ရခိုင်ရိုးမတောင်၏ အရှေ့ဘက်နေ၊ မြန်မာအမျိုးသားတို့၏ စာပေ၀င်ထဲတွင် တကယ့်တော်လှန်ရေး ကဗျာ များကား ရှားပါးသည်ကို တွေ့ရပေသည်။ တကယ့်တော်လှန်ရေး ကဗျာဟူသည်ကား သူတပါးတို့ ထကြွ တော်လှန်ကြပြီးနောက် အာဏာလက်ဝယ်သိမ်းပိုက်ကာမှ ရေးတတ်ကြသော မော်ကွန်း၊ ရဲတင်း၊ မြင်းရည် တက်ကဗျာများကို မဆိုလိုပေ။ တော်လှန်ရေး ခေါင်းဆောင်ကိုယ်တိုင် ရေးစပ်ကာ တိုက်လို၊ ခိုက်လို၊ တော် လှန်စေလိုသော အရေးအသား၊ သဘောထား အဓိပ္ပါယ်ကုံလုံပြည့်ဝသည့် ကဗျာကိုသာလျှင် တော်လှန်ရေး ကဗျာစစ်ဟု ဆိုရပေမည်။
ဝေသာလီခေတ် အမျိုးသမီးဆင်ယင်ထုံးဖွဲ့မှု ပန်းပုရုပ်ထုလုပ်ခြင်းဆိုင်ရာ စာတမ်း
ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဆင်းတုတော်များကို သမိုင်းရှုထောင့်မှ လေ့လာချက် (မြောက်ဦးခေတ်အထိ)
ရခိုင်ပြည်နယ် အစီရင်ခံစာ (မောင်ထင်)

မြစ်ဝှမ်းတလျှောက်လုံးတွင် လယ်များ၊ ဥယျာဉ်များနှင့် ခြံများသည် စိမ်းလန်းအေးမြသော အရိပ်အာဝါသကို ပေးနေကြသည်။ ထိုအရိပ်အာဝါသအောက်တွင် စစ်တကောင်းအနွယ်လူမျိုးတို့နှင့် ရခိုင်တိုင်းရင်းသားတို့ သည် နီးတကျက်ကျက် ဝေးတသက်သက် စကားစဉ်အရ အတူတကွ နေထိုင်လာခဲ့ကြသည်။ ဤသို့နေ ထိုင်လာသည်မှာ မနေ့က နေထိုင်လာသည်မဟုတ်။ ဗြိတိသျှတို့ ရခိုင်ပြည်ကို ချဉ်းနင်းဝင်ရောက် လာသည့် နေ့ကစ၍ နေထိုင်လာခြင်းဖြစ်သည်။
စစ်တကောင်းသား ဘင်္ဂါလီများ

စာရေးဆရာကြီးမောင်ထင် (ရခိုင်တိုင်းမင်းကြီး ဦးထင်ဖတ်) သည် ၁၉၆၀ ဇူလိုင်လထုတ် မြ၀တီမဂ္ဂဇင်းတွင် "ရခိုင်ပြည်နယ်" အစီရင် ခံစာ ကို ရေးသားခဲ့သည်။ ၎င်းအစီရင်ခံစာထဲတွင် ရခိုင်တို့သည် အိမ်ရှင် ဖြစ် ၏။ စစ်တကောင်းသားတို့က ဧည့်သည်တည်း။ သို့ရာတွင် ကျွန်ုပ်တို့ တိုင်းရင်းသားများသည် လူမျိုးမာနရှိကြ သည်။ ရာဇ၀င်ကို ပြန်ကြည့် လျှင် ကျွန်ုပ်တို့သည် သာကီဝင်မင်းမျိုးမှ ဆင်းသက်လာသည်ဟု ဆို၏။ ရခိုင် တို့သည် မြန်မာအကြီးစားဖြစ်သည်။ ထို့ကြောင့် ရခိုင်သည် သာကီ ၀င် အကြီးစားဟု ဆိုချိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဆွေမျိုးကြီးသည် တော်ရုံတန်ရုံအလုပ်ကို အောက်ကျနောက်ကျအလုပ်ဟု ထင်သည်။ ဧည့်သည်လူမျိုးတို့ကရကြည်ရာ မြက်နုရာ၌ နယ်သစ်တည်ရန် ရောက် လာကြသူများဖြစ်၍ ပိုက်ဆံရမည့် အလုပ်မှန်သမျှကို အောက်ကျ နောက် ကျ ဖြစ်သည် ဟု မယူဆကြချေ။ ထို့ကြောင့် ဧည့်သည်တို့ နေထိုင်ရာ ကုလားပန်ဇင်းမြစ်ဝှမ်း၏ အနောက်ဘက်ကမ်းခြေတွင် လယ်ယာဥယျာဉ်၊ သီးနှံလုပ်ခင်း၊ နွားခြံဆိတ်ခြံတို့ သည် ရွှေပဒေသာပင် မြေကပေါက်စေသောဝ်ဟူသည့် သဘောတရား အတိုင်း မြေမှ ပေါက်လာကြ၏။
ထထ
ပင်ယံထက်က သဇင်လက်ကျန်
အဘာသား သမီးရို့...
တစ်ဝက်တစ်ပျက်အလှနန့် အိပ်မောကျနိန်တုန်းလား?
ထော!
ပင်ခြီရင်းမှာ ဂုန်ဒလိုင်းနွယ် အသင်္ချေရို့က
တစ်ပင်ကိုတစ်ပင်ယှက်
ပင်ယံထက်ကို လှမ်းဗျာယ်တက်နိန်ကတ်ယာ။
သွီးရင်း(မြောက်ဦး)
ဂုန်ဒလိုင်းနွယ်=ကောင်စီနွယ်
မြောက်ဦးကဗျာသျှင်များစုစည်းထုတ်ဝေသည့် FATHER DAY ကဗျာစာအုပ်မှ-
စေတနာကြိုးထိပ်က ဝေဒနာစွန်၏ အားမာန်
သူ ဒေလက်ကြားချေထဲသို့ တစ်ခါချေလေ့ ၀င်ဖူးခသူ မဟုတ်ပါ။ ၀င်လေ့ မ၀င်ချင်ပါ။ ၀င်ချင်စိတ်လေ့ဟိကို မဟိပါ။ ယကေလေ့ အဂုတော့ သူတစ်ခါချေလေ့ ၀င်လေ့ဝင်ထမဟိရေ ဒေလက်ကြားချေ၏ ၀င်ဝလမ်းထိပ် မှာ မှိန်ဖျော့ဖျော့ မျက်နှာနန့် သူရပ်နီမိပါရေ။ လက်ကြားချေထဲသို့ မ၀င်ခဘဲ လှည့်ပြန်ရဖို့လားလို့လေ့ သူ စဉ်းစားမိပြန်ရေ။ ယင်းပိုင် စဉ်းစားမိတိုင်းလေ့-
'အရီးသားချေကို မောင်ယေ မပြောပြကေ ဇာသူလာလို့ ပြောပြဖို့သိမ့်ရောင်။ ဖြစ်အောင် တစ်ခေါက် လောက် ပြောပြပလင့်မောင်ယေ။ မောင်ယေ စကားကိုတော့ခါ နားထောင်ဖို့ထင်ရေ။ အရီးတော့ခါ ပြောဖို့ အပေါက်လေ့ မမြင်ယာ။ သူ့ညီမချေ ပြောပြကေလေ့ နားမထောင်တင်မက သတ်ဖို့တောင် တရဲရဲ။ အရီး မောင်ယေကို တစ်ခေါက်အားကိုးချင်ရေ မောင်ယေ'လို့။





,Vol.jpg)