ပင်မစာမျက်နှာ
ကဗျာ
ပုံပြင်
ဆောင်းပါး
ဝတ္ထု
ရိုးရာကဏ္ဍ
အတွေးစာစု
အတ္ထုပတ္တိ
ရယ်စရာ
စာအုပ်စင်
သီချင်း
ရခိုင်ယဉ်ကျေးမှုများ အမှတ်(၆)-အသျှင်စက္ကိန္ဒ
ရခိုင်ယဉ်ကျေးမှုများ အမှတ်(၆)
အသျှင်စက္ကိန္ဒ
pdf file (813 Kb)
ရခိုင်ယဉ်ကျေးမှုများ အမှတ်(၄)-အသျှင်စက္ကိန္ဒ္ဒ
ရခိုင်ယဉ်ကျေးမှုများ အမှတ်(၄)
အသျှင်စက္ကိန္ဒ
pdf file (240 Kb)
ရခိုင်ယဉ်ကျေးမှုများ အမှတ်(၂)-အသျှင်စက္ကိန္ဒ
ရခိုင်ယဉ်ကျေးမှုများ အမှတ်(၂)
အသျှင်စက္ကိန္ဒ
pdf file (839 Kb)
"ရွှေမဲ"ခွန်၏ အနုပိုင်ညာ
http://arakanscientia.blogspot.com မှာဖော်ပြထားသည့် "ရွှေမဲ"ခွန်၏ အနုပိုင်ညာ အပိုင်း(၁)ကနေ (၄)အထိအား တစုတပေါင်းတည်း ပြည်လည်တင်ပြထားခြင်းဖြစ်ပါသည်။
ကမ္ဘာ့ စွမ်းအင် လိုအပ်ချက်ရေ တရက်ထက်တရက်၊ တဆထက်တဆ ကြီးမားလာရေ အတွက် ရီနံနာင့် သဘာဝဓာတ်ငွေ့တိရေ ဈီးကောင်းလာပါရေ။ ယင်းအတွက်နာင့် ရီနံကို black gold (ရွှေမဲ)လို့ တင်စား ကတ်ပါရေ။ ယင်းရွှေမဲရေ တိုင်းပြည်ကို အကျိုးဟိနိုင်ရေပိုင် ယင်းရွှေမဲကြောင့် နိုင်ငံတိ စစ်ဖြစ်၊ အခြမ်းခြမ်း ကွဲပြီးကေ အသက်အိုးအိမ်တိ ပျက်စီးကတ်စွာ သာဓက တိကလည်း ဟိပါရေ။ ၂၀၀၈ ခုနှစ်က ထုတ်တေ “ကမ္ဘာ့နိုင်ငံရေး၏ ဖြစ်ပျက်နိန်မှုနာင့် ပြောင်လဲမှုများ” (World Politics: Trend and Transformation) စာအုပ်မှာ ချားစ်ကက်လီ (Charles Kegley)က “နိုင်ငံတစ်ခု၏ နယ်မြေတစ်ခုမှာ ကြွယ်ဝရေ သဘာဝအရင်း အမြစ်တည်ဟိနိန် ကေ ယင်းနယ်မြေရေ ယင်းနိုင်ငံက ခွဲထွက်ဖို့ များ၏။ ယင်းအကျိုးဆက်အဖြစ် ပြည်တွင်း စစ်ကို ဖြစ်စီနိုင်သည်”လို့ ရွီးသားထားပါရေ။ ယင်းသူကပျာယ် ကမ္ဘာ့ဘဏ်က အချက်အလက်တိကို ကိုးကား ပြီးကေ “၀င်ငွေနည်းပါးရေ နိုင်ငံတိသည် ၀င်ငွေကြီးရေ နိုင်ငံတိထက် ပြည်တွင်းစစ်ဖြစ်ဖို့၁၅ဆ ပိုများသည်” လို့ ဆက်ရွီးထားပါရေ။
read more
မုန့်သူခိုး
တရက်နိန့် အသက် ၃၀လောက်ရှိရေ ကလိမ့်မေ တယောက် စစ်တွေလေဆိပ်မှာ လေယာဉ်ပျံ ထွက်ဖို့အချိန် စောနိန်သိမ့်လို့ မဂ္ဂဇင်း တစ်စောင်နန့် ကွတ်ကီးမုန့် တထုတ် ၀ယ်ပနာ ထိုင်ဖို့နိန်ရာ ရှာလိုက်တေ။ ရှိဆုံး ခုံ တန်းမှာ ဒေါင့်ခုံနှစ်ခုံ လွတ်နိန်စွာ မြင်စွာနန့် ခုံနားကို အယင်လားပနာ "အေမှာ ထိုင်နိန်ရေလူ ရှိပါလား"လို့ ဘေးက အသက် ၃၅နှစ်လောက်ရှိရေ အရပ် ထထောင်မမောင်းနန့် ကလေကို မိန်းလိုက်တေ။ "မရှိပါ။"လို့ ယင်းကလေက ဖဖော်ရရွေ ပြန်ဖြေပါရေ။ ဒေါင့်ခုံမှာ ထိုင်ချလိုက်ယင်း လက်ထဲက အိတ်ကို ယင်းကလေနန့် ကြားက အလယ်ခုံမှာ တင်လိုက်တေ။
read more
ရခိုင်ဆေးဝါးများ
ကျွန်ုပ်တို့ငယ်စဉ်က မြင်တွေ့လိုက်ရသေးသည်။ ယခုထိလည်း မှတ်မိနေပါသေးသည်။ ကျွန်ုပ်တို့ မိဘဆွေမျိုး များအိမ်တွင် အိမ်တွင်း လက်သုံးဆေးများ ထားရှိကြသည်။ ထိုဆေးများမှာ ရိုးရာ အစဉ်အဆက် အသုံးပြု လာကြသော ဆေးပင်များ ဖြစ်သည်။ အမြစ်၊ အဥ၊ အသီး၊ အရွက်များကို ထောင်းထု အမှုန့်ပြုလျက် ရောစပ် ဖော်ပြုထားသည့် ဆေးများပင်တည်း။
ထိုအိမ်တွင်း လက်သုံးဆေးများမှာဆိုလျှင် အစာဖျက်ဆေး၊ အစားမှားဆေး၊ ဓါတ်လေးပါးဆေး၊ ဆေးမည်း သျှေ၊ ခြောက်ပါးဆေး၊ ခရမ်းစိတ်ကေဆေး၊ စတုပညာသဆေး၊ ဟိန်းရာဇာဆေး၊ ရွှေလရောင်ဆေး၊ ဆေးဝါ သျှေ၊ သက်တန်းဆေး၊ ၀ဲယားနာဆေး၊ ချောင်းဆိုးဆေး၊ ငန်းဆေး စသည့် လူကြီးလူငယ် အဖျားအနာ ရောဂါ ဝေဒနာများနှင့် လျော်ရာ စားသုံးရသော ဆေးများ အသင့်အတင့် စုံစွာပါဝင်ကြသည်။ ထိုဆေးများကို အသုံး ပြုရင်း သိမ်းဆည်းထားကာ အိမ်တွင်း ဆေးခန်းတစ်ခု ဖြစ်စေခဲ့လေသည်။ အိမ်တွင်း ကျန်းမာမှု အတွက် လည်းကောင်း၊ ရောဂါကြိုတင် ကာကွယ်မှု အထောက်အပံ့ အတွက် လည်းကောင်း အသုံးပြုခဲ့ ကြသည်။
read more
ဗောင်းတော်လေးဆယ်
ရက္ခိုင်တို့၏ ဆင်ယင် ထုံးဖွဲ့မှုတွင် ကမ္ဘာပေါ်ရှိ လူမျိုးပေါင်းစုံတို့၏ ဆင်ယင် ထုံးဖွဲ့ဘိသကဲ့သို့ မျိုးရိုးနှင့်ညီစွာ ဒေသအလိုက်၊ ဌာနအလိုက်၊ ကာလအလိုက် အဆင့်ဆင့် ထုံးဖွဲ့လာကြသည်။ မိမိတို့ဌာန၊ ကာလဒေသနှင့် ညီစွာ ထုံးဖွဲ့ဆင်ယင်သည်လည်း ရှိ၏။ နီးစပ်ရာတိုင်းပြည်များနှင့် လည်းကောင်၊ ဆက်ဆံမိတ်ဖွဲ့ရာ တိုင်းပြည် များနှင့် လည်းကောင်း၊ ဆင်ယင်ထုံးဖွဲ့မှုများမှာ အနည်းငယ် တူညီနေသည်လည်း ရှိ၏။ မိမိတို့သြဇာ လွှမ်းမိုး ရာ ထီးဆောင်းနန်းနေတို့မှ ဘဏ္ဍာတော်ဆက်သ၍ ရရှိသော အထည်မျိုးအုပ်မျိုး ၀တ်စားမျိုးတို့ကို ဆင်ယင် ထုံးဖွဲ့ရသည်လည်း ရှိ၏။
အခါတစ်ပါးစီ တို့၌ အခွင့်အရေးညီစွာ ဘုရင်မင်းမြတ် နှင့်တကွ မိဖုရားခေါင်ကြီး၊ သားတော်၊ သမီးတော်၊ အိမ်ရှေ့ဥပရာ၊ မှူးတော် မတ်တော်၊ ကတ္တော်ဇုန္ဒတ် လောသကွက် စစ်တပ်စစ်ချီ၊ ဒိုင်းကျီဒိုင်းကျား အစရှိ သော ၀န်ကြီးများ၊ မြို့စားရွာစားများနှင့် တကွ အစေအပါးအပေါင်းတို့ကို ဌာနကာလနှင့် ညီအောင် ၀တ်စား ပေးသနားတော်မူသည်။
read more
မေရို့ပန်ရာ ကဗျာတိ
ရခိုင်သည် ပွင့်လန်းခဲ့စဉ်က ပန်ရာပန်းများလည်း ဝေဆာခဲ့သည်။ အလှပန်းဖြင့် ရခိုင်သူများတို့လည်း ကြက် သရေ တက်ထွန်းခဲ့သည်။ ပန်ရာပန်းတို့တွင် အလှပန်းကား အစဉ်တင့်ရွှန်းရန်လိုသည်။ တကြိုင်ကြိုင်သင်း၍ တလှိုင်လှိုင် ဖြန်းနေရမည် ဖြစ်သည်။ သံတွဲသူ စောရင်မိသည် သရဏာပန်း သုံးဆင့်ဖြင့် မင်းခရီ အလီခင် ကို မေနှင့်ဓိဌာန်ပန်ရစေကြောင်း ဆက်သွယ်ကမ်းခဲ့သည်တကား။
ပန်းတကာတွင် သရဏာပွင့် သရဏာပန်းကား အထွတ်မြတ်ဆုံးတည်း။ ကြည်ဖြူ နှလုံး အမြတ်ဆုံးဖြစ်သ တည်း။ထိုပန်းကို အချစ်ဆုံး မောင်တော်ကို ပန်ဆင်စေလိုသည်။ မောင်တော်နှင့်ချစ်ကြည်ဖြူစွာ ပန်သမှုပြုရ စေလိုသည်။
read more
တိုးတက်ရေးသတင်းလွှာ အတွဲ(၁)၊အမှတ်(၁၄)
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
(RNDP)မှ ဆယ်ရက်တစ်ကြိမ်စီ ထုတ်ဝေသော
တိုးတက်ရေးသတင်းလွှာ အတွဲ(၁)၊ အမှတ်(၁၄)
pdf file ( 3.24 Mb )
အမျိုးသားအမွေအနှစ် ထိန်းသိမ်းဖော်ထုတ်ရေး
လူမျိုးကြီးဝါဒ လွှမ်းမိုးချုပ်ချယ်မှု များလွန်းပါက လူမျိုးငယ်တို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများမှာ အလျှင်အမြန် ပျောက်ကွယ်သွားနိုင်ပါသည်။ ရခိုင်သည် နှစ်ပေါင်းထောင်ချီပြီး ဤမြေ၊ ဤဒေ သ၌ နေထိုင်ဆင်းသက်လာကြသည့် တိုင်းရင်းသားများဖြစ်သည်။ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းအစဉ် အလာကြီးမားသည့် လူမျိုးဖြစ်သည်။ ၂၀၀၈-နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၄၅(က)အရ ရခိုင် လူမျိုးတိုင်းသည် တိုင်းရင်းသား မိဖနှစ်ပါးမှ မွေးဖွားလာသည့် မြန်မာနိုင်ငံသား စစ်စစ်များ ဖြစ်ကြပါသည်။
read more
Newer Posts
Older Posts
Home