သူငယ်ချင်း(၃)

ကျီဆန်မိုးတိရွာနိန်ရေ ဒုတိယကမ္ဘာစစ်ရခိုင်ပြည်ရှေ့တန်းတစ်နိန်ရာမှာအင်္ဂလိပ်မဟာမိတ်ဖက်က ၀င်တိုက် နိန်ရေ စစ်သားတစ်ယောက်ရေ ရှေ့ မီတာ ၁၀၀ အကွာကကတုပ်ကျင်းမှာ ငယ်သူငယ်ချင်း ဗုံးကျပနာ လဲပြို လားစွာကို တွီ့လိုက်ရပါရေ။ ခေါင်းထက်က တ၀ီဝီပျံနိန်ရေ ကျည်ဆံတိကို ဂရုစိုက် မနိန်ဘဲ ကတုပ် ကျင်းနှစ် ခုကြားက မရဏကွင်းပြင်ကို ဖြတ်ပြီးကေ သူငယ်ချင်းကို လားယူဖို့ အထက်ကပ္ပတိန်ကို တောင်းဆို လိုက်ပါ ရေ။

ကပ္ပတိန်က” လားစွာတော့ လားလို့ရပါရေ။ ယေကေလည်း စွန့်စားရကျိုးနပ်ဖို့ မထင်ပါကာ။ မင်းသူငယ်ချင်း က အေလောက်ဆိုကေ အသက်ရှိဖို့မဟုတ်ပါဗျာလ်။ အသက်မရှိရေ ခန္ဓာချေ တစ်ခုအတွက် မင်းအသက်ကို မစွန့်သင့်လို့ ထင်ပါရေ” လို့ ပြောလိုက်ပါရေ။

ကပ္ပတိန်စကားကို နားမထောင်ဘဲ ယင်းစစ်သားစွာ မရဏကွင်းပြင်ကို ခခက်ခခဲ ဖြတ်လားခပါရေ။ သူငယ် ချင်းအလောင်းကို ပက်ခုံးထက်မှာ တင်ပနာ ဒဏ်ရာဒဏ်ချက် ဗရပွနန့် ပြန်ရောက်လာရေ ယင်း စစ်သားစွာ ကတုပ်ကျင်းကို ပြန်ရောက်စွာနန့် ကိုယ့်စွာကိုယ် မထိန်းနိုင်ဘဲသတိမိလဲကျလားပါရေ။ကပ္ပတိန်က ချက်ချင်း ပြုစုကုသခိုင်းပနာသတိရလာရေခါ ”ကိုင်းငါပြောရေမနား လားရကျိုးနပ်ဖို့မဟုတ် ဆိုစွာ ကိုလေ။ မင်းသူငယ် ချင်း အသက်ကို မကယ်နိုင်ရေအပြင် မင်းမှာရာ ဒဏ်ရာတိ ဗရပွ ရကျန်ခယင့် ” လို့ပြောလိုက်ပါရေ။


” ကျွန်တော်လားရကျိုးနပ်ပါရေ ကပ္ပတိန်”

” လားရကျိုးနပ်တေ၊ ဟုတ်လား၊ ဇာအဓိပ္ပါယ်နန့် ပြောစွာလေ၊ မင်းသူငယ်ချင်းသီလခဗျာလ်ကာ”

စစ်သားက နာကြင်နိန်စွာတိကိုအားတင်းဗျာလ်” ဟုတ်ပါရေ ကျွန်တော်ရောက်လားရေ အချိန်မှာ ကျွန်တော့် သူငယ်ချင်း အသက်ရှိပါသိမ့်ရေ။ ကျွန်တော့်သူငယ်ချင်းက ”သူငယ်ချင်း၊ မင်း ငါ့ဘားကို ရောက် အောင်လာ ဖို့ဆိုစွာကိုငါသိပါရေဝေး” လို့နောက်ဆုံး ပြုံးဗျာလ်ပြောခွင့်ရလားခရေ အတွက်နန့်ကျွန်တော် ရခရေ ဒဏ်ရာ ဒဏ်ချက်တိကို ကျွန်တော်ထိုက်ထိုက်တန်တန် ခံယူပါရေ ကပ္ပတိန်”….။

ဘ၀သင်ခန်းစာ ။      ။ တစ်ခါတစ်ခါ ဘ၀မှာ အလုပ်တစ်ခုကို လုပ်ဖို့ဆိုကေ ထိုက်တန်လား၊ မထိုက် တန်လား အခါခါ သုံးသပ်မိပါလိမ့်မယ်။ အမှန်မှာ ထိုက်တန်၊ မထိုက် တန်ဆိုစွာ ယင်းဟင့်ကို ကိုယ်ဇာပိုင် သဘောထားလေ ဆိုစွာမှာရာ မူတည်ပါရေ။ ကိုယ့် နှလုံးသားက တိုက်တွန်း လာလို့ရှိကေ ရှီသမျှ သတ္တိ၊ ဗျတ္တိ တိကို ပုံအောပနာ တစ်ခုခုတော့ ဖြစ်အောင် လုပ်သင့်ပါရေ။ ပြီးမှရာ နောက်တစ်ချိန်ချိန်မှာ အော် ငါမလုပ်ခရ မလားချင့်လို့ နောင်တရဗျာလ် ၀မ်းနည်းပူဆွေးမှုက ကင်းဝီးနိုင်ပါဖို့။ စစ် ဆိုစွာက အသူမှန်လေ ဆိုစွာကို မဆုံးဖြတ်ပါ။ အသူကျန်ခလေ ဆိုစွာ ကိုရာ ဆုံးဖြတ်ပီးပါရေ သူငယ်ချင်းရို့…။

KWKhaing(AMP)

No comments:

Post a Comment