အလိုတော်ပြည့် ဆရာတော်၏ ဦးဆောင်မှု၊ နိုင်ငံတော်မှ ပံ့ပိုးမှုဖြင့် စာရေးသူ အပါအ၀င် ပညာရှင်(၁၂)ဦး တို့သည် ၂၅.၆.၂၀၁၂ မှ ၃၀.၆.၂၀၁၂ နေ့အထိ စစ်တွေ၊ ရသေ့တောင်၊ ကူတောင်၊ မောင်တောမြို့များသို့ ခရီးဆက်ခဲ့ကြပါသည်။
မြို့ရွာများသို့ ကွင်းဆင်းလေ့လာမှု ပြုကြသောအခါ အလွန်ပင်ကြောက်စရာကောင်းလောက်အောင် "အကာ အကွယ်မဲ့လေခြင်း"ဟု ၀မ်းနည်း ပက်လက် ယူကျုံးမရ ဖြစ်ခဲ့ရပါသည်။
ဒုတိယကမ္ဘာစစ်အတွင်းက စစ်တွေမြို့ပေါ် ဂျပန်များ မီးလောင်ဗုံးကြဲချ၍ စစ်တွေတစ်မြို့လုံး မီးလောင်ခဲ့ ရသော အဖြစ်ထက် ဆိုးပါသေးသည်။ ထိုစဉ်က အင်္ဂလိပ်အစိုးရအုပ်ချုပ်ရေး ယန္တရား လုံးဝမရှိ၍ ဖြစ်ခဲ့ ရသည်။ (ဖြေသာပါသေးသည်။) ထိုစဉ်က ဘူးသီးတောင်မြို့တွင် ကုလားရန်ကြောက်၍ သင်္ဘော ၂ စီးဖြင့် စစ်တွေမြို့သို့ ထွက်ပြေးလာစဉ် စစ်ပြေးဒုက္ခသည် အဆမတန် များလွန်း၍ မြစ်ကွေ့တွင် သင်္ဘောမြှုပ်၍ လူ (၃၀၀)ကျော် ရေနစ် သေဆုံးခဲ့ကြရသည်။ ရေကူးတတ်၍ ကမ်းပေါ်ရောက်လာသူအချို့ကို ကမ်းပါးပေါ်မှ အပေါ်စီးခုတ်သတ်ခဲ့ကြရာ စုစုပေါင်း လူ(၄၀၀)ကျော် သေဆုံးခဲ့ကြရသည်။ အရေးပိုင် ဦးကျော်ခိုင်သည် တာဝန်အရ ဘူးသီးတောင်မြို့သို့ မော်တော်ဘုတ်ဖြင့် လာစဉ် ချောင်းကမ်းနံဘေးမှ ကုလားများက သေ နတ်ဖြင့်ပစ် ၍ ၁၉၄၂ ခုနှစ်တွင် သေဆုံးခဲ့ရသည်။