ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့(၃) - ခိုင်လင်း(မေဃ၀တီ)

လွပ်လပ်ရေးနဲ့အတူ မွေးဖွားလာခဲ့တဲ့ ပြည်တွင်းစစ်ဟာ လူမျိုးကြီးဝါဒကြီးစိုးရေး(သို့မဟုတ်) ပြည်ထောင်စု အမည်ခံ တစ်ပြည်ထောင်စနစ် တည်ဆောက်ရေး အင်အားစုတွေကတော့ ပုံစံမျိုးစံ၊ နာမည်မျိုးစုံနဲ့ ကင်ပွန်း တပ်ခံခဲ့ရတယ်။ ဓါးပြဂိုဏ်း၊ သောင်းကျန်းသူ စသည်ဖြင့်။ တချို့ကလည်း ဗြိတိသျှရဲ့ မြှောက်ပင့်သွေးခွဲမှု၊ တချို့ကလည်း ယဉ်ကျေးစွာဖြင့် "ကိုလိုနီဆိုးမွေ"။ ဒီနာမည်တွေဟာ အုပ်ချုပ်သူ အဆက်ဆက်က သုံးစွဲခဲ့ တာ မှန်တယ်။ ဒါပေမယ့် အုပ်ချုပ်သူ မဟုတ်သူတွေကော မပါခဲ့ဘူးလားဆိုတော့ ပါပါတယ်။ ဒါကြောင့် "လူမျိုးကြီးဝါဒကြီးစိုးရေး (သို့မဟုတ်) ပြည်ထောင်စုအမည်ခံ တစ်ပြည်ထောင်စနစ်တည်ဆောက်ရေး အင်အားစု"လို့ ၀ိသေသနပြုခဲ့တာဖြစ်တယ်။ ပြောရရင် လွတ်လပ်ရေးနဲ့ ထပ်တူမွေးဖွားလာခဲ့တဲ့ ပြည်တွင်း စစ်ကို ဆင်နွှဲလာခဲ့တဲ့ အမျိုးသားတို့ရဲ့ တိုက်ပွဲကို ပြက်ရယ်ပြုလိုက်တာ ဖြစ်တယ်။ ဒီနေရာမှာ ပြည်တွင်းစစ် ကို သိဒ္ဓိတင်ချင်လို့ မဟုတ်ဘူး။ လွတ်လပ်ရေးရသည်မှ ယနေ့အထိ စစ်ပွဲတွေ ဆင်နွှဲနေတဲ့ လူတွေကို မေး ကြည့်ပါ။ စစ်ကို လိုလားသလားလို့။ သူတို့ စစ်ကို မလိုလားပါ။ ဒါပေမယ့် စစ်ကို ဆင်နွှဲနေရတယ်။ စစ်ကို မလိုလားပေမယ့် စစ်ကို ဆင်နွှဲနေရခြင်းဟာ စိတ်ဝင်စားဖို့ကောင်းသလို မှန်မှန်ကန်ကန် လေ့လာသုံးသပ်ဖို့ လည်း ကောင်းပါတယ်။ ထို့အတူ ပြည်တွင်းစစ်ရဲ့ ဇစ်မြစ်ကိုလည်း မှန်မှန်လေ့လာပြီး မှန်မှန်ကန်ကန် နာမည်ပေးဖို့ လိုမယ်ထင်ပါတယ်။

ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့ (၂) - ခိုင်လင်း(မေဃ၀တီ)

ပဉ္စမမြန်မာနိုင်ငံတော်အယူအဆဟာ ဗမာအမျိုးသားအင်ပါယာ ထူထောင်ရေးဝါဒဖြစ်တယ်လို့ ကောက်ချက် ချခြင်းဟာ သမိုင်းကြောင်းတွေ၊ သမိုင်းနောက်ခံတွေ ကို အခြေခံပြီး ကောက်ချက်ချခြင်း ဖြစ်တယ်။ လူ တစ်ဦးရဲ့ လုပ်ရပ်တွေ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေ၊ လူအုပ်စုတွေရဲ့ လုပ်ရပ်တွေဟာ အယူအဆ ခံယူ ချက်တွေကို အခြေခံပြီး လုပ်ကြတာ ဖြစ်တယ်။ ဒါကြောင့် အယူအဆအချို့အတွက် တော်လှန်တိုက်ပွဲဝင် ရတာတွေ ရှိတယ်။ ပဉ္စမ မြန်မာနိုင်ငံတော် အယူအဆကို ယုံကြည်တဲ့သူဟာ သူ့ရဲ့လုပ်ဆောင် ချက်တွေ၊ ပေးဆပ်မှုတွေဟာလည်း ဒီအတွက်ပဲ ဖြစ်ပါလိမ့်မယ်။ လွတ်လပ်ရေးတိုက်ပွဲကာလနဲ့ လွတ် လပ်ရေးနောက်ပိုင်း ကာလတွေမှာ ဒီအယူအဆကို ယုံကြည်သူတွေကတော့ သခင်ဗစိန်၊ ဂဠုန်ဦးစော၊ ဦးနေ၀င်း၊ ဗိုလ်သန်းရွှေတို့ဟာ ထင်ရှားတဲ့ လူတွေပါ။ ဒီလူတွေရဲ့ လုပ်ဆောင်ချက်တွေဟာ ပဉ္စမ မြန်မာနိုင် ငံတော် အယူအဆအပေါ်မှာ အခြေခံခဲ့တယ်ဆိုတာ သူတို့တွေရဲ့ အလုပ်တွေဟာ သက်သေပြခဲ့ပါတယ်။ ပဉ္စမ မြန်မာနိုင်ငံတော် အယူအဆကို နည်းနည်းလောက်ရှင်းပြဖို့ လိုမယ်ထင်တယ်။

ပါမောက္ခလုစ်က (၁၁)ရာစုမှာ အနော်ရထာစည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ပထမမြန်မာနိုင်ငံ၊ (၁၅)ရာစုမှာ ဘုရင့်နောင် စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ဒုတိယမြန်မာနိုင်ငံ၊ (၁၈)ရာစုမှာ အလောင်းဘုရားစည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို တတိယမြန်မာနိုင်ငံ၊ (၂၀)ရာစုမှာ ဗိုလ်ချုပ်အောင် ဆန်းစည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံလို့ ရေးသားလဲ့တာတွေ ရှိတယ်။ ပါမောက္ခ လုစ်ရဲ့ အယူအဆကို အခြေခံစဉ်းစားရင်း ပဉ္စမမြန်မာနိုင်ငံတော် အယူအဆ ပေါ်ပေါက်လာတာ ဖြစ် တယ်။ မြန်မာ (ဗမာ)အချင်းချင်းမှာတောင် ပဉ္စမမြန်မာနိုင်ငံတော် အယူအဆဟာ အငြင်းပွားမှုတွေ နဲ့ ပြည့်နှက်နေတာ တွေ့ရပါတယ်။ ဦးနေ၀င်းကို ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ထောင်ရေးကြိုးပမ်းခဲ့သူ တစ်ဦးအဖြစ် သတ်မှတ်နိုင်သလို ဗိုလ်သန်းရွှေဟာလည်း ပဉ္စမ မြန်မာနိုင်ငံတော်ကို ဆက်လက် ဦးဆောင်စေသူအဖြစ် သတ်မှတ်နိုင်ပါတယ်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပဉ္စမမြန်မာနိုင် ငံတော် ထူထောင်မယ့်သူလို့ ပြောလိုကြပါတယ်။ ပါမောက္ခလုစ်ရဲ့ အယူအဆအပေါ်မှာ သက်ဝင်ယုံကြည် သူတွေအနေနဲ့တောင် ပဉ္စမမြန်မာနိုင်ငံတော်ထူထောင်သူမှာ အငြင်းပွားစရာဖြစ်နေတာ တွေ့ရပါတယ်။ ဒီအယူအဆအတိုင်းဆိုလျှင် ဦးနေ၀င်းဟာ ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ထောင်သူအဖြစ် သတ်မှတ်ပြီး ဗိုလ်သန်းရွှေကတော့ ဆက်လက်ဦးဆောင်စေသူအဖြစ် သတ်မှတ်ရမှာဖြစ်တယ်။

ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့ (၁) - ခိုင်လင်း(မေဃ၀တီ)


ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံမျိုး နောက်တစ်ကြိမ်ကျင်းပဖို့ လိုအပ်တာကြောင့် ဒုတိယပင်လုံလို့ပဲ ညွန်းဆိုခြင်းဟာ လက်လွတ်စပယ်ခေါ်ဆိုခြင်းမျိုးတော့ မဖြစ်နိုင်ပါဘူး။ အမှန်တကယ် နှိုက်နှိုက်ချွတ်ချွတ် မညာတမ်းလေ့လာကြည့်ရင် ဒုတိယ ပင်လုံညီလာခံကို ဦးအောင်ဆန်းကျဆုံးပြီး နောက်တစ်ရက်မှာ ကျင်းပ ရမှာဖြစ်တယ်။ ဦးအောင်ဆန်းကျဆုံးခြင်းနှင့်အတူ ပင်လုံစာချုပ်ရော ပြည်ထောင်စုစိတ်ဓါတ်ရော ကျဆုံးခဲ့ရ တာဖြစ်တယ်။ ထို့အတူ တိုင်းင်းသားတွေဟာလည်း ပျော့ပျောင်းညင်သာစွာနဲ့ ကိုလိုနီဘ၀ကို ပြန်လည် ဆင်းသက်ခဲ့ရတယ်။

ဒီအခင်းအကျင်းတွေကြောင့်ပဲ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကို မွေးဖွားစေခဲ့တာ ဒီနေ့အချိန်ထိပါပဲ။ လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့ ပြည်တွင်းစစ်ဟာ ဦးအောင်ဆန်းကျဆုံးမှုနဲ့အတူ ပင်လုံစာချုပ်ပါ ကျဆုံး သွားရခြင်းရဲ့ အထင်ရှားဆုံး ပြယုဂ်တစ်ခုပါ။ ဒါကြောင့် ဒုတိယအကြိမ် ပင်လုံညီလာခံကဲ့သို့သော ညီလာခံ မျိုး ကျင်းပရန် လိုအပ်တာကို အခြေခံပြီး ဒုတိယပင်လုံလို့ ညွန်းဆိုခြင်းဟာ လက်လွတ်စပယ် ခေါ်ဆိုခြင်း မျိုးတော့ မဖြစ်နိုင်ဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။

သင်္ကြန်ပိတောက် - အဖွဲ့

VCD Cover
၀၁။ သင်္ကြန်မိတ္တာရီ - ခိုင်ကျော်လင်း
၀၂။ သင်္ကြန်ပိတောက် - ခိုင်ကျော်လင်း

၀၃။ အားလုံးထ အားလုံးက - ညှာစိမ်းခိုင်
၀၄။ လူပျိုကြီးဖူးစာ လိုက်လို့ရှာ - မျိုးရခိုင်
၀၅။ ချမ်းပတ်စီ မွန်းပတ်စီ - ခိုင်ကျော်လင်း

၀၆။ နွီဦးအလွမ်း - ခိုင်ကျော်လင်း
၀၇။ အားယာယာသင်္ကြန် - ၀တီစိုးမိုး
၀၈။ ရှက်မနီကေ့ လောင်းလောင်း - ခိုင်မင်းသွီး

၀၉။ နှစ်သစ်ဆုတောင်း - ခိုင်ကျော်လင်း
၁၀။ သင်္ကြန်ချစ်သူ - ခိုင်ကျော်လင်း
၁၁။ ပျော်လိုက် ကလိုက် သင်္ကြန် - ညှာစိမ်းခိုင်

၁၂။ နှစ်သစ်သင်္ကြန် - ခိုင်ကျော်လင်း
၁၃။ သင်္ကြန် REMIX - အဖွဲ့

နတ်သင်္ကြန် REMIX


၁၉၉၈ ခုနှစ် ၀န်းကျင်လောက်က ထွက်ရှိလာရေ သင်္ကြန် Remix စီးရီးပါ...
စီးရီးကို "နတ်သင်္ကြန်"လို့ နာမည်ပီးထားပြီးကေ ဂီတာသမား ကိုကျော်ဌေးက ယခု စစ်တွေလေယာဉ်ရုံး ၀င်းထဲမှာ အသံဖမ်း တီးခတ်ထားခြင်းဖြစ်ပါရေ။ 
ရခိုင့်ဂီတ Remix လောကကို တစ်ခေတ်ဆန်းစီခရေ စီးရီးဖြစ်ပနာ ကိုကျော်ဌေး၏ ကြိုးစားမှုကို အသိအ မှတ်ပြုလောက်တေ မှတ်တိုင်တစ်ခုလေ့ ဖြစ်ပါရေ...
ကိုကျော်ဌေးစွာ အယင်ကလေ့ တူဝရီးနှစ်ယောက်ပေါင်းပနာ "အချို၊ လင်းလင်း" နာမည်နန့် ဗမာစီးရီး တစ်ခုလေ့ သီဆို ထုတ်ဝေဖူးခပါရေ...
ခုခေတ် နာမည်ကြီးနိန်ရေ အဆိုတော် Wanted (ဖော်ကာ)၏ ဂီတ၀ါသနာကို ရင့်သန်စီဖို့ မျိုးစေ့ချပီးခရေ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ရေဆိုစွာလေ့ ငြင်းလို့ရဖို့မထင်ပါ...
ဒေ"နတ်သင်္ကြန်"စီးရီး ထွက်ရှိခစွာ ဆယ်စုနှစ်တစ်ခုကျော်လွန်ခကေလေ့ သူတီးခတ်ထားရေ Remix Music တိရေ ခုထိအောင် မရိုးနိုင်သိမ့်စွာကို အမျိုးတိ နားထောင်ကြည့်ကတ်ပါလီ...

၀၁။ Remix - 1
၀၂။ Remix - 2

၀၃။ Remix - 3
၀၄။ Remix - 4

၀၅။ Remix - 5
၀၆။ Remix - 6

၀၇။ Remix - 7
၀၈။ Remix - 8

၀၉။ Remix - 9
၁၀။ နတ်သင်္ကြန်

နှစ်ကူးပန်း - အဖွဲ့

၂၀၀၁ ခုနှစ်လောက်က ထွက်ရှိခရေ ရခိုင်သင်္ကြန် စီးရီးပါ...
ဒေစီးရီးစွာ အဆိုတော် စစ်နိုင်လို့ ဖြစ်လာစီရေ စစ်နိုင်၏ အနုပညာ ခြီလှမ်း အစတစ်ခုလေ့ ဖြစ်ပါရေ...
ဒေစီးရီးမှာ ကျွန်တော်ရို့ မှတ်မိတတ်စအရွယ်လောက်က ဦးဖော်စံသီဆိုထားရေ "အနာဂတ် ရခိုင်ပြည်" တေးခြင်းကို မောင်ကိုကိုက ပြန်ပနာ သီဆိုထားစွာလေ့ တွိရပါရေ... အနာဂတ် ရခိုင်ပြည် တေးခြင်းစွာ ဒေနိထက်ထိ မရိုးနိုင်ရေ ရခိုင်သင်္ကြန်တေးခြင်း တစ်ပုဒ်လေ့ ဖြစ်ပါရေ...
ဒေစီးရီးမှာ ကွယ်လွန်လားခရေ ရခိုင့်ဂီတစာဆို ဦးထွန်းအောင်သာ(ပါပါလုံး)၏ လက်ရာတစ်ခုဖြစ်တေ  "ပျိုအလှနန့်ခါသင်္ကြန်" တေးခြင်းကိုလေ့ အမှတ်တရ နားထောင်နိုင်ပါရေ...

 VCD Cover

၀၁။ အနာဂတ် ရခိုင်ပြည် - မောင်ကိုကို
၀၂။ ပျော်ကြီးကျ - ၀င်းကိုခိုင်

၀၃။ အသူပိုလှပါရေ - စစ်နိုင် + ယုယုလှိုင်
၀၄။ ပိတောက်ပွင့်မိုး - ၀င်းကိုခိုင် + မိုးမိုးရှိန်

၀၅။ လိုက်လို့ရှာ - ဘုန်းလျှံ
၀၆။ နှစ်ကူးပန်း - ယုယုလှိုင်

၀၇။ ထိုနှစ်ချေ - ၀င်းကိုခိုင် + မိုးမိုးရှိန်
၀၈။ မေတ္တာရီ - ၀င်းကိုခိုင်

၀၉။ သူများပျော်လို့ မပျော်နိုင် - ယုယုလှိုင်
၁၀။ ပျိုအလှနန့် ခါသင်္ကြန် - မောင်ကိုကိုနှင့် အဖွဲ့

ရဖို့ထင်လာ (သံချပ်) - ဦးကျော်လှ

VCD Cover
၀၁။ သံချပ် (၁)
၀၂။ သံချပ် (၂)

၀၃။ သံချပ် (၃)
၀၄။ သံချပ် (၄)
၀၅။ သံချပ် (၅)

၀၆။ သံချပ် (၆)
၀၇။ သံချပ် (၇)
၀၈။ သံချပ် (၈)

၀၉။ သံချပ် (၉)
၁၀။ သံချပ် (၁၀)
၁၁။ သံချပ် (၁၁)

၁၂။ သံချပ် (၁၂)
၁၃။ သံချပ် (၁၃)
၁၄။ သံချပ် (၁၄)

၁၅။ သံချပ် (၁၅)
၁၆။ သံချပ် (၁၆)
၁၇။ သံချပ် (၁၇)

အမှန်ပြောကေ မခြီ (သံချပ်)

၂၀၀၇ ခုနှစ်လောက်က သန္တာမြီ ဘိုးဘွားရိပ်သာရန်ပုံငွေ ရှာဖွေဖို့အတွက် ထွက်ရှိခရေ သံချပ်အခွေပါ။
သံချပ်ခွေ နာမည်က "အမှန်ပြောကေ မခြီ" ဆိုပါယင့်....

စီစဉ်ရီးသားသူ - အလယ်ဖရုံကာ ကိုထွန်း (ကျောက်ဖြူ)
သီဆိုသူများ  -  ဦးသာစိန် (မြေစာရင်း)၊ ကိုထွန်းအေး (သားရခိုင်) ၊ကျော်စွာဝင်း၊ ကိုစိုးဝင်းမြင့်၊ ကိုဝင်းအောင်

ဗုံ - ကိုလှရွှေ
စည်းဝါး - ကိုမောင်ထွန်း
မောင်း - ကိုခင်ထွန်း
နှဲ - ကိုကျော်ဝင်း   
ဆိုင်း - ကိုထွန်းရွှေ
အော်ဂင် - ကိုထွန်းအေး

အသံဖမ်း - ကိုမျိုးဝင်း (ကျောက်ဖြူ)

"ကိုင်း... ဒေနှစ် သင်္ကြန်အခါသမယမှာ လေးရပ်ဝတီ ညီအစ်ကို သွီးချင်းရို့ သတိတရား ထားတတ်စီကြောင်း စေတနာရီ သွန်းလောင်းပြီးကေ ၀ါသနာထက် အနစ်နာကို အရင်းပြုလို့ ကဗျာကယာ တင်ပြလိုက်တေ အပြုသဘောကို အဓိကထားလို့ တင်ပြရရေအတွက်ကြောင့် အခွန်တော်မဖြတ်ခင် ဘီအီးတစ်ပိုင်းနန့် ဘီယာတစ်ခွက်ကို ပါပရာသုံးချပ်နန့် ရောသောက်လို့ လိုင်ခြောင်းရှင်းလိုက်မေ... အဟမ်း.... ခွင့်လွှတ်လို့ရာ နားထောင်လီကတ်ပါဖိ..."  ခြီဆင်းချေကို ခွင့်လွှတ်လို့ နားထောင်လီကတ်ပါလီ...

(ရာသီပြောင်းလို့ ဟောင်းရွက်ကကြွီ ဥသြငှက်ချေ မြည်တွန်နိန်...

ရခိုင်ပြည်သားရို့ ရူးခြင်းပြပနာ အမူးသမားဘ၀မှာ ပျော်နိန်...)၂

(ပြည်ရခိုင်ဌာနီ ထီးနန်းသုဉ်းပနာ စည်းကမ်းနန့်လေ့ မညီ...

မကြာမီ လာမည် မျိုးရိုးပျောက်မေ သတိရာထားကတ်လီ...)၂

(သူတမျိုး ငါတမျိုး ဖလာပြောသူပြော...

ခေါင်းဆောင်ကိုချည်း ဆရာခံနိန်  တခြားသူရို့ အသာစံလီ...)၂

(၀ံသာနု ရက္ခိတစကားကို လူမြင်တိုင်း အရူးတသိုက်ပြောကတ်စီ...

မေဃ၀တီ ရမ္မာဝတီ  ဒွါရာဝတီသား အားလုံးပေါင်းစုံညီ...

ပြည့်ရခိုင်တိုးတက်ရေးမှာ ဓည၀တီကပါ တိုင်ပင်ကတ်ပါလီ...)

၀၁။ ခြီဆင်း
၀၂။ အမှန်ပြောကေ မခြီ (၁)

၀၃။ အမှန်ပြောကေ မခြီ (၂)
၀၄။ အမှန်ပြောကေ မခြီ (၃)
၀၅။ အမှန်ပြောကေ မခြီ (၄)

၀၆။ အမှန်ပြောကေ မခြီ (၅)
၀၇။ အမှန်ပြောကေ မခြီ (၆)
၀၈။ အမှန်ပြောကေ မခြီ (၇)

၀၉။ အမှန်ပြောကေ မခြီ (၈)
၁၀။ အမှန်ပြောကေ မခြီ (၉)
၁၁။ အမှန်ပြောကေ မခြီ (၁၀)

၁၂။ အမှန်ပြောကေ မခြီ (၁၁)
၁၃။ အမှန်ပြောကေ မခြီ (၁၂)

သင်္ကြန်ပိတောက် (၃) - အဖွဲ့

DVD Cover

၀၁။ နိမိတ်ကောင်းသင်္ကြန်မင်္ဂလာ (ခိုင်ကျော်လင်း)
၀၂။ အမှတ်တရသင်္ကြန် (ဒိုးကလေး)
၀၃။ ဗဂျီးမှာထီးကျိုး (မျိုးရခိုင်)

၀၄။ စိတ်ကြိုက်ပျော်ပလိုက် (ရဲလင်းအောင်)
၀၅။ သင်္ကြန်မြင်ကွင်း (ငြိမ်းစန္ဒာ)
၀၆။ အီစီကလီ (ခိုင်မင်းဟိန်း)

၀၇။ GOING TO THE မြူး (၀တီစိုးမိုး)
၀၈။ ရွာသင်္ကြန် (အဗာကြီး)
၀၉။ သင်္ကြန်မင်းသား (ဆူးသျှားသဇင်)

၁၀။ ဒေသင်္ကြန်မစွံကေ သိုးဗျာယ် (စစ်ငြိမ်းနိုင်)
၁၁။ ရခိုင်သင်္ကြန်ကိုလွမ်းရေ (အေးအေးစံ)
၁၂။ က က က (ပေါက်ကျိုင်း)

၁၃။ မြူးကြွသင်္ကြန်ချိန် (ညှာစိမ်းခိုင်)
၁၄။ မဏ္ဍပ်ထဲက မရီးချေ (အောင်သန်းဦး)
၁၅။ တင်းထား (ပန်းခက်ရွှေစင်)

၁၆။ ရင်ခုန်ရဆုံးသင်္ကြန် (မိုးဇော်)
၁၇။ နှစ်ကူးစာမျက်နှာ (စောနှင်းနွယ်)
၁၈။ သင်္ကြန်မပြီးစီချင် (စောမင်းသိမ်း)

၁၉။ ရီတစ်ဖလားချေ လောင်းပါမေ (စံမော်သိန်း)
၂၀။ ယောင်လလယ် (ခိုင်ကျော်လင်း)
၂၁။ DJ REMIX ၂၀၁၅ သင်္ကြန် (အဖွဲ့)