အိုအိုင်စီဆိုတာ ဘာလဲ? - ဖျာပုံနဒီ


အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)ကို အစ္စလာမ် ဘာသာဝင်နိုင်ငံပေါင်း (၅၇)နိုင်ငံ (အမှန်မှာ အစ္စလာမ်ဘာသာဝင် (၅၆)နိုင်ငံနှင့် ပါလက်စတိုင်းတို့ ဖြစ်သည်)ဖြင့် ဖွဲ့စည်းထားသည်။ တစ်ခါ တစ်ရံတွင် ၄င်းအဖွဲ့ဝင်နိုင်ငံ အရေအတွက် များပြားမှုကြောင့် အိုအိုင်စီသည် လူ့အခွင့်အရေးမှစ၍ စီးပွားရေး အဆုံး၊ ပညာရေးမစ၍ အကြမ်းဖက်ဝါဒအဆုံး ကိစ္စရပ်တိုင်းနီးပါးတွင် မွတ်စလင်မဟုတ်သော ကမ္ဘာအုပ်စု ကို ဆန့်ကျင်သော စုစည်းညီညွတ်သည့်အစ္စလာမ်တပ်ဦးကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် အဆင့်မြှင့် တင်ရင်း (အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးအတွင်းတွင်) ပြင်းထန်ပြီး အများအားဖြင့် မလိုလား အပ်သော လွှမ်းမိုးမှုရှိနေသည်။

သို့သော် အိုအိုင်စီ၏ အဓိကအကြောင်းရင်းမှာ အိုအိုင်စီအနေဖြင့် ဘင်္ဂါလီမွတ်စလင်များ (The Bengali Muslims)သည် ရခိုင်မြေကို ပိုင်ဆိုင်သူများဖြစ်ကြောင်း ကောက်ချက်ဆွဲကြမည်ဖြစ်သောကြောင့် ဖြစ်သည်။ (၄င်းအဖွဲ့အစည်းအနေဖြင့် ထိုသို့ကောက်ချက်ဆွဲခဲ့၊ ကောက်ချက်ဆွဲဆဲပင်ဖြစ်သည်။) ထို့ပြင် အိုအိုင်စီအဖွဲ့ သည် ရခိုင်လူမျိုးတို့၏ စကားသံများကို အသိအမှတ်ပြုမည် မဟုတ်သောကြောင့် ဖြစ်သည်။ အိုအိုင်စီအဖွဲ့၏ သမိုင်းကြောင်းတစ်လျှောက်တွင် နိုက်ဂျီးရီးယားနှင့် အီဂျစ်တို့မှ ခရစ်ယာန်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ထိုင်းတောင်ပိုင်းမှ ဗုဒ္ဓဘာသာဝင် (၅၀၀၀)ကို သတ်ဖြတ်မှု၊ ဆူဒန်နိုင်ငံက ကျူးလွန်ခဲ့သော မျိုးတုံးသတ်ဖြတ်မှု စသည်တို့နှင့် ပတ်သက်၍ အိုအိုင်စီက ဘယ်တုန်းကမှ မရှုတ်ချခဲ့ဘူးပေ။

အမှန်မှာ အိုအိုင်စီသည် လူမျိုးတုံးသတ်ဖြတ်မှု (Genocide)ကို လုပ်ဆောင်ခဲ့သော အစ္စလာမ်နိုင်ငံ (ဆူဒန်နိုင်ငံ)၊ မွတ်စလင်မဟုတ်သူများ (Non Muslims)ကို ဖိနှိပ်အကြမ်းဖက်ခဲ့ကြသော အစ္စလာမ်နိုင်ငံများ (နိုက်ဂျီးရီးယား၊ အီဂျစ်၊ အီရန်၊ ပါကစ္စတ်၊ ဘင်္ဂလားဒေ့ရှ် စသောနိုင်ငံများ)၊  ဂျူးလူမျိုးများကို မျိုးတုံးသတ်ဖြတ် ရန် ခြိမ်းခြောက်နေသော အစ္စလာမ်နိုင်ငံများ (အီရန်၊ ဟက်ဇဘိုလာ၊ ဟားမားစ် နိုင်ငံများ) စသော မည်သည့် အစ္စလာမ်နိုင်ငံကိုမဆို အကာအကွယ်ပြုရန် အဖွဲ့၏အင်အားကို မကြာခဏ အသုံးချကြသည်။ ထို့အတူ အိုအိုင်စီအနေဖြင့် ရခိုင်ပြည်နယ်ကို မွတ်စလင်များ အောင်မြင်စွာ သိမ်းပိုက်နိုင်ရေးအတွက် စီမံကိန်းချ ဆောင်ရွက်နေခြင်းသာ ဖြစ်သည်။

ရခိုင်ပြည်နယ်ကို သိမ်းပိုက်နိုင်ရေးကြိုးပမ်းမှုကို အိုအိုင်စီက စစ်ရေးအရသော်လည်းကောင်း၊ ငွေကြေး အရသော်လည်းကောင်း ထောက်ပံ့ပေးလျက်ရှိသည်။ ထိုမျှသာမက မှန်ကန်သော အချက်များဟု ဆိုကြသော အကြောင်းအရာများကို လုပ်ကြံဖန်တီးကြသည်။ ဗုဒ္ဓဘာသာဝင်များကို ဆန့်ကျင်သော အယူအဆများဖြင့် သွေးထိုးလှုံ့ဆော်ကြသည်။ အမှန်တရားနှင့် ပတ်သက်၍ ကြိုးကိုင်မှု၊ ပုံသဏ္ဍာန် ပျက်ယွင်းအောင် လုပ်ဆောင်မှုတို့အပေါ် အခြေခံ၍ အမုန်းတရားပြည့်နေသော ဒေါသစိတ်နှင့် ပေါက်ကွဲမှု တို့ကို မီးလောင်ရာလေပင့်လည်း လုပ်ဆောင်ကြသေးသည်။

အိုအိုင်စီအဖွဲ့နှင့် ပတ်သက်သော ရယ်စရာပြက်လုံးကလည်း မတရားရာ ကျနေ၍ အလွန်စိတ်ဆိုးဖွယ် ရာဖြစ်သည်။ မြန်မာအစိုးရက "ရိုဟင်ဂျာ"ဟု ခေါ်ကြသော ဘင်္ဂါလီလူမျိုးများအတွက် နိုင်ငံသားဖြစ်ခွင့် အပါ အ၀င် အခြေခံကျသော နိုင်ငံသားအခွင့်အရေးကို ငြင်းဆိုနေစဉ်တွင် ၄င်းအိုအိုင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် (သူတို့တွင် လူ့အခွင့်အရေးဟူ၍ ရှိခဲ့သည်ဆိုဦးတော့) မွတ်စလင်မဟုတ်သူ နိုင်ငံသားများအပေါ် သည်း ခံနိုင်မှုလည်း မရှိ၊ လေးစားမှုလည်း နတ္တိ၊ ပြည်သူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးဆိုလျှင် ဝေလာဝေး ပင် ဖြစ်တော့သည်။ လှောင်ပြောင်ချင်ဖွယ်ဖြစ်သောအချက်မှာ ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ထိ စပ်နေသော နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွတ်စလင်လူများစုက ဗုဒ္ဓဘာသာဝင် လူနည်းစုအပေါ် ကြီးမားစွာ ခွဲခြားဆက်ဆံမှု၊ သည်းမခံနိုင်မှုနှင့် အကြမ်းဖက်မှုဟူသော ကိစ္စရပ်များကို အိုအိုင်စီအဖွဲ့ အနေဖြင့် အရိပ်အမြွတ်မျှပင် မပြောဆို၊ မထိန်းကွပ်၊ မဖြေရှင်းပေးခဲ့ဘူးပေ။

အကယ်၍ ဆော်ဒီအာရေးဘီးယား၊ အီရန်၊ ဂါဇာနှင့် အခြားသော အလားတူနေရာများတွင် ဗုဒ္ဓဘာ သာကျောင်းတစ်ကျောင်း သို့မဟုတ် တရားစခန်းတစ်ခု သို့မဟုတ် ဟိန္ဒူဘုရားကျောင်း သို့မဟုတ် ယောဂ ကျင့်စဉ်တစ်ခုကို ဖွင့်ရန် ကြိုးစားခဲ့မည်ဆိုလျှင် အလျင်အမြန်ပစ်မှတ်ထား တိုက်ခိုက်ခံရလျှင် ခံရမည်။ သို့မဟုတ် မဖွင့်ဖြစ်အောင် ပိတ်ပင်တားမြစ်ခြင်းခံရပေမည်။ (လက်ရှိ) ရခိုင်အခြေအနေတွင် အယူ အဆများ၊ ဆုံးဖြတ်မှုများကို ပေးချင်သော နိုင်ငံများမှာ ဤနိုင်ငံများ တကယ်ဟုတ်ပါသလား။ ရယ်စရာ ပင် ကောင်းနေသေးတော့၏။ (အမှန်မှာ) ၄င်းနိုင်ငံများကို (ဤရခိုင်ကိစ္စတွင်) မည်သည့်နေရာကမှ ၀င်မပါစေသင့်ပေ။ ၄င်းတို့သည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တည်းဟူသော ကာလသုံးပါးလုံးတွင် ဒုက္ခမျိုးစုံကို ဖန်တီးဖြစ်ပေါ်စေခဲ့သူများပင် ဖြစ်နေသည်။

အိုအိုင်စီအဖွဲ့ဝင် နိုင်ငံတစ်ခုစီက မွတ်စလင်မဟုတ်သူ နိုင်ငံသားအချင်းချင်းအပေါ် (ယခု ရခိုင်အခြေအနေ ထက်) ပိုမိုဆိုးဝါးစွာ ပြုမူခဲ့ဖူးသည်ချည်းပင်။ ထို့နောက် မြန်မာနိုင်ငံတွင် ထိုသို့ ဆိုးဝါးစွာ ပြုမူဆောင်ရွက်နေ သည်ဟု စွပ်စွဲကြသည်။ ယင်းနိုင်ငံတစ်ခုစီသည် မွတ်စလင်မဟုတ်သည့် ပြည်သူများအပေါ် အကွက် ကျကျစီမံ၍ စွဲမြဲစွာ ကျင့်သုံးဖြစ်သော ဖိနှိပ်သည့် မူဝါဒများ၊ ခွဲခြားသည့် မူဝါဒများ၊ အလားတူ ဥပဒေများနှင့် အပြုအမူများ ရှိနေသည်ဟူသော အချက်မှာ လယ်ပြင်တွင် ဆင်သွားသလို ကွက်ကွက်ကွင်းကွင်း ထင်ရှားပေါ်လွင်သိသာနေပေပြီ။

ယင်းနိုင်ငံတစ်ခုစီသည် ဘာသာရေးလွတ်လပ်ခွင့် ရှိမှုတွင် အဆိုးဆုံးအဆင့်၌ ရှိနေသည်။ ယင်းနိုင်ငံ တစ်ခုစီသည် မွတ်စလင်မဟုတ်သည့် ပြည်သူများအပေါ် သည်းမခံနိုင်ဆုံး၊ ခွဲခြားဆက်ဆံမှုအရှိဆုံး၊ ထိရှပေါက်ကွဲလွယ်ဆုံးသော နိုင်ငံအဖြစ် ရှိနေသည်။ ယင်းနိုင်ငံတို့တွင် မိမိနှင့် ဂိုဏ်းဂဏ မတူညီသော မွတ်စလင်ဘာသာဝင်များ အပေါ်ပင် ထိုသို့သော ဘဘောထားများ ရှိကြသည်။ (၄င်းနိုင်ငံများမှ ကျူးလွန် ခဲ့သော) ဘာသာရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် အောက်ပါလုပ်ရပ်များ ပါဝင်သည်။

အစ္စလာမ်ဘာသာကို စွန့်ပစ်သွားမှုအတွက် သေဒဏ်အပါအ၀င် ပြင်းထန်ကြမ်းတမ်းသော ပြစ်ဒဏ်ပေးခြင်း များ ပြုလုပ်ခဲ့ကြသည်။ မွတ်စလင် မဟုတ်သူများအနေဖြင့် မွတ်စလင်များ မနှစ်သက်သည့်စကားတစ်ခုကို (ဟုတ်မဟုတ် မသေချာ၍လည်းကောင်း၊ မရင့်ကျင်သေး၍သော်လည်းကောင်း) မည်မျှ သေးငယ်ပေါ့ပါး သည်ဖြစ်စေ ထိုရေးသား ပြောဆိုသည့် မွတ်စလင်မဟုတ်သူများက တစ်ခုခုပြောခဲ့ကြောင်း စွပ်စွဲလုပ်ကြံ ဖန်တီးပြီး ကောလာဟလ သတင်းလွှင့်ကာ သတ်ဖြတ်ခြင်း၊ ခြေလက်အင်္ဂါများ ပျက်စီးကျိုးပဲ့သွားအောင် လုပ်ခြင်း၊ အန္တရယ်ပြုခြင်း၊  မွတ်စလင်မဟုတ်သူများ၏ ခရစ်ယာန်ဘုရားကျောင်းများ၊ ဟိန္ဒူဘုရားကျောင်း များနှင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများကို ဖျက်ဆီးခြင်း၊ ၄င်းဖျက်ဆီးခံရသော အဆောက်အအုံများကို အသစ်ပြန်ဆောက်ခွင့် မပေးခြင်း၊ မွတ်စလင်မဟုတ်သည့် ပြည်သူများကို ရာမာဒန်ဥပုဂ်စောင့်ခြင်းကဲ့သို့ သာ မွတ်စလင်ဘာသာရေးအလုပ်များ လုပ်ဆောင်ရန် အတင်းအဓမ္မ တွန်းအားပေးခြင်းတို့ကို ပြုလုပ် ကြသည်။

အိုအိုင်စီအဖွဲ့ဝင်များသည် (ဘာသာရေးအခွင့်အရေးနှင့် လွတ်လပ်ခွင့်မျာဟူသော ကိစ္စရပ်များတွင်) စည်းမျဉ်းများဟူ၍လည်း မရှိ၊ ကျွမ်းကျင်မှုလည်း မရှိ၊ စာရိတ္တကောင်းမှုဟူ၍ မရှိပေ။ ထိုနိုင်ငံများသည် သူတို့ လေးစားမှုမရှိသော မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာဝင်ပြည်သူများ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် ဗုဒ္ဒဘာသာ ကို အန္တရယ်ပြု ဖျက်ဆီးမှုသာ ပြုကြမည် ဖြစ်သည်။

ဖျာပုံနဒီ

No comments:

Post a Comment