ဝဆွဲသံ အရောက်အပျောက် ရခိုင်စကားလုံးများ - သန့်ဝဏ္ဏခိုင်

ရခိုင်စကားမာ ၀ဆွဲသံကို ဖျောက်ပနာပြောရေ စကားသံဟိပါရေ။ ၀ဆွဲသံ အပိုထည့်ပြောလိဟိရေ စကားသံတိလေး ဟိပါရေ။

ဝဆွဲသံဖျောက်ပြောရေ ရခိုင်စကားသံတိ

'ထမင်းကျွေး'ကို 'ထမင်းကျေး'ဆိုပနာ ပြောဆိုကတ်ပါရေ။ တောင်ကုတ်နယ်သားရို့ စစ်တွေခရိုင်စကားကို လုပ်ပြောရေခါ ၀ဆွဲသံတိပါနီစွာကို တွိရပါရေ။ 'လားချင်'ကို 'လားချွင်'၊ 'လာချင်'ကို 'လာချွင်'၊ 'လားကျင့်မဟို'ကို 'လားကျွင့်မဟိ'။

'ထွက်ခွာ'ကို 'ထော့ခေါ်' ဆိုပနာ ၀ဆွဲသံဖျောက်ပြောစွာတိလေး ဟိပါရေ။ စစ်တွေခရိုင်မာ 'စွာ'လို့ ပြောစွာ ကို ရမ်းဗြဲမြို့နယ်မာ 'စာ'လို့ ပြောပါရေ။
'သရွိ'ကို 'သရိ'လို့ပြောရေ အရပ်ဒေသ ဟိပါရေ။ အပြောကို လိုက်ပနာ ရီးရေ အချေတိလေး ဟိကတ်ပါရေ။

ဝဆွဲကို အရှင်ထားပနာ ပြောရေစကားလေး ဟိပါရေ။ 'အနာစိစိကိုက်'လို့ ပြောရေပိုင် 'အနာစွိစွိကိုက်' လို့လေး ပြောသံကြားမိပါရေ။ 'အပ်နန့်စွိစွိထိုး' ဆိုစွာမာကျကေ 'အပ်နန့်စိစိထိုး'ဆိုပနာ မပြောကတ်ပါ။

ဝဆွဲသံ အပိုထည့်ပြောရေ စကားသံတိ


ရခိုင်စကားမာ ၀ဆွဲသံ အလိုလိုပါနီတတ်တေ စကားလုံးတိ ဟိပါရေ။ ဆံတော်ရှင်ကို 'ဆံဒရွင်/ရွှင်' လို့ ပြောပါရေ။ ခမီကို ခမွီး၊ မီကို မွီ၊ မှီကို မွှီလို့ အသံထုတ်ကတ်စွာကို တွိရပါရေ။ စာပီအလိုက်အထိုက်ကို နားမလည်သူ

ရို့ရေ ခမီလူမျိုးကို ကိုယ်ရို့အသံထုတ်တေအတိုင်း 'ခမွီး'ဆိုပနာ ရီးကတ်စွာကို တွိရပါရေ။ မူရင်း အဓိပ္ပါယ် ပျောက်လားပြီးကေ ခြီမွီး၊ ခွီးမွီး ဆိုရေ အဓိပ္ပါယ်တိဖက်တို့ နွယ်လားစွာကို တွိရပါရေ။ အသံ ထုတ်တေအတိုင်း ရီး

ရေခါ မသင့်တော်ရေ အချက်တချက်ကို ဆွဲထုတ်ပြစွာ ဖြစ်ပါရေ။ အမှန်ရီးသားရဖို့ အရီးအသားမာ 'ခမီ' ဖြစ်ပါရေ။ ခမီလူမျိုးတိက 'ခမီ'လို့ ရီးရေပိုင် ရခိုင်ပညာသျှင်တိလေး 'ခမီ'လို့ရာ ရီးကတ်ပါရေ။ 'မီ'ကို 'မွီ'လို့ အသံ

ထုတ်ကေလေး မူရင်းအတိုင်း ရီးကတ်ပါရေ။ ဥပမာ အချိန်မွီ (အသံထုတ်)။ အချိန်မီ (အရီးအသား)။

'ငါးသူရဲ'ကို 'ငါးသူရွဲ'၊ 'တန်ရှင်'ကို 'တန်ရွှင်'ဆိုပြီးကေ ၀ဆွဲသံပါပနာ ပြောဆိုကတ်ပါရေ။ 'ငါးသူရဲ'မာဆိုကေ အသံထုတ်နောက်ကို လိုက်လားယင်း မူရင်းဇာဖြစ်တေဆိုစွာ ရခိုင်သားအများစု မသိကတ်ပါ။ သိလူက တင်ပြ ပြောဆိုကေလေး နှစ်ပေါင်းများစွာ မှားယွင်းရေအသံထုတ် လွှမ်းမိုးထားရေအတွက် လက်မခံချင် ကတ်ပါ။ (ငါးသူရဲဖြစ်သင့်ကြောင်းကို ဆရာမောင်ဗသိန်း ဆောင်းပါးက ကိုးကားပါရေ)။

'နှုတ်ခမ်း'ကို 'နှခွမ်း'ဆိုပနာ ရခိုင်ရို့ အသံထုတ်ပါရေ။ 'နှုတ်သီး'ကိုလေး 'နသွီး'လို့ ပြောဆိုရီးသား နီကတ်စွာကို တွိရပါရေ။ '၀င်သီး'ကို '၀င်သွီး'ဆိုပနာ အသံထုတ်ပါရေ။ ကြာကေ အမှားကို အမှန်ထင်ကတ် ပါရေ။ ယေနန့် '

ဝင်သွီး'ဆိုပနာ ရီးစွာတိကိုရာ တွိရပါရေ။

'ရီး'ကိုလေး 'ရွီး'ဆိုပနာ ပြောယင်းပြောယင်းနန့် ယင်းအပြောကို အမှန်ထင်လှာကတ်ပါရေ။ ယေနန့် 'စာရွီး'ရေ ၀ဆွဲသံ အပိုပါရေ ရခိုင့်အလိ၊ ရခိုင့်ဓလိကြောင့် အသံထုတ်စကားသံတခုရာ ဖြစ်မေလို့ ယူဆပါရေ။ 'စာရွီး'ရေ

အသံထုတ်ကိုရီးရေ အရီးအသားတခုရာ ဖြစ်တေလို့ သုံးသပ်ပါရေ။

သန့်ဝဏ္ဏခိုင်

စာရွီးနန့်စာရီး အကွာအ၀ီး စာအုပ်မှ-

No comments:

Post a Comment