ဆရာတော်ဦးဥတ္တမ( ၁၈၈၀ - ၁၉၃၉ )

မြန်မာ့လွတ်လပ်ရေးလမ်းပြ မီးရှုးတန်ဆောင် ၊ အာရှတိုက်၏ ထွန်းသစ်ကြယ် အရှင်ဦးဥတ္တမကို ရခိုင်ပြည် နယ် စစ်တွေမြို့၊ရူပရပ်၊ ချောင်းနားတန်းတွင်ဖခင်ဦးမြသာဦး၊မိခင် ဒေါ်အောင်ကျော့ဖြူတို့မှ(၁၈၈၀) ပြည့်နှစ် ဒီဇင်ဘာ(၂၈)ရက်တွင် မွေးဖွားခဲ့သော သားကြီးဖြစ်သည်။ ငယ်မည်မှာ ပေါ်ထွန်းအောင် ဖြစ်သည်။

ဦးဥတ္တမတွင် ညီကျော်ထွန်းအောင်(ကိုရင်ကြီးအရှင်အရိယ)နှင့် ညီမ မအိမ်စိုးတို့ နှစ်ဦးရှိသည်။ ရှင်ဥတ္တမ (ပေါ်ထွန်းအောင်)နှင့် ညီဖြစ်သူ ကျော်ထွန်းအောင်တို့ကို မိဘများက ကျွန်ပညာအင်္ဂလိပ်စာကို သင်ကြား မ ပေးလိုသော်လည်း တိုင်းရင်းသားဘာသာကျောင်းတွင် ပညာသင်ပေးခဲ့ရာ ဦးဥတ္တမ ( ပေါ်ထွန်းအောင်) သည် ဆဌမတန်းအထိ သင်ကြားခဲ့သည်။ မိခင်က ကျောင်းမှ နုတ်ထားသည့်တိုင်အောင် ပေါ်ထွန်းအောင် က နိုင်ငံရပ်ခြားကို သွားရောက် ပညာသင်ရန် မလျှော့သောလုံ့လဖြင့် အမျိုးမျိုးကြိုးစားသည်။ အသက် (၁၃)နှစ် အရွယ်တွင် စစ်တွေမြို့၌ ပရိယတ္တိသင်ကြားရာတွင် အကျော်တစောရှိသော ရွှေစေတီကျောင်း ဆရာတော် ဘုရားထံ ဗုဒ္ဓ၏ အခြေခံစာပေများကို လေ့လာသင်ယူသည်။

ဆရာတော် ဦးစိန္တာ(၂၉-၇-၁၉၀၂) (၁၄-၁၂-၁၉၆၄)

ဆရာတော်သည် ၁၂၆၄ ခု၊ ဝါဆိုလဆုတ် ၁၀ ရက်၊ အင်္ဂါနိန့် ညဇာဖက် ၇ နာရီအချိန်၊ စစ်တွေခရိုင်၊ မင်းပြား မြို့နယ်၊ ပြည်သျှင်တိုက်၊ ရင်းဘွယ်ရွာ၌ ဖွားမြင်တော်မူ၏။ ဦးချစ်ဖြူ၊ ဒေါ်ရွှေရင်ရို့၏ တစ်ဦးတည်းသော သားဖြစ်၍ ငယ်နာမည်မှာ မောင်ချစ်ထွန်းဦး ဖြစ်သည်။ ခြောက်နှစ်သား အရွယ်ကပင် မိဘနှစ်ပါးက ရင်း ဘွယ် ဆရာတော်ကြီးထံ၌ အပ်နှံ၍ ပညာသင်ကြားခသည်။ အသက် ဆယ်နှစ်မြောက်တွင် မိဘနှစ်ပါးနှင့် အတူ ကန်းနီရွာသို့ ပြောင်းရွေ့ခရာ ကန်းနီဆရာတော်ထံ၌ ဆက်လက် ပညာသင်ကြားလျှက် ၁၃ အရွယ် ၁၂၇၇ ခုသို့ရောက်သောအခါ သျှင်သာမဏေ အဖြစ်ဖြင့်၊ သင်္ဂြိုဟ်စသော အခြီခံပါဠိ စာပီတိကို သင်ကြား တတ်မြောက်ခသည်။ ၁၂၈၃ ခုနှစ်၊ ကဆုန်လ အသက် ၁၉နှစ်ပြည့်ခါနီးမှာ ပခုက္ကူမြို့သို့ လားရောက်၍ အရှိ တိုက်ခေါ် မဟာဝိဇရာမတိုက်၊ မြောက်တန်းလျှားကျောင်း၌ ဂန္တဝါစက စာချဆရာတော် ဦးစန္ဒနှင့် ဦးသီလ ရို့ထံ ပရိယတ္တိစာပီကျမ်းဂန်တိကို သင်ကြား ဆည်းပူးခသည်။

ဘောင် - သင်းချို


လူတိတိုင်းဗျာယ် ချိန်ဆတတ်ကတ်တေ

လိမ္မာခြင်းထဲမှာ ၀င်ဆံ့နိုင်ဖို့

မိုက်မိုက်မဲမဲ ငါကြိုးစားဖူးခယင့်

အချိန်တိရာ ဗြောက်သောက်ကုန်ခရေ

ငါ့သဘာဝမဟုတ်လို့ အရောင်မပြောင်းနိုင်ခ .....

ငါ့ကိုကျဉ်ထားရေ လူတိကို

အပေါင်းအသင်းဖြစ်ချင်လို့ စိတ်ကူးယဉ်ဖူးခရေ

မြင်ကွင်းမတူလို့ စကားချင်းတောင်စစ်ပြေမငြိမ်းခ .....

ကံကောင်းရေလို့ယူဆမိရေ လူတစ်ချို့ကို စံထားဗျာယ်

"ကံ" လို့ထင်စော်နိန်ရာမှာ လယ်ထွန်မှားခရေ

ရိုးရာမတူလို. ပျိုးတောင်မကြဲခရ .....

ရခိုင်သတ်ပုံ အရေးအသား

ယနေ့ ရခိုင်စာပေ လေ့လာသူများသည် သတ်ပုံကိစ္စကို စဉ်းစားခန်း ထုတ်ကြပေလိမ့်မည်။ သတ်ပုံ အဘိ ဓာန်၊ ဝေါဟာရအဘိဓာန်များထိ ပြုစုထုတ်ဝေရေးကို တိုက်တွန်းလိုလား ရှိနေကြပြီးလည်းဖြစ်၏။

ထိုသို့ စဉ်းစားခန်းဝယ် ဆွေးနွေးချက်၊ အကြံပြုချက် သည်လည်း မပါမဖြစ် ချေတကား။ ယနေ့ ရေးနေကျ "အစ်မ"အစား ရှေးသုံးရခိုင် စောနန်းမင်းဖြူ ကောင်းမှု ကျောက်စာအတိုင်း"အုဉ်မ"ဟူ၍လည်းကောင်း၊ လော ကဒေ၀ီ ကျောက်စာအတိုင်း "ဘုရားတေတော်မူ၏"၊ "တောင်ဘက်ချည်တွင်"၊ "သက်ပြယ်ကိုအစပြု၍ မြုံပြည်တိုင်အောင်ကို" ဟူ၍လည်းကောင်း ရေးထုံးပြုရမည်လား၊ ပြင်ယား ကျောက်စာ အတိုင်း "မျက်သုတ် ကတေ"၊ "လင်္ကာတဆဲငါးချပ်"ဟူသော အသုံးသို့ လိုက်၍ ရေးရိုးပြုသင့်အံ့လော။

ဦးဘစော

နိုင်ငံဂုဏ်ရည် (ပထမဆင့်)ရ၊ ၀န်ကြီးဟောင်းနှင့် အငြိမ်းစား သံအမတ်ကြီးဖြစ်သည်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲ မြို့ အောင်စေတီရပ်တွင် မွေးဖွားသည်။ ငယ်စဉ်က ကျောက်ဖြူမြို့တွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ၊ အာနန္ဒာကောလိပ်တွင် ပညာသင်ကြားခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားသဖြင့် အိန္ဒိယ နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။အိန္ဒိယနိုင်ငံတွင်ဦးသိန်းဖေမြင့်နှင့်ဆုံတွေ့ပြီး မြန်မာ့ နိုင်ငံရေး လောကသို့ ရောက်ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်း အောလ်အိန္ဒိယ ရေဒီယို မြန်မာပိုင်း အစီအစဉ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရခိုင်ရိုးရာပုံပြင်များ အဆက်

ရခိုင်ဒဏ္ဍာရီ ပုံဝတ္ထုများ၌ "ကလူတတ်ပွဲတော်" ကင်းပပြီးလျှင် ပုံဝတ္ထုအနိုင်အထ ပြောဟောလေ့ရှိခဲ့ကြောင်း ကိုလည်း တွေ့ရပေသည်။

ထိုပုံပြင်အရ ရခိုင်လူမျိုးတို့၏ ၀တ္ထုပြောဟောမှု၌ ရှေးဒဏ္ဍာရီ ခေတ်ကပင် ရှိခဲ့ကြောင်း အထောက်အထား လည်း ဖြစ်ပေသည်။

ရှေးအခါက ရက္ခပူရပြည်သျှင် ရခိုင်မင်းတစ်ပါး ရှိလေသည်။ ထိုမင်းသည် နှစ်စဉ်မပြတ် နန်းတော်ရင်ပြင်၌ ည လသာသာအချိန်မှာ ပုံဝတ္ထုဟောပြောပွဲများ ပြုလုပ်လေ့ရှိသည်။ ထိုပွဲကို "ကလူတတ်ပွဲတော်" (ကာနူ တတ်ပွဲလည်းဟူ)ဟု ခေါ်ဆိုသည်။ ထိုကလူတတ်ပွဲတော်သို့ ဘုရင်၏ အမိန့်အရ အနယ်နယ် အရပ်ရပ်မှ ၀တ္ထုပြောတတ်သော ကလူတတ်များ လာရောက် ပြောဟောကြရလေသည်။

ဦးမြထွန်းအောင်

ဦးမြထွန်းအောင် (၁၈၅၆-၁၉၁၉)၊ ရခိုင်ပြည်၊ ကျောက်ဖြူမြို့ ဇာတိဖြစ်သည်။ အရေးပိုင် မြတ်ထွန်းအောင် ဟု လည်းကောင်း၊ ဒီဝီဇံ မြထွန်းအောင် ဟု လည်းကောင်း နာမည်ကြီးသည်။ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အတွင်း ဗြိတိသျှစစ်တပ်တွင် အမှုထမ်းခဲ့ပြီး၊ မန္တလေးမြို့ကို သိမ်းယူရာတွင် ပါဝင်ခဲ့သည်။ ထို့နောက် နယ် ပိုင် ၀န်ထောက်ဖြစ်လာပြီး၊ မြန်မာတိုင်းရင်းသား များထဲတွင် ပထမဆုံးသော အရေးပိုင်ရာထူးကို ရရှိခဲ့သည်။ ဦးမြထွန်းအောင် မတိုင်မီက အရေးပိုင်ရာထူးကို မျက်နှာဖြူများသာ ရရှိခဲ့သည်။

ဦးတင့်ဇော်

ဆရာ ဦးတင့်ဇော်သည် ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်း၊ ကျောက်ဖြူမြို့တွင် မွေးဖွားခဲ့သည်။ ဒုတိယ ကမ္ဘာစစ် အတွင်း ပညာရေးကို အခက်ခဲပေါင်းစုံကြားမှ သင်ကြားခဲ့ပြီး၊၁၉၅၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ ရောက် ရှိခဲ့သည်။

ရန်ကုန် တက္ကသိုလ်တွင် ပင်းယကျောင်းဆောင် စာဖတ်အသင်းဝင် ဖြစ်ခဲ့ပြီး တတိယနှစ်တွင် ရခိုင် ကျောင်း သူကျောင်းသားများ အသင်း ခေါင်းဆောင်မှု အပိုင်းမှ ပါဝင်ခဲ့ပြီး၊ ၁၉၅၆ – ၅၇ နောက်ဆုံးနှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ၌ နိုင်ငံခြားရေး တာဝန်ခံ အဖြစ် ရွေးချယ်ခံခဲ့ရသည်။

ရခိုင်တန်ဆောင် ဆောင်းပါးများ - ဦးဦးသာထွန်း (ရခိုင်-မြန်မာ ပဏ္ဍိတ်)

ရခိုင်တန်ဆောင် ဆောင်းပါးများ
ဦးဦးသာထွန်း (ရခိုင်-မြန်မာ ပဏ္ဍိတ်)
pdf file (884 Kb)



အလောင်းတော် အရိန္ဒမာ လင်္ကာသစ် - ဆရာဦးသာအောင်

အလောင်းတော် အရိန္ဒမာ လင်္ကာသစ်
ဆရာဦးသာအောင်
pdf file (145 Kb)