အောင်မြင်ဖို့အတွက်

တခါကကောက်ပဲသီးနှံပြပွဲတိမှာနှစ်တိုင်းပထမရရေယာသမားတစ်ယောက်ကို သတင်းထောက်တစ်ယောက် အိန်တာဗျူးမိန်းပါရေ။ ယင်းခါ"ပတ်ဝန်းကျင်က ယာသမားတိုင်းကိုမျိုးစိဝီမျှပီးလို့ပါ။" ဆိုရေစကားတစ်ခွန်းကို ထူးထူးခြားခြားလားကြားရပါရေ။ 

သတင်းထောက်က “အခင်နှစ်တိုင်းသီးနှံပြပွဲဝင်ပြိုင်ပါရေ။ အခင့်မျိုးစိတိကို လူများတိရလားပနာ အခင့်ပြိုင် ဘက်ဖြစ်လာဖို့စွာကိုမကြောက်ပါလား”လို့မိန်းလိုက်ပါရေ။ 

ငစည်(ငစွေ)အက

ငစည်အကသည် ရခိုင်ပြည်နယ်၊ အထူးသဖြင့် ရမ်းဗြည့်ကျွန်း၌ ကပြသည်ကို ကျွန်တော် မြင်ဖူးခဲ့သည်။ သို့ သော် ရခိုင်သက္ကရာဇ် ၉၉၉-ခု၊ သီရိသုဓမ္မမင်း လက်ထက်က နန်းတွင်းတွင် ငပုသလအမတ် စီစဉ်တင်ဆက် ခဲ့သော ငစည်(ငစွေ) အကနှင့် နောက်ပိုင်း ကပြကြသော ငစည်(ငစွေ)အကတို့မှာ ရည်ရွယ်ချက်ချင်းကား များစွာကွာခြား လေသည်။

သီရိသုဓမ္မမင်း လက်ထက်က မြောက်ဦးမြို့တွင် ကပြသော ငစည် (ငစွေ)အကမှာ နတ်ရှင်မယ်မိဖုရားနှင့် ငကုသလအမတ်တို့က ဘုရင်၏ နံကိုအကြောင်းပြု၍ ဘုရင်သုဓမ္မရာဇာ မြန်မြန် နတ်ရွာစံအောင် တဘောင်၊ ယတြာ၊ အတိတ်၊ နိမိတ်တို့ဖြင့် လုပ်ကြံ ဖန်တီး၍ ကပြခဲ့သောအကဖြစ်သည်။

ရခိုင်ကျေးလက်တွင် နောက်ပိုင်းကပြကြသော ငစည်(ငစွေ) အကမှာမူ နတ်ရှင်မယ်နှင့် ငကုသလအမတ်တို့ က ဘုရင် သုဓမ္မရာဇာအား ယုတ်မာရက်စက်စွာ လုပ်ကြံခဲ့ကြပုံကို နောင်လာ နောက်သားများ သတိသံဝေဂ ရစေခြင်းငှာ ကပြသော ငစည် (ငစွေ)အကဖြစ်သည်။ သို့ကြောင့် ရည်ရွယ်ချက်ချင်းကား များစွာကွာခြား လှ သည်။

ပန်းသီးပင်

တစ်ခါကပန်းသီးပင်ကြီးတစ်ပင် ရှိပါရေ။ အ ချေ တစ်ယောက် စွာယင်းပန်း သီးပင် နားကို လာပနာနိန့် တိုင်း ကစပ်နိန်တတ်ပါရေ။ပန်းသီးပင်ထက်ကို တက်လိုက်၊ပန်းသီးစား လိုက်နန့်တစ်ရက်လုံးနိန်တတ်ပါရေ။ အချေ က ပန်းသီးပင်ကိုချစ်တေပိုင် ပန်းသီးပင်ကလေ့ အချေကို ကကောင်း ချစ်ပါရေ။

အချေကြီးလာရေခါ ပန်းသီးပင်နားကိုနိန့်တိုင်းမလာပါဗျာလ်။တစ်ရက်နိ့အပင်အောက်ကိုအချေရောက် လာ ရေခါ ပန်းသီးပင်က “အဝေ၊ ဒေကိုကစပ်ဖို့ လာ လတ် လေ”လို့ခေါ်လိုက်ပါရေ။ယင်းခါ အချေက “ကျွန်တော် အယင်ပိုင် အချေမဟုတ်ပါဗျာလ်၊ အပင်မှာ အမြဲ တမ်းမကစပ် နိုင်ပါ ဗျာလ်။”လို့ ပြန်ဖြေ လိုက်ပါရေ။“အဂု အရုပ်ချေ တိနန့် ကစပ်ချင်လို့ အရုပ်ချေဝယ်ဖို့ ဖေ့သာရာ လိုချင်ပါရေ”

“အဝေ၊ ငါ့မှာဖေ့သာတော့ခါမရှိပါ။မင်းလိုချင်ကေငါ့ဘားက မင်းလိုသလောက် ပန်းသီး ဆွတ် ယူ လား လီပါ။ ပန်းသီးတိကို ရောင်းလိုက်ကေ မင်းလိုချင်ရေ ဖေ့သာ ရနိုင်ပါရေ။”

ယင်းစကားကိုကြားရေခါ အချေ ကကောင်းပျော်လားပါရေ။ အပင်မှာရှိရေ ပန်းသီးတိအားလုံး ကို ဆွတ်ပ နာ ပပျော်ရွှင်ရွှင် ပြန်လားခပါရေ။ နောက်ပိုင်းမှာ ပြန်မပေါ်လာပါဗျာလ်။ ပန်းသီးပင်လေ့ က ကောင်းစိတ် မကောင်းဖြစ်လားပါရေ။

နားပင်းကိုးစဉ်

ရှေးအခါကရွာတစ်ရွာတွင် လင်မယားနှစ်ယောက်ရှိခဲ့ကြလေ၏။ ၄င်းတို့သည် မကြာခင်သား တစ်ယောက်နှင့် သမီးတစ်ယောက်ကို ဖွားမြင်ရရှိခဲ့ကြလေ၏။ သားငယ်ကိုအရပ်ဆရာထံ သင်ကြား ထားလေ၏။ သမီငယ် ကို ကား ရက်ကန်းသင်ပေးထားလေ၏။မိဘနှစ်ယောက်တို့သည် အလုပ်အကိုင် ရှာဖွေလုပ်ကိုင်လျက် နေခဲ့ကြ လေ၏။

တစ်နေ့သ၌ ကျောင်းသားငယ်က အိမ်သို့ရောက်လာ၍ နှမထံပုန်းရည်တစ်ခွက်တောင်းလေ၏။ ထိုအ ခါ နှမ ဖြစ်သူကနားထိုင်းလှသဖြင့်“မမရက်ကန်းဘယ်နှစ်လံရပြီလဲ”ဟုကြားမိလေ၏။ ထို့ကြောင့်“ရက်ခါစသာရှိသေး သည်” ဟုပြောလေသည်။

မောင်ကလည်း နားလေးသူဖြစ်ရာကား“ပုန်းရည် အိမ်ပေါ်ကတက်၍ယူသွားလေ” ဟုကြားလေ၏။ နှမဖြစ်သူ သည် ပုန်းရည်ယူသွားသည်ကိုမြင်လေသော် မပြောမဆိုဘဲ ယူရသလားဟု စိတ်ဆိုးမာန်ပါဖြစ်ခ့ဲရလေသည်။

ပညာရှိအမတ်ကြီးနှင့်လူစွမ်းကောင်းများ

တိုင်းပြည်တစ်ပြည်တွင် အမတ်ကြီးတစ်ဦးရှိလေ၏။ထိုအမတ်ကြီးသည် မှူးမတ်တို့နှင့်တိုင်းပြည် ညီညွတ်သ ဘောမျှမှုမရှိရာကား ခွဲခွာလျက်ထွက်လာခဲ့လေ၏။ နောက်တစ်ပြည်သို့မရောက်မီ လမ်းခုလတ်၌ ထူးဆန်း သော ကျွဲကျောင်းသားတစ်ယောက်ကိုတွေ့ရလေ၏။ ၄င်းကျွဲကျောင်းသားသည် ကျွဲများကို ခြေ တစ်ချောင်း တည်းဖြင့် ထိန်းကျောင်း၍နေလေ၏။

အမတ်ကြီးက“အမောင် ကျွဲကျောင်းသား၊သင်ကားအလွန်ပင် သတ္တိရှိသူပါပေတကား၊ကျွဲများအားနိုင်နင်းလေ သဖြင့် အံ့သြပေစွ” ဟုချီးကျူးပြောဆိုလေ၏။ ၄င်းက“ယခုအခါ ငါကားအပြင်းမမောင်းနှင်သေးပါ၊ အပြင်းအ ထန်လိုက်လံမည်ဆိုလျှင်ဤကျွဲကောင်များအစင်ပင် စားနိုင်မည် မဟုတ်ပါ၊ ထိုမျှလောက်လိုက်လံမောင်းနှင် နိုင်စွမ်းရှိပါသည်”ဟုပြန်ပြောလေ၏။ ထိုအခါအမတ်ကြီးက “ငါအမောင့်ကိုထမင်းစားလောက်အောင် ပေး မည်၊င့ါနောက်ကလိုက်ပါနိုင်အံ့လော”ဟု မေးလေ၏။ ၄င်းလည်း ဤသူသည် ပညာ ရှိဖြစ်လေရာ သည်ဟု ယုံကြည်၍ သဘောတူလေ၏။ ထို့ကြောင့်ကျွဲများကိုပစ်ထားခဲ့ လျက် နောက်က လိုက်ပါ လာ ခဲ့လေ ၏။

ဆင်းရဲသားထင်းခွေသမားနှစ်ယောက်

ရှေးအခါက ထင်းခွေ၍ စားသောက်ခဲ့ကြရသော ဆင်းရဲသားနှစ်ယောက်ရှိကြလေ၏။ ၄င်းတို့သည် ထင်းခွေ၍ ရောင်းချရမှသာလျှင်ထမင်းနပ်မှန်ကိုစားသောက်ခဲ့ကြရ၏။ ထို့ကြောင့်နေ့မပျက်ဘဲထင်းခွေလျက်အတူတကွ နေ့စဉ်ရောင်းချလာခဲ့ကြလေ၏။

တစ်နေ့သ၌ထင်းခွေသွားရန် အိမ်မှထွက်ကြလေ၏။ တစ်ယောက်က“မိတ်ဆွေ အလျင်သွားလေ၊ ငါကနောက် မှလာခဲ့မည်” ဟုပြောလေ၏။ ထိုအခါတစ်ယောက်တည်း ခွဲခွာလျက်သွားလေရာ ညောင်ပင်တစ်ပင်ကိုတွေ့ လေ ၏။ ထိုညောင်ပင်၌ညောင်ကိုင်းတစ် ကိုင်းသည် ခြောက်သွေ့လျက်ရှိနေ၏။ထိုအကိုင်းကို ထင်းအလို့ငှာ ခုတ်ဖြတ်ရန်ပြုလုပ်လေ၏။

ထိုအခါ ညောင်စောင့်နတ်က ထွက်ပေါ်လာလေ၏။“အသင်လူသား၊ ငါ့အကိုင်းကို မည်သို့ခုတ်ဖြတ်အံ့နည်း” ဟုပြောဆိုလေ၏။ ထင်းခွေသမားက “ထင်းအဖြစ်အသုံးပြုရန် ခုတ်ဖြတ်လိုပါသည်”ဟုပြန်ပြော၏။ “ထိုသို့ ဆို ကငါလိုက်ခဲ့မည်၊ငါ့အကိုင်းကို မခုတ်နှင့်”ဟုပြောပြီးလျှင် ညောင် ပင်စောင့်နတ် သည် နောက်က လိုက်ပါ ခဲ့လေ ၏။

မယ်ကံယုံ

ရှေးအခါကဘုရင်မင်းတစ်ပါးတွင် သမီးတော်ခုနစ်ယောက်ဖြစ်ထွန်းခဲ့လေ၏။ တစ်နေ့သ၌ ထိုသမီးတော်တို့ ကို ခေါ်ယူ၍ အသီးသီးမေးမြန်းလေ၏။

“ငါ့သမီးတို့ ယခုစားသောက်ဝတ်ဆင်နေကြရသည်မှာမည်သူ၏ဘုန်းကံကြောင့်ဖြစ်သနည်း”ဟုမေးလေသော် သမီး(၆)ယောက်တို့က“ဖခမည်းတော် ဘုန်းကံကြောင့်ပါ”ဟု လျှောက်တင်ခဲ့ကြလေ၏။

သမီးအထွေးဆုံးဖြစ်သူက“ဘုရားကျွန်မ၏ ဘုန်းကံကြောင့်စားဝတ်ရပါသည်” ဟုသံတော်ဦးတင်လေ၏။

ထိုအခါရှင်ဘုရင်က“နင်တစ်ယောက်ကသာ ငါ့ဘုန်းကံကိုမယုံ၊ ကျန်သမီးများကတော့ ငါ့ဘုန်းကံကိုယုံသည်၊

အဘယ်ကြောင့် ဤသို့ပြောဆိုရသနည်း” ဟုဒေါသဖြစ်လေ၏။

ထို့ကြောင့်သမီးတော်ကို မယ်ကံယုံဟုအမည်ပေးလေသည်။

ကြက်မငယ်နှင့်ကြောင်ကလေး

တစ်နေ့သ၌ ကြက်မငယ်တစ်ကောင်သည်ရေခပ်ရန်လာခဲ့လေ၏။ရေကန်အနီးရောက်လျှင် ကြောင်ငယ် တစ် ကောင်နှင့်တွေ့ဆုံကြလေ၏။

ထိုအခါကြောင်ငယ်က“မိတ်ဆွေကြက်မငယ်၊ဘယ်ကိုသွားသနည်း”ဟုမေးလေ၏။

ကြက်မငယ်ကလည်း“ရေခပ်လာသည်”ဟုပြန်ပြောလေသည်။

ကြောင်ငယ်ကတဖန်“အဆွေနှင့်ငါမိတ်ဆွေဖွဲ့လိုသည်၊ ထို့ကြောင့်ညနေတွင်အဆွေထံငါ အလည်အပတ် လာ ပါမည်”ဟုဆိုလေ၏။

ထိုအခါကြက်မငယ်လည်း“အဲ...အဲ....လာပါလော့”ဟုပြန်ပြောလေ၏။

ကြက်မငယ်စကားကိုသိရလျှင်ကြောင်ငယ်က“အဆွေ ဘယ်မှာအိပ်သနည်း”ဟုမေးလေ၏။

ချိုးရင်ကွဲစပါး

ရှေးအခါကရွာတစ်ရွာတွင်မိသားစုတစ်စုနေထိုင်လာခဲ့ကြလေ၏။မိဘနှစ်ဦးနှင့်သားသမီးနှစ်ဦးဖြစ်ပြီး လေးဦး သားနေခဲ့ကြလေရာ မကြာမီ မိခင်သေဆုံးသွားသဖြင့် သုံးဦးသာ ကျန်ရစ်ကြလေ၏။ ဖခင်သည် အိမ်ထောင် အသစ်တစ်ယောက်ရှာဖွေလျက် တည်ထောင်နေခဲ့လေ၏။

မိခင်အနှောင်းနှင့်သားသမီးနှစ်ဦးတို့သည် အတူနေလာခဲ့ရလေ၏။ သားသမီးတို့ကား မိခင်ရင်းကဲ့သို့ ချစ်ခင် လေးမြတ်ခဲ့ကြလေ၏။ သို့သော် မိထွေးဖြစ်သူကား ခင်မင်မြတ်နိုးမှုမရှိဘဲ မနာလိုမှုပင်ဖြစ်လာခဲ့လေ၏။ ထို့ကြောင့်လင်ပါသားနှင့်သမီးငယ်တို့အား မမြင်ချင်ရာကား အပြစ်ရှာခဲ့လေတော့၏။

လင်ဖြစ်သူသည် နေ့လည်တွင် အိမ်၌မရှိ။အလုပ်ထွက်လုပ်နေလေ၏။ ညနေကျမှ အိမ်သို့ပြန်ရောက်၍ သား နှင့်သမီးမယားကိုပါ တွေ့ဆုံရ၏။ညနေစာစားပြီး၍ သားသမီးများအိပ်ပျော်သွားသောအခါ မယားဖြစ် သူက လင်အားမြည်တမ်းပူဆာလေ၏။“ငါ့ကိုပစ်မည်လား၊ သားသမီးကိုပဲပစ်မည်လား” ဟုပြောလေ၏။

နားကြားလွဲသောနားပင်းစဉ်

ရှေးအခါက ရွာတစ်ရွာတွင်နားလေးသော လင်မယားနှစ်ယောက်ရှိလေသည်။ ၄င်းတွင် သားသမီးမဖြစ်ထွန်း သဖြင့် ၀က်ကလေးတစ်ကောင်ကိုမွေးစားထားခဲ့လေ၏။ ထိုဝက်ကလေးကို သားသမီးအလားလွန်စွာချစ်ခင် လျက် ကောင်းစွာကျွေးမွေးပြုစုလာခဲ့သည်။ ထို့ကြောင့်တစ်နေ့တစ်ခြား ကြီးပြင်းလာလေသော် ပို၍ပင်လျှင် ခင်မင်ခဲ့လေ၏။ ထို့ကြောင့် သတ်စားရန် မဆိုထားဘိ ရောင်းချရန်ပင် မပြုရဲဘဲ ရှိလာခဲ့လေသည်။

တစ်နေ့သ၌ ထိုဝက်သည်အိမ်မှထွက်သွားလေရာပျောက်ရှသွားခဲ့ရတော့၏။ နေ၀င်သော်လည်းပြန်မရောက် သည့်အတွက်စိတ်ပူပင် သောကမှုဖြစ်ခဲ့ရလေသည်။စိုးရိမ်တကြီးဖြစ်လာသဖြင့်စားမရသောက်မ၀င် သောက ဝေဒနာဖြစ်ခဲ့ရလေ၏။ တမှိုင်မှိုင်နေမထိထိုင်မသာစိတ်ဗျာပါနှင့် ရှိလာခဲ့ရလေသည်။

“ငါ့ဝက်ကို ငယ်ကပင် မွေးမြူလာသည်၊အဘယ်သူလျှင်ခိုးယူ သတ်စားလေရာသနည်း” ဟုကြံစည်စဉ်းစား လျက် ရှိလေသည်။

ထိုသို့စဉ်းစားနေရင်းရှာဖွေရန် စိတ်ကုးဖြစ်လာလေသည်။ ထို့ကြောင့် ဓါးမတစ်ချောင်းကို ပခုံးထက်မှာ တင် လျက်အရှာထွက်ခဲ့လေသည်။ ခြေဦးတည့်ရာထွက်ပြီး လိုက်ရှာလေသော် ထန်းတောတစ်ခုသို့ရောက်သွားမိ လေသည်။ထိုသူသည် မောပန်းလှသဖြင့် အညောင်းဖြေရန် ထန်းပင်ကို မှီရင်း မောမောဖြင့် အိပ်ပျော်သွားခဲ့ လေသည်။