ဆုံးဖြတ်ချက်

၁၈၈၆ ခုနှစ်မှာ တီထွင်ကြံဆတတ်တေ အိန်ဂျင်နီယာ ဂျွန် ရိုးဘလိန်းက နယူးယောက်မြို့နန့် လွင်းအိုင်လန် ကို ဆက်ဖို့တန်းထားတခုကို ဆောက်ဖို့ အကြံရလာပါရေ။ တကဗာလုံးမှာရှိရေ တန်းထားဆောက် ကျွမ်း ကျင် ရေ အိန်ဂျင်နီယာတိက အယင်ကလည်း ယင်းပိုင်တန်းတား တခါလည်း မလုပ်ဖူး ၊ ဆောက်လည်း မဆောက် ဖူး၊ လုပ်ကေလည်း လက်တွိအကောင်အထည် တခုပိုင်လည်း ဖြစ်လာဖို့ မဟုတ်။ ယင်းစိတ်ကူး စိတ်သန်းကို မိန့် ပလိုက်လို့ အကြံပီးကတ်ပါရေ။

ရခိုင် ဗဟိုစည်

နောင်---- ဒူ---- နောင်(ဒိုင်း)---- ဟိန်း---- ဟိန်း---- ဟိန်း
ရှေးခေတ် ရခိုင်တို့သည် တစ်နေ့တာကို နာရီ(၆၀)စီဖြင့် ရေတွက်ခဲ့ကြသည်။ ယင်းသို့ ရေတွက်ရာတွင် နာရီ အမျိုးအစားအားဖြင့် သုံးမျိုး ခွဲခြားထားသည်။ (၁) ရေနာရီ၊ (၂) သဲနာရီ၊ (၃) ကြက်နာရီ ဟူ၍ ဖြစ်သည်။ သဲ နာရီနှင့် ကြက်နာရီတို့ကို နေရာဌာန အချို့တွင် သင့်လျော်သော အချိန်ကာလာကို သိနိုင်ရန် အသုံးပြုခဲ့ကြ သည်။ ရေနာရီကိုကား ဌာနအသီးသီး၌ အသုံးပြုခဲ့ကြသည်။ ယင်းသို့အသုံးပြုရန် လိုအပ်သော ပစ္စည်းများကို စုံလင်စွာထားရသည်။

ယင်းတို့မှာ (၁) အ၀န်းအစောက် တူညီစွာ ပြုလုပ်ထားသော အင်တုံကြီး ၃လုံး နှင့် (၂) ကြေးဖလား ၃လုံး တို့ ဖြစ်သည်။ အချိန်နာရီ တိုင်းတာရန် ပဟိုရ်တီးရန် လုပ်သားများမှာ (၁) အင်တုံ ၃လုံးကို စောင့်နေရန် လူ ၃ယောက်၊ (၂) ရေဖြည့်ခြင်း၊ ရေသွန်ခြင်း ပြုလုပ်ရန် လူ ၂ယောက်၊ (၃) ပဟိုရ်တီးရန် လူ ၂ယောက်၊ စု စု ပေါင်း(၇)ယောက် အမှုထမ်းရသည်။ မဟာပဟိုရ်စင်တော်ကြီးမှာမြောက်ဦးမြို့တွင် နန်းတော်မြို့ရိုး၊ တံတိုင်း ၃ထပ်အနက်၊ တတိယမြို့ရိုးနှင့် ဒုတိယမြို့ရိုးကြားတွင် တည်ရှိသည်။

ယီးယင်-ယီးလေ-ယီးလား

ယီးယင့်-ယီးလေ-ယီးလား တေးသံများကို လူတိုင်းကြားဖူးကြပေမည်။ ပုခက်လွဲတေးသံ၊ လှေလှော်တေးသံ အားလှော်တေးသံ(၀ါ) အားဖြည့်တေးသံများ ဖြစ်ကြသည်။ ယီးဆိုသောစကားမှာ ပါဠိဘာသာ "ဧဟိ"မှ ဆင်း သက်လာသည်ဟု ဆိုကြသည်။ အဓိပ္ပါယ်မှာ "လာလော့"ဟု အနက်ရသည်။ ပုခက်လွှဲပြီး မိမိထံပြန်လာ စေခြင်း၊ လှေတက်ညီညီ လှော်ခတ်ပြီး ပန်းတိုင်သတို့အရောက် သယ်ဆောင်ခေါ်ယူခြင်း၊ ထိုထက်ကြီးမား သော အရာဝတ္ထုမျိုးကို မိမိလိုရာသို့အရောက် သယ်ဆောင်ခေါ်ယူခြင်း သဘောပင်ဖြစ်သည်။

ယီးဆိုသော ဝေါဟာရကို ရှေးခေတ် (ဧယီး) (ဧယီး)ဟူ၍ အသံထွက်ကြသည်။ ရွတ်ဆိုသော ဗဟုဝဏ္ဏအက္ခ ရာအဖြစ် "ချီ"(ထီး)ဟူ၍ အသံထွက်ကြသည်။ အားလုံးသော ကဗျာများကို တေးသံအဖြစ် ရွတ်ဆိုသောအခါ "ယီးယင်" "ယီးလေး" "ယီးလား" သံစဉ်များကို အချီအချ အပိုဒ်တို့၌ ထည့်သွင်းရွတ်ဆိုလေ့ ရှိကြပေသည်။

ရခိုင်အရွေ့ဂီတ၊ အကဇာစ်ရိုးမပျက်ရန်

အရွေ့ဂီတ

ရခိုင်တွင် အရွေ့ဂီတတို့ အမျိုးမျိုးရှိကြသည်။ ခေတ်အလိုက် ဆန်းသစ်ထွန်းကားခဲ့သည်များ ရှိလေသည်။ အရွေ့ဂီတတွင် ဘွဲ့၊အဲ၊ဧ၊ လင်္ကာ၊ ကဗျာ၊ သာခြင်း စသည်တို့ဖြင့် အမျိုးအစား ဖြာထွက်လျက်ရှိလေသည်။ သီဆိုသော အသံကိုလိုက်၍ ဂီတလည်း ကွဲပြားခြင်းဖြစ်လေရာသည်။ ဂီတနှင့် တူရိယာသည်လည်း အမှီ သဟဲ မကင်းကြချေ။အညမည ဆက်စပ်နိုင်မည်ဖြစ်၏။ ထို့ကြောင့်အဆိုနှင့်အတီးကို မည်သည်က ဦးဆောင် သည်ဟု တထစ်ချ သတ်မှတ်ရန် မဖြစ်နိုင်ချေ။ သို့သော် သီဆိုမှု ဂီတအကြောင်း တီးမှုတ်မှုတူရိယာ (၀ါဒိ တ)လည်း ဖြစ်လာနိုင်သည်ဟု ယူဆနိုင်စရာ ရှိချေသည်။

ဘ၀ ပတင်းပေါက်

လူနာနှစ်ယောက် ဆေးရုံအခန်းတစ်ခုမှာ အတူတူ ကျကတ်ပါရေ။ ပတင်းပေါက်နားက လူနာက တစ်ရက်ကို ညဇာဖက်တစ်နာရီဇီ ကဒင်မှာထိုင်ဗျာယ် အပေါ့အပါး လားရပါရေ။ ကျန်တစ်ယောက် လုံးဝအိပ်ယာက မထ နိုင်ပါ။

နှစ်ယောက်စလုံး အိပ်ယာထဲက နိန်ဗျာယ် မိသားစုအကြောင်း၊ အိမ်အကြောင်း၊ အလုပ်အကြောင်း ရောက် တတ်ရာရာ တစ်ရက်လုံး ပြောဖြစ်ကတ်ပါရေ။ ပတင်းပေါက်နားက လူနာက အပေါ့အပါးလားတိုင်း ပတင်း ပေါက် အပြင်က ရှုခင်းတိကို ကြည့်ဗျာယ် အပြင်မှာ မြင်ရသမျှကို အသေးစိတ်ပြောပြတတ်ပါရေ။

ရခိုင်ရှင်ပြုဓလေ့နှင့် ရတုဆိုပွဲ

ဘုရားရှင် လက်ထက်ကပင် ရှင်ပြုခွင့် ရရှိလာသည်မှ စ၍ ရှင်ပြုလေ့သည် ဗုဒ္ဓဘာသာဝင် လူမျိုးတို့တွင် ကု သိုလ်တော်ပွဲထူး တစ်ခုဖြစ်လာသည်။ မိဘများလည်း သာသနာ့အမွေပေးရာ ခံရာရောက်၍ မြင့်မြတ်သည် ဟု ယုံကြည်ကြသည်။ ရခိုင်ဘုရင်မင်းများလည်း ပဉ္ဇင်းတစ်ထောင်ခံပွဲများကို ပြု၍လည်းကောင်း၊ သာသနာ အတွက် ထောက်ပံ့ကူညီ လှူဒါန်းပြု၍ လည်းကောင်း၊ သာသနာ့ကရ၊ သာသနဒါယဒ၊ သာသနာ ဒါယပ၊ သာ သနာ့နုဂ္ဂဟူသော ဘွဲ့ထူးကို အမြတ်တနိုးခံယူခဲ့ကြကြောင်း ကျောက်စာတို့တွင် တွေ့ရှိနိုင်ပေသည်။

ရှင်ပြုအရွယ်ရောက်သူကို ရခိုင်က "ဗောင်းတင်ချေ" ဟုခေါ်လေသည်။ ရှင်ပြလိုသူများမှာ သာရဏဂုံသီလ၊ ရှင်ကျင့်ဝတ် စသည်တို့ကို ပီသစေရန် ကြိုတင်၍ ဆရာတော်ထံ လျှောက်ထားအပ်နှံကာ သင်ယူစေရသည်။

နတ်မြင်းပျံနှင့်မင်းသားငယ်

ရှေးအခါက ဘုရင်တစ်ပါးတွင် သားတော်ခုနစ်ယောက် ဖြစ်ထွန်းခဲ့သည်။ ထိုမင်းသားတို့အား ခမည်းတော် နန်းတော်တွင်းရှိ ပန်းဥယျာဉ်၌ ကြည့်ရှုရန် တာဝန်ချပေးထားလေ၏။ ထိုပန်းဥယျာဉ်ကို နတ်မြင်းပျံများက လာရောက် စားသောက်ကြသောကြောင့် အစောင့်အနင်းထား ခဲ့ရခြင်းဖြစ်လေသည်။

ဘုရင်ကြီးသည် နန်းတွင်းဥယျာဉ်မှ ပန်းများကို အမြတ်တနိုးပြုလျက် ဘုရားတင်လှူ ပူဇော်လေသည်။ ပထမ တွင် သားတော်ကြီးကို စောင့်စေရာ အိပ်ပျော်ခဲ့သဖြင့် ပန်းများ အစားခံသွားရလေသည်။ အလားတူ ကျန်ငါး ယောက် စောင့်စဉ်လည်း အိပ်ပျော် သွားခဲ့ကြလေ၏။ ထို့ကြောင့် ခမည်းတော်အား ပန်းမဆက်သနိုင်ဘဲ ရှိ လာခဲ့ရလေသည်။

မေတ္တာကြေး

တခါက ဟော်တယ်စားသောက်ဆိုင် တဆိုင်ထဲကို ၁၀နှစ်သား အချေတယောက် ၀င်လာပနာ ဒေါင့်စပွဲခုံတ ခုံမှာ လားထိုင်ရေ။ စပွဲထိုး ကလိမ့်မေက မပီးချင်ပီးချင်နန့် သောက်ရီတခွက် လားချပီးရေ။

ယင်းခါ အချေက "စတော်ဘယ်ရီ အိုက်စကရိန်း တခွက်ကို ဘလောက်ပါလေ။"လို့ ခေါင်းမော့ပနာ မိန်းလာ ရေ။

စပွဲထိုး ကလိမ့်မေက "ဆင့်၅၀။"လို့ တတိုပပြတ် ပြောလိုက်တေ။

ပညာမာန

တခါက ပညာမန တက်နိန်ရေ လူငယ်တယောက် မြစ်ဆိပ်တခုကို ရောက်လာရေခါ ကဒိုးလောင်းက မြစ် လယ်ကို ရောက်နိန်ပါဗျာယ်။ နောက်ကဒိုးလောင်းကိုမစောင့်ချင်စွာနန့်အနားမှာချိုင်ထားရေလောင်း ဟောင်း
တစီးကို ငှားပနာ မြစ်ကို ဖြစ်ပါရေ။

မြစ်လယ်ကို ရောက်တေခါ လောင်းလှော်လာရေ ၀ါကြီးဖက်ကို လှည့်ပနာ " အခင်ကြီး ဒဿနိကဗေဒ ဆိုစွာ ကို သိပါလား။" လို့ မိန်းလိုက်ပါရေ။

"ကြားတောင် မကြားဖူးဝေ တူချေ။"လို့ လောင်းသမား ၀ါကြီးက ပြောလိုက်ပါရေ။

တိုးတက်ရေးသတင်းလွှာ အတွဲ(၁)၊အမှတ်(၁၃)

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
(RNDP)မှ ဆယ်ရက်တစ်ကြိမ်စီ ထုတ်ဝေသော
တိုးတက်ရေးသတင်းလွှာ အတွဲ(၁)၊ အမှတ်(၁၃)
pdf file ( 4.15 Mb)