RSV Journal Vol(1),No(2)

ရခိုင်သတင်းများကို သီးသန့်ဖော်ပြသည့်
RSV news media ၏ Journal
Vol(1),No(2)
pdf file (2.46 Mb)



ပါလီမန်ဒီမိုကရေစီခေတ် ရခိုင်ပြည်နိုင်ငံရေးနှင့် မျက်မှောက်ခေတ် ဘူးသီးတောင်၊မောင်တော အခြေအနေ

ရခိုင်မျိုးစောင့်အုပ်စု(ဂျပန်)မှ ဖြန့်ချိပြီး
ဆရာခိုင်မျိုးစောင့် ရေးသားသည့်
ပါလီမန်ဒီမိုကရေစီခေတ် ရခိုင်ပြည်နိုင်ငံရေးနှင့်
မျက်မှောက်ခေတ် ဘူးသီးတောင်၊မောင်တော
အခြေအနေ
pdf file (48 Mb)

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ

ရခိုင်ပြည်နယ်အရေးအခင်း ဖြစ်ရပ်များအတွက်
နိုင်ငံတော်သမ္မတ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့်
ပဋိပက္ခများ စုံစမ်းရေးကော်မရှင်၏ (၂၂.၄.၂၀၁၃)နေ့စွဲဖြင့်
ထုတ်ပြန်လိုက်သည့် အစီရင်ခံစာ
pdf file (11.2 Mb)


ဦးရာဇ်ဓါတ်စေတီတော်

 ဦးရာဇ်စေတီတော်သည် ဓည၀တီ ရက္ခိုင်ပြည် ဂစ္ဆပနဒီမြစ် အနောက်ဘက် ကမ်းခြေ၊ သေလပီဋ္ဌ ပဗ္ဗတတောင်ထိပ်ပေါ်တွင် တည်ရှိသည်။ မြတ်စွာဘုရား၏ ဦးရာဇ်တော်ဓါတ်မြတ် ကိန်းဝပ်၍ ဦးရာဇ်တောင်စေတီဟုခေါ်တွင်သည်။ မည်သည့် အချိန်မှစ၍ ခေါ်တွင်ခဲ့သနည်း။ ဓည၀တီခေတ်မှ စ၍ ခေါ်တွင်ခဲ့သည်။ ယင်းခေတ်တွင် မည်သည့်မင်း၊ မည်သည့်သက္ကရာဇ်မှစ၍ တည်ခဲ့သနည်း အစ ရှိသောမေးခွန်းများကို အကြင်သူတို့သည် မေးမြန်းကြသည်ရှိသော် မည်သို့ဖြေကြားမည်နည်း။ သူတစ်မျိုး ငါတစ်ဖုံ တွေ့ရာသောင်းပြောင်း ပြောဆိုနေကြမည်။ ယခုခေတ်သည်ကား စာပေပညာရှင်များ

ရခိုင်အရေးအခင်းနှင့် ဖြစ်ရပ်မှန်


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ တရားမ၀င် ကူးပြောင်းဝင်ရောက်လာသော ဘင်္ဂါလီကုလားများဘက်မှ ရပ်တည်ပြောဆိုနေသူ မည်သူပဲဖြစ်ဖြစ် ငနုံ၊ ငအသာ ဖြစ်ပါလိမ့်မည်။

မြန်မာနိုင်ငံနှင့်ကပ်လျက် တည်ရှိနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မိမိ၏လက်တစ်ဝါးစာ နယ်မြေ ကလေးနှင့် မမျှသော လူဦးရေပေါက်ကွဲမှု ပြဿနာကြီးကို ကြုံတွေ့ရင်ဆိုင်နေရသည်ဆိုသော အချက်ကို (ဘင်္ဂလီများအား ထောက်ထားကြင်နာပါသည်ဆိုသော) မဟာကရုဏာရှင်ကြီးများ သတိပြုဖို့ လိုအပ်ပါ သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရွယ်ပမာဏသည် အမေရိကန်ပြည်ထောင်စု တောင်ဒါကိုတာပြည် နယ်အောက် ငယ်ပါသည်။ သြစတြေးလျနိုင်ငံမှ တက်စ်မေနီးယား ပြည်နယ်၏ နှစ်ဆမျှ ရှိပါသည်။

အဖိုး သို့ - ခိုင်လင်း(မေဃ၀တီ)

အဖိုးမသေ
သေလည်းသက်ရှိ၊ ရိုးမသိသည်
နဒီဂစ္ဆပ၊ ငိုကြွေးပြအံ့
ထလော့...အဖိုး၊ အဖိုး... ထလော့။

ရခိုင်မင်းများ၊ ထိုးထွင်းထားသော
စာသားအက္ခရာ၊ ကျောက် ပေစာကို
သေချာစစ်ဆေး၊ အဖြေပေးဘိ
က၀ိပီသော အို...အဖိုး။

နေပူတောင်စာတမ်း အပိုင်း(၂)


 ပြည်တွင်းထုတ် ကျောက်ပြားစက်ရုံသို့

   မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ)အစိုးရလက်ထက်တွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန (ကြွေ ထည်မြေထည်လုပ်ငန်းကော်ပိုရေးရှင်း) ဖွဲ့စည်းလုပ်ကိုင်နေပြီးဖြစ်သည်။ အဆိုပါကော်ပိုရေး လက်အောက် ၌ ကျောက်ပြားထုတ်လုပ်မှုနှင့် ပတ်သက်၍ လောပီတကန်ခုနစ်ဆင့်၌  လွိုင်ကော်မာဘဲလ်၊ မတ္တရာမြို့နယ်၌ စကျင်မာဘဲလ်တို့ကို အခြေခံထုတ်လုပ်နေပြီးဖြစ်သည်။ နေပူတောင်မာဘဲလ်ကျောက်သည် အရောင် အသွေးစုံလင်သည့် အဖိုးတင် အလှဆင် ဆောက်လုပ်ရေးသုံးကျောက်အဖြစ် ပေါ်ထွက်လာခဲ့ သည်။ နှစ် အတန်ကြာအထိ မိုင်းဖြင့်ခွဲ တူကြီးများနှင့်ထု၍ တောင်ကုတ်တောင်ကြားလမ်းကို ခင်းခဲ့ကြသည်မှာ အလွန်နှမြောတသ ဖြစ်ဖွယ်ရာပင်။ တန်ဖိုးကို အမှန်တကယ်မသိ၍လော။ သိသိကြီးနှင့်လောဟူ ၍ တွေးတောဖွယ်ရာ ဖြစ်ခဲ့၏။

နေပူတောင်စာတမ်း အပိုင်း(၁)

 နေပူတောင်ကို ဒေသအခေါ် နေပူတောင်ဟုမခေါ်ကြဘဲ “နပူတောင်”ဟု အလွယ်ဆုံး အမြန်ဆုံးဝေါဟာ ရဖြင့် ငယ်စဉ်ကခေါ်ခဲ့ကြသည်။ ရှေးကတောလိုက် မုဆိုးကြီးများနှင့် တောင်ကြားခရီးကြမ်းကို ခြေလျင် ကူးသန်းသွားလာခဲ့ကြသော ရှေးလူကြီးများကမူ “နေပူခံတောင်”ဟု ခေါ်စမှတ်ပြုကြ၏။ ရှေးလူကြီးများ ကွန်လွန်ကုန်ကြပြီးဖြစ်သဖြင့် နှောင်းလူငယ်တို့ထံ သုတများ လက်ဆင့်ကမ်းထားခဲ့ကြရန်မှာ ရှေ့မီနောက်မီ တို့၏ သမိုင်းပေးတာဝန်သာဖြစ်သည်။ တတ်နိုင်စွမ်း လက်လှမ်းမီသလောက်တော့ ဖြစ်တန်ရာ၏။ ရှေးလူ ကြီးတို့က ဤမြို့နှင့်ဤလမ်းကို “တောင်ဂုတ်မြို့နှင့် တောင်ဂုတ်တောင်ကြားလမ်း”ဟုသာ အရေးအသား အသုံးအနှုန်းများ ရှိခဲ့ကြသည်။ ဗြိတိသျှ ကိုလိုနီခေတ်တွင် (TAUNGUP - တောင်ဂတ်)ဟု ရေးသားသုံးစွဲ မှု ပြုခဲ့၏။ တောင်ကုတ်ချောင်းသည် တောင်ကြားလမ်း၏ အထွတ်အထိပ် မိုးထိတောင်(အမြင့် ၃၈၂၈ ပေ)၏ အရှေ့ဘက်ရေဆင်းအနီး ရိုးမတောင်၏ ဂုတ်ကြောမှ အစပြုမြစ်ဖျားခံသဖြင့် “တောင်ဂုတ်ချောင်း”ဟု ခေါ် စမှတ်ပြုကြောင်း နာကြားဖူးသည်။

နေနှင့်လ အမှတ်သညာ မင်္ဂလာ - နန္ဒာထွန်း

အာနန္ဒစန္ဒြကျောက်စာဝင် မင်းဆက်ကြီးသုံးဆက်တွင် ဒုတိယမင်းဆက်သည် ဝေသာလီကျောက်လှေကား မြို့တော်တွင် ထီးနန်းစိုက်တည် စိုးစံခဲ့ကြသည်။ ထိုမင်းဆက်ကို ကျောက်စာ၌ ဒွေင်္စန္ဒြဟုရေးပြီး ရခိုင်ရာဇ၀င် များတွင် မဟာစန္ဒရားမင်းဟုရေးသော မင်းမှ အစပြုပါသည်။ မင်းဦးရေ (၁၃)ပါး ဖြစ်သည်။ စိုးစံခဲ့သော နန်းသက်ကို နှစ်ပေါင်း (၂၃၀)ဟု ကျောက်စာတွင် ဖော်ပြထားပါသည်။ ထိုမင်း(၁၃)ပါးလုံးပင် ဒင်္ဂါးများ စက်နှိပ်ထုတ်ဝေခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ဒင်္ဂါးအားလုံး၌ပင် တစ်ဘက်၌ နွားလားဥဿဘပုံပါရှိပြီး အခြားတစ်ဘက်တွင် သီရိဝစ္ဆခေါ် မကိုဋ်ပုံတံဆိပ် စက်နှိပ်ထားပါသည်။

နေပူတောင်လွမ်းချင်း - မြင့်ဆွေမောင် (တောင်ဂုတ်)

ရှေးနှစ်ပေါင်းသန်းရာချီ
ဖြစ်တည်ခဲ့အသွင်ပြောင်း
သက်နှောင်းကပ်မြေမဟီဝယ်
ထွက်ပေါ်သည် တွန့်ခေါက်တောင်တန်း။

ဟိမ၀န္တာ၊ အင်းဒိစ်
ရော့ကီးနှင့်အဲ့လ်ပ်ပါအ၀င်
မျက်နှာပြင် ကမ္ဘာတစ်ဝှမ်း
ရှေးယခင်စိမ်းလန်းခဲ့ ရိုးမရခိုင်
သက်တမ်းလည်း တူပြိုင်ပြိုင်။