.jpg)
ကဗျာဆရာမ နွယ်(စစ်တွေ)၏ ကဗျာများကို မြန်မာစာပေ ချစ်မြတ်နိုးသူတိုင်း နှစ်သက် မြတ်နိုးကြ သည်။ နွယ် (စစ်တွေ)ကား အမိမြေကို ချစ်မြတ်နိုးသူ၊ ကလောင်လက်နက်စွဲကိုင်လျက် စစ်ထွက်ခဲ့သူ ကဗျာ ဆရာမတစ်ဦးပင် ဖြစ်ပါသည်။
နွယ်(စစ်တွေ)ကို (၂၄)ရက်၊ မေလ၊ (၁၉၃၂)ခုနှစ်တွင် စစ်တွေမြို့၌ ဦးအောင်ထွန်းဦး၊ ဒေါ်စိန်ပုတို့က ဖွားမြင်ခဲ့သည်။ အမည်ရင်းက မအုန်းခင် ဖြစ်သည်။ မအုန်းသည် အသက် (၄)နှစ်အရွယ်ကပင် အစိုးရ ၀န်ထမ်း မိဘများပြောင်းရွှေ့ရာ မြို့ကြီးများသို့ ပြောင်းရွှေ့လိုက်ပါ နေထိုင်ခဲ့ရသည်။ သို့ဖြင့် ပုသိမ်၊ မော် လမြိုင်၊ ပဲခူးမြို့ကြီးများ၌ ပညာဆည်းပူးခဲ့ရသည်။