မောင်လွန်းကြင် (၁၉၃၇-၁၉၉၂)

၁။ အမည်ရင်း - ဦးအုန်းလွင်

၂။ မိဘအမည်                   - ဦးညီညီ + ဒေါ်အေးရှင်

၃။ မွေးသက္ကရာဇ်               - ၂၄၊ ၁၀၊ ၁၉၃၇

၎။ မွေးဖွားရာဒေသ           - သံတွဲမြို့

၅။ ကလောင်အမည်ခွဲများ - သံတွဲအုန်းလွင်၊ အမောင်

မကြန်(ဒေါ်ကြန်)




မွေးသက္ကရာဇ်                   ၁၉၁၉-ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့

အမည်ရင်း                        ဒေါ်ကြန်

မိဘအမည်                       ဦးကျော်ထွန်း + ဒေါ်ငွေနှစ်

နိုင်ငံ                                 မြန်မာ

ကိုးကွယ်သည့်ဘာသာ      ဗုဒ္ဓဘာသာ

မွေးဖွားရာဒေသ              သံတွဲမြို့

ဒီမိုကရေစီအရေး၊ ဒီမိုကရေစီအတွေး

အကျွန် ဒေခေါင်းစဉ်နန့် ရွီးစော်ကို တတိုင်က နည်းနည်း ဘာသာရပ်ဆန်ရေဆိုပြီးကေ ဝေဖန်ကတ်တေ။ အ မှန်က ကျယ်ဝန်းနက်နဲရေ နိုင်ငံရေးနယ်ပယ်ထဲကို အကျွန့်ပိုင်အသျှေ သရုပ်ဆောင်အဖြစ်နန့် ရောက်လာ ကတ်တေ လက်သင်နိုင်ငံရေး မိတ်ဆွေတိအတွက် ဒီမိုကရေစီကျကျ လွတ်လွတ်လပ်လပ် စိုင်းစားတွေးခေါ် ပြီးကေ လေ့လာထားသမျှကို မျှဝေခံစား(Sharing) လုပ်ချင်လို့ ဒေခေါင်းစဉ်ကို တင်ရခြင်းပါ။

ဒီမိုကရေစီဆိုလို့  အခုမီဒီယာလောကမှာ ခေတ်အစားဆုံး၊ အသုံးအများဆုံးစကားလုံး သုံးလုံးကို လားလို့ အ တွက်ပေါ်ပါရေထော။ နိုင်ငံရေး(Politics)၊ ဒီမိုကရေစီ(Democracy)၊ သဘာဝပတ်ဝန်းကျင် (Environment ) ဆို ရေ စကားလုံးသုံးလုံးကို ကြားနိန်ရစော် နိန့်စိုင်နန့်အမျှ။ အမှန်က ဒေစကားလုံး(၃)လုံးစော် အဂုမှပေါ် လာရေ စကားလုံးအသစ်(Modern words)မဟုတ်။ ကမ္ဘာဦးက လူစဖြစ်တည်လာခါကပင် ရှိနိန်ပြီးသား။ လူတိနန့် ပတ် သက်ဆက်နွယ်နိန်ပြီးသား စကားလုံးဆိုစော် ယုံမှားသံသယမရှိ။

တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊အမှတ်(၁)

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
RNDP မှ ထုတ်ဝေသော  တိုးတက်ရေးသတင်းလွှာ
အတွဲ(၂)၊ အမှတ်(၁) pdf file (4.7 Mb)



ဦးစံရွှေ (၁၈၈၂-၁၉၇၂)

သက်ကြီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဦးစံရွှေ (၁၈၈၂-၁၉၇၂)

"မြန်မာ့ ပညာရေးလောကတွင် ထင်ရှားသည်။ အထူးသဖြင့် သက်ကြီး တက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် လူသိများသည်။ အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ အစောဆုံး ဘီအေဘွဲ့ရသူများတွင် တဦး အပါ အဝင် ဖြစ်သည်။ ကိုလိုနီခေတ်ဦးအစိုးရ အထက်တန်းကျောင်း အမြဲတမ်းကျောင်းအုပ်ကြီး ရာထူးကို မြန်မာ တိုင်းရင်း သားများထဲမှ ပထမဦးဆုံး ခန့်ထားခံရသူ၊ အိန္ဒိယ ပဋိညာဉ်ခံ ပညာရေးဝန်ထမ်း သတ်မှတ်ချက် ကို ငြင်းပယ်ခဲ့ သူ၊ အမျိုးသား ပညာရေးကို အားပေးကူညီ၍ ဗြိတိသျှ အစိုးရ၏ အငြိုအငြင်ခံရသူ၊ အင်္ဂလန်မှ ထိပ်တန်း ဝတ်လုံဘွဲ့ (Barrister at Law) ရခဲ့သော်လည်း ပညာရေးသမား တဦးအဖြစ် ဘဝတလျှောက်လုံး ပညာရေး နယ်ပယ်တွင်သာ အစဉ်တစိုက် ဆောင်ရွက်ခဲ့သူ ဖြစ်သည်"

ဦးဦးသာထွန်း(၁၉၁၇-၁၉၉၀)

ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရွာ အနီး အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ကြွဇံတို့မှ ၁၉၁၇ ခု၊ နိုဝင်ဘာလ ၂၃ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တဦး တည်းသော သား ဖြစ်သည်။ ငယ်စဉ်မှစ၍ အဘိုးဖြစ်သူ ရာဇဝင်ဆရာကြီး ဦးသာထွန်းအောင်က ရခိုင် ရာဇ ဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နုတ်တိုက်အာဂုံ သင်ကြား ပေးခဲ့သည်။ နဝမတန်းတွင် ပညာသင် ကြား နေစဉ် ဖခင် ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး ရဟန်း ပုဂ္ဂိုလ်တို့ထံတွင် သက္ကဋ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြား လောကီ ပညာရပ်များကို သင်ကြား လေ့လာ ဆည်းပူးခဲ့သည်။

ရက္ခိုင့်အာဇာနည် သျှင်မြ၀ါ

သျှင်မြဝါကို သက္ကရာဇ် ၈၅၄ ခု ၊ ဝါဆိုလပြည့် ကြာသပတေးနေ့နံနက် ၄ ဗဟိုရ်တွင် ဖွားမြင်ခဲ့သည်၊ ငယ် အမည်မှာ မောင်မြဝါဟုခေါ်တွင်သည်။ ခမည်းတော်မှာ မင်းလှရာဇာစောမွန် ၏ မြောက်ရွှေရေးတော်ဆောင် မိဖုရား၏ အကြီးတော် စိန်တင်စား (စိုင်းတင်မြို့စား) မဟာနန္ဒသင်္ကြန်ဖြစ်သည်။ မယ်တော်မှာ မင်းလှရာ ဇာ စောမွန်၏ မိဖုရားစောနန္ဒီ၏ညီမတော်၊ ဇောစောမွန်နှင့် မိဖုရားစောနန္ဒီတို့၏ သားတော်ဖြစ် သည်။

ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈)

နှစ်ဆယ်ရာစု အတွင်း မြန်မာ အမျိုးသမီးများ၏ ထူးချွန် ထက်မြမှုကို ကမ္ဘာ့အလယ်တွင် ပညာရည်ဖြင့် ထင် ရှားစေခဲ့သူ တဦးမှာ သမိုင်းပညာရှင် ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈) ဖြစ်သည်။ ကိုလိုနီခေတ် မြန်မာ အမျိုး သမီး လောကတွင် ပညာရည်အားဖြင့် လည်းကောင်း၊ မျိုးရိုး ဂုဏ်ရည်အားဖြင့် လည်းကောင်း၊ ပင်ကိုထူးချွန် ထက် မြက်မှု အရည်အသွေးအားဖြင့် လည်းကောင်း ဒေါ်မြစိန် (M.A., B.Litt. Oxford) ကို ယှဉ်နိုင်သူ မရှိ ဟုပင် ဆိုရ ပါမည်။

ဦးမေအောင်-ရခိုင် (၁၈၈၀-၁၉၂၆)

ကိုလိုနီခေတ် မြန်မာ့သမိုင်းတွင် စွယ်စုံ ထူးချွန်သော ပညာရှင် တစ်ဦးမှာ ဦးမေအောင် (၁၈၈ဝ – ၁၉၂၆ ) ဖြစ်သည်။ ဦးမေအောင်သည် ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေးနှင့် စာပေ ယဉ်ကျေးမှု နယ်ပယ် အသီးသီးတွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်သည်။ ဦးမေအောင် သည် နိုင်ငံရေးနှင့် ပတ်သက်လျှင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အလွန် အရေးပါခဲ့သော ဝိုင် အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (၁၉ဝ၆) ကို ပြုစုပျိုးထောင်သူ၊ ရန်ကုန်မြို့ တွင် ပထမဆုံးအကြိမ် ကျင်းပသော ဝိုင်အမ်ဘီအေ အသင်းများ အစည်းအဝေးတွင် ချယ်ယာမင် (သဘာပ တိ) အဖြစ် ဆောင်ရွက်ခဲ့သူ၊ ၁၉၁၇ ခုနှစ်တွင် ကာလကတ္တားသို့ အန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေ ဂူနှင့် သွားရောက် တွေ့ဆုံရန် ဝိုင်အမ်ဘီအေမှ ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် သွား ရောက်ခဲ့သူ တစ်ဦး ဖြစ်သည်။

ရခိုင်နှင့်တိုက်သာခြင်း

တိုက်သာခြင်းမှာ ကွဲခန်း၊လွမ်းခန်း၊ ဇာတ်လမ်းဇာတ်ကွက်တို့ကို ရေးဖွဲ့ရခြင်းမျိုးမဟုတ်။ ထိုကဲ့သို့လည်းမပါ။ ကျမ်းလာသာဓက၊ ထုံးပုံတ၀၊ ဇ၀န ဥာဏ်ချင်းပြိုင်ကြရသည်သာ ဖြစ်၏။ ထို့ကြောင့် တန်ခိုးဆရာထွန်းက "တိုက်သာခြင်း ကြော်ငြာခေါင်းစီးတွင်" ယခုအခါ၊ ပြုကဗျာက၊ အကွာအကဲ၊ အဆွေး အကျွမ်း၊ တေးအ ဆန်း နှင့်၊ အလွမ်းမပါ၊ ကျမ်းအလာဖြင့်၊ အဖြာဖြာနိဿရည် အခဲအခက်၊ အနက်အနည်း၊ အမေးအဖြေ၊ အထွေ ထွေတို့ကို ခွဲဝေသေချာ၊ ထွန်းဆရာလျှင်၊ ဆန်းကြယ်စွာ တန်ဆာဆင်လျက် စီရင်ကာပြလိုက်သော "တိုက် သာခြင်း" ဟုဆိုသည်။ သာခြင်းနှင့် တိုက်ဆိုင်ခဲ့ကြသကဲ့သို့ စကားစစ်ထိုး၍ ရှုံးနိုင်ပုံကို ၀စနယုဒ္ဓ လင်္ကာဟူ၍ လင်္ကာဖြင့်လည်း ရေးစပ်ချက်တွေ့ရသည်။ ဤတိုက်သာခြင်းသည် သာခြင်းအဖွဲ့နှင့် ဆက် သွယ်နေသော စာပေမိတ်ဆက်တစ်ခုပင် ဖြစ်သည်။ ဆရာထွန်းက တိုက်သာခြင်းအကြောင်း သဘောတရား ကို ဤသို့လျှင် ဖော်ထုတ်ပြခဲ့သည်။