ရှေးအခါက ဖြစ်ပါတယ်။ ရခိုင်တို့ရဲ့ ဒေသမှာပဲ ဖြစ်ပါတယ်။
လှဖြူသန်ဆိုတဲ့ ရူးပေါပေါ လူတစ်ယောက် ရှိပါတယ်။
သူဟာ လူပေါလူပျော်မို့ ချစ်ခင်သူပေါပါတယ်။ ဒါကြောင့် အရပ်တကာသို့ လှည့်လည် စားသောက် ပြီး နေတတ်ပါတယ်။
သူဟာ သွားလေရာအရပ်တိုင်းမှာ မိတ်ဆွေတွေရဲ့အိမ်တွေမှာ တစ်လကိုးသတင်း နေထိုင်တတ်ပါတယ်။
ပြီးမှ တစ်ရွာသို့ ရွှေ့ပြောင်းပြီးတော့ တစ်လကိုးသတင်း နေတတ်ပြန်လေတယ်။
ဒီလိုနဲ့ လှဖြူသန်မှာ မိမိအိမ်ယာဆိုပြီးတော့ သီးသန့်မရှိသူပါ။
သူဟာ တွေ့ရာရာ တွေ့ရာအိမ်မှာ နေထိုင်ပြီး ကြုံရာကျရာ အလုပ်ကို လက်တိုလက်တောင်း ၀ိုင်းလုပ် ၀ိုင်း စားပြီး လုပ်ကိုင် အသက်မွေးတတ်သူပဲ ဖြစ်ပါတယ်။