
ဖားပြုတ်ကေတကောင်၊အုံးဘောင်စီးလျှက်၊ဖြားရီတက်တွင်၊ ချောင်းကို ၀င်၍လာလတ္တံ။ ထိုရောအခါ၊ ချောင်း ကမ်း သာတွင်၊ ပြားဇီးပင်တကိုင်းတွင်နားလျှက်၊ ပန်ဇင်းငှက်က၊ ခင်ပွန်း မိတ်ဆွေ၊ ဖားပြုတ်ကေ၊ ဇာပြည် ဇာရွာ၊ ဇာကလာဟု၊ သေချာစစ်စစ်မိန်းလတ္တံ။
ပန်ဇင်းမိန်းလေ၊ ဖားပြုတ်ကေက၊ တိုင်းပြည်မြို့ရွာ၊ လှည့်လို့လာဟု ဖြေလတ္တံ။ ထိုသို့ဖြေခါ၊ တိုင်းပြည် မြို့ ရွာ၊ ကြားခပါသည်၊ ပဇာသတင်းထူးသနည်းဟု မိန်းလတ္တံ။
ထိုသို့မိန်းခါ၊ ဖြေသည်မှာကား၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင် မြီကြီးလှုပ်လတ္တံ။ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ ကမ္ဘာကျောက်ကြီးကွဲလတ္တံ။ ထိုသို့ကွဲခါ၊ တွင်းမှာမြောက် တောင့်၊ ခုနှစ်တောင့်လည်းကျိုးလတ္တံ။ လူလည်းလေးစု ကွဲလတ္တံ။
ထိုသို့ဖြေခါ၊ ပန်ဇင်းငှက်ကမိန်းပြန်သည်မှာ၊ အိုအိုမိတ်ဆွေ၊ ဖားပြုတ်ကေ၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ငရို့သူငါ၊ ပဇာပြုလုပ်ရမည်နည်းဟု မိန်းလတ္တံ။