ချိုးရင်ကွဲစပါး

ရှေးအခါကရွာတစ်ရွာတွင်မိသားစုတစ်စုနေထိုင်လာခဲ့ကြလေ၏။မိဘနှစ်ဦးနှင့်သားသမီးနှစ်ဦးဖြစ်ပြီး လေးဦး သားနေခဲ့ကြလေရာ မကြာမီ မိခင်သေဆုံးသွားသဖြင့် သုံးဦးသာ ကျန်ရစ်ကြလေ၏။ ဖခင်သည် အိမ်ထောင် အသစ်တစ်ယောက်ရှာဖွေလျက် တည်ထောင်နေခဲ့လေ၏။

မိခင်အနှောင်းနှင့်သားသမီးနှစ်ဦးတို့သည် အတူနေလာခဲ့ရလေ၏။ သားသမီးတို့ကား မိခင်ရင်းကဲ့သို့ ချစ်ခင် လေးမြတ်ခဲ့ကြလေ၏။ သို့သော် မိထွေးဖြစ်သူကား ခင်မင်မြတ်နိုးမှုမရှိဘဲ မနာလိုမှုပင်ဖြစ်လာခဲ့လေ၏။ ထို့ကြောင့်လင်ပါသားနှင့်သမီးငယ်တို့အား မမြင်ချင်ရာကား အပြစ်ရှာခဲ့လေတော့၏။

လင်ဖြစ်သူသည် နေ့လည်တွင် အိမ်၌မရှိ။အလုပ်ထွက်လုပ်နေလေ၏။ ညနေကျမှ အိမ်သို့ပြန်ရောက်၍ သား နှင့်သမီးမယားကိုပါ တွေ့ဆုံရ၏။ညနေစာစားပြီး၍ သားသမီးများအိပ်ပျော်သွားသောအခါ မယားဖြစ် သူက လင်အားမြည်တမ်းပူဆာလေ၏။“ငါ့ကိုပစ်မည်လား၊ သားသမီးကိုပဲပစ်မည်လား” ဟုပြောလေ၏။

နားကြားလွဲသောနားပင်းစဉ်

ရှေးအခါက ရွာတစ်ရွာတွင်နားလေးသော လင်မယားနှစ်ယောက်ရှိလေသည်။ ၄င်းတွင် သားသမီးမဖြစ်ထွန်း သဖြင့် ၀က်ကလေးတစ်ကောင်ကိုမွေးစားထားခဲ့လေ၏။ ထိုဝက်ကလေးကို သားသမီးအလားလွန်စွာချစ်ခင် လျက် ကောင်းစွာကျွေးမွေးပြုစုလာခဲ့သည်။ ထို့ကြောင့်တစ်နေ့တစ်ခြား ကြီးပြင်းလာလေသော် ပို၍ပင်လျှင် ခင်မင်ခဲ့လေ၏။ ထို့ကြောင့် သတ်စားရန် မဆိုထားဘိ ရောင်းချရန်ပင် မပြုရဲဘဲ ရှိလာခဲ့လေသည်။

တစ်နေ့သ၌ ထိုဝက်သည်အိမ်မှထွက်သွားလေရာပျောက်ရှသွားခဲ့ရတော့၏။ နေ၀င်သော်လည်းပြန်မရောက် သည့်အတွက်စိတ်ပူပင် သောကမှုဖြစ်ခဲ့ရလေသည်။စိုးရိမ်တကြီးဖြစ်လာသဖြင့်စားမရသောက်မ၀င် သောက ဝေဒနာဖြစ်ခဲ့ရလေ၏။ တမှိုင်မှိုင်နေမထိထိုင်မသာစိတ်ဗျာပါနှင့် ရှိလာခဲ့ရလေသည်။

“ငါ့ဝက်ကို ငယ်ကပင် မွေးမြူလာသည်၊အဘယ်သူလျှင်ခိုးယူ သတ်စားလေရာသနည်း” ဟုကြံစည်စဉ်းစား လျက် ရှိလေသည်။

ထိုသို့စဉ်းစားနေရင်းရှာဖွေရန် စိတ်ကုးဖြစ်လာလေသည်။ ထို့ကြောင့် ဓါးမတစ်ချောင်းကို ပခုံးထက်မှာ တင် လျက်အရှာထွက်ခဲ့လေသည်။ ခြေဦးတည့်ရာထွက်ပြီး လိုက်ရှာလေသော် ထန်းတောတစ်ခုသို့ရောက်သွားမိ လေသည်။ထိုသူသည် မောပန်းလှသဖြင့် အညောင်းဖြေရန် ထန်းပင်ကို မှီရင်း မောမောဖြင့် အိပ်ပျော်သွားခဲ့ လေသည်။

ဒုက္ခ၀တီနန့်ဆင်းရဲသားရောဂါ

ကျွန်တော်အပါအ၀င်ဆီးတက္ကသိုလ်၊မကွေးက နောက်ဆုံးနှစ်အပိုင်း(ခ) ကျောင်းသူ/သားတိရေ ထွက်လာဖို့ စာမေးပွဲအောင်စာရင်းကိုရင်တုန်၊ပန်းတုန်နန့် စောင့်မျှော်နီကတ်ပါရေ။ အချိန်ကတော့ခါ ၂၀၀၆ခု၊ဒီဇင်ဘာ လ ပါ။ကျွန်တော်ရို့ခန္ဓာတိရေ ဆောင်းရာသီဆိုစွာကို မိလားခလာမသိ။ အားလုံးသူချွေးဇောတိပြန်နီ ကတ် ပါရေ။ ရခိုင်သားထဲက ကျွန်တော်အပါအ၀င် ကျောင်းသား(၆)ယောက်တစ်ဘာသာစီသျှူပါရေ။ယေဇုနန့် ကျွန်တော်ဧ့ ပြည်တော်ပြန်ခရီးရေ နောက်ထပ်(၆)လကြန့်ကြာလားပါရေ။ကျွန်တော်သျှူရေဘာသာရပ် က တော့ခါဆီးပညာမှာ အခက်ဆုံးလို့ယူဆထားကတ်တေ ခွဲစိတ်ဘာသာရပ်ပါ။ယင်းခါကပင် ခွဲစိတ်ဆိုကေ နား ကြောစိမ့်ရေ။အသံကြားရေလောက်ကပင် ဒူးတုန်ပါလတ်ပါရေ။

ဆီးတက္ကသိုလ်မှာ(၅)နှစ်ခွဲကြာခပြီးကေ အလုပ်သင်ဆရာဝန်(House Officer)အတွက် အာရက္ခမြို့တော် စစ် တွေ ဆီးရုံကြီးမှာ ဆင်းရပါရေ။ကလေး၊သားဖွား၊ခွဲစိတ်၊ဆီးပညာ လေးခုဟိပြီးကေ တစ်ခုစီမှာ သုံးလစီ ဆင်း ရပါဖို့။ ကျွန်တော်ပထမဆုံးဆင်းရဖို့ Ward ၀(တ်)က ခွဲစိတ်ဆောင်မှာပါ။နဂိုကပင်ခွဲစိတ်ဆိုကေ အလို လို ကြောက်နီ စွာမှာခွဲစိတ်ဆောင်မှာ စဆင်းရဖို့ဆိုစွာရေ ခြင်္သေ့ဟိရေဂူကို ၀င်ရဖို့ပိုင်ပါဗျာယ်။ ယင်း လောက် စွာမှာခွဲစိတ်ဌာနကအကြီးဆုံးဆရာဝန်ဒေါက်တာထွန်းသိန်းအောင်က ကောင်းကောင်းကြောက် ဖို့ ကောင်း ရေလတ်။ စိတ်တိုတတ်တေလတ်။စိတ်မခြီကေ ရစရာမ ဟိ အောင်ပြောရေ လတ်။ အေပိုင်နား သန်းနား ၀ါ ကြားရရေခါ ပိုလို့တောင်လန့်ပါလတ်တေ။ ဆရာကြီး ကို တောင် မမြင်ဖူးသိမ့်။ကြောကတော့စိမ့် ချင်နီ ဗျာလ်။ဗူးလီးရာ၊ဖရုံဆင့် မဟုတ်ပါ။သံတုံး၊သံခဲ ဆင့် ပိုင်တွိပါရေ။

တောင်တစ်ရိုးကိုပိုင်စိုးရ

ရှေးအခါကတိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်သော ဘုရင်ကြီးတစ်ပါးရှိလေသည်။ ထိုဘုရင်သည် တောကစား ၀ါသနာအလွန်ပါလေ့ရှိသည်။မကြာမကြာတောကစားထွက်လျက်ပျော်ပါးခဲ့လေသည်။ဘုရင်မင်းသည်တစ်နေ့ သ၌ခြွေရံမှူးမတ်တို့နှင့်တောကစားထွက်လာခဲ့လေ၏။

တောသို့ရောက်သောအခါ သမင်၊ ဒရယ်၊ ချေငယ်စသောသတ္တ၀ါတို့ကိုတွေ့ရလေ၏။ ထိုအခါ စုဝေးလျက် လိုက်လံဖမ်းဆီးစေ၏။ကိုယ်တိုင်လည်းတာဝန်ယူ၍ စောင့်ကြပ်ခြင်းပြုလေ၏။ဘုရင်ကိုယ်တိုင်ပါဝင်နေရာ မှူး မတ်တို့မှာအလွန်အလေးဂရုစိုက်ခဲ့ရလေ၏။ ဘုရင့်အပြစ်ဒဏ်ကိုကြောက်ရွံ့သဖြင့်မိမိတို့တာဝန်ကျရာဘက်မှ နိုင်နင်းစွာ တားဆီးကြလေ၏။ဖမ်းဆီးမိစေရန်လည်း မျက်ခြည်မပြတ်အလေးထားခဲ့ကြရလေ၏။

အခက်ကြုံသောမောင်ခက်ကေ

ရှေးအခါက ရွာတစ်ရွာတွင်လင်မယားတစ်အိမ်ထောင်ရှိလေ သည်။ မောင်ချောနှင့်မမေဗျာဟုခေါ်တွင်လေ ၏။ မယားမမေဗျာတွင် သားကိုယ်ဝန် ရင့်လာလေသောအခါ မမွေးဖွားနိုင်ဘဲသုံးရက်တိုင်တိုင် ဆင်းရဲဒုက္ခ ဖြစ်ခဲ့ရသည်။ ရွာတွင်လက်သည်မ မရှိ၍ရွာနီးချုပ်စပ်တခြားရွာမှ ဆရာမမိမေဖြူကို ခေါ်ယူ ရလေသည်။

၎င်းဆရာမနှင့်စမ်းသပ်ရာသန္ဓေသားမှာကန့်လန့်ဆီးနေသည်ဆိုလေ၏။ထို့ကြောင့်နေသား တ ကျပြုပြင်ပေး ကာခဲယဉ်းစွာမွေးဖွားခဲ့ရလေ၏။ ခက်ခဲစွာ မွေးဖွားရသဖြင့် သူငယ်ကိုမောင်ခက်ကေဟူ၍ အမည်ခေါ်တွင် ကြလေသည်။

သားဦးမိခင်သည်မကြာခင်အင်အားချည့်နဲ့ခြင်းဖြစ်လာခဲ့ရလေ၏။ ကိုယ်ခန္ဓပိန်ချုံးစွာနှင့် နလံမထူဘဲရှိလေ သည်။ထိုဝေဒနာကို ခံစားရင်း မောင်ခက်ကေသုံးနှစ်သားအရွယ်တွင် မိခင်သေဆုံးသွားလေ၏။ ဖခင်ဖြစ် သူသည် သားငယ်ကိုမွေးမြူလာခဲ့ရာ ထိုသားငါးနှစ်မြောက်လာသောအခါအိမ်ထောင်သစ် တည်ထောင်လေ သည်။ အမည်မှာ မဖွားမေဟူ၍ခေါ်တွင်လေ၏။ ရုပ်ရည်အင်္ဂါချောမောလှပ တင့်တယ်လေ သည်။

လူကိုမနာလို ကိုယ့်မှာအကျိုးမဟိ

ရှေးအခါက အလွန်သာယာလှပသော တောအုပ်ကြီး တစ်ခုရှိခဲ့လေသည်။ ထိုတောအုပ်ကြီး၌ ချေငယ်တစ် ကောင်နှင့်ကျီးကန်းတစ်ကောင်တို့ကျက်စားနေ ထိုင်လျက်ရှိခဲ့ကြလေ၏။ချေငယ်ကားတောအုပ်မြိုင် ကောင်း သော သစ်ပင်ကြီးတစ်ပင်၏အောက်၌ နေထိုင်လေသည်။ ကျီးကန်းငယ်မှာမူ ချေနေသောထို သစ် ပင်ကြီး၏ ထိပ်ချာခေါင်ဖျားသစ်ကိုင်းခက်၌ နေလေ့ရှိလေ၏။ ၄င်းတို့ သည် သစ်ပင်ကြီးကိုမှီခိုလျက် အချင်းချင်း မိတ် ဆွေဖွဲ့ကာနေထိုင်လာခဲ့ကြလေ၏။ ရန်သူရောက်လျှင် တစ်ကောင်က တစ်ကောင်ကိုအသိ အမှတ်ပေး၍ နေ လာခဲ့ကြလေ၏။

တစ်နေ့သ၌မြေခွေးတစ်ကောင်သည် ထိုသစ်ပင်ကြီးအောက်သို့ရောက်ရှိလာလေ၏။ ထိုမြေခွေးကို ကျီးကန်း ကမြင်လေသော် မိတ်ဆွေချေငယ်ကို“အာ-အာ”ဟူသောမြည်သုံကိုပြုလေ၏။ ချေငယ်ကလည်းတစ် စုံတစ် ခုသောရန်သူများရောက်လာပြီဟူ၍ သိရှိလေ၏။သစ်၊ကျား၊ခြင်္သေ့၊မြေခွေး၊ မုဆိုးဘေး ရောက် လာသော် တိမ်းရှောင်လေ့ရှိ၏။ထိုကြောင့် ချေငယ်သည်မြေခွေးဘေးရန်မှလွတ်မြောက်ရာသို့ပုန်းအောင်းနေ ခဲ့လေ၏။

မောင်ပေါ်ထွန်း

မောင်ပေါ်ထွန်း(၁၉၉၇)ခုနှစ် အမျိုးသားစာပေဆု(ဘာသာပြန်ရသ)
ဆရာမောင်ပေါ်ထွန်းသည် ဘာသာပြန်အရေးအသားကောင်းသော စာရေးဆရာကြီးတစ်ဦးဖြစ်သည်။ ရခိုင် ပြည်နယ်၊ မာန်အောင်မြို့နယ်၊ရေမျက်ဝရွာတွင် အဖဦးမောင်ပု၊အမိဒေါ်အေးသာတို့မှ (၁၉၃၅)ခုနှစ် ၊မေ လ (၁၄)ရက်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးခင်မောင်စိုးဖြစ်သည်။

၁၅ နှစ်သားအရွယ်တွင်ရန်ကုန်ရောက်ပြီးအလွတ်ပညာသင်ကျောင်းတက်သည်။ (၁၉၇၃)ခုနှစ်တွင်လုပ်သား များကောလိပ်မှ သမိုင်းအဓိကဖြင့် ဘွဲ့ရခဲ့သည်။(၁၉၅၅)ခုနှစ်တွင် စာပေဗိမာန်တွင် လက်နှိပ်စက် စာရေး၊ လက်ရေးတိုလက်နှိပ်စက်အုပ်စုမှူး၊ အထက်တန်းစာရေး၊ စအုပ်အသင်း ကြီးကြပ်ရေးမှူး စသည့် တာဝန်များ ကို ထမ်းဆောင်ခဲ့သည်။ ငွေတာရီမဂ္ဂဇင်းတွင်စာအုပ်လောကကဏ္ဍကို(၁၉၆၇)မှစ၍(၆)နှစ်နီးပါး ဆက်တိုက် ရေးသားခဲ့သည်။ (၁၉၇၉)တွင် စာရေးခြင်းသက်သက်ဖြင့် အသက်မွေးရန်ပင်စင် ယူခဲ့သည်။

ဖေမြင့်

ဖေမြင့်(၁၉၉၅)ခုနှစ် အမျိုးသားစာပေဆု(၀တ္ထုတိုပေါင်းချုပ်)
ဆရာဝန်၊စာရေးဆရာဖြစ်သောဆရာဖေမြင့်ကို ရခိုင်ပြည်နယ်၊သံတွဲမြို့တွင် အဖဦးအောင်ညိမ်း၊အမိဒေါ် ခင် သိန်းတို့မှ ၁၉၄၉ခုနှစ်တွင် မွေးဖွားခဲ့သည်။

သံတွဲမြို့ အစိုးရအထက်တန်းကျောင်းအမှတ်(၁)မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်။ ၁၉၇၅ခုနှစ် တွင် ဆေး တက္ကသိုလ်(၁)၊ရန်ကုန်မှ အမ်၊ဘီ၊ဘီ၊အက်စ် ဘွဲ့ရသည်။ ၁၉၈၈ခုနှစ်အထိပြင်ပ အထွေထွေ ရော ဂါကု ဆရာဝန်အဖြစ်ဆောင်ရွက်ခဲ့ပြီး ၄င်းနောက်စာပေအလုပ်တစ်ခုတည်းကိုသာ စူးစိုက် လုပ်ကိုင်ခဲ့သည်။

မောင်ကြင်နွယ်

မောင်ကြင်နွယ် (၁၉၉၀)ပြည့်နှစ်အမျိုးသားစာပေဆု(ကဗျာပေါင်းချုပ်)
ရခိုင်အမျိုးသားစာဆိုများအနက် အမျိုးသားစာပေဆုကို(၂)ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့သည့် ထူးခြားသော စာဆိုတစ်ဦးဖြစ်သည်။ရခိုင်ပြည်နယ်၊မောင်တောမြို့၊ခံပြင်ရွာ၌ အဖဦးမောင်မြအောင်၊ အမိဒေါ်မရွှေဖြူတို့မှ (၁၉၄၀)ပြည့်နှစ်တွင်ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ ဦးမောင်ညွန့်ဖြစ်သည်။ ငယ်စဉ်ကမင်္ဂလာဒုံနှင့်တောင်ငူ မြို့များတွင်နေထိုင်ခဲ့သည်။

၁၉၅၉ခုနှစ် ကျောင်းသားဘ၀ကပင် ဟံသာဝတီသတင်းစာကျောင်းသား ကဏ္ဍ၌မောင်ကြင်နွယ် (ကေတု) အမည်ဖြင့် ကဗျာများကိုစတင်ရေးသာ၍ စာပေနယ်သို့ဝင်ရောက်ခဲ့သည်။ ထို့နောက် န၀ဒေး၊ပန်တော်ဝင် ၊ ကေသီပန်၊တိုင်းရင်းမေ၊မြ၀တီ၊ငွေတာရီ၊ စစ်ပြန်၊ သပြေ၊ရှုမ၀၊ ပေဖူးလွှာ ၊ သွေးသောက်စသည်ဖြင့် မဂ္ဂဇင်း များတွင် ကဗျာနှင့်ဝတ္ထုတိုများ ဆောင်းပါးများ၊ များစွာကိုရေးသားခဲ့သည်။

ဒေါ်ကြန်

ဒေါ်ကြန်(၁၉၇၈)ခုနှစ်အမျိုးသားစာပေဆု(သုတပဒေသာ ၀ိဇ္ဇာဘာသာရပ်)
မြန်မာစာပေလောကတွင် ကျော်ကြားလျက်ရှိနေဆဲဖြစ်သော စာရေးဆရာမကြီးဒေါ်ကြန်ကို သံတွဲမြို့၌ အဖ ဦးကျော်ထွန်း၊အမိဒေါ်ငွေနှစ်တို့မှ ၁၉၁၈ခုနှစ်၊ဇူလိုင်လ(၁)ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်း မှာ ဒေါ် ကြန်ဖြစ်သည်။

၁၉၃၅ ခုနှစ်တွင်သံတွဲမြို့အစိုးရအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲအောင်မြင်သည်။အလယ်တန်း ပြ ဆရာမအဖြစ်လည်းကောင်း၊ ရခိုင်တိုင်းစာတိုက်ဌာနတွင်စာတိုက်စာရေးအဖြစ်လည်းကောင်း အမှုထမ်းခဲ့ ပြီး နောက် ၁၉၅၁ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့တက်ရောက်၍ ပညာဆက်လက်ဆည်းပူးခဲ့ရာ ၁၉၅၄ ခုနှစ်တွင် ၀ိဇ္ဇာဘွဲ့ကိုရရှိပြီး ၁၉၅၉ခုနှစ်တွင်သမိုင်းမဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ မဟာဝိဇ္ဇာ တန်း တက်စဉ် ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာန၌ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။