဆကောင်းကောင်းထူမတ်
ရာစုနှစ်တိ ဖြတ်သန်းခ
ရိုးမလိုင်... ငါလွမ်းရေ။

(၂)
ကောင်းကင်ကငှက် မြက်ကြားကမြွီ
တစ်ကောင်တစ်လီ ယောင်လို့ပင်ဖြတ်ပျံမရ
ဝေဟင်က ရက္ခအောင်လံ
လီယံမာ လိပ်လက်ဖောင်းကြွလို့ စည်းခြားထိန်းခ...
ရိုးမလိုင်... ငါလွမ်းရေ။

(၃)
ရွှေထီးဆောင်း အိမ်မက်တိ
ကလိမ်ကကျစ် ဘင်္ဂလားပင်လယ်လီမာ
ဆဆောင်းရွင့်ပြန်...
ဂန္ထ၀င်မြစ်ကမ်းတိ အခါမဟိ အရွှားလိုက်ပွင့်လှန်
ရာဇ၀င်သောင်ပြင်ထက်က ကပိုင်ရွာမာ
ကရွီကရာ ပင်လယ်ပင်စွပ်တိ
လီသသွန်နန့် ၀င့်စံလို့...
နတ်မြစ်
မင်းလေ့ မျက်နှာပြောင်းပြန်သစ်တတ်နီပျာလား
"ထမင်းတစ်ဆုပ် ရီတစ်မုတ်နန့်
တုတ်ချေတစ်ချောင်းထောက်ပျာ
အဂယောင့် ဓါးတောင်ကျော်ခ
အဂယောင့် မီးပင်လယ်ဖြတ်ခ
ဒေါသ မာန ၀ီရနန့် မိုးချုပ်
တုတ်တပျက် ဓါးတပျက်
ဗရုတ်ဗရက် ကာလပျက်မာ"
အမင်...
မျက်ရည်သုတ်လို့ ပြောလိုက်ပလင်။

(၄)
အိန်တာနက စာမျက်နှာထက်
သမိုင်းထိုးဇာတ်ပျက် ပြင်ပြတ်ပြည့်သိပ်
ပဉ္စလက် အခင်းအကျင်းဘွန်ကိန်ချိတ်
ဒုက္ခသည် တံဆိပ်ကပ် လက်ဖြန့်အချောင်ရိတ်
ဒီမိုငါးစာ သိပ်ထားရေ သရုပ်ဖျက် မျှားချိတ်တိနန့်
ဧရာမလူ့အခွင့်အရေး အိတ်ကြီးလွယ်ပိုးလို့
ငါးပွတ်တုံး ငါးစာချ ငါးမရလေ့ ရီချိုးပြန်မေ
ဂြိုးကြာဟန်ဆောင်နီရေ ဇကန်းပိုင်းလုံးတိ
အကိုင်းနှုန်းမဟိ အပင်ထက် အတင်းလုတက်ပျာ
မှိုင်းတိ လိုင်းတိ ယှုတ်ယှုတ်ယှက်ယှက်ခတ်
ပါရာဒိုင်းတဆုတ်တလက်ဖက်ပုံပြတ်
အသိုက်အအုံဝပ်ကျင်း ခင်းပြီးယင်းခင်းပျာ
တအာအာတကျီကျီလုပ်နီကတ်စွာ...
နားပျင်းကတ်တေမချိယာ။

(၅)
ဒေတခါ...
မိတ်ထိုးပြုံးပြ နှုတ်ဆက်ရုံန မပြီးဒေ
စစ်ဘုရင်ခုံထက်က ကြုံရာ "ပွန်း"တစ်ကောင်ကို
ထိုးကျွေးလိုက်ပျာ
အီးအီးဆီးဆီး အသံလုံအခန်းကြီးထဲ
စည်းကိုက်ဝါးကိုက် သောက်လိုက်စားလိုက်
ခမိုက်မိုက် ကာရာအိုကေဆို
အာယိုယိုလုပ်မနီကေ့
ပုစ္ဆာထဲ ရဲရဲဝင်ကြည့်
ပြည်သူထဲ ရဲရဲဆင်းကြည့်
ဖန်သားပြင်အပြည့်
ပင့်ကူအိမ် ဗိုင်းရပ်မွှားတိ
ပုံတူမျိုးပွား ဆဲလ်များမပြန့်ခင်
ရာဇ၀င်တင်လောက်တေ
ပင့်လက်သီးတစ်ချက်
ဂက်ခနဲ့ ပိတ်ထိုးဖို့
(အိုး-ပြည်ထောင်စုသားအပေါင်းရို့)
လက်သီးနောင်းနောင်း ဆုတ်ထားကတ်မေနှန်း။

(၁၉၄၂ က မိခင်အားလုံးပါးတို့)

ဖိုးစံခါး

ပစ္ဆိမရပ်ဝန်းမဂ္ဂဇင်း အမှတ်(၁)မှ-

No comments:

Post a Comment