ဖရခိုင်သို့ ရာသီစာ - တွေးအိမ်ခိုင်(သံတွဲ)

လူသားချင်းစာနာ
ဒေမြီမှာ နီရာပီးခ။

လူသားချင်း ထောက်ထား
ဒေမြီက ဆန်ရီစပါး၊ ၀ီမျှကျွေးခ။

အယင်ခါကပင်
မြင့်မြတ်တေစိတ်ဓါတ်နန့်
လူသားပီသခရေ။

ဓါးသွီးကျောက်...ငါ - ဗိုလ်မင်းကျော်သန်းနိုင်

စာမီးပွဲကြီး ပြီးဆုံးလိုက်တိုင်း နှလုံးသားမှာ အားကောင်းရေ ရစ်ချာစကေးနန့် လှုပ်ခတ်လားခရေ ငလျင်ချေတစ်ခုပိုင် တုန်ခါကျန်လိုက်တေ။ ခံစားချက်ကို အပွင့်လင်းဆုံးနန့် အရိုးသားဆုံး ၀န်ခံရကေ ပြန်လာဖို့ဆိုစွာကို မ၀ံ့မရဲ မျှော်လင့်နီသိမ့်ယင့်။ အဂုပိုင် တစ်နိတစ်ရက် ခွဲလားရဖို့ဆိုစွာကို မသိမဟုတ်။ သိယင့်။ ယေကေလေ့ နှလုံးသားမှာ ဒေလောက်ထိ ဆိုးဆိုးဝါးဝါး ဖြစ်ကျန်လိုက်ဖို့က မထင်။ ကောင်းကောင်းအကြီးသန် သံလုံးကြိုး ဆယ်ပင်နန့် ကျစ်ထားရေ သံကြိုးတစ်ပင်ကိုရာ “ယား” ဆိုပြီးကေ ဖြတ်ပစ်လိုက်ချင်ယင့်။ သံယောဇဉ်နန့် လွန်းတင်ထားရေ ကြိုးချေတစ်ပင်ကိုတော့ အရာထင်အောင်ပင် မဖြတ်နိုင်ကာ။

ဆန်းလမြေသား - မောင်နှစ်သိမ့်(တောင်ကုတ်)

တရားကိုသွေးပြီး
သားကိုထွေးနေရုံနဲ့ မရတော့ဘူး။

ကြည့်လေ... နေစရာမြေသာမက
ငါတို့ဘ၀တွေကိုပါ ၀င်လု
ရှင်သန်မှုအသက်တွေကိုပါ ၀င်လု
ဘာကိုမှ ဂရုမထား
ငါတို့သွေးသားတွေကိုလည်း ၀င်လု
ဘိုးဘေးအစဉ်အဆက်
မပျက်တဲ့ ယဉ်ကျေးမှုတွေကိုလည်း ၀င်လုနေကြ
ရောမအင်ပါယာထဲက နီရိုးဘုရင်လိုမျိုး
ခင်ဗျားကော တယောထိုးနေနိုင်အုံးမလား။

အမှိုက်များ

တို့အိမ်သန့်ရှင်း၊ လှပခြင်းတွက်
လှဲကျင်းလိုက်သော အမှိုက်ပုံ။

အမှိုက်ပုံကား၊ ကြီးထွားပေါင်းစု
တစ်ခုအင်အားဖြစ်လာခဲ့။

ခြင်,ယင်,ပုရွက်၊ ခြ,လောက်တက်၍
ပုပ်လျက်သိုးနံ့၊ ၀န်းကျင်ဖြန့်လျက်
မဆန့်ဗိုင်းရပ်(စ)၊ ထပ်ထပ်တိုးလာ
ရောဂါမျိုးဆောင်၊ တဟောင်ဟောင်တည့်။

မပြီးဆုံးသေးသော မြောက်ဦးသမိုင်း - အာရက္ခပုတြ

မြောက်ဦးမြို့တော်သည် ရခိုင်တို့၏ ဂုဏ်ဆောင်ဖြစ်သည်။

မြောက်ဦးမွေးဖွားသည့် (၁၄၃၀) ပြည့်နှစ်မှသည် ကျဆုံးသည့် (၁၇၈၄) ခုနှစ်အထိ ကောင်းမွေ၊ ဆိုးမွေ များဖြင့် ပြည့်နှက်ခဲ့ပါသည်။ မြို့သက် အနှစ်ငါးဆယ်အတွင်းတွင် ရခိုင်သည် လုံခြုံတိုးတက်ခဲ့သည်။ တိုင်းပြည်လည်း အင်အားကောင်းခဲ့သည်။ အင်းဝ (မြန်မာ)ကလည်း တန်းတူ ဆက်ဆံခဲ့သည်။ မင်းနှစ်ပါး တို့သည် နှစ်နိုင်ငံနယ်စပ် နတ်ရေကန်တွင် တွေ့ဆုံခဲ့သည်။

ဒုတိယနှစ်ငါးဆယ်တွင် ဘုရင်တို့သည် နန်းရရှိရေးကိုသာ အာရုံစိုက်ခဲ့ကြသည်။ တိုင်းပြည်လည်း နာခဲ့ သည်။ အာဏာယစ်မူးလျှင် ပြည်သူနာသည်။ ဆိုးမွေများပင် ဖြစ်သည်။

သမီးကျောင်းဆရာမထံသို့ပီးစာ - သားလှ(ရသေ့တောင်)

သို့

    သမီးသဇင်
    ဘာဘာစာရီးလိုက်ပါရေ။ သမီး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာစွာနန့် တာဝန်ဝတ္တရားတိကို ထမ်းဆောင်နိုင်ပါစီလို့ ဘာဘာဆန္ဒပြု ဆုတောင်းလိုက်ပါရေ။ ဘာဘာလည်း ကျန်းမာစွာနန့် နိုင်ငံ့တာဝန် ထမ်းဆောင်နီပါရေ သမီး။

အဂုတခါ သမီးဘားသို့ စာရီးစွာ ပြောစရာစကားဟိလို့။ ပြောချင်ရေစကားကို မပြောခင်၊ ဘာဘာရေ သမီးရို့နန့် ခွဲခွာပနာ တာဝန်ကျရာမြို့သို့ ပညာရေးဌာန စစ်ဆေးရေးတာဝန်နန့် ရောက်နီစွာ သုံးနှစ် ဘုံးဘုံးပြည့် ဖြစ်တေပိုင်၊ သမီးလည်း ပညာရေးကောလိပ်ကဆင်းလို့ နယ်မြို့ချေတစ်မြို့မှာ ကျောင်း ဆရာမချေအဖြစ် တာဝန်ထမ်းဆောင်နီစွာ (၂)နှစ်တောင် အကျော်ကြီးကျော်လားယာ။ ဒေစာကို သုံးနှစ်ပြည့်မြောက်အနေနန့် ဘာဘာအတွိအကြုံထဲက၊ ကြားသိမြင်တွိရသမျှထဲက သမီးအတွက် အကျိုးဟိစီဖို့ ရည်ရွယ်လို့ ရီးဖြစ်စွာ။

Vaishali and the Indianization of Arakan by Noel F. Singer

Vaishali and the Indianization of Arakan
by
Noel F. Singer
pdf file (290 KB)



ရခိုင်မင်းသမီးဧချင်း - အဒူမင်းညို

ရခိုင်ပြည် ဘစောဖြူမင်းလက်ထက်
ပညာရှိအမတ်ကြီးဖြစ်သော
အဒူမင်းညို
ဖွဲ့ဆိုသီကုံးရေးသားသည့်
ရခိုင်မင်းသမီးဧချင်း
pdf file (831 Kb)

စစ်မှန်သော ပြည်ထောင်စုသို့

လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည်ဆိုလျှင် တိကျပြတ်သားသော ရည်ရွယ်ချက်ရှိရပေမည်။ ရည်ရွယ်ချက် ပန်းတိုင်မရှိဘဲ စမ်းတ၀ါးဝါးနှင့် လျှောက်သွားနေသော လူမျိုးတစ်မျိုးသည် လူမျိုးခြားတို့၏ မျိုဝါးခြင်းကို ခံယူရမည်မှာ ဓမ္မတာဖြစ်၍ အမျိုးကွယ်ပျောက် ဆိတ်သုဉ်းသွားရမည်မှာ သဘာဝပင်ဖြစ်သည်။

ရခိုင်ပြည် လူမျိုးတစ်မျိုးအနေနှင့် မိမိတို့ ချီတက်ရမည့် ခရီးစဉ်ကို တိတိကျကျ စီမံကိန်းချထားရန် အရေး ကြီးပေသည်။ ရခိုင်လူမျိုးသည် နှစ်ပေါင်း (၁၇၀)ကျော်ခန့် တိကျပြတ်သားသော ရည်ရွယ်ချက်မရှိဘဲ၊ ဟိုမှသည်သို့ စုန်ဆန်လွင့်မျောခဲ့ချေပြီ။ အကယ်၍ ဤကဲ့သို့သော ဆက်လက်ခရီးသွားနေမည်ဆိုက မကြာလင့်ပြီဖြစ်သော ဆယ်စုနှစ်အနည်းငယ်အတွင်းတွင် ရခိုင်ဆိုသော ဝေါဟာရသည် ဒဏ္ဍာရီ စကား သဖွယ်သာ ကျန်ရစ်ခဲ့ရရှာမည် မလွဲပေ။

ဒေါက်တာအသျှင်ဥာဏုတ္တရ၏ ကိုယ်ရေးအကျဉ်း

သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ရရှိခဲ့သော ကိန်းသာဓမ္မကျောင်းဆရာတော် ဒေါက်တာအသျှင်ဥာဏုတ္တရကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ တောင်ရင်းရပ်ကွက်၌ အဖ ဦးသာထွန်းအောင်၊ အမိ ဒေါ်လှစောညိုတို့မှ ၁၉၈၃ ခု ဒီဇင်ဘာ (၂၀)ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်းညီအစ်ကို မောင်နှမ (၁၂)ဦးအနက် (၉)ဦးမြောက် သားဖြစ်သည်။ မြတ်စွာဘုရားရှင်၏ အဆုံးအမ သာသနာတော်ဘောင်အတွင်းသို့ ရှင်သာမဏေအဖြစ် ၁၃၆၁- ခု တန်ခူးလဆန်း (၃)ရက်နေ့တွင် ၀င်ရောက်ခဲ့သည်။